Swel Taw Exchange Counter

Swel Taw Exchange Counter

Share

Photos from NUGPay's post 30/10/2022

“NUGPay ဝန်ဆောင်မှုတွေ အကြောင်း အကုန်သိစေမယ့် NUGPay စွယ်စုံကျမ်း လာပါပြီ”

NUGPay ဟာ နည်းပညာအသစ်ကို အခြေပြုတည်ဆောက်ထားသော်ငြားလည်း ပြည်သူများ အဆင်ပြေချောမွေ့ လွယ်ကူစွာ အသုံးပြုနိုင်ရန် အထူးဂရုပြု စီစဉ်ထားပါတယ်။

NUGPay ဖြင့် ငွေလက်ခံခြင်း၊ ငွေလွှဲခြင်း ပြုလုပ်ပုံများကို့ လေ့လာနိုင်ပါတယ်။

NUGPay Account ဖွင့်နည်း - https://m.facebook.com/story.php?story_fbid=137548965688204&id=100082993045714

24/10/2022

Swel Taw Exchange Counter သည် YTU မှ CDM ‌ဆရာ/မများ၊ ကျောင်းသား/သူများ၊ ဝန်ထမ်းများအတွက် NUG Pay ဖွင့်ပေးခြင်းအား ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

🔖အခြားကျောင်းမှ CDM များလည်းအကောင့်ဖွင့်ခြင်းပြုလုပ်လိုပါကလည်း အထောက်အထားဖြင့် စိစစ်ဖွင့်လှစ်ပေးမည်ဖြစ်ပါသည်။

🔖NUGPay တွင် DMMK ဖြည့်သွင်းခြင်း၊ MMK ပြန်ထုတ်ယူခြင်းတို့အတွက် မည်သူမဆို ဝန်ဆောင်မှုရယူနိုင်ပါသည်။ ပြည်တွင်း service agent များဖြစ်သည့်အတွက် ပြည်တွင်းငွေလွှဲစနစ်များဖြင့်သာ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

🔖 Crypto (USDT) ဖြင့်လည်း Csah In/Out ပြုလုပ်နိုင်ပါသည်။ NUGPay မှ ကြေညာထားသော နှုန်းထားအတိုင်းသာ ရရှိမည်ဖြစ်ပါသည်။ (ငွေဈေးအပြောင်းအလဲမတည်ငြိမ်ချိန်တွင် ခေတ္တစောင့်ဆိုင်းရနိုင်ပါသည်)

NUGPay ဖြင့် လုံခြုံစွာ ထောက်ပို့ကြပါစို့‼️

19/10/2022

Opening NUGPay for YTU Cdm Students📣

စစ်ကျွန်ပညာရေးကိုသပိတ်မှောက်ထားသော CDM ကျောင်းသားများအနေဖြင့် NUGPay အကောင့်ဖွင့်နိုင်ပြီဖြစ်ပါတယ်။ အကောင့်ဖွင့်လှစ်ခြင်း၊ ငွေသွင်းငွေထုတ်ပြုလုပ်ခြင်းတွေကို အောက်ပါ page ကနေ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
https://www.facebook.com/sweltawexchangecounter

-NUGPay ဘာလို့သုံးသင့်လဲ?

ထောက်ပံ့ငွေ၊ ရန်ပုံငွေကူချင်တာတွေ၊ ငွေလွှဲချင်တာတွေကို လုံခြုံရေးစိုးရိမ်စရာမလိုပဲ အကြိမ်ရေ၊ ပမာဏအကန့်အသတ်မရှိ လုပ်နိုင်ပါပြီ။ အကြမ်းဖက်စစ်တပ်က ပြည်တွင်းက digital wallet တိုင်းကို အကြောင်းမျိုးစုံနှင့်ပိတ်ပြီး ပြည်သူပိုင်ငွေတွေကို သိမ်းဆည်းနေတာဖြစ်ပါတယ်။ ကိုယ်က တော်လှန်ရေးအတွက် လှူဒါန်းမှုမရှိဘူးဆိုရင်တောင် သင့်အကောင့်က အပိတ်ခံရနိုင်တာပါပဲ။ ဒီတော့ စစ်တပ်လက်အောက်မှာရှိနေတဲ့ payment တွေအစား ကိုယ့်ငွေကိုယ်စိတ်ချလက်ချ သိမ်းထားနိုင်တဲ့နေရာလိုပါတယ်။

- NUGPay သုံးပြီးဘာတွေလုပ်နိုင်လဲ?

အခုဆို fundraiser တွေ ကမ်ပိန်းတွေကအများကြီးရှိပါတယ်။ ကျနော်တို့ YTUSU လည်းအပါအဝင်ဖြစ်ပါတယ်။ သင့်မှာ Kpay/Wavepay စတဲ့အကောင့်နဲ့ဆို ကိုယ်လှူချင်တဲ့နေရာတိုင်းကို ခနခန ပို့ပေးဖို့အဆင်မပြေပါဘူး။ Transaction များရင် freeze ခံရတတ်လို့ပါ။ NUGPay သာရှိရင် သင့်အနေနဲ့ ကြိုက်နှစ်သက်ရာနေရာမှာ အဆင်ပြေသလို ထောက်ပံ့လှူဒါန်းနိုင်မှာပါ။ NUGPay ထဲငွေဖြည့်တဲ့ transaction တစ်ခုပဲရှိမှာဆိုတော့ စိတ်ပူစရာမလိုတော့ဘူးပေါ့။

- အသုံးပြုရတာလွယ်လား?

အသုံးပြုရတာကတော့ အရမ်းလွယ်ပါတယ်။ Login Key 12 လုံးကို ဖုန်းထဲမှာဖြစ်ဖြစ် တစ်နေရာမှာဖြစ်ဖြစ် သိမ်းဆည်းထားပြီး login/logout လုပ်ရုံပါပဲ။ Key and Password မေ့သွားရင်လည်း အကောင့်ဖွင့်ခဲ့တဲ့ Agent တွေက တစ်ဆင့် ကျသင့်ငွေဆောင်ပြီး ပြန်လုပ်နိုင်ပါတယ်။

Swel Taw Exchange Counter မှာတော့ Kpay, Wavepay အပြင် USDT နဲ့ပါ လက်ခံဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။ DMMK topup လုပ်လိုတဲ့သူတွေ Cash Out လုပ်ချင်တာတွေအတွက်လည်း ၂၄ နာရီအတွင်းမှာ ဆောင်ရွက်ပေးသွားမှာပါ။ ကျနော်တို့ဆီမှာ activation code ရှိသလောက်အရင်ဖွင့်ပေးမှာဖြစ်ပြီး မရလိုက်တဲ့သူတွေအနေနဲ့လည်း order တင်ခဲ့ရင် ရက်ပိုင်းအတွင်းပြန်အကြောင်းပြန်ပေးမှာဖြစ်ပါတယ်။ အသေးစိတ်ကို m.me/sweltawexchangecounter မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်။

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon