Graphix Learn
03/07/2026
Passive Looking မှ Active Analysis ဆီသို့
ဒီဇိုင်းကောင်းတွေကို လိုက်ကြည့်တာက အစာစားတာနဲ့ တူတယ်။ ဒါပေမဲ့ စားရုံသက်သက်နဲ့ ခန္ဓာကိုယ်က ချက်ချင်း ကျန်းမာသန်စွမ်းမလာဘူး။ ကိုယ်စားလိုက်တဲ့ အစာကို သေချာ ချေဖျက်ပြီး အာဟာရအဖြစ် ပြောင်းလဲနိုင်မှသာ ခန္ဓာကိုယ် ကြီးထွားလာသလိုမျိုး ဒီဇိုင်းတွေကို ကြည့်တဲ့အခါမှာလည်း သေချာ လေ့လာ ဆန်းစစ် (Analyze) လုပ်နိုင်မှသာ ကိုယ့်ရဲ့ ဒီဇိုင်းအမြင်က အမှန်တကယ် တိုးတက်လာမှာ ဖြစ်ပါတယ်။
ဒီတော့ ကြည့်ရုံ သက်သက် မဟုတ်ဘဲ ဘယ်လို နည်းလမ်းတွေနဲ့ ဒီဇိုင်းအမြင်ကို မြှင့်တင်လို့ရမလဲ ဆိုတာ ကျွန်တော်တို့ ဆွေးနွေး ကြည့်ရအောင်။
ပထမတစ်ချက်က Passive Looking (ဒီအတိုင်း ငေးကြည့်ခြင်း) ကနေ Active Analysis (ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်း) ကို ကူးပြောင်းတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီဇိုင်းကောင်းတစ်ခုကို မြင်ရင် ဒီ ဒီဇိုင်းက ကြည့်ရတာ တော်တော်လေး မိုက်တယ်လို့ တွေးမိမယ်။ အဲဒီလောက်နဲ့ပဲ ရပ်သွားလား။ ဘာကြောင့် ကောင်းနေလဲ ဆက်တွေးရမယ်။ ဓားနဲ့မွှန်းသလို စိတ်ထဲကနေ ခွဲခြမ်းစိတ်ဖြာ ကြည့်ရမယ်။ ဒါကို Reverse Engineering (ပြောင်းပြန် လှန်လှော လေ့လာခြင်း) လို့ ခေါ်ပါတယ်။ ဆွဲထားတဲ့ ဒီဇိုင်းကို ကြည့်ပြီး ဒီဇိုင်းဆွဲသူရဲ့ မူလ အကြံအစည် (Structure) ကို ပြန်မြင်အောင် ကြည့်တတ်တဲ့ အလေ့အကျင့် ဖြစ်ပါတယ်။
နောက် နည်းလမ်းတစ်ခုက Copycat Technique ဖြစ်ပါတယ်။ လေ့လာ လေ့ကျင့်ဖို့ ရည်ရွယ်ချက်နဲ့ပဲ ကိုယ် အရမ်းကြိုက်တဲ့ ဒီဇိုင်းတစ်ခုကို ကြည့်ပြီး Pixel မလွဲ တစ်ထပ်တည်း တူအောင် လိုက်ဆွဲကြည့်တာ။ ကြည့်နေတုန်း လွယ်တယ် ထင်ရပေမယ့် ကိုယ်တိုင် လက်တွေ့ လိုက်ဆွဲတဲ့အခါ သိသလိုလိုနဲ့ သေချာ မသိသေးတဲ့ အယူအဆတွေ၊ နည်းစနစ် တွေကို စတင် မြင်လာမယ်။ ကြည့်ရုံနဲ့ မမြင်နိုင်တဲ့ အသေးစိတ် အချက်အလက် (Micro Details) တွေကို ဒီနည်းလမ်း ကနေ သင်ယူနိုင်ပါလိမ့်မယ်။
ဒီဇိုင်းအခြေခံ သဘောတရား (Design Principles) တွေကို သီအိုရီ အနေနဲ့ သေချာ နားလည်ထားဖို့လည်း လိုတယ်။ စာရေးဆရာ တစ်ယောက်က သဒ္ဒါ မတတ်ဘဲ စာကောင်းကောင်း ရေးလို့ မရသလို ဒီဇိုင်နာ တစ်ယောက် အနေနဲ့လည်း ဒီစည်းမျဉ်းတွေကို မသိဘဲ ဒီဇိုင်းအမြင်ရှိဖို့ ဆိုတာ မလွယ်ဘူး။ သီအိုရီနဲ့ ချိန်ထိုးပြီး အဖြေရှာနိုင်မှသာ ကိုယ့်ရဲ့ အမြင်က တိကျခိုင်မာလာမှာ ဖြစ်ပါတယ်။
