Hanuman Foot Patch Yangon
24/10/2025
ကျောက်ကပ်မှာ တစ်ခုခုဖြစ်နေပြီဆိုရင် သိနိုင်တဲ့
လက္ခဏာ (၉) မျိုး
===================
ကျောက်ကပ်ရောဂါဟာ ထူးခြားတဲ့ရောဂါ လက္ခဏာမပြတဲ့အတွက် ရောဂါကျွမ်းတဲ့ အခြေအနေရောက်မှသာ သိကြတာမို့ ကျောက်ကပ်ရောဂါနဲ့ပတ်သက်ပြီး သတိထားမိအောင် ဖော်ပြပေးလိုက်ပါတယ်။
၁. အချိန်တိုင်းလိုလိုမောပန်းနေခြင်း
ကျောက်ကပ်မကောင်းဘူးဆိုတာနဲ့ ခန္ဓာကိုယ်တွင်းမှာ အဆိပ် အတောက်တွေ များလာစေသလို သွေးမသန့်တော့တာကြောင့် မောပန်းပြီး လေးလံ ထိုင်းမှိုင်းလာတတ်ပါတယ်။
အာရုံစူးစိုက်နိုင်စွမ်း လျော့ကျလာကာ မူးဝေခြင်း၊ အားနည်းခြင်းတွေ ဖြစ်လာပြီဆို ရင် သတိထားဖို့လိုပါတယ်။
၂. ခံတွင်းပျက်ခြင်း
ကျောက်ကပ်ထဲမှာ အဆိပ်အတောက်တွေ များလာတဲ့အတွက် ခံတွင်းပျက် တာဖြစ်နိုင်သလို လျှာက ကောင်း ကောင်းအရသာ မခံနိုင်တဲ့အတွက် အလိုလို အစားနည်းပြီး ကိုယ်အလေးချိန်ပါ လျော့ကျစေပါတယ်။
၃. မျက်လုံးတစ်ဝိုက် မို့နေခြင်း
ကျောက်ကပ်ပျက်စီးနေတဲ့အခါ အဆိပ်အတောက်တွေ စစ်ထုတ် နိုင်စွမ်း လျော့နည်းလာတဲ့အတွက် ပြတဲ့လက္ခဏာ တစ်ခုလို့ဆို ရမှာပါ။
၄. အိပ်မပျော်ခြင်း
ကျောက်ကပ် လုပ်ငန်းစဉ်တွေ ပုံမှန်မဟုတ် တော့ရင် ဆီးကနေတစ်ဆင့် အဆိပ်အတောက်တွေ စွန့်ထုတ်ပစ် တဲ့အစား သွေးထဲကို အဆိပ်အတောက်ဝင်သွားတာကြောင့်ပါ။
၅. ဆီးနဲ့ပတ်သက်ပြီး ထူးခြားမှုများ ကြုံခြင်း
ဆီးမကြာခဏသွားချင်တာတို့၊ ဆီးအမြှုပ်ထတာတို့၊ သွေးပါလာတာတို့ဆို မပေါ့ဆသင့်ပါဘူး။
၆. ခြေဆစ်လက်ဆစ်များ ရောင်ရမ်းခြင်း
ဒီလက္ခဏာကတော့ ကျောက်ကပ်ရောဂါသာမက နှလုံးနဲ့အသည်း ရောဂါရှိနေရင်လည်း ပြတတ်ပါတယ်။
၇. အသားအရေခြောက်ပြီးယားယံခြင်း
ကျောက်ကပ်ပြဿနာရှိနေတဲ့အခါမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရနဲ့ သတ္တုဓာတ်တွေ မမျှတတော့ဘဲ ကိုယ်တွင်းအဆိပ်အတောက်တွေက အရေပြားဆီကို ရောက်သွားတဲ့အတွက်ပါ။
၈. မူးဝေအော့အန်ခြင်း
ကိုယ်တွင်း အဆိပ်အတောက်တွေကို အော့အန်ခြင်းဖြင့် ထုတ်ပစ်တတ်တဲ့အတွက် သတိပြုစရာအချက်ပါ။
၉. ဟီမိုဂလိုဘင်လျော့ကျခြင်း
ကျောက်ကပ်ပျက်စီးတဲ့အခါ လုံလောက်တဲ့ သွေးနီဥတွေထုတ်ပေး နိုင်ခြင်းမရှိတော့တဲ့အတွက် သွေး အားနည်းရောဂါ ဖြစ်လာစေပါတယ်။
