DXN Super Functional Foods

DXN Super Functional Foods

Share

Photos from DXN Super Functional Foods's post 04/11/2024

🚶ခြေလှမ်းတစ်သောင်းနဲ့ ကျန်းမာရေး🚶

တစ်ရက်ကို ခြေလှမ်းပေါင်း (၁) သောင်းက ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဒီနေ့ခေတ် လူတွေမှာ လမ်းလျှောက်တာ အရင်ကထက်စာရင် နည်းလာတယ်။ လှုပ်ရှားမှုနည်းလာတယ်။ အလုပ်မှာလည်း အထိုင်များတယ်။ အသွားအပြန်ကားစီးတယ်။ တစ်နေကုန်စာ ပြန်ကြည့်လိုက်ရင် လမ်းလျှောက်တာက နည်းနေတယ်။ ဒါဆိုရင် အာဟာရပြည့်အစားအစာ ဘယ်လောက်စားစား ပြည့်ပြည့်ဝဝကျန်းမာမှာ မဟုတ်ဘူး။

လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများ

🍁 လမ်းလျှောက်ခြင်းဖြင့် ကြောရိုးမကြီးကို ကျန်းမာစေတယ်။ ကြောရိုးမကြီးမှာရှိတဲ့ အဆစ်တွေ၊ တစ်ကိုယ်လုံးမှာရှိတဲ့ အဆစ်တွေကြားက အဆိပ်အတောက်တွေက လမ်းလျှောက်မှ အပြင်ကို စွန့်ထုတ်နိုင်ပါတယ်။ လမ်းလျှောက်ရင် အဆစ်တွေကြားမှာဖိအားတစ်ခုဖြစ်စေတယ်။ အဲဒီဖိအားနဲ့ အဆစ်တွေကြားက ဖြတ်သန်းစီးဆင်းတဲ့ သွေးကတဆင့် အဆိပ်တွေကို စွန့်ထုတ်ပါတယ်။ အဆိပ်စွန့်ထုတ်တဲ့အပြင် အာဟာရဓာတ်ကိုပါ ပြည့်ပြည့်ဝဝရရှိစေတယ်။
🍁 ပါကင်ဆန်ရောဂါ၊ အယ်ဇိုင်းမားရောဂါ တွေဟာ ကိန်းဂဏန်းတွေအရ ပိုဖြစ်လာတာကို တွေ့ရတယ်။ အသက် (၅၀) ကျော်လာရင် စိတ်နဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်တာများလာတယ်။ လမ်းလျှောက်ခြင်းဟာ NGF (Nerve Growth Factor) တွေကို တိုးတက်လာစေတယ်။ အာရုံကြောဖွံ့ဖြိုးတိုးတက်ဖို့၊ အာရုံကြောပျက်စီးခြင်းကို တားဆီးပေးဖို့ NGF တွေတိုးတက်ဖို့ အထူးလိုအပ်ပါတယ်။
🍁 လမ်းလျှောက်ခြင်းဖြင့် ကြွက်သားတွေကိုသန်မာစေတယ်။ အဆုပ်ကြွက်သား၊ နှလုံးကြွက်သားတွေက လမ်းလျှောက်ရင် ပိုသန်မာလာတယ်။ အစာခြေစနစ်တွေကလည်း အာဟာရဓာတ်တွေကို စုပ်ယူမှု ပိုကောင်းလာတယ်။
🍁 တစ်နေ့ကို မိနစ် (၃၀) လမ်းလျှောက်ရင် ဖျားနာခြင်းကို (၄၅) ရာခိုင်နှုန်းလျှော့ချနိုင်တယ်။ လမ်းလျှောက်တဲ့အခါ ကယ်လိုရီလောင်ကျွမ်းနှုန်းတက်လာတယ်။ ဦးနှောက်ကလည်း ကယ်လိုရီလောင်ကျွမ်းနှုန်းများလာတယ်။ အာရုံကြောစနစ်၊ စိတ်ပိုင်းဆိုရာဖိစီးမှုတွေလျော့လာတယ်။ ကိုယ်တွင်းသွေးသကြားဓာတ်ကို လျော့ကျစေတယ်။ (၅၀) ရာခိုင်နှုန်းထိကို လျှော့ပေးနိုင်တယ်။
🍁 လမ်းလျှောက်ခြင်းဖြင့် သွေးစီးသွေးလာကောင်းစေတဲ့အတွက် ကင်ဆာရောဂါဖြစ်နိုင်ချေကို ကာကွယ်နိုင်တယ်။ အမျိုးသားတွေဆိုရင် ကြီးလာတဲ့အခါ ဆီးကြိတ်ကင်ဆာဖြစ်နိုင်ချေ (၆၀) ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်တယ်။
🍁 တစ်ချို့တွေ ဝိတ်ချဖို့ အစားအသောက်တွေ Plan ဆွဲပြီးချပေမဲ့ စိတ်ဖိစီးမှုတွေရှိနေရင် ဝိတ်ကျဖို့ခက်တယ်။ ဒါဆိုရင် လမ်းလျှောက်လိုက်ရင် အကျိုးထူးပါလိမ့်မယ်။

DXN ထုတ်ကုန်တွေနဲ့ လမ်းလျှောက်ခြင်းဆက်စပ်မှု

🍁 DXN Spirulina (စိမ်းပြာရေညှိ) သောက်ပြီး ပိုထူးခြားချင်၊ စွမ်းအားပြည့်ရချင်ရင် လမ်းလျှောက်ပါ။ ကိုယ်တွင်း ပြုပြင်တာ၊ တည်ဆောက်တာတွေကို ထိထိရောက်ရောက်ဖြစ်စေတယ်။ ခါးနာ၊ ကျောနာတာကို သက်သာစေတယ်။ ပြန်ရည်ကြောစနစ်ကို သန်မာစေတယ်။ ပြန်ရည်ကြောစနစ် သန်မာရင် ကိုယ်ခံအားကောင်းမွန်စေတယ်။
🍁 DXN GL သောက်ပြီးလမ်းလျှောက်ရင် ဦးနှောက်ဆဲလ်တွေ အောက်စီဂျင်စုပ်ယူနိုင်စွမ်း တိုးတက်စေတယ်။ DXN RG , GL (၂) မျိုးစလုံးသောက်မယ်၊ လမ်းလျှောက်မယ်ဆိုရင် ခန္ဓာကိုယ်စနစ်တွေလုပ်ဆောင်မှု၊ စုပ်ယူမှုတွေ ပိုကောင်းစေတယ်။ အဆိပ်ထုတ်နိုင်မှု မြင့်မားလာစေတယ်။ RG, GL သောက်ပြီးလမ်းလျှောက်ရင် ခဏလေးနဲ့ ဆီးသွားချင်တယ်။ ဒါက အဆိပ်စွန့်ထုတ်မှုကို ကောင်းစေလို့ဖြစ်ပါတယ်။

လမ်းဘယ်လိုလျှောက်မလဲ

🍁 လမ်းလျှောက်တဲ့အခါ လက်တွေကို အတင်းလွှဲပြီးလျှောက်စရာမလိုပါဘူး။ လမ်းလျှောက်တာများလာရင် ကြွက်သားတွေသန်မာလာတယ်ဆိုတာ အလေးမသလို၊ ဂျင်ကစားသလို သန်မာတာမျိုးမဟုတ်ပါဘူး။ ကျန်းမာလာတာကိုပြောတာပါ။ ပုံမှန်လမ်းလျှောက်ခြင်းဟာ ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေပါတယ်။

🌷 လမ်းလျှောက်ခြင်းကို ဝါသနာတစ်ခုအနေနဲ့ လေ့ကျင့်ပျိုးထောင်ထားသင့်ပါတယ်။ ကြီးလာတဲ့အခါ ဦးနှောက်၊ စိတ်နဲ့ဆိုင်တဲ့ ရောဂါတွေကို အထူးသက်သာစေတယ်။
🌷 လမ်းလျှောက်နေရင် စိတ်ပျော်ရွှင်မှုကို ဖြစ်စေတယ်။ လမ်းလျှောက်ခြင်းနဲ့ DXN ထုတ်ကုန်တွေကို ပေါင်းစပ်လိုက်တဲ့အခါ ရလာဒ်ကို ပိုစေတယ်။ အသက်ကြီးတဲ့အခါ ကျန်းမာနေဖို့ တစ်ရက်ကို ခြေလမ်းတစ်သောင်း လျှောက်ကြစို့။

# လမ်းလျှောက်ခြင်းအကျိုးကျေးဇူး
# DXN products
# စစ်မှန်သော ကျန်းမာရေး

03/11/2024

🌷🌷 အစာခြေစနစ်ကျန်းမာဖို့လိုပါတယ် 🌷🌷

✍️ ခန္ဓာကိုယ်ကြီးထွားရှင်သန်ဖို့၊ စွမ်းအင်ပြည့်ဝဖို့ အလုံးစုံကျန်းမာဖို့အတွက် လိုအပ်တဲ့အာဟာရတွေကို အစာခြေစနစ်က ရရှိအောင်လုပ်ပေးတယ်။ ထူးခြားပြီးအနုစိတ်တဲ့ အင်္ဂါအစိပ်အပိုင်းဖြစ်တယ်။

✍️ အစာခြေစနစ်မှာ အစာခြေဖျက်ဖို့၊ အာဟာရဓာတ်စုပ်ယူဖို့၊ မလိုအပ်တော့တဲ့ပစ္စည်းတွေကို ချေဖျက် စွန့်ပစ်ဖို့ လုပ်ငန်းတွေ အများကြီးလုပ်တယ်။

✍️ အစာအိမ်၊ အူသိမ်၊ အူမကြီး စတဲ့ အရေးကြီးအစိပ်အပိုင်းတွေက နေ့စဉ်တာဝန်တွေ အများကြီး လုပ်ကိုင်ကြတယ်။ ကိုယ်တွင်းကိုဝင်လာတာက စားလိုက်တဲ့အစားအစာတင်လားဆိုတော့ မကောင်းတဲ့အရာတွေ၊ အဆိပ်အတောက်တွေ၊ ပိုးမွှားတွေ လည်း ဝင်လာကြတယ်။

✍️ အစာအိမ်အူလမ်းကြောင်း မျက်နှာပြင်ဧရိယာ တစ်ခုလုံးကို ဖြန့်လိုက်မယ်ဆိုရင် တင်းနစ်ဘောလုံးကွင်း တစ်ကွင်းစာလောက်ထိ ကျယ်ပြန့်ပါတယ်။ ဒီလောက်ကျယ်ပြန့်တဲ့ ဧရိယာကြီးရဲ့ ကျန်းမာရေး ဘယ်လောက်အရေးကြီးသလဲ ခန့်မှန်းမိနိုင်ပါတယ်။

✍️ အစာအိမ်အတွင်း အက်စစ်ဓာတ်လုံလောက်ဖို့လိုတယ်။ အစာခြေလမ်းကြောင်းတစ်လျှောက် pH (အက်စစ်/အယ်ကာလိုင်း တန်ဖိုး) ရှိသင့်တဲ့ ပမာဏ ရှိနေဖို့ လိုအပ်တယ်။ pH တန်ဖိုးကို ထိန်းသိမ်းတာ အလွယ်ဆုံးရှင်းပြရရင် အသား/ထမင်း/ဂျုံ/ဆီကြော်/ အသင့်စားအစားအစာ/ နွားနို့ / အချိုရည် စတာတွေကို လျော့စား ဟင်းသီးဟင်းရွက်တွေကို များများစား။ အလွယ်ဆုံးမှတ်နည်းပါ။

✍️ မထိန်းသိမ်းတာကြာလာရင်၊ မတည့်တာတွေစားတာ များလာရင် အူလမ်းကြောင်း တစ်လျှောက် နံရံလေးတွေမှာ ချိတ်ဆက်မှုလျော့လာတယ်၊ အပေါက်လေးတွေဖြစ်လာတယ်။ ခြံစည်းရိုးမလုံတော့တဲ့ အိမ်လို ဝင်သင့်တာတွေရော၊ မဝင်သင့်တာတွေရော အူနံရံသွေးကြောတွေဆီ ဝင်လာတယ်။ ဒါက ရောဂါအားလုံးရဲ့ ရေသာက်မြစ်ပါ။ ကိုယ်တွင်းရောင်ရမ်းမှုရဲ့ အစပါ။

✍️ အစာခြေစနစ်ကို အကောင်းဆုံးစောင့်ရှောက်ရပါမယ်။ ကလေးအရွယ်၊ လူလတ်ပိုင်းအရွယ်၊ လူကြီးအရွယ်၊ အဖိုးအဖွားအရွယ် တိုင်းမှာ လူအပ်ချက်ကိုယ်စီရှိကြပါတယ်။ ဖိုးဖိုးဖွားဖွားတွေဆိုရင် အစာခြေအင်ဇိုင်းတွေက အသက်ကြီးလာတာနဲ့အမျှ လျော့ပါးလာကြတယ်။ အစားအစာကနေ လုံလောက်စွာ ဖြည့်တင်းပေးဖို့ အထူးလိုပါတယ်။

✍️ DXN ကုမ္ပဏီက ထုတ်လုပ်တဲ့ ထုတ်ကုန်တွေက ဒီလိုအပ်ချက်တွေကို အကောင်းဆုံး ဖြည့်ဆည်းပေးပါတယ်။ အစာခြေစနစ်ကို အကောင်းဆုံးစောင့်ရှောက်ဖို့အတွက် Enzyme Juice (အင်ဇိုင်းအချိုရည်) Morinzhi, Cordypine, Komb-B, Roselle စတာတွေရှိတယ်။ Poria S, Lion's Mane, GL, Cordyceps စတဲ့ ကျန်းမာရေးထုတ်ကုန်တွေရှိတယ်။
အရေးကြီးတဲ့ အစာခြေစနစ် ကို အကောင်းဆုံးစောင့်ရှောက်နိုင်ပါတယ်။

# Digestive System
# DXN Health Foods and Enzymes
# DXN Myanmar

07/04/2024

💕💕💕 DXN Komb-B 💕💕💕

ဒီနေ့တော့ ကျွန်တော်တို့ ကျန်းမာရေးအတွက် အရမ်းအကျိုးပြုတဲ့ ပိုးစာရွက်လေးနဲ့ ပြုလုပ်ထားတဲ့ DXN Komb-B သောက်သုံးဖျော်ရည်လေး ကိုမိတ်ဆက်ပေးချင်ပါတယ်။

♦️♦️ ပိုးစာပင်နဲ့ ကျန်းမာရေးမိတ်ဆက် ♦️♦️

♦️ပိုးစာရွက်ကို ကျန်းမာရေးစောင့်ရှောက်ရာတွင် တရုတ်တိုင်းရင်းဆေးပညာမှာ လွန်ခဲ့သောနှစ်ပေါင်း (၃၀၀၀) လောက်ကတည်းက အသုံးပြုခဲ့သော မှတ်တမ်းများ တွေ့ရှိထားပါတယ်။ ကမ္ဘာတစ်ဝှမ်း လူကြိုက်များပြီး အရသာရှိသော ဘယ်ရီသီးများကို ပိုးစာပင်မှ ထုတ်ပေးပြီး ဗီတာမင်၊ သတ္တုဓာတ်များနှင့် အစွမ်းထက်သော အပင်ဒြပ်ပေါင်းများကြွယ်ဝသောကြောင့် စူပါအစားအစာအဖြစ် သတ်မှတ်ကြပါတယ်။ အသီးကသာ ကျန်းမာရေးကို အကျိုးပြုနိုင်သည့် ပိုးစာပင်၏တစ်ခုတည်းသော အစိတ်အပိုင်းမဟုတ်ပါဘူး။ ၎င်း၏အရွက်ကိုလည်း ဆေးဘက်ဆိုင်ရာအခြေအနေ အမျိုးမျိုးအတွက် သဘာဝကုသမှုပစ္စည်းအဖြစ် အသုံးပြုခဲ့ပါတယ်။
♦️ပိုးစာပင်ကို အစားအစာ၊ စက္ကူ၊ ပိုးမွေးမြူခြင်းနှင့် ဆေးဝါးအတွက် ရှေးတရုတ်လူမျိုးများက အသုံးပြုခဲ့ကြသည်။ မူလ တရုတ်နိုင်ငံမှဖြစ်ပြီး ယခုအခါ ပိုးစာပင်ကို အမေရိကန်၊ ဥရောပ၊ အာရှနှင့် အာဖရိကအပါအဝင် ဒေသများစွာတွင် စိုက်ပျိုးလျက်ရှိသည်။ ပိုးစာရွက်ကို အစားအစာ၊ ဆေးဖက်ဝင်ပစ္စည်းနှင့် စက်မှုလုပ်ငန်းများမှာ အသုံးပြုကြပါတယ်။ ပိုးစာရွက်ကို အာရှနိုင်ငံများတွင် လူကြိုက်များသော ကျန်းမာရေးအဖျော်ယမကာဖြစ်သည့် ဖျော်ရည်များနှင့် ဆေးဖက်ဝင်ပစ္စည်းများပြုလုပ်ရန် အသုံးပြုလေ့ရှိကြသည်။ အရွက်နုများကို ပြုတ်ပြီး စားသုံးနိုင်ပါသည်။

👌👌ပိုးစာရွက်နှင့် အာဟာရတန်ဖိုး👌👌
♦️ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သတ္တုဓာတ်တွေ အများအပြား ပါဝင်တဲ့ ပိုးစာရွက်၏ ကျန်းမာရေးအကျိုးကျေးဇူးများမှာ ရေပန်းစားလာတဲ့အတွက် ယနေ့ခေတ်မှာ အထူးအသုံးပြုလာကြပါတယ်။
♦️ပိုးစာအရွက်တွေဟာ အာဟာရတန်ဖိုးမြင့်မားပါတယ်။ ဗီတာမင်စီ၊ ဇင့်၊ ကယ်လ်စီယမ်၊ သံ၊ ပိုတက်စီယမ်၊ ဖော့စဖရပ်နှင့် မဂ္ဂနီဆီယမ်တို့ကဲ့သို့ အစွမ်းထက်သော အပင်ဒြပ်ပေါင်းများစွာ ပါဝင်ပါတယ်။
♦️ပိုးစာရွက်မှာ မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝပါတယ်။ အာရုံကြောများ၊ ကြွက်သားများ ကောင်းမွန်စွာလုပ်ဆောင်နိုင်စေရန်၊ ပုံမှန်နှလုံးကို ထိန်းသိမ်းရန်အတွက် မဂ္ဂနီဆီယမ် လိုအပ်ပါတယ်။ အရိုးများကို သန်မာစေခြင်း၊ ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ပုံမှန်သွေးပေါင်ချိန်ကို ထိန်းသိမ်းပေးခြင်းကို အထောက်အကူပြုပါတယ်။
♦️ဒါ့အပြင် ပိုးစာရွက်မှာ ဗီတာမင် B2 လည်း ကြွယ်ဝပါတယ်။ ဗီတာမင် B2 ပါဝင်မှုဟာ သွေးနီဥများထုတ်လုပ်ခြင်း၊ မျိုးပွားခြင်းနှင့် ကြီးထွားမှုကို စီမံခြင်း၊ စွမ်းအင်ထုတ်လုပ်ခြင်း၊ သိုင်းရွိုက်ဂလင်းလုပ်ဆောင်ချက်ကို စီမံခန့်ခွဲခြင်း၊ ဝက်ခြံများကို ဖယ်ရှားပေးခြင်း၊ အာရုံကြောစနစ်ကို ကာကွယ်ပေးခြင်း၊ မျက်လုံးကျန်းမာရေး၊ သတ္တုဓာတ်စုပ်ယူခြင်း၊ အစာခြေလမ်းကြောင်းကို ကာကွယ်ပေးခြင်း၊ ကျန်းမာသောကိုယ်ဝန်ကို ထောက်ပံ့ပေးခြင်း စတဲ့လုပ်ငန်းတွေမှာ အရေးပါပါတယ်။

♦️ပိုးစာရွက်ဖျော်ရည်မှာ Antioxidants၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ အနာကျက်စေသော ဂုဏ်သတ္တိများပါရှိပါတယ်။ သွေးလည်ပတ်မှုအားကောင်းစေပြီး သွေးပေါင်ချိန်ကို လျော့ကျစေပြီး သွေးခဲခြင်းနှင့် လေဖြတ်ခြင်းအန္တရာယ်ကို လျှော့ချပေးတယ်။ ပိုးစာရွက်ဖျော်ရည်ဖြင့်လည်း သွေးအားနည်းရောဂါလက္ခဏာများကို ဖယ်ရှားနိုင်ပါတယ်။

👌👌ပိုးစာရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ👌👌
♦️သွေးတွင်းသကြားဓာတ်လျှော့ချ။ ပိုးစာရွက်သည် သွေးတွင်းသကြားဓာတ်၊ ကိုလက်စထရောနှင့် ရောင်ရမ်းမှုအဆင့်များကို လျှော့ချပေးပါတယ်။ ဤဂုဏ်ရည်များသည် နှလုံးရောဂါနှင့် ဆီးချိုရောဂါတို့ကို တိုက်ဖျက်ရာတွင် အသုံးဝင်စေနိုင်သည်။ ကိုလက်စထရောနှင့် သွေးပေါင်ချိန်ကို လျှော့ချပေးပါတယ်။ သွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးနိုင်သည်။
လေ့လာမှုတစ်ခုတွင် ကိုလက်စထရော မြင့်မားသော လူ ၂၃ ဦးအား ပိုးစာရွက် ဖြည့်စွက်စာ 280 မီလီဂရမ် တစ်နေ့ သုံးကြိမ် ပေးခဲ့တဲ့အခါ (၁၂) ပတ်အကြာမှာ ၎င်းတို့၏ LDL (မကောင်းတဲ့) ကိုလက်စထရောအဆင့်သည် 5.6% ကျဆင်းသွားခဲ့ပြီး HDL (ကောင်းသော) ကိုလက်စထရော 19.7% တိုးလာတာကို လေ့လာတွေ့ရှိရပါတယ်။
ပိုးစာရွက်သည် သွေးအားကောင်းစေသည်။
♦️နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေး။ တိရစ္ဆာန်လေ့လာမှုများအရ ပိုးစာရွက်သည် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်ပြီး ဆဲလ်များပျက်စီးခြင်းနှင့် သွေးတိုးခြင်းအဆင့်များကို လျှော့ချပေးနိုင်ကြောင်း ဖော်ပြသည်။ အချို့သော လေ့လာမှုများအရ ပိုးစာရွက်သည် ရောင်ရမ်းမှုနှင့် ဓာတ်တိုးမှုဖိစီးမှု (Oxidative stress) ကို တိုက်ဖျက်နိုင်သည်။ ယင်းနှစ်ခုစလုံးသည် နာတာရှည်ရောဂါများစွာနှင့် ဆက်စပ်နေပါသည်။
♦️အအေးမိခြင်းကို သက်သာစေ။ အအေးမိခြင်း၏ လက္ခဏာများကို သက်သာစေရန် Mulberry tea (ပိုးစာရွက်လဘက်ရည်) ကို အသုံးပြုပါတယ်။ ခေါင်းကိုက်၊ ချောင်းဆိုး၊ မျက်စိနာ၊ အဖျားနဲ့ လည်ချောင်းနာအတွက် ဆေးတစ်လက်ဖြစ်ပါတယ်။ ပိုးစာလက်ဖက်ရည်သောက်ခြင်းဖြင့် အအေးမိရောဂါလက္ခဏာများကို ပြောင်းပြန်လှန်နိုင်ပါတယ်။
♦️ဘက်တီးရီးယား ကြီးထွားမှုကို ဖယ်ရှားရန် ကူညီပေးသည်။
♦️မျက်လုံးကျန်းမာရေး။ ပိုးစာရွက်မှာပါတဲ့ flavonoids တွေက အသက်အရွယ်နဲ့ဆိုင်တဲ့ မျက်လုံးအခြေအနေအမျိုးမျိုးကို တားဆီးရာမှာ အထောက်အကူဖြစ်နိုင်ပါတယ်။ ဘယ်ရီသီးမှာပါတဲ့ ဗီတာမင် C က အတွင်းတိမ်ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ မျက်စိအမြင်ကို အားကောင်းစေပါတယ်။
♦️အသည်းကို အာဟာရဖြစ်စေရန် အသုံးပြုပါတယ်။ လေပွခြင်းကို သက်သာစေပြီး အပူအပုတ်ကင်းစင်စေရန်လည်း သုံးပါတယ်။ မူးဝေခြင်း၊ သွေးဝမ်းသွားခြင်းတို့ကို ကုသရာတွင်လည်း ကူညီပေးသည်၊ အသည်း၏လုပ်ဆောင်ချက်ကို ပံ့ပိုးပေးကာ၊ နုပျိုသောအသားအရေကို ထိန်းသိမ်းပေးပါတယ်။ ဝမ်းချုပ်ခြင်းကိုသက်သာစေပါတယ်။ စမ်းသပ်ပြွန်နှင့် တိရိစ္ဆာန်လေ့လာမှုများက ပိုးစာရွက်သည် အသည်းဆဲလ်များပျက်စီးခြင်းမှ ကာကွယ်နိုင်ပြီး အသည်းရောင်ရမ်းမှုကို လျှော့ချနိုင်ပါတယ်။
♦️ကင်ဆာဆန့်ကျင်အာနိသင်။ စမ်းသပ်ပြွန်လေ့လာမှုအများအပြားအရ ပိုးစာရွက်သည် လူ့အသည်းနှင့် သားအိမ်ခေါင်းကင်ဆာဆဲလ်များကို ဆန့်ကျင်သည့်ဂုဏ်သတ္တိရှိကြောင်း အားတက်ဖွယ်ရာ ရလာဒ်များကို တွေ့ရှိထားပါတယ်။
♦️ကိုယ်အလေးချိန်ကျခြင်း။ ကြွက်များတွင်လေ့လာမှုများက ပိုးစာရွက်များသည် အဆီလောင်ကျွမ်းမှုကို တိုးစေပြီး ကိုယ်အလေးချိန်ကျစေနိုင်ကြောင်း တွေ့ရှိထားပါတယ်။
♦️အရေပြားအရောင်ခြယ်မှုကို ပိုမိုကောင်းမွန်စေသည်။ အချို့စမ်းသပ်ပြွန်လေ့လာမှုများက ပိုးစာရွက်သည် အရေပြားအရောင်ရင့်ခြင်း (သို့) အနက်ရောင်အကွက်များကို တားဆီးနိုင်ပြီး အသားအရေအရောင်ကို သဘာဝအတိုင်း တောက်ပစေနိုင်ကြောင်းတွေ့ရှိထားပါတယ်။

👌👌DXN Komb-B သောက်သုံးဖျော်ရည် ဘာကြောင့်သောက်သင့်သလဲ?
♦️DXN ကုမ္ပဏီမှ ကျန်းမာရေးအတွက် အစွမ်းထက်သတ္တိတွေများစွာပါဝင်သည့် ပိုးစာရွက်နှင့် အချဉ်ဖောက်ထားသောလက်ဖက်ခြောက်တို့ကို ရောစပ်ထုတ်လုပ်ထားပါတယ်။ ပိုးစာရွက်အရသာတွဲဖက်ထားသော ချိုချဉ်အရသာလေးသည် လန်းဆန်းသော ထိတွေ့မှုကိုပေးစွမ်းနိုင်ပါတယ်။
♦️အခုလို ရာသီဥတုအရမ်းပူနေတဲ့အချိန်မှာ ကျန်းမာရေးချို့တဲ့သူမဆိုထားနဲ့ သာမာန်လူကောင်းတစ်ယောက်ပင်လျှင် ပိုးစာရွက်အင်ဇိုင်းသောက်သုံးရည်ကို သောက်သင့်ပါတယ်။
♦️ အပူလွန်ကဲခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကတော့ အများကြီးပါ။ သိသာထင်ရှားတာကတော့ အပူလွန်ပြီး ခန္ဓာကိုယ်မှာ အဖုအပိမ့်တွေပေါက်မယ်။ ဝမ်းလျှော၊ ဝမ်းချုပ် ၊ ဗိုက်အောင့် စတဲ့ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ။ သွားဖုံးတွေရောင်ခြင်း၊ ချွေးအလွန်ထွက်ခြင်း စတဲ့ ပြဿနာတွေကို ပိုးစာရွက်အင်ဇိုင်း ဖျော်ရည်လေးက အကောင်းဆုံး ကာကွယ်ပေးပါလိမ့်မယ်။
♦️သင့်ကျန်းမာရေးအတွက် အလွယ်တကူသောက်သုံးနိုင်ပြီး ပြီးပြည့်စုံသော ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

Sources: (1) dxn2u.com, (2) vinmec.com, (3) healthline.com, (4) researchgate.net

Photos from DXN Super Functional Foods's post 29/01/2024

With every sip, the universe aligns,
A morning ritual, where serenity shines.
In the symphony of dawn, a simple delight,
A cup of coffee, a morning so bright.

လှပတဲ့နံနက်ခင်းမှာ လန်းဆန်းတဲ့ကော်ဖီလေးတစ်ခွက်
ကျေးဇူး DXN

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No (464) 11 Street/12 Quarter/south Okkalapa
Yangon
11091