Tsukimi Bookstore
23/09/2025
Kanji မရလို့ စိတ်ညစ်နေကြတဲ့သူတွေရှိလား။😪
ဂျပန်စာမှာ အခက်ဆုံးက ဘာလဲလို့မေးရင် ကျောင်းသားတော်တော်များများက Kanji လို့ပဲ ဖြေကြပါလိမ့်မယ်။
✅Kanj ရဖို့အတွက်ဆိုရင် များများချရေးပါ။ Kanji ကို အသံထွက်ပြီး ဖတ်ကြည့်ပါ။ 📖
ကလေးတွေက Kanji ရေးရတာကြိုက်ပေမယ့် ဆွဲချက်ရှာနေရတာနဲ့ ဘယ်လိုစရေးရမလဲ မသိတာတွေကြောင့် မရေးဖြစ်ဘဲဖြစ်နေပါတယ်။ Kanji ဆိုတာက ချပြီးရေးမှ ပိုမှတ်မိတာဆိုတော့ 𝗞𝗮𝗻𝗷𝗶 𝗪𝗼𝗿𝗸𝗯𝗼𝗼𝗸 လေးမှာ ဆွဲချက်တွေနဲ့ ဘယ်ကစရေးရမလဲဆိုတာလေးတွေ ပါပြီးသားဖြစ်တဲ့အတွက် စာတွေအများကြီး ရေးဖြစ်ပြီး စာတွေအများကြီး မှတ်မိလာမှာဖြစ်ပါတယ်။
စာအုပ်လေးမှာယူမယ်ဆိုရင် မင်မင်တို့ Page Messenger မှာ မှာယူလို့ရပါတယ်ရှင့်💞💁🏻♀️
18/04/2025
The silence of love
မဆက်သွယ်ခြင်းဖြင့် ချစ်သည် ❤️
ဒီနှစ်ပိုင်းတွေမှာ ကျွန်တော့်ဘဝထဲကိုလူသစ်တွေအများကြီးဝင်ရောက်လာခဲ့ သလို လူဟောင်းတွေအများကြီးလည်း ကျွန်တော့်ဆီကထွက်သွားခဲ့ကြတယ်။
Social Mediaမှာသာမက၊ စိတ်ပိုင်းဆိုင်ရာမှာပါ ကျွန်တော့်ကို ဘလော့ခ်လုပ် သွားတဲ့သူတွေ ကျွန်တော်က
ဘလော့ခ် လိုက်ရတဲ့သူတွေ စသဖြင့်ပေါ့။
“မဆက်သွယ်ခြင်းဖြင့် ချစ်သည်။”❤️
အို~~ ဒါလေးက သိပ်ကိုအသုံးဝင်တဲ့စာသားလေးပဲ။
တကယ်တော့ လူတွေက ဆက်သွယ်ရခြင်းတွေကို နှစ်သက်ပါတယ်။ အတူတူ ပျော်ချင်ကြတယ်။
သိပ်ကိုသိချင် စိတ်ဝင်စားကြတာပေါ့။
ဒါဟာ နည်းနည်းသွေးအေးသလိုတော့ဖြစ်ကောင်းဖြစ်နေမယ်ဆိုပေမယ့် အခု နောက်ပိုင်း ကိုယ့်ရပ်ဝန်းလေးမှာမပျော်တော့တဲ့သူတွေကိုအလွယ်တကူထွက်သွားခွင့် ပြုလာနိုင်သလို၊ ကျွန်တော့်ကိုယ်တိုင်ကလည်း စိတ်အဆင်မပြေတော့ရင် အဲ့နေရာကနေထွက်ပြေးလာတတ်တော့တာပါပဲ။
သူဘာလို့ ဘလော့သွားတာလဲ၊ ဘာလို့အရင်လိုမခေါ်တော့တာလဲ၊ ဘာလိုစကားလာမပြောတော့တာလည်း
ဆိုတာတွေကို ကျွန်တော်လုံးဝမသိချင်သလို ကိုယ့်ဘက်ကလည်း အထူးတလည်ရှင်းပြပြီး မအားလို့ပါ။ ပင်ပန်းလို့ပါ..အကြောင်းပြချက်တွေပေးပြီး ဘယ်သူ့ကိုမှ
ဆွဲမထားရက်ပါဘူး။
အကြောင်းပြချက် ကြရပြီဆိုကတည်းက နားမလည်ပေးနိုင်တော့လို့ တစ်ဖက်လူအတွက် မတွေးပေးနိုင်လို့ မဟုတ်ဘူးလားနော်။
နားလည်ပေးနိုင်မှု ~~
မေတ္တာဆိုတာ အကြည်ရောင်လေးပါ။
မျှော်လင့်ခြင်းမပါတဲ့ချစ်ခြင်းတွေဆိုတာ တကယ်ကို ရှိတာပေါ့။❤️
မိဘက သားသမီးကိုချစ်သလို ကိုယ်က ကိုယ့်ရဲ့ Idolတွေကို ချစ်သလို ချစ်နေရ ရင်ပျော်နေတဲ့သူတစ်စုကလည်း ရှိကိုရှိပါတယ်။
တစ်ယောက်နဲ့တစ်ယောက် Energy တွေတိုက်ဆိုင်နေသ၍ စကားတွေပြော ကြမယ်။ Energy တွေမတူတော့တဲ့တစ်နေ့ မဆက်သွယ်ခြင်းဖြင့် Block လုပ်ခြင်းဖြင့် ချစ်ကြမယ်။
ဘယ်သူ့ကိုချစ်မှာလဲဆိုတော့ ကိုယ့်ကိုယ့်ကိုရော ကိုယ့်ရဲ့ရပ်ဝန်းလေးထဲကသူ တွေအားလုံးကိုပေါ့။
အလုပ်တွေပြီးဖို့ စာတွေကျက်နိုင်ဖို့ဆိုတာ စိတ်ရဲ့ Energy တွေအများကြီး ကောင်းနေဖို့လိုအပ်တယ်မဟုတ်လား။
အများကြီးမတွေးပါနဲ့။ နားလည်ပေးပါ ကိုယ့်ကိုယ်ကိုရော ကိုယ့်ရပ်ဝန်းလေး ကိုရော..မနက်ဖြန်တိုင်းက အများကြီးအဆင်ပြေတဲ့
ကောင်းသောနေ့လေးဖြစ်ပါစေ။💚🙆🏻♀️..
Price - 8000 ks
ခေါင်းစည်းကွင်းလေးလည်းလက်ဆောင်ပါတဲ့စာအုပ်လေးမို့ လက်ဆောင်ပေးရင်လည်းအရမ်းသဘောကျစေမဲ့စာအုပ်လေးပါ ခေါင်းစည်းကွင်းအရောင်လေးလည်းရွေးလို့ရပါတယ်ရှင့်💚🙆🏻♀️
#ခေါင်းစည်းကွင်းလေးဖြစ်ချင်တယ်
17/03/2025
𝐊𝐚𝐧𝐣𝐢 𝐖𝐨𝐫𝐤𝐛𝐨𝐨𝐤 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 🤩📚💕
𝐊𝐚𝐧𝐣𝐢 အိမ်စာတွေကို ရေးရတာကြိုက်ပေမယ့် ဆွဲချက်ရှာနေရတာနဲ့ ဘယ်လိုစရေးရမလဲ မသိတာတွေကြောင့် မရေးဖြစ်ဘဲ ဖြစ်နေတတ်ပါတယ်☹️🙎🏻♀️
𝐊𝐚𝐧𝐣𝐢 ဆိုတာက ချပြီးရေးမှ ပိုမှတ်မိတာဆိုတော့ 𝐊𝐚𝐧𝐣𝐢 𝐖𝐨𝐫𝐤𝐛𝐨𝐨𝐤 စာအုပ်လေးထဲမှာ ဆွဲချက်တွေနဲ့ ဘယ်ကစရေးရမလဲဆိုတာလေးတွေ ပါပြီးသားဖြစ်တဲ့အတွက် စာတွေအများကြီး ရေးဖြစ်ပြီး✍🏻 စာတွေအများကြီး မှတ်မိလာမှာပါ📖💁🏻♀️
𝐊𝐚𝐧𝐣𝐢ရေးရတာကြိုက်တယ်ဆို မင်မင်တို့ဆီမှာ အမြန်ဆုံး လာမှာထားလိုက်တော့နော်☎️💕🙆🏻♀️
Click here to claim your Sponsored Listing.
Category
Address
Yangon
11051