(ကျန်းမာသောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။)
#မေတ္တာဖြင့်
Crd >>> အကျိုးရှိစေမဲ့စာစုများမှ
17/10/2025
✴️အဆစ်အမြစ်ကိုက်တတ်သူတွေ
✴️ခါးနာ၊ ဒူးနာ၊ ခန္ဓာကိုယ်ထိုင်းမှိုင်း လေးလံ ပေါ့ပါးမှုမရှိ သက်ကြီးပိုင်းအများစုကြုံရတဲ့ ဝေဒနာတွေအတွက်
✴️သုံးတိုင်းသိသာမယ့် ပစ္စည်းလေး လိုက်ရှာနေတယ်ဆို Aroma Massage Oilကို စမ်းသုံးကြည့်ဖို့ ညွှန်းမယ်နော်
မူးခြင်း၊ ခေါင်းကိုက်ခြင်းအတွက်စတဲ့ ဝေဒနာအားလုံးအတွက် ရှုဆေး /လိမ်းဆေး အနေနဲ့သုံးလို့ရပါတယ်ရှင့်❣❣❣
☎09797751544 or cb
13/10/2025
ဇက်ကြောတက်တတ်သူများအတွက် ငွေမကုန်ပဲပျောက်မယ့် အိမ်တွင်းနည်းလမ်း_၅_နည်း ‼️
====================================================================
စစ်တမ်းများအရ လူတွေရဲ့၁၀ရာခိုင်နှုန်းမှာ ဇက်ကြောတက်ခြင်းဖြစ်ပေါ်နေတတ်ပြီး ၆၅ရာခိုင်နှုန်းကျော်လောက်က ဘဝမှာတစ်ခါတော့ခံစားဖူးကြတယ်လို့ဆိုပါတယ်။ဇက်ကြောတက်ခြင်းဖြစ်စေသော အခြေခံအကြောင်းရင်းတွေကတော့ လေ့ကျင့်ခန်းအလုပ်များခြင်း၊အိပ်စက်ပုံ ထိုင်ပုံ မမှန်ခြင်း၊ပုံစံတစ်ခုတည်းတွင်အထိုင်များခြင်း၊စိတ်ဖိစီးမှုများခြင်းတို့ ဖြစ်ပါတယ်။ဇက်ကြောတက်ခြင်းကိုသက်သာစေမယ့် အိမ်တွင်းနည်းလမ်းများကတော့ –
(၁)ရေခဲကပ်ခြင်း(လတ်တလောနာကျင်ခြင်းအတွက်)
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
ရေခဲအိတ်ကို ဇက်ကြောပေါ်တွင် ၂၅မိနစ်ခန့်ကပ်ပေးပါ။လောလောလတ်လတ်နာကျင်ခြင်းကိုသက်သာစေတဲ့အပြင် သွေးကြောတွေကိုကျဉ်းစေတဲ့အတွက် အယောင်ကျစေပါတယ်။ဒါပေမယ့် ရေခဲကို တိုက်ရိုက်မကပ်ပဲ အိတ်တစ်ခုထဲထည့်ပြိးမှ ကပ်ဖို့မမေ့ပါနဲ့။
(၂)အပူကပ်ပါ (နာတာရှည်နာကျင်ခြင်းအတွက်)
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
ဆန် သို့ ဂျုံကို အိတ်အသေးထဲတွင်ထည့်ပြီးအပူပေးပါ။ရေနွေးအိတ်ကိုလဲသုံးနိုင်ပါတယ်။ထိုအိတ်ကိုဇက်ပေါ်သို့ ၁၅မိနစ်ကပ်ပေးပါ။မနက်အိပ်ရာထနဲ့ လေ့ကျင့်ခန်းမပြုလုပ်ခင်ကပ်ပေးပါက ပိုထိရောက်ပါတယ်။ရေနွေးနဲ့ရေချိူးခြင်းကိုလဲ ပြုလုပ်နိုင်ပါတယ်။ရေချိူးတဲ့အခါ ဆားခါးထည့်ချိူးပါ။ဆားခါးတွင်ပါသော မက်နီဆီယမ်က ကြွက်သားတွေကို ပြေလျော့စေပါတယ်။
(၃)ဗီတာမင် ဘီ၁၂ပါသောအစာများစားပါ
