Glamorous Scents

Glamorous Scents

Share

30/06/2023

💛 1 Million Paco Rabanne 💛

🔥 အမျိုးသားသုံးရေမွှေးတွေထဲမှာ တော်တော်လေး Sexy ဖြစ်တဲ့ ရေမွှေးလို့ပြောမယ်ဆို မင်မင် လွန်မလားမသိဘူး 🙂 … ဒါပေမယ့် မလွန်ဘူးသိလား 😁 … တကယ်ကြီး Sexy ဖြစ်တဲ့ အနံ့မျိုးမို့လို့ပါ… မင်မင့်ဆီမှာ ရှိတဲ့ ရေမွှေးတွေ အားလုံးထဲမှာ ဒီကောင်လေးကို တော်တော်လေး သဘောကျတယ်… ဒါပေမယ့်ကွာ ကိုယ့် Partner ကို ဝယ်ပေးမလားဆိုရင်တော့ 🙅🏼‍♀️ No ပါ… ဘာလို့လဲဆိုရင် မနာလိုလို့ပါ… 😉 ဘာလို့မနာလိုတာလဲဆိုရင် မိန်းကလေးတွေ ဝိုင်းဝိုင်းလည်လာမယ့် အနံ့မျိုးမို့လို့ပါ… ဟုတ် 🥲 အူတွေ အသည်းတွေလဲ တိုတယ်လေနော် 😄 … ဒါလေးကတော့ မင်မင် တချိန်လုံး စိတ်ပုတ်ပြီး Review မရေးပဲ ထားထားတဲ့ 1 Million အပေါ် မင်မင့် အမြင်လေးပါ…

❄️ မသိမသာ ခပ်ပါးပါးလေး အေးလာတော့မယ့် ဆောင်းရာသီနဲ့ အင်မတိ အင်မတန် လိုက်ဖက်မယ့် ရေမွှေးလေးဆိုတော့လဲ အနွေးဓာတ်ကလေးတွေ ရှာချင်တဲ့ ကိုကိုတွေ မောင်မောင်တွေ အတွက် Review လေးရေးပေးလိုက်တယ်နော်…

🖤 Date Night, Party & Clubbing Fragrance စစ်စစ်ပါ… အေးမြတဲ့ ရာသီဥတုနဲ့ ညအချိန်အတွက် ပိုပြီးသင့်တော်ပါတယ်…

🔥 Top Note မှာ ပါဝင်တဲ့ လိမ္မော်တမျိုး, Grapefruit, Mint နဲ့ Middle Note မှာ ပါဝင်လာမယ့် Cinnamon (သစ်ကြပိုး) နဲ့ Spicy Notes တချို့ ပေါင်းစပ်ထားတဲ့ အနံ့က တော်တော်လေးကို နွေးထွေးစေပြီး သင့်ကို မအီသွားစေတဲ့ ချိုရှရှ အနံ့လေးနဲ့ ဖွင့်ပေးမှာ ဖြစ်ပါတယ်… အဲ့ဒီနောက်မှာတော့ Men Fragrance တွေမှာ ပါဝင်လေ့ရှိတဲ့ ဇာတ်ပို့ မင်းသားများဖြစ်တဲ့ Woody Note, Leather Note လေးတွေဟာ နှင်းဆီနံ့ပါးပါးကြည်ကြည်လေးနဲ့ ရောစပ်ပြီး Drydown မှာ သင့်ကို အလွန် ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတယောက်ရဲ့ အသွင်ကို ကူးပြောင်းသွားစေပါလိမ့်မယ်… သာမန် Masculine Fragrance တွေနဲ့ သူက တမျိုးတဖုံ ကွဲထွက်နေတာကို မင်မင် မရေးပြတတ်ပေမယ့် Base Note မှာ ပါလာတဲ့ ပယင်းကြောင့် သိပ်ကို မှော်ဆန်တဲ့ အနံ့မျိုး ဆိုတာတော့ ခံစားမိပါတယ်…

🔥 EDT အမျိုးအစားဖြစ်ပေမယ့် Longevity အရမ်းကောင်းပါတယ်… တော်တော်လေးမှ တော်တော်လေးကို အနံ့စွဲပြီး အနံ့ပျံ့လွင့်အားလဲ အင်မတန်ကို ကောင်းလှပါတယ်… Unisex သုံးဖို့ အဆင်မပြေပဲ For men အတွက်ပဲ သင့်တော် လိုက်ဖက်တဲ့ ရေမွှေးလေးပါ…

💛 ရေမွှေးဖန်တီးသူက ဒီရေမွှေးဟာ အာဏာ, ကြွယ်ဝချမ်းသာခြင်း, စည်းစိမ် နဲ့ ခိုင်မြဲခြင်း တို့ကို ကိုယ်စားပြုတဲ့ ရွှေ ကို Inspired ယူထားပါတယ်တဲ့... ရွှေ ဆိုတဲ့ အရာဟာ လူသားတွေကို ဆွဲဆောင်နိုင်တဲ့ အရာဖြစ်လို့ Bottle ရဲ့ အသွင်ကိုလဲ ရွှေတုံး ပုံစံမျိုး ဖန်တီးထားတာကို တွေ့နိုင်မှာပါ... ဖန်တီးသူ ပြောထားသလို ရွှေက လူတွေကို ဆွဲဆောင်နိုင်တယ်ဆိုရင် 1 Million ကရော ယူတို့ကို ဆွဲဆောင်နိုင်ပါ့မလားဆိုတာကိုတော့ သုံးဖြစ်အောင် သုံးကြည့်ပြီး ဆုံးဖြတ်ကြည့်ပါလို့ပဲ ပြောပါ စေနော်

😝 သဲလေးတို့က ဘဲဘဲကို လက်ဆောင်ပေးမယ်ဆိုရင် သဲလေးတို့ မပါပဲမစွတ်ဖို့ တခါထဲ မှာထားဖို့ လိုပါမယ်နော်…
😝 ယောက်ျားလေးများသုံးမယ်ဆိုရင်တော့ ၃ ချက်လောက်ထက် ပိုမစွတ်ပါနဲ့လို့ … ခါချလို့ မနိုင်တော့မှာ စိုးလို့ပါနော် …

💛 ဒီတချက်ကတော့ မင်မင် ထည့်မရေးတော့ဘူးလို့ တွေးထားပေမယ့် မနေနိုင်လို့ ရေးလိုက်ပါတယ်… သူလေးက တော်တော်လေးကို လွှမ်းမိုးနိုင်တဲ့ အနံ့ဖြစ်ပါတယ်…တခြားဘယ်လို အနံ့မျိုးနဲ့ ယှဉ်လာပါစေ… လူတော်တော်များများ သတိထားမိပြီး မေးကြတဲ့ အနံ့က 1 Million Paco Rabanne ပဲ ဖြစ်ပါတယ်ဆိုတာလေးကိုလဲ လက်တို့ပြီးပြောပြလိုက်ပါတယ်နော်…

❄️🔥 ချိုပြီး အီတဲ့ အနံ့မျိုးလုံးဝ မဟုတ်ပဲ ချိုပြီး နွေးထွေးစေတဲ့ အနံ့မျိုးပါနော်… လိုအပ်နေတဲ့ အနွေးဓာတ်လေးတွေ အတွက် 1 Million Paco Rabanne ရေမွှေးလေးကို စမ်းသုံးကြည့်လို့ရအောင် 5ml, 10ml Decant size ၂ မျိုး ခွဲရောင်းပေးပါမယ်နော်…

🖤 5 ml – 18000
🖤 10 ml – 35000
(Decant ဘူးခွံဖိုးပါပြီး)

မှာယူလိုပါက လိပ်စာ, ဖုန်း အပြည့်အစုံနဲ့ page Messenger မှာ လာရောက်မှာယူနိုင်ပါတယ်... Inatock Item ဖြစ်လို့ ၃ ရက်အတွင်း ပို့ပေးပါမယ်နော်...
(CB pay, KbzPay, CB, KBZ mobile banking, wave pay) လက်ခံပါတယ်ရှင့်

💯 100% Authentic အစစ်အမှန်ဖြစ်ကြောင်း အာမခံပါတယ်ရှင်

​🙅🏼‍♀️ Glamorous Scents ရဲ့ Fragrance Review များကို တဆင့်ပြန်လည်ကူးယူ ဖော်ပြခြင်းများ ခွင့်မပြုပါဘူးရှင် 🙅🏼‍♀️

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon