Alpha Web & Software
19/07/2024
ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)
~~~~~~~~~~~~~~~~~~~~~~~~
ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ(၂၀)ရက်နေ့ စနေနေ့၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ဝါဆိုလပြည့်နေ့တွင် Alpha Web & Softwareမှ မြန်မာနိုင်ငံသူနိုင်ငံသားများနှင့်တကွ ကမ္ဘာသူကမ္ဘာသားအားလုံးတို့သည် ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ကုသိုလ်ထူးများရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။
ဝါဆိုလပြည့်နေ့သည် သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း၊ တောထွက်တော်မူခြင်း၊ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ထူးခြားသည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်ပါသည်။
ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် အထက် တုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်သောနေ့၊ သူအို၊ သူနာ၊ သူသေ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို နတ်များဖန်ဆင်းပြရာတွင် သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ရောက်ပြီး နောက် ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူ ပင်ရင်း၌ တိတ္တိသင်းကိုနှိမ်နင်း၍ တန်းခိုးပြာဋိဟာ ပြသောနေ့ဖြစ်သည်။
ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မှုပြီး နောက် ရှေးဦးစွာဖြစ်သော ဓမ္မစကြာဒေသနာတော်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူသည်။ ထို့ကြောင့် ဝါဆိုလပြည့်ကို ဓမ္မစကြာအခါတော်နေ့ဟူ၍ သတ်မှတ်ခဲ့ကြခြင်းလည်းဖြစ်ပါသည်။
#အကိုးအကား - Wikipedia
07/12/2021
December Class
📌 Web Design Course (Batch -3) 📌
📌 Online Class (Zoom Live Session)📌 👩💻👩💻👩💻
📌 ရုံးပိတ်ရက် အတန်းလေးပါ📌
📎 ဘာအတွက်လဲ ❓❓❓
Stay at Home မှာ ကျောင်းသား / ကျောင်းသူ တွေအတွက် ပညာတစ်ခုခုရအောင်လို့ ရည်ရွယ်ပါသည်
📎 ဘယ်လိုလူေတွ တက်သင့်လဲ ❓❓❓
👉🏻 ဆယ်တန်းေအာင်ပီး IT Uni တက်ဖို့ပြင်ဆင်နေသူေတွ
👉🏻 IT ဘာသာရပ်တွေကို စိတ်ပါဝင်စားတဲ့သူေတွ
👉🏻 ဆယ်တန်း တက်လက်စ ကျောင်းသားတွေ
👉🏻 အခြေအနေ အမျိုးမျိုးကြောင့် IT Uni ဆက် မတက်ဖြစ်သေးတဲ့သူတွေ အတွက် အသင့်တော်ဆုံး ပါပဲ
📎 ဘာတွေလိုအပ်မလဲ ❓❓❓
👉🏻 Laptop or Computer တော့ရှိရပါမယ်
👉🏻 Computer အခြေခံအသုံးပြုပုံနားလည်ဖို့လိုပါမယ်
👉🏻 Online Class ဖြစ်တဲ့အတွက် သင်တန်းအချိန် မှာ Internet လိုအပ်ပါမယ်
👉🏻 ကျန်တဲ့စာလေ့လာချိန်မှာတော့ Laptop ရှိရင်ရပါပီ ( တခါတရံ အင်တာနက် လိုအပ်ပါမယ်)
👉🏻 သင်တန်းအတွက် Laptop ထဲ လိုအပ်တာတွေကို စာရင်းပေးသွင်းလိုက်တာနဲ့ သေချာပြောပြပေးသွားပါမယ်
📎 ဘာတွေသင်မလဲ ❓❓❓
📌 ံHTML
📌 CSS
📌 HTML 5
📌 CSS 3
📌 JavaScript
📌 jQuery
📌 Bootstrap
📌 Sample Projects (Skills Test)
Web Design အတွက် အခြေခံ သိသင့်တာတွေ ရသွားပီ ဆိုရင်တော့ ကျန်တဲ့ အပိုင်းတွေက Self-Study နဲ့လေ့လာရလွယ်ကူသွားပါလိမ့်မယ်
📌 စတင်မယ့်ရက် -- 11.12.2021
📌 အချိန် -- Sat & Sun (1:00 PM - 4:00 PM)
📌 သင်တန်းကာလ -- 3 months
📌 သင်တန်းေကြး -- 35000 Kyats
စိတ်၀င်စားလို့ စာရင်း ေပးသွင်းချင်တယ်ဆိုရင်တော့ Page Messenger ကနေတဆင့် ဆက်သွယ်နိုင်သလို
Phone - 09796576176
Email - [email protected]
တို့မှလဲ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ
⚠️⚠️ သင်တန်းကြေးကိုတော့ mobile banking and pay (AYA, CB, kbzpay, wave, OK$) တို့မှ ပေးချေနိုင်ပါတယ်ခင်ဗျာ⚠️⚠️
အားလုံးပဲဲ ကျန်းမာကြပါစေ 🙏🙏🙏
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Nay Myo Thura Street, Myitta Nyut Ward
Yangon
11211