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
သင့်အာရုံကြောတွေကို ကာကွယ်ထားသော အလွှာကိုအားကောင်းစေပြီး နာကျင်ခြင်းကိုသက်သာစေပါတယ်
(၄)နနွင်းစားပါ
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
ဟင်းထဲ နနွင်းထည့်ချက်ခြင်း၊ ရေနွေးထဲနနွင်းနဲ့ပျားရည်ခပ်သောက်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
(၅)လည်ပင်းလေ့ကျင့်ခန်း
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
ဇက်ကြောနာကျင်ခြင်းကိုသက်သာစေတဲ့အပြင် လည်ပင်းကြွက်သားများကိုသန်မာစေပါတယ်လည်ပင်းကိုစက်ဝိုင်းပုံလှည့်ပါ။၃ကြိမ်ပြုလုပ်ပါ။လည်ပင်းကို ဘယ်ဘက်သို့တတ်န်ုင်သမျှလှည့်ပါ။ထို့နောက်ညာဘက်ကိုလှည့်ပါ။၃ကြိမ်စီပြုလုပ်ပါလည်ပင်းကို အပေါ် အောက် ၃ကြိမ်စီ လှည့်ပါ။
11/10/2025
🍃 ပူစီနံအစွမ်း အံံ့မခမ်း 🍃
😴😴ပူစီနံအရည်ကို သောက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်း ကျစေပါတယ်။
အိန္ဒိယ အစားအစာတွေထဲမှာရော အတို့အမြုပ် အနေနဲ့ပါ စားနိုင်တဲ့ ပူစီနံ စားရုံနဲ့ လေ့ကျင့်ခန်းတွေ ထူးထူး ထွေထွေ သိပ်လုပ်စရာ မလိုပဲ ကိုယ်အလေးချိန် ကောင်းကောင်း လျော့ချနိုင်ပါတယ်။
👉👉 ပူစီနံက သင့်ကို ဘယ်လို ကျန်းမာရေး ကောင်းကျိုးတွေ ဖြစ်စေပါသလဲ။
(၁) အစာခြေစနစ်ကို အထောက်အကူပြုတယ်။ အစာကြေစေတယ်
👉 ခံတွင်းကိုလည်း ရှင်းစေတယ်၊ အစာကိုလည်း ကြေစေတယ်၊ အစာမာ စားတာ များရင်၊ ဒါမှမဟုတ် အစာမကြေ ဖြစ်နေရင် ပူစီနံရွက် နည်းနည်းလောက် စားပေးရုံနဲ့ အစာကြေ အဆင်ပြေစေပါလိမ့်မယ်။
(၂) အာရုံကြော အားကောင်းစေပြီးမအီမသာဖြစ်ခြင်းနဲ့ခေါင်းကိုက်ခြင်းကိုလည်း သက်သာပျောက်ကင်းစေတယ်။
👉 ပူစီနံကို ပုံမှန် စားသုံးပေးခြင်းက အာရုံကြော အားကောင်းစေတာတွေ့ရသလို မအီမသာဖြစ်ပြီး ခေါင်းကိုက်နေချိန်မှာလည်း စားသုံးပေးမယ် ဆိုရင် ပူစီနံရဲ့ အနံ့ကြောင့် ခေါင်းကိုက်ပျေက်ကင်းစေတာ တွေ့ရပါတယ်။
(၃) ချွဲကျစေတယ်၊ ချောင်းဆိုးပျောက်စေတယ်
👉 ချောင်းဆိုးပျောက်ဆေး အများစုမှာ ပူစီနံရဲ့ဓာတ်ကို ထည့်သွင်း ထုတ်လုပ်ထားတာ တွေ့နိုင်သလို အနည်းငယ် ပူရှိန်တဲ့ ဓာတ်ကြောင့် ချွဲကျစေသလို ချောင်းဆိုးလည်း ပျောက်ကင်းစေတာ တွေ့ရပါတယ်။
(၄)အသက်ရှုလမ်းကြောင်းနဲ့ဆိုင်သောရောဂါနဲ့ ပန်းနာရင်ကျပ်ကို သက်သာစေနိုင်တယ်
👉 အများဆုံးသော ပန်းနာရင်ကျပ် သမားတွေရဲ့ လက်စွဲတော် အစားအစာလည်းဖြစ်၊ အကောင်းဆုံး စားသုံးသင့်တဲ့ အရွက်က ပူစီနံပါ၊ လည်ချောင်းရှင်းပြီး အသက်ရှုလမ်းကြောင်း ကောင်းမွန်စေတာ တွေ့ရပါတယ်။
(၅) မိခင်များ နို့ထွက်ကောင်းစေတယ်
👉 နို့တိုက်မိခင်တွေ နို့ထွက်ကောင်းစေချင်တယ် ဆိုရင်လည်း ပူစီနံ အနည်းငယ် ပုံမှန် စားသုံးပေးသင့်ပါတယ်။ နို့ထွက်အားကောင်းလာစေနိုင်ပါတယ်။
(၆) အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တယ်
👉 ပူစီနံရွက်ထဲမှာ ပါရှိတဲ့ ပူရှိန်တဲ့ ဓာတ်ဟာ သွေးထဲက အဆီခဲတွေကို ဖယ်ရှားပေးနိုင်ပြီး အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။
(၇) အသားရေစိုပြေစေတယ်
👉 အရွက်ကို ပုံမှန် စားသုံးပေးခြင်းက အရေပြားကို စိုစွတ် အေးမြစေတယ်၊ စိုပြေစေတယ်၊ နေပူဒဏ် ခံနိုင်စေတယ်၊ ပူစီနံနဲ့ ဖော်စပ်ထားတဲ့ အရေပြား လိမ်းဆေးတွေအရေပြား ကူးစက်ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။
(၈) မှတ်ဥာဏ်ကိုလည်း ပိုမိုကောင်းမွန်စေပြီး သတိမေ့ခြင်းကို သက်သာစေနိုင်တယ်
💑- အသက်အရွယ်ကြီးမားလာခြင်း အတွက်ရော စိတ်ဖိစီးမှု များခြင်းကြောင့် သတိမေ့ခြင်းကို ပူစီနံက ကာကွယ်ပေးနိုင်တာ၊ သက်သာစေနိုင်တာ တွေ့ရပါတယ်။
(၉) ဝိတ်ကျစေဖို့အတွက်လည်းအထောက်အကူပြုတယ်။ ကိုယ်အလေးချိန် မှန်စေတယ်။
🐷 အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်သလို ကိုယ်အလေးချိန် များနေသူတွေ၊ အ၀လွန်နေသူတွေကိုလည်း သွေးထဲက အဆီတွေဖယ်ပေးနိုင်တာကြောင့် ကိုယ်အလေးချိန် မှန်ပြီး ပိန်စေနိုင်တာလည်း တွေ့ရပါတယ်။
(၁၀) ကင်ဆာရောဂါဖြစ်ခြင်းကိုလည်း ကာကွယ်ပေးတယ်။
🌞 အထိရောက်ဆုံး ကာကွယ်မှု ပေးနိုင်တာ မဟုတ်ပေမယ့် နောက်ဆုံး လေ့လာတွေ့ရှိချက်တွေ အရတော့ ကင်ဆာဖြစ်စေမယ့် ဆဲလ်တွေ ဖြစ်တည်မှုနဲ့ ကင်ဆာဆဲလ်တွေ သေစေနိုင်မှုကို ပူစီနံဓာတ်က ကူညီ တိုက်ဖျက်ပေးနိုင်တာ တွေ့ရပါတယ်။
(၁၁) စိတ်ဓာတ်ကျခြင်းနဲ့ပင်ပန်းနွမ်းလျမှုကိုလည်း တိုက်ထုတ်ပေးနိုင်ပြီး ဓာတ်မတည့်ခြင်းနဲ့ဖျားနာခြင်းကိုလည်း သက်သာစေတယ်။
photo,စာ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon