Ruby Gandamar

Ruby Gandamar

Share

08/10/2023

ဘယ်ချိန်ပူတာအိုသွားမလဲ

ပူတာအိုမြို့လေးကို အလည်ပတ် သွားမယ်ဆိုရင်
အချိန် နဲ့ ရာသီကိုသေချာတွက်ချက်သွားဖို့အကြံပေးချင်ပါတယ်
နွေရာသီနဲ့မိုးရာသီ ကတော့လုံးဝရှောင်စေချင်ပါတယ်၊၊ အအေးပိုင်းမို့နွေရာသီသွားမယ်လို့စဉ်းစားရင် မှားမစိုးလို့ပါ။ တောင်ပေါ်မြို့ဆိုပေမဲ့ ပူတာအိုကတမြေပြန့်ဖြစ်နေလို့အရမ်းပူပါတယ်။
အကောင်းဆုံးရာသီကတော့မိုးအကုန် ဆောင်းအကူးလိုရာသီ ဆောင်းဦးပေါက် ဒါမှမဟုတ် ဆောင်းအကုန်ချိန်သွားတာအကောင်းဆုံးပါ
အင်တမိန်တို့လိုရာသီရွေးမမှားစေလို ကိုယ့်တွေ့😂😅
မိုးရာသီကိုမရွေးစေချင်ရတဲ့အကြောင်းကတော့ မိုးမရွာခင်ရင်တွေဆိုကချင်ပြည်နယ်က မဟားတရားပူပါတယ် ထိုင်ရမလိုထရမလိုဆိုတဲ့အပူမျိူး
ပြီးတော့မိုးများတဲ့ချိန်ဆိုနတ်ကျွန်းသွားလို့မရပါဘူး။နတ်ကျွန်းကမသွားမဖြစ်သွားသင့်တဲ့နေရာထဲပါလို့ပါအရမ်းလှပါတယ် လှေစီးရတာလဲအရမ်းပျော်ဖို့ကောင်းပါတယ်။

နောက်တခုကပူတာအိုသွားမယ်ဆို မြို့တွင်းတနေရာနဲ့တနေရာဝေးတာကြောင့်ကားပါမှပိုအဆင်ပြေမှာပါ မြစ်ကြီးနားကနေကားစင်းလုံးငှါးပြီးတခါတည်းသွားတာမျိူးဆိုလမ်းမှာနားလိုက်ဆွန်ပရာဘွန်မှာတထောက်နားပြီးခရီးဆက်လို့ရပါတယ် အဖွဲ့လိုက်ခရီးသွားရင်တော့
ပိုလဲပျော်ရသလို ဘတ်ဂျက်အရလဲပိုကိုက်ပါတယ်။
အက်တမိန်တို့ကတော့ အိုးခွက်အကုန်ယူပြီးလမ်းမှာချက်စားပါတယ် တောစျေးရွာစျေးတွေမှာလတ်လတ်ဆတ်ဆတ်ဝယ်ပြီးချက်စားအရမ်းကောင်း။
ခုဆိုcamping တွေခေတ်စားနေတော့ ပစ္စည်းတွေကဝယ်ရလွယ်ပါတယ်။ ဒါမဲ့အက်တမိန်တို့ကတော့မီယမ်မာစတိုင် တွေ့တာဆွဲပဲယူသွားပါတယ်
ဂတ်စ်မီးဖိုအသေးယူသွားပါတယ်
အရမ်းပူတဲ့ချိန်တော့ ဂတ်စ်အိုးလေးတွေနဲ့ ဂတ်စ်ပါတဲ့အချိူရည်တွေကားထဲမထားဖို့တော့ အကြံပေးပါရစေ။
ဖန်စီဆန်ဆန်တွေတွက်ပိုက်ဆံအကုန်မခံလိုက်ပါဘူး အစားထဲပဲထည့်လိုက်ပါတယ် 😂

ပူတာအိုကတည်းစရာတော်တော်များများကအဲကွန်းမရှိပါဘူး
စျေးလေးတွေလဲတော်တော်သက်သာပါတယ်
သာမာန်တည်းခိုခန်းလေးတွေက ၅၀၀၀ ကနေစရှိပါတယ် အေးတဲ့ချိန်ဆိုမိသားစုလိုက်တည်းရင်အရမ်းပျော်ပြီးနွေးနွေးထွေးထွေးအိပ်ရတာပေါ့နော်။
ဟိုတယ်တွေကတော့ သုံးသောင်းကနေသိန်းကျော်ထိရှိပါတယ်။
မလိခlounge ကတော့ ဓာတ်ပုံလှလှရိုက်ချင်တယ်ဆိုသွားသင့်ပါတယ်။ဝတ်စုံတွေကတစုံတသောင်းကျပါတယ် ငှါးတဲ့အစုံကိုတယောက်တလှည့်လဲဝတ်လို့မရပါဘူး။

အများကြီးတော့ပုံတွေဗီဒီယိုတွေမရိုက်ဖြစ်လိုက်ဘူးနေရာစုံကိုပြောတာပါအများကြီးဆိုတာ
ခွဲပြီးတင်ပေးပါမယ် သဘာဝအလှလေးတွေရိုက်မိသလောက်လေးတွေ ပရိုမကျတော့အရမ်းပရိုဆန်တဲ့ပုံတွေတော့မပါဘူးပေါ့နော်။

😘Ruby….

29/06/2022

မင်မင် အရောင်းလေးတွေ နားထားတာကြာပြီ ပေါ့နော်..ဆက်လက်ပြီးလဲ နားထားပါဦးမယ်ရှင့် အခြေနေတွေတည်ငြိမ်တော့မှ ပြန်လည်အရောင်းစပါမယ်ရှင့် စိတ်ဝင်တစား လာရောက်မေးမြန်းဝယ်ယူကြတဲ့ မိတ်ဆွေများ ကို ကျေးဇူးအများ​ကြီးတင်ပါတယ်...
အားလုံးကျန်းမာချမ်းသာကြပါစေ.....

Want your business to be the top-listed Food & Beverage Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


ကာယသုခ(3)လမ်းပေါက်တောဝ
Yangon