Cele Valley

Cele Valley

Share

19/06/2026

သီချင်းကို Background Music ဖွင့်လျှောက်တာထက် Performance ထည့်လျှောက်တာ ပိုမိုက်လို့ ဆိုဖြစ်တာပါ လို့ Miss Universe Myanmar 2026 မှာ သီချင်းသီဆိုဖျော်ဖြေခဲ့ပုံကို ပြောပြလာတဲ့ ဟင်နရီစံ !

#ဟင်နရီစံ

Photos from Cele Valley's post 18/06/2026

ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်အဖြစ် a Sure Company မှ ဝန်ထမ်းများအား ရာသီတုပ်ကွေး ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခဲ့

ရန်ကုန်၊ မြန်မာ (၁၈၊ ဇွန်၊ ၂၀၂၆)

a Sure Company အနေဖြင့် ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ လူမှုစီးပွားရေးဘဝများကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီနိုင်စေရန် ရည်ရွယ်ပြီး Sure Foundation ကို ထူထောင်ခဲ့ကာ ပထမဆုံးခြေလှမ်းအနေဖြင့် ရန်ကုန်နှင့် မန္တလေးရှိ ဝန်ထမ်းများအတွက် အခမဲ့ ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးနှံခြင်းကို ဇွန်လ ၄ ရက် နှင့် ၅ ရက် နေ့တို့တွင် ပြုလုပ်ခဲ့ပါသည်။ ဤအစီအစဉ်မှတစ်ဆင့် လူအများနှင့် နေ့စဉ် ထိတွေ့ဆက်ဆံရသည့် Frontline Sales ဝန်ထမ်းများနှင့် ယာဉ်မောင်းများ စုစုပေါင်း ဝန်ထမ်း (၁၀၀) ဦးကို ရာသီတုပ်ကွေးကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ပါသည်။

Centers for Disease Control and Prevention (CDC) ၏ ထုတ်ပြန်ချက်များအရလည်း တုပ်ကွေးရောဂါသည် မည်သည့်အချိန်တွင်မဆို ဖြစ်ပွားနိုင်သော်လည်း ရောဂါအများစုမှာ ရာသီအကူးအပြောင်းကာလများ အထူးသဖြင့် မိုးရာသီနှင့် အေးမြသောရာသီများတွင် အဖြစ်များသောကြောင့် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ရာသီတုပ်ကွေးနှင့် တုပ်ကွေးနှင့်ဆက်နွယ်သောရောဂါများ ဖြစ်ပွားနိုင်မှုကို လျှော့ချပေးနိုင်သည့်အတွက် ဝန်ထမ်းများအတွက် ပိုမိုဘေးကင်းပြီး ကျန်းမာသောလုပ်ငန်းခွင်တစ်ခုကို ဖန်တီးပေးနိုင်မည့်အပြင် ၎င်းတို့ မိသားစုဝင်များ၏ လူမှုဘဝကျန်းမာရေးကိုပါ တစ်ဖက်တစ်လမ်းမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။

a Sure Company ၏ Founder နှင့် Chief Executive Officer ဖြစ်သူ ကိုသီဟဇော်မှ “ဝန်ထမ်းတွေရဲ့ စိတ်ရော၊ ကိုယ်ပါ ကျန်းမာကြံ့ခိုင်ရေးဟာ ကျွန်တော်တို့ a Sure Company အတွက် တကယ့်ကို အရေးကြီးပါတယ်။ ကုမ္ပဏီရဲ့ အသက်သွေးကြောတွေဖြစ်တဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးဟာ လုပ်ငန်းတစ်ခု ရေရှည်အောင်မြင်မှုအတွက်လည်း အရေးပါတာကြောင့် စွမ်းဆောင်ရည်မြင့်မားပြီး ကျန်းမာလုံခြုံတဲ့ လုပ်ငန်းခွင်တစ်ခုကို ဖန်တီးပေးနိုင်ဖို့ ခြေလှမ်းတစ်ခုအနေနဲ့ ရန်ကုန်ရုံးချုပ်မှာ ၂၀၂၆ ခုနှစ် ဇွန်လ ၄ ရက်နှင့် ၅ ရက်၊ မန္တလေးရုံးချုပ်မှာ ၂၀၂၆ ခုနှစ် ဇွန်လ ၅ ရက်မှာ ဝန်ထမ်းတွေအတွက် ရာသီတုပ်ကွေးကာကွယ်ဆေးကို ထိုးနှံပေးခဲ့ပါတယ်။ ဝန်ထမ်းတွေအတွက် အထောက်အပံ့ကောင်းတွေပေးနိုင်တဲ့ လုပ်ငန်းခွင်တစ်ခုကို တည်ဆောက်နိုင်စေဖို့အတွက် ကြိုးစားနေသလို နောက်ထပ်လည်း Personal ရော၊ Professional ပါ တိုးတက်နိုင်စေဖို့ အစီအစဉ်တွေ ဆက်လက်လုပ်ဆောင် သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

a Sure Company ၏ Business Development Manager ကိုရန်နိုင်လင်း မှလည်း ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးမှုအပေါ် “ကျွန်တော်တို့ကိုယ်တိုင်ကျန်းမာနေမှ အလုပ်ကို သေသေချာချာနဲ့ အောင်မြင်စွာလုပ်နိုင်မှာ ဖြစ်သလို မိသားစုကိုလဲ သေချာစောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် Company က အခုလို ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်မှုတွေ လုပ်ပေးတာကြောင့် ဝန်ထမ်းတွေကို တန်ဖိုးထားတဲ့ လုပ်ငန်းခွင်တစ်ခုမှာ အလုပ်လုပ်နေရတယ်လို့ ပိုပြီး ခံစားရပါတယ်” ဟု ပြောကြားခဲ့ပါသည်။

World Health Organization (WHO) ၏ အချက်အလက်များအရ ရာသီတုပ်ကွေးသည် ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ် လူပေါင်း (၁) ဘီလီယံခန့်ကို ကူးစက်နိုင်ပြီး ပြင်းထန်သောအခြေအနေများအဖြစ် လူ (၃) သန်းမှ (၅) သန်းခန့် ဖြစ်ပွားနိုင်ကာ နှစ်စဉ် လူ (၂၉၀,၀၀၀) မှ (၆၅၀,၀၀၀) ခန့် အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားပါသည်။ ပိုမိုဘေးကင်းပြီး ကျန်းမာသောလုပ်ငန်းခွင်ကောင်းတစ်ခုသည် တစ်ဦးတစ်ယောက်ချင်းစီ၏ တိုးတက်မှုခရီးလမ်းကို အထောက်အပံ့တစ်ခုဖြစ်စေနိုင်သည့်အတွက် a Sure Company အနေဖြင့် လက်ရှိ ဝန်ထမ်း (၃၁၀) ဦးတို့၏ ကိုယ်စီအရည်အချင်းများကို တိုးတက်ကောင်းမွန်စေပြီး လူမှုစီးပွားရေးဘဝများ ကောင်းမွန်လာစေရန် တစ်ဖက်တစ်လမ်းမှ ဆက်လက် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါသည်။

Photos from Cele Valley's post 18/06/2026

အက်တမ်(ATOM) မှ မြန်မာနိုင်ငံအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဆက်လက်တည်ဆောက်သွားမည့် ကတိကဝတ်နှင့်အတူ အထိမ်းအမှတ်နှစ်ပတ်လည်နေ့အား ဆင်နွှဲ

* အက်တမ်(ATOM) သည် မြန်မာနိုင်ငံတစ်ဝန်းတွင် နည်းပညာဆန်းသစ်တီထွင်မှုများနှင့် ဒစ်ဂျစ်တယ် ကွန်ရက်ချိတ်ဆက်မှုများ မြှင့်တင်ပံ့ပိုးပေးခြင်းဖြင့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို မှတ်တိုင် စိုက်ထူခဲ့။
* အက်တမ်(ATOM) သည် ၎င်း၏ 4G ကွန်ရက်၊ Cloud အခြေခံအဆောက်အအုံများနှင့် အနာဂတ် ကွန်ရက် အဆင်သင့်ဖြစ်စေရေးတို့အတွက် ဆက်လက် အဆင့်မြှင့်တင်လျက်ရှိ။
* အက်တမ်(ATOM) သည် ၂၀၂၂ ခုနှစ်မှစတင်၍ လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်ခြင်း ကတိကဝတ်အဖြစ် ငွေကျပ် (၈.၃၈) ဘီလီယံ တန်ဖိုးအထိ လှူဒါန်းခဲ့ပြီး ယခုအခါတွင်လည်း ကလေးငယ် (၅၄) ဦး၏ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခွဲစိတ်ကုသမှုများကို ပံ့ပိုးကူညီခဲ့။

ရန်ကုန်၊ မြန်မာ (၁၈၊ ဇွန်၊ ၂၀၂၆)

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ဝန်ဆောင်မှု ပေးအပ်နေပြီး Great Place to Work® အသိအမှတ်ပြုလက်မှတ်ရ ကုမ္ပဏီတစ်ခုဖြစ်သည့် အက်တမ်(ATOM) သည် မြန်မာနိုင်ငံတစ်ဝန်း ဒစ်ဂျစ်တယ်ကွန်ရက်ချိတ်ဆက်မှု၊ နည်းပညာမြှင့်တင်မှု၊ လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်မှုနှင့် ထူးချွန်ထက်မြက်သောလူငယ်များ မွေးထုတ်ပေးမှု ကဏ္ဍများတွင် ပြီးခဲ့သည့်နှစ်များအတွင်း စဉ်ဆက်မပြတ် ဖော်ဆောင်နိုင်ခဲ့ခြင်းများကို ဂုဏ်ပြုသောအားဖြင့် ၎င်း၏ နှစ်ပတ်လည်နေ့ကို ဂုဏ်ယူစွာဖြင့် ကျင်းပဆင်နွှဲခဲ့သည်။

အက်တမ်(ATOM) သည် လွန်ခဲ့သည့် ကာလအတွင်း ကုမ္ပဏီ၏ အောင်မြင်မှုများကို အသိအမှတ်ပြု ဂုဏ်ပြုရန်နှင့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ကဏ္ဍ တိုးတက်မြင့်မားရေးနှင့် လူမှုအသိုင်းအဝိုင်းကို ပံ့ပိုးကူညီသွားမည့် ရေရှည်ကတိကဝတ်ကို ထပ်လောင်းအတည်ပြုရန် ရည်ရွယ်၍ ဝန်ထမ်းများ၊ မိတ်ဖက်များ၊ လုပ်ငန်းချိတ်ဆက်လုပ်ကိုင်သူများ အားလုံးနှင့်အတူ အထူးနှစ်ပတ်လည်အခမ်းအနားကို မကြာသေးမီက ကျင်းပခဲ့သည်။

နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အနေဖြင့် အက်တမ်(ATOM) သည် မြန်မာလူငယ်များ၏ ကွဲပြားစုံလင်သော ဒစ်ဂျစ်တယ်လူနေမှုပုံစံများကို ကိုယ်စားပြုသည့် Brand Characters မိသားစုဝင်များ ဖြစ်သော တို့တို့၊ ဂို့ဂို့၊ ပို့ပို့ နှင့် မို့မို့ တို့ ပါဝင်သည့် ‘Toh Toh Squad’ အသစ်ကို မိတ်ဆက်ခဲ့သည်။ ဤအစီအစဉ်သည် အက်တမ်(ATOM) ၏ ပိုမိုကောင်းမွန်ခြင်းထက်သာလွန်စေရန် ဟူသည့် မျှော်မှန်းချက်နဲ့အညီ စိတ်လှုပ်ရှားစရာ သုံးစွဲသူဗဟိုပြု ဒစ်ဂျစ်တယ်အတွေ့အကြုံများကို ဖန်တီးပေးရန်ဆိုသည့် ကတိကဝတ်ကို ထင်ဟပ်စေသည်။

“လွန်ခဲ့တဲ့နှစ်များအတွင်း ကျွန်တော်တို့ရဲ့ ဖြတ်သန်းမှုတိုင်းဟာ ကွန်ရက်ချိတ်ဆက်မှု၊ ဆန်းသစ်တီထွင်မှုနဲ့ ထိရောက်တဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကတစ်ဆင့် ပြည်သူတွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ဖို့ဆိုတဲ့ ခိုင်မာတဲ့ ကတိကဝတ်နဲ့အတူ ရှေ့ဆက်ခဲ့တာဖြစ်ပါတယ်” ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ ကွန်ရက်တွေကို ဆက်လက်ချဲ့ထွင်ပြီး အနာဂတ်အတွက် အဆင်သင့်ဖြစ်စေမယ့် နည်းပညာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နေသလိုပဲ၊ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ၊ လူမှုအသိုင်းအဝိုင်းနဲ့ မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ် လူငယ်လူရွယ်တွေအတွက် ရေရှည်အကျိုးရှိစေမယ့် အရာတွေကို ဖန်တီးပေးနိုင်ဖို့အတွက်လည်း အစဉ်တစိုက် ဆက်လက်လုပ်ဆောင် သွားမှာပါ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
အက်တမ်(ATOM) သည် စတင်တည်ထောင်သည့်အချိန်မှစ၍ အနာဂတ်တွင် ကြုံတွေ့လာနိုင်မည့် ကွန်ရက် လိုအပ်ချက်များကို အသင့်ဖြစ်နေစေရန်ရည်ရွယ်၍ ကွန်ရက်လွှမ်းခြုံမှုနှင့် ကွန်ရက်ပမာဏ (Capacity) မြှင့်တင်ခြင်းလုပ်ငန်းများတွင် အထူးအလေးပေး ရင်းနှီးမြှုပ်နှံခဲ့သည်။ ထို့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၎င်း၏ ရေဒီယိုလှိုင်းစနစ် (Radio)၊ ပင်မကွန်ရက် (Core)၊ ပို့ဆောင်ရေးကွန်ရက် (Transport)၊ ဖိုင်ဘာ (Fiber) နှင့် နေရောင်ခြည်စွမ်းအင်သုံး အခြေခံအဆောက်အအုံ (Solar-powered Infrastructure) များကိုလည်း ခေတ်မီဆန်းသစ်သော နည်းပညာများဖြင့် အဆင့်မြှင့်တင်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့သည်။ အက်တမ်(ATOM) သည် ကွန်ရက်အခြေခံ အဆောက်အအုံများတွင် နေရောင်ခြည်စွမ်းအင်သုံး စနစ်များကို တိုးမြှင့်တပ်ဆင် အသုံးပြုလျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် သမားရိုးကျ စွမ်းအင်အရင်းအမြစ်များအပေါ် မှီခိုရမှုကို လျှော့ချနိုင်ခဲ့သည့်အပြင် လုပ်ငန်းလည်ပတ်မှု စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန် ခိုင်မာစေပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရေရှည်တည်တံ့မှုကိုလည်း တစ်ပါတည်း မြှင့်တင်ပေးနိုင်ခဲ့သည်။

အက်တမ်(ATOM) သည် လက်ရှိ နိုင်ငံတစ်ဝန်းတွင် တက်ကြွစွာပူးပေါင်းဆောင်ရွက်နေသော မိတ်ဖက် (၂၃၀) နှင့် ATOM STAR Partner ပေါင်း (၅၀၀) ကျော်ဖြင့် ခိုင်မာသော မိတ်ဖက်ဂေဟစနစ် တစ်ခုကိုလည်း တည်ဆောက်ထားနိုင်ခဲ့သည်။ လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၊ ဘဏ်နှင့် Fintech လုပ်ငန်းများ၊ အာမခံလုပ်ငန်း၊ E-commerce နှင့် ခရီးသွားလုပ်ငန်း အပါအဝင် ကဏ္ဍစုံမှ လုပ်ငန်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အက်တမ်(ATOM) သည် ၎င်း၏ သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော တန်ဖိုးများ၊ ဆန်းသစ်သော ဖြေရှင်းချက်များနှင့် ချောမွေ့သော ဒစ်ဂျစ်တယ်အတွေ့အကြုံများကို ဆက်လက်ပံ့ပိုး ပေးလျက်ရှိသည်။

“ကျွန်တော်တို့ရဲ့ ကတိကဝတ်ဟာ ပြည်သူတွေကို အမြဲတမ်းဦးစားပေးပြီး လူငယ်တွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးဖို့၊ အရည်အချင်းလုပ်နိုင်စွမ်းတွေ ပိုမိုအားကောင်းလာစေဖို့နဲ့ လူမှုအသိုင်းအဝိုင်းကို ပံ့ပိုးကူညီဖို့ အတွက် အဓိက အလေးပေးထားပါတယ်။ ဆန်းသစ်တီထွင်မှုတွေ၊ အစဉ်မပြတ် လေ့လာသင်ယူမှုတွေနဲ့အတူ ထိရောက်တဲ့ အကျိုးသက်ရောက်မှုတွေကို ဖော်ဆောင်ပြီး အားလုံးပါဝင်နိုင်တဲ့ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် အနာဂတ်ကို ကူညီတည်ဆောက်ပေးနိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းသွားမှာပါ” ဟု အက်တမ်(ATOM) ၏ ဒုတိယအမှုဆောင်အရာရှိချုပ် ဦးဝင်းဆွေ က ပြောကြားခဲ့သည်။

အက်တမ်(ATOM) ၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အစီအစဉ်အဖြစ် ရန်ကုန်နှင့် မန္တလေးမှ ကလေးငယ် (၅၄) ဦး၏ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခွဲစိတ်ကုသမှုများကို ပံ့ပိုးကူညီခဲ့သည်။ ဤမွန်မြတ်လှသော အစီအစဉ်မှ တစ်ဆင့် အကူအညီလိုအပ်နေသော ကလေးငယ်များနှင့် မိသားစုများအတွက် ဘဝတစ်ခုလုံးကို ပြောင်းလဲ ပေးနိုင်မည့် ကျန်းမာရေးစောင့်ရှောက်မှု အထောက်အပံ့များကို ပေးစွမ်းနိုင်ခဲ့သည်။ အဆိုပါ အစီအစဉ်သည် မြန်မာနိုင်ငံတစ်ဝန်းရှိ လူဦးရေ (၁.၁၆) သန်းကျော်ကို အကျိုးပြုခဲ့သည့် ပြီးခဲ့သည့်နှစ်များအတွင်း လူမှုအကျိုးပြု အစီအစဉ် ကြီး၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပြီး၊ လက်ရှိအချိန်အထိ ကျန်းမာရေး၊ ပညာရေး၊ ဒစ်ဂျစ်တယ်စနစ်တွင် အားလုံးပါဝင်နိုင်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍအသီးသီးတို့အတွက် စုစုပေါင်းလှူဒါန်းမှု တန်ဖိုးမှာ ငွေကျပ် (၈.၃၈) ဘီလီယံကျော် ရှိခဲ့ပြီဖြစ်သည်။ ထို့အပြင် အွန်လိုင်းကျန်းမာရေး စောင့်ရှောက်မှု (Telemedicine) အစီအစဉ်တစ်ခုတည်းမှပင် အကျိုးခံစားခွင့်ရှိသူပေါင်း (၄၃၂,၄၅၇) ဦးထံသို့ စုစုပေါင်း အလှူငွေကျပ် (၃၃၁,၈၅၆,၉၃၈) အား လှူဒါန်းခဲ့ပြီး ဖြစ်သည်။
ထို့အပြင် အက်တမ်(ATOM) သည် စနစ်တကျ ရေးဆွဲထားသည့် ထူးချွန်ထက်မြက်သောလူငယ်များ မွေးထုတ် ပေးရေး အစီအစဉ်များမှတစ်ဆင့် လူငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးပိုင်းဆိုင်ရာအတွက်လည်း ဆက်လက်ဦးစားပေး လုပ်ဆောင်နေပြီး လွန်ခဲ့သည့်နှစ်များအတွင်း ‘Talent Accelerator Programme’ နှင့် ‘Internship Programme’ များမှတဆင့် လူငယ်မောင်မယ် (၁၀၈) ဦးခန့် ကို ကြိုဆိုလက်ခံခဲ့သည်။ ဤအစီအစဉ်များသည် လူငယ်ပညာရှင်များနှင့် ဘွဲ့ရခါစလူငယ်များအတွက် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများ၊ လက်တွေ့သင်ယူမှုများနှင့် အတွေ့အကြုံရှိပညာရှင်များထံမှ လမ်းညွှန်မှုများကို စနစ်တကျ ရရှိစေရန် ပံ့ပိုးလုပ်ဆောင် ပေးထားခြင်း ဖြစ်သည်။

Great Place to Work® အသိအမှတ်ပြုလက်မှတ်ကို ဒုတိယအကြိမ်မြောက် ဆက်တိုက်ရရှိခြင်းနှင့်အတူ အက်တမ်(ATOM) ၏ နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ အက်တမ်(ATOM) ၏ အောင်မြင်မှုများသည် ယုံကြည်မှုမြင့်မားစွာဖြင့် ဝန်ထမ်းများကို ဗဟိုပြုသည့် ယဉ်ကျေးမှုပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။ ယခုမှတ်တိုင်သည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေးကို အရှိန်အဟုန်မြှင့်တင်ရန်နှင့် သုံးစွဲသူများ၊ လူမှု အသိုင်းအဝိုင်းနှင့် မြန်မာနိုင်ငံ၏ မျိုးဆက်သစ်များအတွက် ရေရှည်တန်ဖိုးများ ပေးစွမ်းနိုင်မည့် အနာဂတ် အဆင်သင့်ဖြစ်သော ကွန်ရက်ချိတ်ဆက်မှုများကို တည်ဆောက်ကာ၊ ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ အတူတကွ လက်တွဲလျှောက်လှမ်းသွားမည့် အက်တမ်(ATOM) ၏ ကတိကဝတ်ကို ပိုမိုခိုင်မာစေသည်။

17/06/2026

အောင်မြင်မှုဒဏ်၊ ငွေဒဏ်ကို ခံနိုင်ဖို့လိုတယ် အဲ့ဒဏ်ကို မခံနိုင်တာက ကိုယ့်ဘဝကို ဆွဲနှစ်လိုက်သလိုပဲ လို့ ပြောပြလာတဲ့ ဟာသသရုပ်ဆောင် ခင်လှိုင် !

#ခင်လှိုင်

17/06/2026

ကျောက်ပန်းတောင်းကတော့ မင်းသမီးတွေပေါတယ် ဘယ်နေရာဖြစ်ဖြစ် ညီမက တအား ကတယ် မလျှော့ဘူး လို့ ပြောပြလာတဲ့ သဘင်အနုပညာရှင် ငြိမ်းချမ်းခိုင်၊ ဒေါ်မြင့်မြင့်ကြည်တို့နှင့် တွေ့ဆုံခြင်း !

Want your establishment to be the top-listed Arts & Entertainment in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon