MyConstitution

MyConstitution

Share

03/12/2025

ပဋိပက္ခများအကြားမှ အားလုံးပါဝင်မှုရှိရေး - မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း မသန်စွမ်းသူများ၏ အခွင့်အရေးများ အပြည့်အဝရရှိစေရေး

ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နှင့် ၂၀၂၅ ခုနှစ် မတ်လတွင် ဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် မြန်မာနိုင်ငံရှိ မသန်စွမ်းသူများကို ကာကွယ်စောင့်ရှောက်ရန်နှင့် အားပေးမြှင့်တင်ရန် အရေးတကြီး လိုအပ်နေကြောင်း အထူးညွှန်ပြလျက်ရှိပါသည်။ ဤအကျပ်အတည်းများသည် မသန်စွမ်းသူများစွာအတွက် ရှိနှင့်ပြီးသား မညီမျှမှုများ ကို ပိုမိုနက်ရှိုင်းစေပြီး မသန်စွမ်းသူများသည် အကြမ်းဖက်မှုခံရခြင်း၊ နေရပ်ပြောင်းရွှေ့ရခြင်းတို့ ပိုမိုကြုံတွေ့လာရကာ မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများမှ ဖယ်ကြဥ်ခံရလျက်ရှိပါသည်။

စစ်အာဏာသိမ်းမှုမတိုင်မီက မသန်စွမ်းသူများသည် မြန်မာနိုင်ငံလူဦးရေ၏ ၁၂.၈% ခန့်ရှိပြီး ပညာရေး၊ အလုပ်အကိုင်နှင့် အများပြည်သူပါဝင်မှုတို့တွင် သိသာထင်ရှားသော အဟန့်အတားများနှင့် ရင်ဆိုင်နေကြရလျက်ရှိပါသည်။ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ဤအခြေအနေများသည် ပိုမိုဆိုးရွား လာခဲ့ပါသည်။ စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများသည် ကိုယ်လက်အင်္ဂါမသန်စွမ်းသူများ၊ အကြားအားရုံမသန်စွမ်းသူများနှင့် ဉာဏ်ရည်မသန်စွမ်းသူများအတွက် ထွက်ပြေးလွတ်မြောက်ရန်ခက်ခဲခြင်းနှင့် အရေးပေါ်သတိပေးအချက်အလက်များကို လက်လှမ်းမီ ရယူနိုင်မှု မရှိခြင်းတို့ကြောင့် ကြီးမားသော အန္တရယ်ကျရောက်စေပါသည်။ အစီရင်ခံစာများတွင် မသန်စွမ်းမှုကြောင့် ပြောဆိုဆက်ဆံရေးအခက်အခဲရှိမှုကို စစ်ကောင်စီတပ်သားများသည် ၎င်းတို့ မေးမြန်းပြောဆိုသည့်အတိုင်း လိုက်နာရန် ငြင်းဆန်မှုအဖြစ် မှားယွင်းစွာ မှတ်ယူပြီး မသန်စွမ်းသူများအပေါ် ကြမ်းတမ်းရက်စက်စွာ ပြုမူဆက်ဆံခဲ့မှုများအားလည်း မှတ်တမ်းတင်ထားပါသည်။

လူသားချင်းစာနာထောက်ထားမှုအကူအညီများကို လက်လှမ်းမီနိုင်မှုသည်လည်း ပိုမို မညီမမျှဖြစ်လာ ပါသည်။ မသန်စွမ်းမှု အထောက်အကူပြုပစ္စည်းများ ရှားပါးလာခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံပစ္စည်းများ ဖျက်ဆီးခံရခြင်းနှင့် မသန်စွမ်းသူများကို ပြုစုစောင့်ရှောက်ပေးနေသော မိသားစုဝင်များသည် ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်ရခြင်းတို့ ကြုံတွေ့ရလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ် မတ်လတွင် ဖြစ်ပွားခဲ့သော ငလျင်သည် အရေးပေါ်တုံ့ပြန်မှုပေးရာတွင် လိုအပ်ချက်ရှိမှုများ၊ ကွာဟမှုများ ပိုမိုဖြစ်ပေါ်စေခဲ့ပြီး မသန်စွမ်းသူ ရာပေါင်းများစွာသည် ပြန်လည်ထူထောင်ရေး၊ အမိုးအကာများနှင့် ဆေးဝါးကုသမှုများ မရရှိကြပေ။ ပဋိပက္ခကြောင့် ရရှိသော ဒဏ်ရာများနှင့် မြေမြှုပ်မိုင်းပေါက်ကွဲမှုများကြောင့် မသန်စွမ်းသူအရေအတွက်မှာ မြင့်တက်လာရန် ခန့်မှန်းရသည်။

