Burma Productions
ဘယ်လောက်ဝေးဝေး ရောက်နေပါစေ... ရန်ကုန်ကတော့ အရင်အတိုင်း စောင့်နေမှာပါ 📮✨
တစ်ခါတလေကျရင် ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ လမ်းမတွေ၊ မြင်နေကျ အဆောက်အဦးဟောင်းတွေနဲ့ ရန်ကုန်ရဲ့ ညနေခင်း လေအေးအေးလေးတွေကို အကြောင်းပြချက်မရှိဘဲ လွမ်းတတ်ကြတယ် မဟုတ်လား?
အထူးသဖြင့် ရန်ကုန်နဲ့ အဝေးတစ်နေရာမှာ ရောက်နေတဲ့သူတွေ၊ မြို့ကလေးရဲ့ အလှကို တမ်းတနေတဲ့သူတွေအတွက် Burma Productions ကနေ သေးငယ်ပေမဲ့ အဓိပ္ပာယ်ရှိတဲ့ လက်ဆောင်လေးတစ်ခုကို ဖန်တီးပေးဖြစ်ခဲ့ပါတယ်။
ဒီနေ့မှာတော့ ရန်ကုန်ရဲ့ အထင်ကရ ဝန်ကြီးများရုံးထဲက လှပတဲ့ အခိုက်အတန့်တွေကို ဓာတ်ပုံရိုက်၊ အဲ့ဒီပုံရိပ်တွေကိုမှ တစ်ချက်ချင်း စိတ်ရှည်လက်ရှည်နဲ့ Postcard လေးအဖြစ် ပြန်လည်အသက်သွင်းခဲ့တဲ့ Process လေးကို မျှဝေပေးချင်ပါတယ်။
အဝေးရောက်နေပေမဲ့ ရန်ကုန်ရဲ့ အလှတရားကတော့ သင့်နှလုံးသားနဲ့ တစ်ထပ်တည်းရှိနေမှာပါ။
ရန်ကုန်ကို ချစ်တဲ့သူတွေ၊ ရန်ကုန်ကို လွမ်းနေတဲ့သူတွေအတွက် ရည်ရွယ်ပြီး ဖန်တီးထားတဲ့ ဒီ Video လေးကို အခုပဲ အတူတူ ခံစားကြည့်လိုက်ရအောင်။
ဒီ Postcard လေးကို မြင်လိုက်ရတဲ့အခါ သင့်ရင်ထဲမှာ ဘယ်လိုနေရာမျိုးတွေကို သတိရသွားမိလဲ? Comment မှာ ပြောပြခဲ့ပါဦးနော်။
သင်ကိုယ်တိုင် ရန်ကုန်ရဲ့အဝေးတစ်နေရာမှာ ရောက်နေတယ်ဆိုရင် ဒီ Video လေးကို အမှတ်တရ အနေနဲ့ Save ထားနိုင်ပြီး…
သင်ချစ်ရသူတစ်ယောက်က ရန်ကုန်နဲ့ အဝေးတစ်နေရာမှာရှိနေတယ်ဆိုရင်တော့ ဒီ Video လေးကို Share ပေးပြီး သတိရကြောင်း စာလေးပါးလိုက်ပါဦးနော်။ 💌
Click here to claim your Sponsored Listing.
Category
Contact the business
Address
Yangon
11191