Maple JLS

Maple JLS

Share

Photos from Maple JLS's post 04/02/2023

အားလုံးပဲ Happy Pre-Valentine ပါ။❤

🍫Valentine ‘s Day နီးလာပြီဆိုတဲ့ အတွက်ကြောင့် အားလုံးကိုယ်စီမှာ date plan လေးတွေ စီစဥ်နေကြပြီထင်ပါတယ်။ single ဆိုလည်း single အလျှောက် relationship ဆိုလည်း relationship အလျောက် မိမိကိုယ်ကို ချစ်ခြင်း၊ တစ်ပါးသူကို ချစ်ခြင်းကို ဖော်ပြနိုင်တဲ့နေ့မို့လို့ မေ့လျော့နေကြမယ်လို့တော့ မထင်ပါဘူး။

💏Valentine's Day ဟာ မိမိအတွက် တန်ဖိုးထားရတဲ့ လူတစ်ဦးတစ်‌ယောက်အတွက် မိမိရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့နေ့လို့ လူသိများပါတယ်။ နှစ်တိုင်းနှစ်တိုင်း ဖေဖော်ဝါရီ ၁၄ ရက်နီးလာတဲ့အခါမှာတော့ ကမ္ဘာတစ်ဝှမ်းက အမျိုးသားတွေကတော့ မိမိချစ်ခင်ရတဲ့သူအတွက် လက်ဆောင်တစ်ခုခု သို့မဟုတ် ချိန်းတွေ့ လျှောက်လည်တာတွေအတွက် စီစဥ်တတ်ကြပါတယ်။

🇯🇵ဒါပေမဲ့ ဂျပန်နိုင်ငံမှာတော့ Valentine's Day ဟာ အနည်းငယ်ကွဲပြားပါတယ်။ အနောက်နိုင်ငံကဆင်းသက်လာတဲ့ ပွဲတစ်ခုဖြစ်နေပေမဲ့လည်း ဂျပန်နိုင်ငံရဲ့ကိုယ်ပိုင် Valentine's Day ဓလေ့နှင့် ထုံးစံတွေ ရှိပါတယ်။

👩ပထမဦးစွာဆိုရင်တော့ လက်ဆောင်ပေးတဲ့သူနဲ့ ပေးခံရတဲ့သူဟာ ပြောင်းပြန်ဖြစ်နေပြီး အမျိုးသမီးဘက်ကနေ စတင်ပြီး လက်ဆောင်ပေးရတဲ့ အလေ့အထဖြစ်နေတာပါ။

Valentine’s day ပြီးဆုံးပြီး တစ်လတိတိအကြာ မတ်လ ၁၄ ရက်နေ့ White Day လို့ ဂျပန်နိုင်ငံမှာ လူသိများသောနေ့ရောက်မှ Valentine’s day တုန်းက လက်ဆောင်တွေပေးခဲ့တဲ့ အမျိုးသမီးများကို အမျိုးသားများက လက်ဆောင်များပြန်လည်ပေးခြင်းနဲ့ မိမိရဲ့ တုံ့ပြန်ခံစားချက်ကို ပြန်လည်ဖော်ပြကြပါတယ်။

⛩Valentine's Day ဟာ 1950 ခုနှစ်များကနေစပြီး ဂျပန်နိုင်ငံတွင် နာမည်ကြီးလာခဲ့ပါတယ်။ အထူးသဖြင့် February လမှာ အသဲပုံသဏ္ဍာန်ချောကလက်များကို Valentine’s sale လို့ အနောက်နိုင်ငံများအတိုင်း စတင်ရောင်းချရာကနေ ဂျပန်နိုင်ငံမှာလဲ အနောက်နိုင်ငံက Valentine’s day အငွေ့အသက်တွေ ကူးစက်လာပြီး လက်ရှိ ယနေ့အချိန်ထိ valentine day ကို လူကြီး လူငယ်တွေ အကြား ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။

🍫ဂျပန်နိုင်ငံက Valentine’s day ရဲ့ အဓိကဖောက်သည်တွေကတော့ အမျိုးသမီးများဖြစ်ပြီး ဘဝမှာ ချစ်ခင်ရတဲ့ အမျိုးသားတွေ၊ ရင်းနှီးတဲ့ သူငယ်ချင်းမိတ်ဆွေတွေ အတွက် လှပပြီး အရသာရှိတဲ့ ချောကလက်များကို ဝယ်ယူလေ့ရှိကြပါတယ်။

🍫ဂျပန်အမျိုးသမီးတွေရဲ့ Valentine's Day မှာပေးတဲ့ ချောကလက်အားလုံးဟာတော့ စတိုးဆိုင်က အသင့်လုပ် ချောကလက်ချည်းပဲတော့ မဟုတ်ပါဘူး။ ချစ်သူရည်းစားတွေနဲ့ တစ်ချို့သော အိမ်ရှင်မတွေကတော့ မိမိရဲ့ ချစ်သူ၊ခင်ပွန်းအတွက် မိမိကိုယ်တိုင် ရောစပ်ပြုလုပ်ထားတဲ့ အိမ်လုပ်၊လက်လုပ် ချောကလက်ကို ပေးကြပါတယ်။ စတိုးဆိုင်က အသင့်စား ချောကလက်တွေထက်စာရင် ချစ်သူ ဇနီးက မေတ္တာအပြည့်နဲ့ လုပ်ပေးထားတဲ့ ချောကလက်ကတော့ Valentine's Day အတွက် တုနှိုင်းမမှီတဲ့ လက်ဆောင်တစ်ခု ဖြစ်နေမှာပါပဲ။

👨‍👩‍👦‍👦ဂျပန်နိုင်ငံက Valentine's Day နဲ့ပက်သက်တဲ့ နောက်ထပ်သတိပြုရမည့်အချက်မှာ တော့ အမျိုးသမီးများဟာ အချစ်ရေးခံစားချက်ရှိတဲ့ အမျိုးသားများကိုသာ ချောကလက်ပေးရုံမဟုတ်ပဲ မိသားစုဝင်များနှင့် လုပ်ဖော်ကိုင်ဖက်များကိုလည်း ပေးခြင်းဖြစ်ပါတယ်။

🍫သို့ပေမဲ့ ချောကလက်အားလုံးကို တန်းတူလို့ မယူဆဘဲ ပေးတဲ့ ချောကလက်အမျိုးအစားဟာ ပေါင်းသင်းဆက်ဆံရေးအပေါ် မူတည်ပြီး အခေါ်အဝေါ် ကွဲပြားသွားပါတယ်။

👨‍👩‍👦‍👦"Giri Choco" - 義理チョコ
Giri Choco ကို အလုပ်ဖော်များ၊ မိသားစုဝင်များနဲ့ အသိမိတ်ဆွေများအတွက်ပေးတဲ့ ချောကလက်များဟု လူသိများပါတယ်။ ပုံမှန်အားဖြင့် ဒီချောကလက်အမျိုးအစားဟာ စျေးသက်သာပြီး ရိုမန်တစ်ဆန်တဲ့ ခံစားချက်ပါဝင်တယ်လို့ မယူဆပါဘူး။

❤"Honmei Choco" - 本命チョコ
Honmei choco ဟာ ချစ်သူ လက်တွဲဖော် သို့မဟုတ် အမျိုးသမီး တစ်ဦးရဲ့ အချစ်ရေး ခံစားချက် ရှိသူကို ပေးရန် ရည်ရွယ်ပါတယ်။ တစ်နည်းအားဖြင့် honmei Choco ဟာ အရည်အသွေးပိုမြင့်ပြီး ပိုပြီး လှပ ဆွဲဆောင်မှုရှိပြီး ဈေးနှုန်းလည်းပိုမြင့်တဲ့ honmei choco ကို အမျိုးသမီးအနေနဲ့ ရင်ထဲကခံစားချက်အစစ်အမှန်ကို ထုတ်ပြချင်တဲ့အခါမှာ ရွေးဝယ်လေ့ရှိပါတယ်။

👩Tomo Choco - 友チョコ
Valentine's Day မှာ ချောကလက် ပေးဖို့ ချစ်သူရည်းစားရှိနေမှ မဟုတ်ပါဘူး။ ဆိုတဲ့အတွက်ကြောင့် single ဖြစ်နေပေမဲ့လည်း သူငယ်ချင်းအချင်းချင်းကို ချောကလက်ပေးတာမျိုးကလည်း အမျိုးသမီးတွေအတွက် အရမ်းရေပန်းစားပါတယ်။ ဒါကို Tomo Choco လို့ ခေါ်ပါတယ်။

📆တစ်လတိတိအကြာ မတ်လ 14 ရက်နေ့ကို ဂျပန်နိုင်ငံက “White Day” လို့ ခေါ်တဲ့နေ့ကို ကျင်းပပါတယ်။ ထိုနေ့မှာတော့ Valentine's Day မှာ ချောကလက်လက်ခံခဲ့သူများဟာ ချောကလက်ပေးခဲ့တဲ့သူကို ခံစားချက်ကို ပြန်လည် တုံ့ပြန်ပေးတဲ့အနေနဲ့ လက်ဆောင်တစ်ခုခု ပြန်ပေးရပါတယ်။ အကယ်၍ မေ့လျော့ပြီး ပြန်မပေးခဲ့ရင်တော့ အဲ့အမျိုးသားကတော့ နောင်တရဖို့ ပြင်ထားပေတော့ပဲ။ မိမိရဲ့ ခံစားချက်ပေါ်မူတည်ပြီး လက်ဆောင် ပြန်ပေးခြင်း ဖြစ်တဲ့အတွက် အရှိအတိုင်း ခံစားချက်အတိုင်း ပြန်ပေးလိုက်ခြင်းသာ အကောင်းဆုံးပါပဲ။

❤အချစ်ကိုရူးသွပ်စွာချစ်မိသည်ဖြစ်စေ ခင်မင်ရင်းနှီးမှုခံစားချက်ကိုဖော်ပြလိုသည်ဖြစ်စေ၊ ရိုးရိုး ပေးချင်စိတ်ရှိလို့ ပေးသည်ဖြစ်စေ ဂျပန်နိုင်ငံရဲ့ Valentine’s day ကတော့ အားလုံးအတွက် မေတ္တာတွေ မျှဝေခံစားနိုင်တဲ့ နေ့တစ်နေ့ပါပဲ။❤

Photos from Maple JLS's post 26/01/2023

☺️☺️အားလုံးပဲ မဂ်လာပါ 😊😊
ဒီ post လေးကို ဖတ်နေသူအားလုံး မဖြေရသေးတဲ့စာမေးပွဲတွေအတွက်ရော ဖြေရတော့မယ့် စာမေးပွဲတွေ အတွက်ပါ အသီးသီး စာတွေ ကြိုးစားနေကြမယ်လို့ ထင်ပါတယ်။

ဒါဆိုရင် နေ့တိုင်း ပုံမှန် သင်တန်းတွေကပေးတဲ့ အိမ်စာတွေရော လုပ်ဖြစ်ကြရဲ့လား. များသောအားဖြင့်တော့ အကြောင်းအမျိုးမျိုးကြောင့် လုပ်ဖို့ မေ့လျော့တာတွေ ရှိမယ်လို့ ထင်ပါတယ်။

ဒီအတွက် ဒီ post မှာတော့ အိမ်စာတွေ လေ့ကျင့်ခန်းတွေ ပုံမှန် လုပ်ရင်ရမယ့် အကျိုးရလဒ်တွေကို ပြောပြပေးသွားမှာဖြစ်လို့ ဒီ post ကို ဖတ်ပြီးသွားရင်တော့ စာလုပ်ချင်စိတ် အိမ်စာလုပ်ချင်စိတ် ပေါ်လာမယ်လို့တော့ မျှော်လင့်မိတဲ့ အတွက် ပုံလေးတွေကိုထောက်ပီး ဆက်လက် ဖတ်ရှူပေးပါအုံး 🥝🥝

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 775, Zayarthukha Street , Myittarnyunt Ward, Tamwe Township
Yangon
11211