နောက်တစ်ချက်က ကိုယ့်ရဲ့ Visual Diet (မျက်စိ အာဟာရ) ကို မျိုးစုံအောင် ကျွေးဖို့ ဖြစ်တယ်။ Graphic Design သက်သက်ကိုပဲ မကြည့်ပါနဲ့။ ရုပ်ရှင်တွေရဲ့ ကင်မရာ ရိုက်ကွက်တွေ (Cinematography)၊ အဆောက်အဦး ဒီဇိုင်းတွေ (Architecture)၊ ဓာတ်ပုံပညာ၊ ပန်းချီ၊ နောက်ဆုံး သဘာဝတရားကိုပါ လေ့လာပါ။ အမြင်ရှိတယ် ဆိုတာ ကွန်ပျူတာ Screen ပေါ်က အရာတွေကိုပဲ မြင်တာ မဟုတ်ဘဲ ပတ်ဝန်းကျင်က အလှတရားတွေကို ကိုယ့် ဒီဇိုင်းထဲကို ဆွဲခေါ် နိုင်စွမ်းလည်း ပါဝင်ပါတယ်။
နောက်ဆုံးနဲ့ အရေးကြီးဆုံး အချက်က ဝေဖန်ပိုင်းခြားခြင်း (Critique) ဖြစ်ပါတယ်။ သွားရင်းလာရင်း တွေ့တဲ့ ကြော်ငြာ ဆိုင်းဘုတ်တွေ၊ မီနူးတွေ၊ လက်ကမ်းစာစောင်တွေကို ကြည့်ပြီး ဒီ ဒီဇိုင်းကတော့ စိတ်ထဲမှာ လိုအပ်ချက် ရှိနေတယ်လို့ ခံစားရလား၊ အဲဒါဆို ဘာလိုအပ်ချက် ရှိတာလဲ၊ ဒီဇိုင်း ကောင်းတယ်ဆိုရင်လည်း ဘာကြောင့် ကောင်းတယ်ဆိုတဲ့ အကြောင်းရင်းကို တတ်နိုင်သလောက် အဖြေရှာကြည့်ပါ။ ကိုယ်သာ ပြင်ခွင့်ရရင် ဘယ်လို ပြင်မလဲ တွေးကြည့်တာမျိုးပေါ့။ လိုအပ်ချက် ရှိနေတဲ့ ဒီဇိုင်းတွေကို မြင်အောင်ကြည့်ပြီး ဘာ့ကြောင့်လဲ ဆိုတာ သုံးသပ်ခြင်းက ဒီဇိုင်းကောင်းတွေကို ဖန်တီးနိုင်ဖို့ လမ်းစ ဖြစ်ပါတယ်။
ဒီဇိုင်းအမြင် ရှိဖို့ဆိုတာ နေချင်းညချင်း ဖြစ်လာမယ့်အရာ မဟုတ်ဘူး။ အားကစားသမား တစ်ယောက်က ကြွက်သားတွေ သန်မာလာအောင် နေ့တိုင်း လေ့ကျင့်ရသလို ကျွန်တော်တို့လည်း နေ့တိုင်း ဘာ့ကြောင့်လဲ ဆိုတဲ့ မေးခွန်းတွေနဲ့ မျက်လုံးကြွက်သားတွေကို လေ့ကျင့်ပေးဖို့ လိုပါတယ်။ အချိန်တစ်ခု ရောက်တဲ့ အခါမှာ ကိုယ်တိုင်တောင် သတိ မထားမိဘဲ အရာရာကို ဒီဇိုင်းအမြင်နဲ့ ကြည့်တတ်၊ မြင်တတ်တဲ့ အဆင့်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။
Reference: General Design Theory and Practices
Image Credit - Pinterest
15/06/2026
Design ဆွဲမလား၊ Content ဖန်တီးမလား? Pro/Premium Tools တွေ ဈေးသက်သက်သာသာနဲ့ သုံးချင်သူတွေအတွက်! ✨
ကျနော့်ရဲ့ Link ကနေ တစ်ဆင့် Premium & Pro Accounts တွေကို ဝယ်ယူတာနဲ့
💰 5% Immediate Discount ချက်ချင်းရမှာဖြစ်သလို၊
🤝 ကျနော့်ကိုလည်း 5% Supporting Bonus အနေနဲ့ ကူညီပေးရာရောက်ပါတယ်။
အလုပ်တွေ ပိုမြန်၊ ပိုလန်းဖို့အတွက် Premium Account လိုအပ်နေပြီဆိုရင် အောက်က Link ကနေ အမြန်ဆုံး အားပေးလို့ရပါပြီဗျာ! 👇
🔗 https://m.me/pikaproreborn?ref=HEI7773
Link ကနေ ဆက်သွယ်လိုက်တာနဲ့ P*k A Pro - Reborn Team ကနေ တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ ရောင်းချပေးသွားမှာပါ။
ဂရပ်ဖစ်ဒီဇိုင်းပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုဖို့ ကြိုးစားနေသူတွေ၊ လက်ရှိ Industry ထဲမှာ Entry- Level နဲ့ ဝင်ရောက် လုပ်ကိုင်နေတဲ့ ဒီဇိုင်နာတွေ အနေနဲ့ ဒီဇိုင်းနယ်ပယ်ထဲမှာ ရေရှည်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ ဗဟုသုတ၊ မှန်ကန်တဲ့ အတွေးအမြင် (Mindset)၊ လက်တွေ့ကျတဲ့ ခံယူချက်တွေနဲ့ ကိုယ့်ရဲ့ Career ကို နောက်တစ်ဆင့် တက်လှမ်းချင်တယ် ဆိုရင် Mini Guidebook လေးကို ဝယ်ယူဖတ်ရှုနိုင်ပါတယ်။
အောက်က လင့်ထဲမှာ စာအုပ်အကြောင်းကို အသေးစိတ် ကြည့်ရှုနိုင်ပြီး စာအုပ်လေးကို စိတ်ဝင်စားလို့ ဝယ်ယူဖတ်ရှုချင်တယ် ဆိုရင် Page Messenger ကနေ တစ်ဆင့် အသေးစိတ် ဆက်သွယ် စုံ စမ်း မေးမြန်းနိုင်ပါတယ်။
https://www.facebook.com/share/p/1Rj6pdyEBa/
24/12/2025
လုပ်ငန်းခွင်ရဲ့ စီးပွားရေးပြဿနာတွေကို ဒီဇိုင်းပညာနဲ့ အမှန်တကယ် ဖြေရှင်းပေးနိုင်တဲ့၊ ဒီဇိုင်းပိုင်းနဲ့ ပတ်သက်ပြီး အကြံ ဉာဏ်ပေးနိုင်တဲ့ ပရော်ဖက်ရှင်နယ် ဂရပ်ဖစ်ဒီဇိုင်နာကောင်း တစ်ယောက်အဖြစ် တန်ဖိုးထားခံရဖို့ဆိုရင် Software သုံးတတ် ရုံနဲ့တင် (Software Operator တစ်ဦးအဆင့်မှာ ရပ်တန့်နေရုံနဲ့တင်) မလုံလောက်တော့ပါဘူး။
ဒါကြောင့် ကိုယ်တိုင် Entry-Level မှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ လက်ရှိ Mid-Level အတွေ့အကြုံတွေကို ပေါင်းစပ်ပြီး ဒီ Mini Guidebook လေးကို ဖန်တီးဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ ဒီဇိုင်းနယ်ပယ်ထဲမှာ ရေရှည်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ ဗဟုသုတ၊ မှန်ကန်တဲ့ အတွေးအမြင် (Mindset) တွေနဲ့ လက်တွေ့ကျတဲ့ ခံယူချက်တွေကို စုစည်း ဖော်ပြထားတာ ကြောင့် ကိုယ့်ရဲ့ Career ကို နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ လမ်းပြမြေပုံတစ်ခု ဖြစ်လာမှာပါ။
စာအုပ်ထဲမှာ Topic ၂၁ ခု၊ အခန်း ၂၁ ခန်းနဲ့ စာမျက်နှာ ၆၀ ဝန်းကျင် ပါဝင်ပါတယ်။
ဘယ်သူတွေ လေ့လာသင့်လဲ?
ဂရပ်ဖစ်ဒီဇိုင်းပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုဖို့ ကြိုးစားနေသူတွေ၊ လက်ရှိ Industry ထဲမှာ Entry- Level နဲ့ ဝင်ရောက် လုပ်ကိုင်နေတဲ့ ဒီဇိုင်နာတွေ အားလုံး ဖတ်ရှုသင့်ပါတယ်။
စာအုပ်လေးကို စိတ်ဝင်စားလို့ ဝယ်ယူဖတ်ရှုချင်တယ် ဆိုရင် Page Messenger ကနေ တစ်ဆင့် အသေးစိတ် ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon