Noble Education Center
21/03/2023
Noble Education Center Children are our future
ဆရာတစ်ယောက်ရဲ့
စိတ်ရှည်မှုနဲ့ သင်ကြားနည်းစနစ်က
ယခုပြောင်းလဲတဲ့ ပညာရေးစနစ်အတွက် အသက်ပါ။
စိတ်မရှည်ဘူး
သင်းကြားနည်းစနစ်တွေ စိတ်မစားဘူး ဆိုရင်တော့
ယခုပြောင်းလဲတဲ့ ပညာရေးကို
သင်က ကူညီရာမရောက်ဘဲ နှောက်ယှက်ရာရောက်နေပါလိမ့်မယ်
#ကလေးစိတ်ပညာနှင့်ပညာရေး
တစ်ခါတုန်းက စာသင်ခန်းထဲမှာ
ဖရော်ဖက်ဆာတစ်ဦးက ဖန်ခွက်တစ်ခုထဲ
ရေအချို့ထည့်ပြီး မတ်တပ်ရပ်လိုက်တယ် ။
--
သူက ကျောင်းသားအားလုံး မြင်ရအောင် ဖန်ခွက်ကို
ကိုင်မြှောက်ပြလို့ ကျောင်းသားတွေကို
မေးလိုက်တယ် ။
--
''ဒီဖန်ခွက်အလေးချိန်က
ဘယ်လောက်ရှိတယ်လို့ မင်းတို့ထင်လဲ '' တဲ့ ။
---
ကျောင်းသားတွေက...
---
''၅၀ ဂရမ် ''
"၁၀၀ ဂရမ် ”
"၁၂၅ ဂရမ် ” လို့ ပြန်ဖြေကြတယ် ။
--
ဖရော်ဖက်ဆာကလည်း ဆက်ပြောတယ်...
---
" ဒီဖန်ခွက်ကို ချိန်မကြည့်ဘဲနဲ့
ဆရာလဲ တိတိကျကျ မသိနိုင်ဘူး ”
--
" ဒါပေမယ့်...
ဆရာမေးချင်တာက ဒီဖန်ခွက်ကို
ဒီအတိုင်းမိနစ်အနည်းငယ်ကိုင်ထားရင်
ဘာဖြစ်နိုင်သလဲ ”
---
ကျောင်းသားတွေက...
"ဘာမှမဖြစ်နိုင်ပါဘူး ဆရာ ” လို့ ပြန်ဖြေတယ် ။
--
" ကောင်းပြီ...
ဒါဆို ဒီဖန်ခွက်ကို တစ်နာရီလောက် ဒီအတိုင်း
ကိုင်ထားရင်ရော ဘာဖြစ်နိုင်သလဲ ” လို့
ပရော်ဖက်ဆာက ထပ်မေးတယ် ။
---
ကျောင်းသာတွေထဲက တစ်ယောက်က...
"ဆရာ့လက်မောင်း နာလာပါလိမ့်မယ် ”လို့ ဖြေတယ် ။
---
"မင်းမှန်တယ်...
ကဲ ဒါဆို ဒီအတိုင်း တစ်ရက်လောက်ကိုင်ထားရင်ရော ဘာဖြစ်နိုင်သလဲ ”
---
ကျောင်းသားတစ်ယောက်က အရဲစွန့်ပြီး...
---
" ဆရာ့လက် ထုံကျင်လာမယ် ကြွက်သားတွေ
နာလာမယ် တောင့်တောင့်ကြီးဖြစ်သွားမယ်...
ပြီးတော့ ဆေးရုံသွားရမှာ ကြိမ်းသေပါပဲ ” လို့
ပြောတယ် ။
-
တခြားကျောင်းသားတွေက ဝိုင်းရယ်ကြတယ် ။
---
"အရမ်းကောင်းတယ်...
ဒါပေမယ့် အခုလို လုပ်ခဲ့တဲ့အချိန်တိုင်းမှာ
ဖန်ခွက်ရဲ့အလေးချိန်ပြောင်းလဲသွားနိုင်သလား ” လို့
ပရော်ဖက်ဆာက ဆက်မေးတယ် ။
---
ကျောင်းသားအားလုံးက...
" မပြောင်းလဲနိုင်ပါဘူး ” လို့ ဝိုင်းဖြေကြတယ် ။
---
" ဒါဆို ဘာလို့ လက်တွေနာပြီးကြွက်သားတွေ
ထုံကျင်တာတွေဖြစ်လာရတာလဲ ”
---
ကျောင်းသားတွေအားလုံးမဖြေနိုင်ပဲ
အကြံအိုက်သွားကြတယ် ။
---
ပရော်ဖက်ဆာက...
" ဒါဆို အခုလို နာကျင်တာတွေက သက်သာအောင်
ဘယ်လိုလုပ်သင့်သလဲ ” လို့ ထပ်မေးတယ်။
---
" ဖန်ခွက်ကို လွှတ်ချလိုက်ရုံပါ ဆရာ ” လို့ ကျောင်းသားတစ်ယောက်ကဖြေတယ် ။
---
" အမှန်ကန်ဆုံးပဲ ”
ပရော်ဖက်ဆာက ဆက်ပြောတယ် ။
--
" ဘဝရဲ့ ပြဿနာတွေဆိုတာ
အခုသင်ခန်းစာနဲ့အတူတူပဲ...
ဦးခေါင်းထဲကို ပြဿနာတွေ
မိနစ်အနည်းငယ်လောက်ထည့်ထားရင်
ဘာမှမဖြစ်ဘူး..အိုကေတယ်...
အဲဒီ ပြဿနာတွေကို
အကြာကြီးခေါင်ထဲမှာထည့်လို့
တွေးနေရင်တော့
စတင်ပြီးခေါင်းကိုက်လာလိမ့်မယ် ။ ”
---
" ဘဝမှာ စိန်ခေါ်မှုတွေ ပြဿနာတွေကို
ရင်ဆိုင်ဖြေရှင်းနိုင်ဖို့က အရေးကြီးတယ်...
---
ဒါပေမယ့်...
အဲဒါထက်အရေးကြီးတာကတော့ - -
==========================
သင်အိပ်ရာမဝင်ခင် နေ့စဉ်နေ့တိုင်းကြုံတွေ့နေရတဲ့
ပြဿနာတွေကို လွှတ်ချလိုက်ဖို့ပါပဲ...။
==========================
စိတ်ဖိစီးမှုမရှိဘဲ နိုးထလာတဲ့မနက်ခင်းဟာ
လန်းဆန်းပြီး ကြံ့ခိုင်သန်စွမ်းနေလိမ့်မယ် " လို့...
ပရော်ဖက်ဆာကပြောပြီး..
ကျောင်းသားတွေကို ဥပမာလေးနဲ့
သင်္ခန်းစာပေးခဲ့ပါတယ်...။
ဒီလိုပါပဲ....
ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်တာထက်
စိတ်ပင်ပန်းနွမ်းနယ်တာက ပိုပြီးဆိုးဆိုးဝါးဝါး
ဖြစ်နိုင်ခြေ အများဆုံးပါပဲပါ...။
လောကမှာ ဆိုရိုးစကားတစ်ခုကို
သင်လဲ သိမှာပေါ့...
" စိတ်ထောင်းကိုယ်ကြေ စိတ်ပျိုကိုယ်နု " ဆိုတာလေ..
ဒီတော့...
သင့်ခေါင်းထဲမှာ
စိတ်ကိုထောင်းနေတဲ့ အတွေးတွေကို
တစ်နေ့တာ
လန်းဆန်းပြီးကြံ့ခိုင်သန်စွမ်းနိုင်ဖို့..
ပရော်ဖက်ဆာ ပြောသလို...
" ဒီကနေ့အတွက် ဖန်ခွက်ကို လွှတ်ချလိုက်ပါ " ။
ဓမ္မ ရေချမ်းစင် မှကူးယူဖော်ပြပါသည်။
Credit : 9Plus Myanmar.
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon
1111
Opening Hours
| Monday | 09:00 - 15:00 |
| Tuesday | 09:00 - 15:00 |
| Wednesday | 09:00 - 15:00 |
| Thursday | 09:00 - 15:00 |
| Friday | 09:00 - 15:00 |