ZarLay Food Blog
26/09/2025
ပဲပြားချက်
ပဲပြား(၁)တွဲကိုအနေတော်လေးတုံးထားပါမယ်
ခရမ်းချဉ်သီး (၃)လုံးကိုသေးသေးလေးလှီးထားပါ၊ငြုပ်သီးစိမ်း(၅)တောင့် ထက်ခြမ်းခွဲထားပါ
ရှမ်းနံနံအနည်းငယ်
ကြက်သွန်ဖြူနီကိုထောင်းပါမယ်
ဆီပူလာရင်ထောင်းထားတာကိုဆီသတ်ပါမယ်
မွှေးလာရင်ခရမ်းချဉ်သီးထည့် နူးလာရင်ပဲပြားထည့် ပဲပြားကျက်အောင်ရေအနည်းငယ်ထည့်ပါမယ် အရသာအတွက်ဆားအနည်းငယ်ထည့်ပါတယ်
အချိုမှုန့်ကတော့မစားလို့မထည့်ပါဘူးရှင်
ချခါနီးနံနံပင်ငြုပ်သီးစိမ်းအုပ်လိုက်ရင်
စားကောင်းတဲ့ပဲပြားဟင်းလေးရပါပြီရှင်😁😁🥰
#မြန်မာဟင်း
#အိမ်ချက်လက်ရာ
26/09/2025
ကြက်သားအာလူးဟင်း
ဂေါ်ရခါးသီးကြက်ဥမွှေချက်
မြိန်မှမြိန်😋😋😋😋
24/09/2025
သမီးလေးအရမ်းကြိုက်တဲ့😋😋😋
ထောပတ်သီး၊ငှက်ပျောသီး၊ကြက်ဥ၊Oat ပန်ကိတ်ကြော်လေး
အကုန်လုံးကို blender နဲ့ရောကြိတ်ပြီးဒယ်နီလေးနဲ့ပဲကြော်ထားတာပါရှင်
တစ်ထိုင်ထဲနဲ့အကုန်ပြောင်တာပဲ
#အဟာရပြည့်
#ကလေးဖြည့်စွက်စာ
Click here to claim your Sponsored Listing.
Contact the restaurant
Telephone
Address
Middle Baho Road
Yangon
11062