ဤသို့ စိန်ခေါ်မှုများရှိလင့်ကစား မြန်မာ့ကြားကာလဒီမိုကရေစီအဖွဲ့အစည်းများဖြစ်သည့် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) တို့သည် မသန်စွမ်းသူများ ပါဝင်မှုရှိရေး ကတိကဝတ်ပြုထားပါသည်။ NUG အစိုးရ၏ ဝန်ကြီးဌာနများသည် မသန်စွမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲကာ ပြန်လည်ထူထောင်ရေးဝန်ဆောင်မှုများနှင့် အားလုံးအကျုံးဝင် လက်လှမ်းမီမှုရှိသည့် ပညာရေးများ တိုးချဲ့ပေးစွမ်းနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

အရင်းအမြစ်များ အကန့်အသတ်ရှိပြီး မလုံခြုံမှုများကြားမှ ဤသို့ ကြိုးပမ်းဆောင်ရွက်မှုများသည် စစ်မှန်သော နိုင်ငံရေးဆန္ဒကို ထင်ဟပ်လျက်ရှိသည်။ သို့ရာတွင် ဤထက်မက ပိုမိုဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။ အများပြည်သူ ပြောဆိုဆက်သွယ်ရေးသည် အမြင်အာရုံ၊ အကြားအာရုံ သို့မဟုတ် ဉာဏ်ရည်မသန်စွမ်းသူများအတွက် များသောအားဖြင့် လက်လှမ်းမီနိုင်မှု မရှိသေးပါ။ ပိုမိုခိုင်မာသော ပေါင်းစပ်ညှိနှိုင်းမှု၊ ရန်ပုံငွေနှင့် အားလုံးပါဝင်မှုရှိစေသော အလေ့အကျင့်များမရှိဘဲ ကူညီကယ်ဆယ်ရေးအစီအစဉ်များသည် မသန်စွမ်းသူများထံ ထိရောက်စွာ ရောက်ရှိနိုင်မည် မဟုတ် ပါ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် မသန်စွမ်းသူများပါဝင်မှုရှိရေးကို အဓိက ထားရန် ကြားကာလ အဖွဲ့အစည်းများသည် နိုင်ငံတကာပံ့ပိုးမှု စဉ်ဆက်မပြတ် လိုအပ်ပါသည်။

International IDEA သည် မသန်စွမ်းသူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ကြားကာလ အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်လျက် မြန်မာ့အနာဂတ်ကို ပုံဖော်ရာတွင် မသန်စွမ်းသူများ တက်ကြွစွာ ပါဝင်နိုင်ရန်နှင့် အားလုံးပါဝင်မှုရှိရေးမဟာဗျူဟာများကို ချမှတ်နိုင်ရန် ပံ့ပိုးကူညီလျက်ရှိသည်။ အားလုံးလက်လှမ်းမီနိုင်သော သင်တန်းများ ပို့ချခြင်း၊ ပြည်သူ့နီတိပညာရေး အထောက်အကူ ပြု အရင်းအမြစ်များ ရေးသားထုတ်ဝေခြင်းနှင့် မသန်စွမ်းသူများ ဦးဆောင်သော အဖွဲ့အစည်းများ အတွက် စွမ်းရည်မြှင့်သင်တန်းများ ပို့ချပေးခြင်းတို့မှတဆင့် International IDEA သည် အားလုံးပါဝင်မှုရှိသော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ပံ့ပိုးကူညီလျက်ရှိသည်။

“ပညာရေး၊ ကျန်းမာရေးနဲ့ ဝန်ဆောင်မှုပေးတဲ့အချို့နေရာတွေမှာ လက်လှမ်းမီတဲ့မသန်စွမ်းအချို့ ‌တော်လှန်ရေးကာလမှာ ပါဝင်ခွင့်ရပေမဲ့ အလုပ်အကိုင်အခွင့်အလမ်းမှာတော့ ပါဝင်ခွင့်မရှိသလောက် ပါပဲ။ အကယ်၍ မသန်စွမ်းသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းများများ ဖန်တီးပေးနိုင်မယ်ဆိုရင် မသန်စွမ်းထုအတွက် အဖိုးမဖြတ်နိုင်သလို မည်သူတစ်ဦးတစ်ယောက်ကိုမှ မကျန်ရစ်စေရ ဆိုတာကို အကောင်အထည်ဖော်ရာရောက်ပြီး အစိုးရအပေါ် ပိုမိုယုံကြည်မှုရလာမှာဖြစ်ပြီး သွားနေတဲ့ ဖဒရယ်စနစ်က ပိုမိုအသက်ဝင်လာမယ်လို့ ယုံကြည်ပါတယ်။ Nothing about us without us ကို မေ့ထားလို့မဖြစ်ပါဘူး။” IDEA သင်တန်းတစ်ခုမှ သင်တန်းသားတစ်ဦး၏ မှတ်ချက်

International IDEA မှ ရေးသားထုတ်ဝေထား သော ဖတ်လွယ်၊မှတ်လွယ် စာအုပ်များသည် ရပ်ရွာဆွေးနွေးရေးစကားဝိုင်းများနှင့် နိုင်ငံရေး လုပ်ငန်းစဥ်များတွင် မသန်စွမ်းသူများ ပါဝင် ဆွေးနွေးနိုင်ရန် အထောက်အကူပြုပါသည်။ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကာလနောက်ပိုင်း အခြေအနေတွင် ဒီမိုကရေစီ၊ အသွင်ကူးပြောင်း ရေးကာလ တရားမျှတရေး၊ အားလုံးပါဝင်မှုရှိ‌ရေး နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို လက်လှမ်းမီ ဖတ်ရှုနိုင်စေရန်အတွက် ဤစာအုပ်များတွင် ရိုးရှင်းလွယ်ကူသော အသုံးအနှုန်းများ၊ တိုတုတ်ရှင်းလင်းသော စာကြောင်းများနှင့် ရုပ်ပုံများ အသုံးပြုထားပါသည်။

ရှေ့ဆက်လျှောက်လှမ်းရာတွင် မသန်စွမ်းသူများ ပါဝင်မှုရှိရေးသည် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီမူဘောင်၏ အခြေခံအစိတ်အပိုင်းအဖြစ် ပါဝင်ရပါမည်။ အခွင့်အရေးများ တန်းတူညီမျှမှုရှိရေး၊ ခွဲခြားဆက်ဆံမှု မရှိရေး၊ အားလုံးအကျုံးဝင်လက်လှမ်းမီနိုင်မှုရှိခြင်းနှင့် နိုင်ငံရေးလုပ်ငန်းစဥ်တွင် ပြည့်ပြည့်ဝဝ ပါဝင်နိုင်ခွင့်ရှိရေးတို့ကို အဆင့်အလွှာအသီးသီး၌ အာမခံရမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအစီအမံများနှင့် ညှိနှိုင်းတိုင်ပင်ရေးယန္တရားများ တည်ဆောက်ရာတွင် မသန်စွမ်းသူများကို ထည့်သွင်းပါဝင်စေခြင်းသည် ရေရှည်တည်တံ့သောအပြောင်းအလဲ ဖော်ဆောင်ရန် အဓိကကျသည်။

ယနေ့ကျ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့တွင် မသန်စွမ်းသူများနှင့် တစ်သားတည်းရပ်တည်မှုရှိရုံမက လုပ်ဆောင်ချက်အဖြစ် အကောင်အထည်ဖော် ပြောင်းလဲရမည် ဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မသန်စွမ်းသူများနှင့် မသန်စွမ်းသူများဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် ငွေကြေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးမှုများကို ပိုမိုပေးအပ်ရန်၊ အားလုံးပါဝင်မှုရှိသော အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှုကို အားကောင်းစေရန်နှင့် အရေးပေါ်တုံ့ပြန်မှုများ‌ပေးအပ်ရာတွင် အားလုံးလက်လှမ်းမီမှုကို ဦးစားပေးရန် လိုအပ်ပါသည်။ အားလုံးပါဝင်မှုရှိသော အုပ်ချုပ်မှုဆီသို့ လျှောက်လှမ်းသော ခြေလှမ်းတိုင်းသည် မသန်စွမ်းသူများ ဂုဏ်သိက္ခာရှိရှိ၊ အခွင့်အလမ်းများဖြင့် ဘေးကင်းစွာ နေထိုင်နိုင်သည့် အနာဂတ် မြန်မာနိုင်ငံတော်ဆီသို့ ပိုမိုနီးကပ်စေပါသည်။ ကမ္ဘာပေါ်တွင် အလျစ်လျူရှုခံရဆုံး ပဋိပက္ခများထဲမှ တစ်ခုဖြစ်သည့် မြန်မာနိုင်ငံ၏ပဋိပက္ခအတွင်း မသန်စွမ်းသူများသည် ခံနိုင်ရည်ရှိမှုနှင့် ခေါင်းဆောင်မှု ကို ဆက်လက်ပြသနေပါသည်။ မသန်စွမ်းသူများသည် နိုင်ငံပြန်လည်တည်ဆောက်ရေးတွင် အပြည့်အဝ ပါဝင်ခွင့်ထက် မနည်း ရရှိထိုက်ပါသည်။

https://www.idea.int/news/inclusion-amid-crisis-ensuring-rights-persons-disabilities-post-coup-myanmar

Inclusion Amid Crisis: Ensuring the Rights of Persons with Disabilities in Post-Coup Myanmar

The International Day of People with Disabilities highlights the urgent need to protect and empower persons with disabilities (PWD) in Myanmar in the wake of the 2021 military coup and the March 2025 earthquake. For many PWD, these crises have deepened existing inequalities, leaving PWD more vulnerable to violence, displacement, and exclusion from essential services.
Before the coup, PWD made up an estimated 12.8% of Myanmar’s population and already faced significant barriers to education, employment, and public participation. Since 2021, the situation has worsened. Military attacks and village burnings have endangered those with mobility, hearing, or intellectual impairments—many unable to flee or access emergency information. Reports document cases of ill-treatment because soldiers misinterpreted disabilities as refusal to comply.

Humanitarian access has become increasingly unequal. Assistive devices are scarce, health facilities have been destroyed, and families caring for PWD face growing financial hardship. The March 2025 earthquake further exposed gaps in emergency response, with hundreds of PWD left without rehabilitation, shelter, or medical aid. The number of PWD is expected to rise due to conflict-related injuries and landmine explosions.

Despite these challenges, Myanmar’s interim democratic institutions—including the National Unity Government (NUG) and the National Unity Consultative Council (NUCC)—have shown commitment to disability inclusion. NUG Ministries have partnered with disability organizations to expand rehabilitation services and accessible education.

These efforts reflect genuine political will, even amid insecurity and limited resources. However, much more is needed. Public communications often remain inaccessible to people with visual, hearing, or intellectual disabilities. Relief programs cannot effectively reach PWD without stronger coordination, funding, and inclusive practices. Interim institutions require sustained international support to keep disability inclusion central to Myanmar’s democratic transition.

International IDEA has been working with PWD, civil society, and interim institutions to ensure that persons with disabilities are active participants in shaping Myanmar’s future and can define strategies for their inclusion . Through accessible training, civic education materials, and capacity-building with PWD-led organizations, International IDEA promotes inclusive democratic reform.

“While some persons with disabilities have been able to access education, health, and some services during the revolutionary period, they have had little to no access to employment opportunities. If more job opportunities can be created for persons with disabilities, it will be invaluable for them, and no one will be left behind. This will lead to greater trust in the government and make the federal system more effective. We believe that "nothing about us without us" must not be forgotten” – Participant in IDEA webinar

International IDEA’s easy read resources in Burmese and English help PWD engage in community dialogues and political processes. These booklets use simple language, short sentences, and visuals to make democracy, transitional justice and inclusion themes in post-coup Myanmar more accessible.

Looking ahead, disability inclusion must be a foundational element of Myanmar’s federal democratic framework. Equal rights, non-discrimination, accessibility, and full political participation must be guaranteed at all levels. Involving PWD in drafting constitutional arrangements and establishing consultative mechanisms will be key to lasting change.

On this International Day, solidarity must translate into action. The international community needs to expand financial and humanitarian support for PWD and disability-focused civil society, strengthen engagement with inclusive institutions, and ensure emergency responses prioritize accessibility. Every step toward inclusive governance brings Myanmar closer to a future where PWD can live with dignity, safety, and opportunity. In one of the world’s most neglected conflicts, PWD continue to show resilience and leadership. They deserve nothing less than full inclusion in the rebuilding of their country.

https://www.idea.int/news/inclusion-amid-crisis-ensuring-rights-persons-disabilities-post-coup-myanmar



Image credit: Visualrebellion.org

30/10/2025

တရားစီရင်ရေးမဏ္ဍိုင်သည် အစိုးရ၏မဏ္ဍိုင်သုံးခုအနက်မှ တစ်ခုဖြစ်ပြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုရှိစေရေး၌ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။ တရားစီရင်ရေးမဏ္ဍိုင်၏ အဓိကလုပ်ငန်းတာဝန်များတွင် အငြင်းပွားမှုများကို ဖြေရှင်းခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အာမခံချက်များကို ခိုင်မာစေခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာအုပ်ချုပ်သော ဒီမိုကရေစီစနစ်အတွင်း အာဏာဟန်ချက်ညီမှုကို ထိန်းသိမ်းခြင်းတို့ ပါဝင်သည်။ တရားစီရင်ရေးဆိုင်ရာ ဒီဇိုင်းပုံစံသတ်မှတ်ရာတွင် များသောအားဖြင့် တရား‌စီရင်ရေးမဏ္ဍိုင်၏ အမှီအခိုကင်းလွတ်လပ်မှုရှိခြင်း၊ လုပ်ပိုင်ခွင့်အာဏာနှင့် ဗဟုဝါဒဥပဒေစနစ်တို့ကို စဥ်းစားကာ ချမှတ်ရပြီး ယင်းတို့တစ်ခုစီသည် နိုင်ငံ၏ ထူးခြားသော နောက်ခံသမိုင်းကြောင်း၊ ထုံးတမ်းအစဉ်အလာနှင့် နိုင်ငံရေးအခြေအနေများအပေါ် မူတည်သည်။
တရားစီရင်ရေးမဏ္ဍိုင်အကြောင်းကို ပိုမိုလေ့လာရန် ကျွန်ုပ်တို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေတည်ဆောက်ခြင်းလက်တွေ့လမ်းညွှန်စာအုပ် - တရားစီရင်ရေးကဏ္ဍ၏ ဒီဇိုင်းပုံစံ ဗီဒီယိုကိုကြည့်ရှုပါ။ ဤဗီဒီယိုတွင် ဘက်လိုက်မှုကင်းပြီး အများပြည်သူလက်လှမ်းမီနိုင်သည့် တရားစီရင်ရေးမဏ္ဍိုင်ကို ဒီဇိုင်းပုံစံသတ်မှတ်ရာတွင် အဓိက ထည့်သွင်းစဉ်းစားရမည့်အချက်များကို ရှင်းလင်းတင်ပြထားသည်။ တရားရုံးများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြန်လည်သုံးသပ်မှုမှတစ်ဆင့် ဥပဒေပြုလွှတ်တော်နှင့်အုပ်ချုပ်ရေး၏ လုပ်ဆောင်ချက်များကို မည်သို့ စစ်ဆေးနိုင်ခွင့်ရှိကြောင်းနှင့် ထိရောက်သော အပြန်အလှန်ထိန်းကြောင်းမှု ရှိရန်အတွက် အင်စတီကျူးရှင်းဆိုင်ရာ မတူညီသော ရွေးချယ်စရာနည်းလမ်းများကို မီးမောင်းထိုး ဖော်ပြထားသည်။
ပိုမိုလေ့လာရန် -
(အင်္ဂလိပ်ဘာသာ)https://www.idea.int/sites/default/files/publications/chapters/practical-guide-to-constitution-building/a-practical-guide-to-constitution-building-chapter-6.pdf
(မြန်မာဘာသာ)https://www.idea.int/sites/default/files/publications/chapters/a-pratical-guide-to-constitution-building-MY/a-practical-guide-to-constitution-building-MY-chapter6.pdf

The judiciary is one of the three branches of government and plays a vital role in upholding the rule of law and ensuring justice. Its core functions include settling disputes, enforcing constitutional guarantees, and maintaining a balance of power within a constitutional democracy. Judicial design often involves questions of independence, powers, and legal pluralism—each shaped by a country’s unique history, traditions, and political context.
Watch our video A Practical Guide to Constitution Building: The Design of the Judicial Branch. This video explains key considerations for designing judicial systems that are both accessible and impartial. It explores how constitutional review allows courts to check legislative and executive actions, while highlighting different institutional options for achieving effective checks and balances.
Read more:
(English)https://www.idea.int/sites/default/files/publications/chapters/practical-guide-to-constitution-building/a-practical-guide-to-constitution-building-chapter-6.pdf
(Myanmar)https://www.idea.int/sites/default/files/publications/chapters/a-pratical-guide-to-constitution-building-MY/a-practical-guide-to-constitution-building-MY-chapter6.pdf

15/09/2025

ယနေ့ကျရောက်သည့် နိုင်ငံတကာ ဒီမိုကရေစီနေ့တွင် International IDEA အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရန် ရဲစွမ်းတမံ ကြိုးပမ်းနေသည့် မြန်မာပြည်သူလူထုနှင့်အတူ တစ်သားတည်းရပ်တည်ကြောင်း ပြောကြားလိုပါသည်။

လေကြောင်းတိုက်ခိုက်မှုများ၊ နေရပ်ရွှေပြောင်းရခြင်းများ၊ စီးပွားရေးကျပ်တည်းမှုများနှင့် စစ်အာဏာရှင်တို့၏ ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ဖြစ်ပွားနေသော်လည်း မြန်မာပြည်သူလူထုသည် တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ဒီမိုကရေစီအခြေခံမူများကို အခြေခံသည့် အနာဂတ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပေသည်။ ဤကဲ့သို့ မြန်မာပြည်သူလူထု၏ ကြံ့ကြံ့ခံနိုင်ရည်ရှိမှုကို ထောက်ရှုခြင်းအားဖြင့် ဒီမိုကရေစီဆိုသည်မှာ အုပ်ချုပ်ရေးစနစ်တစ်ရပ်သာမကဘဲ ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် စုပေါင်းမျှော်လင့်ချက်များ ရရှိရေးအတွက် အပတ်တကုတ် စဥ်ဆက်မပြတ် ကြိုးစားဆောင်ရွက်ရမည့်အရာဖြစ်ကြောင်းကို အားကောင်းကောင်းဖြင့် သတိပေး နှိုးဆော်နေပါသည်။

သို့ဖြစ်ရာ ဖယ်ကြဥ်ခံလူအုပ်စုများနှင့် ကိုယ်စားပြုမှုနည်းပါးသော လူအုပ်စုများအပါအဝင် ပြည်သူအားလုံး၏ သဘောဆန္ဒများကို ဒီမိုကရေစီလုပ်ငန်းစဉ် အဆင့်တိုင်းတွင် တက်ကြွစွာ ကြားနာ၊ ထည့်သွင်းစဉ်းစားပြီး ထင်ဟပ်နေစေရန် အရေးကြီးပါသည်။ အားလုံးပါဝင်မှုရှိခြင်းနှင့် အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးပါ၀င်မှုတို့သည် ဒီမိုကရေစီ၏ အခြေခံမူများ ဖြစ်ရုံသာမက ဒီမိုကရေစီ တရားနည်းလမ်းကျမှု၊ ကြံ့ကြံ့ခံနိုင်မှုနှင့် ရေရှည်တည်တံ့မှု ရှိစေရန်အတွက် အရေးကြီးသော အကြောင်းအချက်များဖြစ်သည်။

ဤဒီမိုကရေစီခရီးစဥ်တွင် International IDEA သည် ဒီမိုကရေစီ၊ ဖက်ဒရယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရေး၊ အားလုံးပါဝင်မှုရှိရေး၊ ဂျဲန်ဒါတန်းတူညီမျှရေးတို့နှင့် စပ်လျဥ်းသည့် ဗဟုသုတအရင်းအမြစ်များ ထုတ်လုပ်ဖြန့်ဝေခြင်းမှတစ်ဆင့် အများပြည်သူ၏ ပြည်သူ့နီတိ အသိပညာ တိုးတက်ပြန့်ပွားရေး ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။ ဒီမိုကရေစီအကြောင်း လေ့လာလိုသည့် မည်သူမဆို လေ့လာနိုင်စေရန်အတွက် မြန်မာနိုင်ငံအခြေအနေနှင့် ကိုက်ညီသည့် အကြောင်းအရာများကို စာအုပ်စာတမ်းများ၊ ကာတွန်းဗီဒီယိုများအဖြစ် ထုတ်လုပ်ထားပြီး ၎င်းတို့ကို အင်္ဂလိပ်၊မြန်မာ ဘာသာစကားနှစ်မျိုးဖြင့် လေ့လာကြည့်ရှုနိုင်ပါသည်။

အဆိုပါဗီဒီယိုများ ကြည့်ရှု၊ မျှဝေရန်

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဘာလဲ။
ကြည့်ရှုရန် လင့်ခ် (မြန်မာစာတန်းထိုး ရွေးချယ်နိုင်သည်) - https://youtu.be/0UzKD8rZCc0

ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဘာကြောင့် အရေးကြီးတာလဲ။
ကြည့်ရှုရန် လင့်ခ် (မြန်မာစာတန်းထိုး ရွေးချယ်နိုင်သည်) – https://youtu.be/EeWfe2eZ_CI

ဖက်ဒရယ်စနစ်ဆိုတာ ဘာလဲ။
အင်္ဂလိပ်ဘာသာဖြင့် - https://www.youtube.com/watch?v=T3ywDYoD-QY
မြန်မာဘာသာဖြင့် - https://www.youtube.com/watch?v=n7jgQPNnzF0

ဘာကြောင့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးသလဲ။
အင်္ဂလိပ်ဘာသာဖြင့် - https://www.youtube.com/watch?v=8m51lfLODGo
မြန်မာဘာသာဖြင့် - https://www.youtube.com/watch?v=g8IROu_NtkY

အုပ်ချုပ်ရေးမဏ္ဍိုင်၏ ဒီဇိုင်းပုံစံသတ်မှတ်မှု
ကြည့်ရှုရန် လင့်ခ် - https://youtube.com/playlist?list=PLwk0dJUMKEMyaMCnfli5GCnoi1i7FcE7m&si=b3wxFeBBkbnVYuXs

ဥပ‌ဒေပြုလွှတ်တော်၏ ဒီဇိုင်းပုံစံသတ်မှတ်မှု
ကြည့်ရှုရန် လင့်ခ် - https://youtube.com/playlist?list=PLwk0dJUMKEMw1dTsGiwB3pNbTAPsNxbED&feature=shared

On International Democracy Day, International IDEA stands in solidarity with the people of Myanmar in their courageous pursuit of a federal democratic union.

Despite ongoing airstrikes, displacement, economic hardship, and the atrocities committed by the military junta, the democracy movement remains committed to its efforts to build a future democratic union based on principles of justice, equality, and democracy. The resilience of Myanmar's people is a powerful reminder that democracy is not just a system of governance, but a lived commitment to dignity, freedom, and collective hope.

It is therefore essential that all voices—especially those of marginalized and underrepresented groups—are actively heard, considered, and reflected in every step of democratic processes. Inclusion and meaningful political participation are not only principles of democracy, but vital conditions for its legitimacy, resilience, and sustainability.

To support this journey, International IDEA prioritizes civic education through resources on democracy, federalism, constitution-building, inclusion, and gender equality. We’ve developed publications and animated videos tailored to Myanmar’s context—available in both Burmese and English—for anyone wanting to learn more about democracy.

Watch and share these videos:

What is a Constitution?
In English and Burmese subtitle: https://youtu.be/0UzKD8rZCc0

Why do Constitutions matter?
In English and Burmese subtitle: https://youtu.be/EeWfe2eZ_CI

What is Federalism?
In English: https://www.youtube.com/watch?v=T3ywDYoD-QY
In Burmese: https://www.youtube.com/watch?v=n7jgQPNnzF0

Why Federalism?
In English: https://www.youtube.com/watch?v=8m51lfLODGo
In Burmese: https://www.youtube.com/watch?v=g8IROu_NtkY

The Design of the Executive Branch
In Burmese with English subtitle: https://youtube.com/playlist?list=PLwk0dJUMKEMyaMCnfli5GCnoi1i7FcE7m&si=b3wxFeBBkbnVYuXs

The Design of the Legislative Branch
In Burmese with English subtitle: https://youtube.com/playlist?list=PLwk0dJUMKEMw1dTsGiwB3pNbTAPsNxbED&feature=shared

Launch of The Global State of Democracy Report 2025: ‘Democracy on the Move’ 08/09/2025

Launch of The Global State of Democracy Report 2025: ‘Democracy on the Move’
Date: 11 September 2025
Time: 16:30-18:00 CEST
Location: Virtual

Launch of The Global State of Democracy Report 2025: ‘Democracy on the Move’ Can democracy keep pace with a world on the move?

25/08/2025

ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့သည် မြန်မာစစ်တပ်က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများကို လူမျိုးတုံးသတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ နေရပ်ရွှေ့ပြောင်းစေခြင်းနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများကို ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်ခဲ့သည်မှာ ၈ နှစ်မြောက်နေ့ ဖြစ်သည်။ ဤသည်မှာ နှိပ်စက်ညှဉ်းပန်းခြင်း၊ နိုင်ငံမဲ့ဖြစ်စေခြင်းနှင့် လူ့အခွင့်အရေးများကို ငြင်းပယ်ခြင်း စသည့် ပိုမိုကျယ်ပြန့် ဆိုးရွားသည့် လုပ်ရပ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မည်သူမျှ အရေးယူခံရခြင်းမရှိ‌သေးပေ။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် ၂၀၂၅ ခုနှစ် မတ်လတွင် ဖြစ်ပွားခဲ့သည့် ငလျင်တို့ကြောင့် လူသားချင်းစာနာမှု လိုအပ်ချက်များ တိုးမြင့်လာခြင်း၊ မြန်မာနိုင်ငံသို့ ဘေးကင်းလုံခြုံစွာ ပြန်လာနိုင်ရေး မသေချာမရေရာမှုများနှင့် အကူအညီများရရှိနိုင်ရေး ကန့်သတ်ချက်များနှင့်အတူ ရိုဟင်ဂျာများ၏ အတိဒုက္ခများမှာပိုမိုဆိုးရွားလာခဲ့ပါသည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာပြည်သူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသော စစ်အာဏာရှင်စနစ်ကို ဆက်လက်တွန်းလှန်လျက်ရှိပြီး တန်းတူညီမျှမှုနှင့် အားလုံးပါဝင်မှုကို အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီသို့ လျှောက်လှမ်းနိုင်ရန် အတူတကွ ကြိုးပမ်းလျက်ရှိသည်။ ဤသို့လုပ်ဆောင်ရာတွင် ရိုဟင်ဂျာများ ပါဝင်စေရမည်ဖြစ်ပြီး၊ ၎င်းတို့၏ဆန္ဒကို ထုတ်ဖော်ပြောကြားနိုင်ခွင့်နှင့်အတူ အနာဂတ် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီခရီးစဥ်တွင် ရိုဟင်ဂျာလူမျိုးများ၏ အခွင့်အရေးများနှင့် အနာဂတ်အတွက် စိတ်ချလုံခြုံမှု ရှိစေရမည်ဖြစ်သည်။

၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂအဆင့်မြင့်ညီလာခံသည် ရိုဟင်ဂျာများအတွက် တရားမျှတမှုရှာဖွေရန်၊ တာဝန်ခံမှုရှိစေရန်နှင့် အနာဂတ် ဒီမိုကရေစီမြန်မာနိုင်ငံတော်တည်ဆောက်ရာတွင် ရိုဟင်ဂျာများအား ပြန်လည်ပေါင်းစည်းနိုင်စေရေးတို့အတွက် တွန်းအားပေးရန် အရေးကြီးသော အခွင့်အရေးတစ်ရပ်ဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လူ့အခွင့်အရေးများကို ထိန်းသိမ်းကာကွယ်ရန်၊ ဒီမိုကရေစီကို ပြန်လည်တည်‌ဆောက်ရန်နှင့် မည်သူ့ကိုမှ ချန်လှပ်မထားရန် ဆိုသည့် ၎င်းတို့၏ ကတိကဝတ်များကို အားကောင်းမောင်းသန် အကောင်အထည်ဖော်ကြရန် ကျွန်ုပ်တို့က တောင်းဆိုလိုက်ပါသည်။

International IDEA သည် ရိုဟင်ဂျာလူမျိုးများ၊ လူနည်းစုများအားလုံးနှင့် အတူတကွ ရပ်တည်လျက်ရှိပါသည်။ ဤကတိကဝတ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကျွန်ုပ်တို့သည် ဒီမိုကရေစီ လှုပ်ရှားမှုမှ ထွက်ပေါ်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ရိုဟင်ဂျာဘာသာစကားဖြင့် ကာတွန်းဗီဒီယိုရေးဆွဲခြင်း အပါအဝင် ဒီမိုကရေစီဆိုင်ရာ အရင်းအမြစ်များကို ပိုမိုလက်လှမ်းမီစေရန်နှင့် နိုင်ငံ‌ရေး၌ ပါဝင်လုပ်ဆောင်ရာတွင် အားလုံးပါဝင်နိုင်မှုရှိစေရန် ဆောင်ရွက်လျက်ရှိပါသည်။

ဗီဒီယိုကြည့်ရှုရန် - https://fb.watch/BBGlY35tRB/
ပိုမိုလေ့လာရန် - https://constitutionnet.org/idea-myanmar

25 August marks 8 years since the Myanmar military's sweeping campaign of forced displacement, crimes against humanity and genocide against the Rohingya in Rakhine State— part of a broader pattern of persecution, statelessness, and denial of rights, with no one held accountable.

The 2021 coup and the March 2025 earthquake have exacerbated the plight of the Rohingya, with increased humanitarian needs, uncertainty of a safe return to Myanmar and ongoing restrictions of aid access.

Nevertheless, Myanmar's people continue to resist the unconstitutional military dictatorship and work toward a federal democratic union rooted in equality and inclusion —the Rohingya must be included, their voices heard, and their rights and future secured in Myanmar’s democratic journey.

The upcoming UN High-Level Conference in September 2025 presents a vital opportunity to push for justice, accountability, and reintegration of the Rohingya into a future democratic Myanmar. We call on the international community to renew and strengthen its commitment to uphold human rights, restore democracy, and fulfill the promise of leaving no one behind.

International IDEA stands with the Rohingya and all minorities. As part of our commitment, we work to make democracy resources more accessible, including the development of an animation of the democracy movement's Federal Democracy Charter in Rohingya language — making political participation more inclusive.

Watch the video: https://fb.watch/BBGlY35tRB/
Learn more: https://constitutionnet.org/idea-myanmar

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Address


Sule Pagoda Road
Yangon
11131

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00