The Forwarders Academy

The Forwarders Academy

Share

04/06/2025

Hello!
Good Evening, my dear followers!
We are back!

18/05/2025

😃😃😃

မိုးတွေရွာရင် ဆရာ/မ တွေစာလာမသင်လောက်ပါဘူး
Also မိမိတို့အခန်းမှ ဆရာ/မ များ be like

08/04/2025

အားပေးစကားတွေပြောတဲ့အခါ ဘာတွေကို သတိပြုသင့် သလဲ?? ကိုယ့်ဘက်က ဘာတွေလုပ်ပေးသင့်သလဲ??

ကျွန်တော်တို့ လူသားတိုင်းမှာ စာနာတတ်တဲ့ နှလုံးသားတွေရှိကြပါတယ်။ ပမာဏ နည်းတာ များတာ ကွာခြားနိုင်ပေမယ့်လို့ပေါ့။

ဘယ်လောက်ပဲကွာခြားပါစေ အခုလို အဖြစ်ပျက်ဆိုးမျိုးနဲ့ ကြုံတွေ့လာတဲ့အခါ လူတိုင်းမှာ ကိန်းအောင်းနေတဲ့ ဒီ စာနာစိတ်လေးတွေဟာ ပွင့်ဟထွက်လာကြပါတယ်။ အားပေးနှစ်သိမ့်ဖို့တွေ ကြိုးစားလာကြပါတယ်။

ဒါကြောင့် အားပေးနှစ်သိမ့်ခြင်းတွေ ပြုလုပ်တဲ့အခါ ထိရောက်စေဖို့အတွက် သတိပြုသင့်တဲ့အချက်လေးတွေကို ပြောပြပေးမယ်နော်။

(၁) ဆုံးရှုံးမှုခြင်း မနှိုင်းယှဉ်ပါနဲ့

- သက်ရှိပဲဖြစ်စေ သက်မဲ့ပဲဖြစ်စေ တစ်ယောက်ကိုပဲဖြစ်စေ အများကိုပဲဖြစ်စေ ဆုံးရှုံးသွားတဲ့အရာတိုင်းက ကာယကံရှင်တိုင်းအတွက် အရေးပါတဲ့အရာတွေပါပဲ။ စိတ်သက်သာမှုပေးလိုစိတ်နဲ့ ဆုံးရှုံးမှုခြင်း မနှိုင်းယှဉ်ပါနဲ့၊ ဆုံးရှုံးမှုတိုင်းအပေါ်မှာ တူညီစွာ ခံစားနာကျင်ရတယ်ဆိုတာကို နားလည်ပေးပါ။

(၂) ကိုယ့်အဖြစ်အပျက်တွေနဲ့ အစားမထိုးပါနဲ့။

-အားပေးစကားတွေပြောတဲ့အခါ

“ငါ့တုန်းက ဘယ်လိုတွေဖြစ်ခဲ့တာ နင့်ထက်ဆိုးတာတွေ ငါဆို ဘယ်လိုကြုံတွေ့ခဲ့တာ....” စသဖြင့်

ကိုယ့်အဖြစ်အပျက်တွေကိုပြောပြီး သူတစ်ပါးရဲ့ခံစားချက်တွေကို မဖိနှိပ်ပါနဲ့။ အားဖြစ်စေမယ့် လို့ ကိုယ့်ဘက်က ထင်ကောင်းထင်နိုင်ပေမယ့် ဒါက သူတို့ရဲ့ နာကျင်မှုတွေကို လစ်လျှူရှုရာရောက်ပါတယ်။

(၃) အခြေနေတွေကို လက်ခံဖို့ အတင်းဖိအားမပေးပါနဲ့။ အတင်းပြောင်းလဲဖို့ မကြိုးစားပါနဲ့။

-ဆုံးရှုံးမှုတွေကိုဖြတ်ကျော်နိုင်ဖို့၊ ဆုံးရှုံးမှုတွေနဲ့အတူဆက်လက်ရှင်သန်သွားနိုင်ဖို့က အချိန်တစ်ခုကိုဖြတ်ကျော်ဖို့ လိုအပ်ပါတယ်။ ဒီအခြေနေတွေမှာ စိတ်သောကတွေရောက်နေမယ်၊ စိတ်တွေ ပင်ပန်းနေမယ် ဆိုတာကို နားလည်ပါ။ ဆုံးရှုံးခြင်းကို ခံစားနေရတဲ့သူတွေနဲ့ အတူတူရှိနေပေးပါ။ ငိုနေတဲ့သူကိုလဲ ဆက်မငိုစေဖို့ ဝမ်းနည်းတဲ့သူကိုလဲ ဆက်ဝမ်းမနည်းဖို့ ဖိအားမပေးပါနဲ့။ သူတို့ခံစားချက်တိုင်းကို လက်ခံပေးပါ။ ဘေးမှာသာ အတူတူရှိနေပေးပါ။

(၄) အားပေးစကားပြောဖို့ပဲ အာရုံမစိုက်ပါနဲ့။

-သူကိုဘာတွေပြောမယ်၊ သူပြောရင် ကိုယ်က ဘာတွေပြန်ပြောမယ်ဆိုတာ ပဲအာရုံစိုက်နေစရာမလိုပါဘူး။ အားပေးနှစ်သိမ့်ခြင်းဆိုတာ စကားတွေ ပြောနေမှ မဟုတ်ပါဘူး။ ဘာမှမပြောဘဲ သူတို့ ပြောသမျှတွေ နားထောင်ပေးနေတာ၊ အနားမှာရှိပေးနေတာ၊ ပွေ့ဖက်ထားတာ တွေကလဲ ထိရောက်တဲ့ အားပေးနှစ်သိမ့်ခြင်းပါပဲ။

(၅) ဂရုစိုက်ပေးပါ။

-ဝမ်းနည်းမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ၊ ဆုံးရှုံးရခြင်းတွေကြောင့် ကိုယ့်ကိုယ်ကိုယ် Self Care မလုပ်နိုင်ကြပါဘူး။ အအိပ်ပျတ် အစားပျတ် နဲ့ ကျန်းမာရေးပြဿနာတွေကြုံတွေ့လာရနိုင်ပါတယ်။

“ရေလေး သောက်လိုက်နော် ၊ ထမင်းလေး တစ်လုပ် နှစ်လုပ်လောက် စားလိုက်နော်…” စသဖြင့်

တိုက်တွန်းပေးပါ သူတို့စားနိုင်သလောက် ကျွေးမွေးပေးပါ။ ကိုယ်တတ်နိုင်သလောက် ဂရုစိုက်ပေးပါ။

(၆) ကိုယ်သိချင်စိတ်နဲ့ခဏခဏသွားမမေးပါနဲ့။

-သူတို့ပြောတာကိုသာ နားထောင်ပေးပါ။ ကိုယ့်ဘက်ကသိချင်စိတ်နဲ့ သွားမမေးပါနဲ့။ ထိခိုက်ဆုံးရှုံးခဲ့ရတဲ့သူတွေကို တစ်ယောက်ပြီးတစ်ယောက် ဒီအကြောင်းတွေကို မေးမနေဘဲ ဒီအဖြစ်ပျက်ဆိုးတွေထဲမှာ သူ့ကို ခဏလောက်ဖြစ်ဖြစ် စိတ်အနားပေးပေးပါ။

(၇) အတင်းအကြပ် ရင်မဖွင့်ခိုင်းပါနဲ့။

ဒီအဖြစ်အပျတ်တွေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပြင်းထန်နိုင်ပေမယ့် တစ်ဖက်သားက သူ့ခံစားချက်ကို ပြောပြဖို့ အဆင်သင့်မဖြစ်သေးတဲ့အခါ အတင်းမပြောခိုင်းပါနဲ့ အတင်း ရင်မဖွင့်ခိုင်းပါနဲ့။ သူပြောပြဖို့အဆင်သင့်ဖြစ်တဲ့အထိ စောင့်ပါ။ လိုအပ်တဲ့အခါ ကိုယ် အသင့် ရှိနေကြောင်းသာ သူတို့ကိုပြောပြပေးပါ။
............................................................

ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ခဲ့ရတဲ့သူတွေကို စိတ်ပိုင်းဆိုင်ရာ ဖေးမခြင်းတွေက အရမ်းလိုအပ်တဲ့ ကူညီထောက်ပံ့မှုတစ်ခုပါပဲ။

ဒါပေမယ့် ကျွန်တော်တို့အားလုံးက ကျွမ်းကျင်တဲ့ နှစ်သိမ့်ဆွေးနွေးတဲ့သူတွေ မဟုတ်တဲ့အတွက် အားနည်းချက်လေးတွေတော့ ရှိနိုင်ပါတယ်။

အားမငယ်ဘဲ အပေါ်မှာပြောတဲ့အချက်လေးတွေကို သတိပြုပြီး ကိုယ်တတ်နိုင်သလောက်ကြိုးစားကြည့်ပါ။

ကျွန်တော်တို့ရဲ့ ချစ်ခြင်းမေတ္တာတွေ ကျွန်တော်တို့ရဲ့ ကြိုးစားပေးမှုတွေဟာ သူတို့အတွက် ထိရောက်တဲ့ကူညီမှုကို ဖြစ်စေမှာပါ။

#ထွန်းအခမဲ့ဆေးခန်း #ငလျင်

12/04/2024

*မြန်မာနှစ်သစ်ကူးသင်္ကြန်ကျောင်းပိတ်ရက် ကြေငြာခြင်း* 📣📣📣
🍀🍀🍀🍀🍀🍀🍀🍀🍀🍀
ချစ်ခင်လေးစားရပါသော
မိဘများနှင့် ကျောင်းသားကျောင်းသူများရှင့်

🌸🌸🌸🌸🔻🔻🔻🔻🔻🔻🌸🌸🌸

မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကျောင်းပိတ်ရက်အဖြစ်
၁၃.၄. ၂၀၂၄ မှ ၂၀. ၀၄.၂၀၂၄ အထိ* နှစ်သစ်ကူးကျောင်းပိတ်ရက်များ သတ်မှတ်ထားပါကြောင်း
🔺၂၁. ၀၄.၂၀၂၄ နေ့🔺တွင် ပုံမှန် အတန်းချိန်များအလိုက် ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည်။

နှစ်သစ်မှာ ကျန်းမာရွှင်လန်း ချမ်းမြေ့ကြပါစေလို့ ကျွန်မတို့ The Forwarders Academy မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင့်။

🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉🎉

Forwarders Academy
Shines through

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon