Digital Marketing - For Your Life Channel - 2

Digital Marketing - For Your Life Channel - 2

Share

21/05/2026

ဘယ်လုပ်ငန်းပဲဖြစ်ဖြစ် Professional fees လိုချင်ရင် ကိုယ့်ရဲ့ Product or service ကလည်း Professional ဆန်နေဖို့လိုပါတယ် ✅

ကျွမ်းကျင်တဲ့ပညာရှင်တိုင်းတော့ Professional ဖြစ်တာမဟုတ်ဘူး

Professional ဆန်တဲ့စိတ်ထားတတ်မှ တကယ့် Professional ဖြစ်မယ်

Professional ဆိုတာဘာလဲ ?

နားလည်လွယ်အောင်ပြောရရင် ကိုယ့်ရဲ့ Product or service ကို ခုတုံးလုပ်ပြီး

မလိမ်ဖို့

ဂျင်းမထည့်ဖို့

မှန်မှန်ကန်ကန်လုပ်ဖို့

ငွေတစ်ခုတည်းမကြည့်ပဲ အနစ်နာခံသင့်တဲ့နေရာအနစ်နာခံတတ်ဖို့

ကိုယ်ပြောထားရင် ပြောထားတဲ့အတိုင်း ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် မရရအောင်လုပ်ပေးဖို့

တာဝန်ယူတတ်ဖို့

အလုပ်ကို အလုပ်နဲ့တူအောင်လုပ်ဖို့

စိတ်ခံစားချက်ပေါ်အခြေခံပြီးအလုပ်မလုပ်ဖို့ { ပြောချင်တာက စိတ်ညစ်စရာတွေကြုံနေရင်တောင် ကိုယ်လုပ်စရာရှိတာကို ပြီးအောင်လုပ်တာမျိုး }

ကိုယ့်ထက်နိမ့်ကျတဲ့သူတွေနဲ့တွေ့ရင် လူကိုလူလိုဆက်ဆံတတ်ဖို့

ကိုယ်ချင်းစာတတ်ဖို့

ပညာတတ်ပြီးဂျင်းထည့်နေတဲ့သူတွေ အများကြီးနော် ဒီလူတွေက ဒီပညာရပ်နဲ့ နည်းနည်းမှမတန်တဲ့လူတွေပဲ

Professional development အတွက် ကျွန်တော်တွေးမိသလောက် ဒါတွေလိုအပ်ပါတယ်

စေတနာလေးပါပေါင်းထည့်ပေးနိုင်ရင်အကောင်းဆုံးပေါ့ဗျာ

ကိုယ့်လုပ်ပေးမယ်ပြောထားတာထက် ပိုပေးတာကိုဆိုလိုပါတယ်

ဥပမာ Customer က ကြက်ကြော်တစ်ပွဲဝယ်သွားရင် အချိုရည်တစ်ဗူးလောက် လက်ဆောင်ထည့်ပေးလိုက်တာမျိုးပေါ့
{ ကိုယ့်အတွက်ကိုက်ဖို့လည်းလိုတယ်နော် }

ဒါဆို ဒီ Customer က သူပေးရတာထက်ပိုရတယ်ဆိုတဲ့ ခံစားချက်မျိုးရသွားပါမယ် ဒါကြောင့် သူနောက်တစ်ခါကြက်ကြော်စားချင်တဲ့အခါ တခြားဆိုင်တွေထက် ကိုယ့်ဆိုင်ကိုပဲထပ်ခါထပ်ခါရွေးချယ်နေပါလိမ့်မယ် ဒါ့အပြင် သူ့ရဲ့ပတ်ဝန်းကျင်ကသူတွေကိုပါ မိတ်ဆွေရဲ့ဆိုင်ကို ညွှန်းပေးပါလိမ့်မယ်

ဒါဆို Professional development အပြင် Business development ပါဖြစ်သွားပါပြီ

Business development အတွက်က တခြားလိုအပ်တဲ့ Skill တွေလည်းရှိပါသေးတယ်

ဥပမာ

Leadership
Marketing
Sales
Management

ပြီးတော့ Network လည်းလိုမယ်
Businessman တွေအတွက် Network မရှိရင် ဘာမှလုပ်လို့မရဘူး

ဒါတွေကတော့ Business development အတွက် အခြေခံလိုအပ်ချက်တွေလို့ကျွန်တော်ထင်ပါတယ်

အခုကျွန်တော်ပြောသွားတဲ့အထဲမှာ ဘွဲ့ရမှလုပ်လို့ရမယ့်ဟာ တစ်ခုမှမပါဘူးနော်

Professional နဲ့ Business မှာအောင်မြင်တိုးတက်ချင်တဲ့သူတွေအနေနဲ့ ဘွဲ့တစ်ခုလောက်တော့ ယူထားသင့်တာမှန်ပါတယ် ဒါပေမယ့် ဘွဲ့မရလည်း ကိစ္စမရှိပါဘူး စိတ်ဓါတ်ကျစရာမလိုဘူး

လက်တွေ့ Business မှာ ဘွဲ့လက်မှတ်ဆိုတာ စာရွက်တစ်ရွက်သာသာပဲ

အမြဲတမ်းလေ့လာသင်ယူနေပြီး လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့နဲ့
အသစ်အသစ်တွေဖန်တီးနိုင်ဖို့ပဲလိုပါတယ်

ကြိုးစားနေတဲ့သူတိုင်းအောင်မြင်ကြပါစေခင်ဗျာ

ကျေးဇူးပါ

28/04/2026

Customer တွေကို ဘာမှမပေးပဲ
ဘာမှပြန်ရဖို့မမျှော်လင့်ပါနဲ့

26/04/2026

Page အဟောင်းက Follower တွေကို Page အသစ်ကိုဘယ်လိုဆွဲခေါ်မလဲ ?

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon

Opening Hours

Monday 08:00 - 23:00
Tuesday 08:00 - 23:00
Wednesday 08:00 - 23:00
Thursday 08:00 - 23:00
Friday 08:00 - 23:00
Saturday 08:00 - 23:00
Sunday 08:00 - 23:00