Chuu May May

Chuu May May

Share

18/07/2023

ကျမတို့ငယ်ငယ်က ကြားဖူးတဲ့စကားလေးတစ်ခွန်းရှိပါတယ်... အပြင်မီး အတွင်းသယ်မလာနဲ့ အတွင်းကမီးလည်း အပြင်ထုတ်မသွားနဲ့တဲ့ အခုခေတ်ကတော့
ကိုယ့်မိသားစုပြသနာတွေ ချစ်သူကြားကပြသနာတွေ
ကိုယ့်အတိတ်အကြောင်းတွေ အကုန်ပဲ Fb မှာပဲ တက်ရှင်းကြတယ်😁😁😁 မသိရင် မကြီးဇူက သူတို့ကို Online တရားရုံးကြီးဖွင့်ထားပေးသလိုပဲ ကိုယ့်ဘာသာ နှစ်ယောက်တည်း/ မိသားစုချင်း/သူငယ်ချင်း အချင်းချင်း ဖြစ်တဲ့ပြသနာကို ကိုယ့်ဘာသာရှင်းရင်မရဘူးလားမသိဘူး လိုင်းပေါ်တက်ရှင်းမှ ခေတ်မီတယ်ထင်သလားလည်းမသိဘူး လိုင်းဖွင့်တာနဲ့ ဟိုအမျိုးသမီးရဲ့လင်က ဟိုအမျိုးသမီးရဲ့ လင်ကြီးဆိုတာကတစ်မျိုး ဟိုအမျိုးသားတို့ဇနီးမောင်နှံက ဂေါက်ကြောင်ဆိုတာကတဖုံ အမျိုးစုံ ကြိုးခုန်နေကြတာ တွေ့ရပါတယ် အဲ့ဟာတွေကို ပပျောက်စေချင်ရင် လုံးဝ Like/ comment/ share ခြင်းမလုပ်ကြပါနဲ့ အခုဟာကကျတော့ မုန်းတယ် မုန်းတယ်နဲ့ ပွဲဆို ရှေ့ဆုံးကရောက်နေတယ် မုန်းတဲ့အကြောင်းတွေမန့် ဒီကြားထဲ ကိုယ်တင်အားမရဘူး share ပါ share လိုက်သေးတော့ သွားပြီပေါ့ အတံရှည်ရကြတော့ လူတိုင်းပါလိုက်တင်ကုန်ကြတော့ online တရားရုံးကြီးကိုဖြစ်လို့ပါပဲရှင် တင်တဲ့သူတွေအနေနဲ့ကလည်း လိုင်းပေါ်တင်လိုက်လို့ ကိုယ်သိက္ခာ
ကျသွားရုံအပြင် ရနိုင်တာကတော့ အဆဲခံရတာပဲရှိပါ့မယ် အဲဒီတော့ အရာရာခက်ခဲနေကြတဲ့အချိန်မှာ အသက်နဲ့လိုက်ဖက်တဲ့ အတွေးအခေါ်တွေ တွေးကြပြီး Fb ကို သုံးကြပါလို့ပဲ တိုက်တွန်းပါရစေ....

04/07/2023

ထက်မြက်တဲ့မိန်းမဖြစ်အောင် လုပ်ဖို့က လွယ်ပါတယ်
ကလေးတစ်ယောက်ကို ၂၄လုံး စိတ်နှစ်ပြီး စောင့်ရှောက်နိုင်တဲ့ မေမေတစ်ယောက်ဖြစ်ဖို့က မလွယ်ပါဘူး.....
ဒီအချက်မှန်တယ်ဆိုတာ အလုပ်ရော ကလေးကိုရော စောင့်ရှောက်ဖူးသူတိုင်းသိမှာပါ.....
ဒါဟာ ငြင်းမရတဲ့အမှန်တရားတစ်ခုဆိုတာ ဒီစာကို ဖတ်နေတဲ့ မေမေတိုင်း သိကြမှာပါ👩‍👧‍👧

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon