V-Techno
18/03/2022
𝐒𝐮𝐫𝐟𝐬𝐡𝐚𝐫𝐤 ရဲ့ 𝐁𝐲𝐩𝐚𝐬𝐬𝐞𝐫 ဆိုတာဘာလဲ?
𝐁𝐲𝐩𝐚𝐬𝐬𝐞𝐫 ဆိုတာက 𝐬𝐩𝐥𝐢𝐭 𝐭𝐮𝐧𝐧𝐞𝐥𝐢𝐧𝐠 လုပ်ပေးတာပါ အလွယ်နည်းနဲ့ ပြောရင် ဘယ်𝐚𝐩𝐩 တော့ 𝐕𝐏𝐍 နဲ့ သုံးမယ် ဘယ် 𝐚𝐩𝐩 ကိုတော့ 𝐛𝐲 𝐩𝐚𝐬𝐬 လုပ်ပြီးမသုံးဘူး။ အဲ့တော့ ဘယ်မှာ အသုံးဝင်လဲဆို တော့ 𝐛𝐚𝐧𝐤𝐢𝐧𝐠 𝐚𝐩𝐩 တွေကိုသုံးတဲ့အချိန်မှာ ထဲထဲဝင်င် သုံးလို့ရပါတယ် တချို့သော 𝐛𝐚𝐧𝐤𝐢𝐧𝐠 𝐚𝐩𝐩 တွေက 𝐕𝐏𝐍 နဲ့ဆို ဝင်လို့မရပါဘူး အဲ့တော့ 𝐬𝐮𝐫𝐟𝐬𝐡𝐚𝐫𝐤ရဲ့ 𝐁𝐲𝐩𝐚𝐬𝐬𝐞𝐫 လေးသုံးရင် အိုကေ ဆိုပြေပါပြီ ချစ်သော ကာကာတို့ရေ 😜
👉iPhone မှာမလိုအပ်ပဲအင်တာနက် data ကုန်ကျမှု
ကိုဘယ်လိုလျှော့ချမလည်း
( 1 ) Compress your text message attachment
iOS 10 မှာပါတဲ့ Settings >>> Messages >>> Low-Quality Image Mode ကို on ပြီးသုံးပါ SMS & iMessage နဲ့တွဲပို့တဲ့ video & photo တွေရဲ့ file sizes တွေကိုလျှော့ချပေးပါလိမ့်မယ် လက်ခံတဲ့သူကတော့ အရမ်းကြီးကြည်လင်ပြတ်သားအောင်မြင်ရမှာမဟုတ်ပေမယ့် သင့်ရဲ့လစဉ် data သုံးစွဲမှုကိုတော့ချွေတာနိုင်ပါတယ်
( 2 ) Don't let app updates download
automatically on cellular
Settings >>> iTunes & App Stores >>> Use Cellular Data ကိုပိတ်ထားပါ အဲတာကို enable လုပ်ထားမယ်ဆိုရင် background မှာ app တွေကို auto-update လုပ်နေပါလိမ့်မယ် wifi ရတဲ့အခါမှာဖြစ်ဖြစ် ကိုယ် update လုပ်ချင်တဲ့ app ကိုပဲဖြစ်ဖြစ် update လုပ်သင့်ပါတယ်
( 3 ) Keep data-guzzling apps from
accessing cellular data
Settings >>> Cellular မှာ data မသုံးချင်တဲ့ app ကိုပိတ်ထားပါ ( app တစ်ခုချင်းဆီမှာဘယ်လောက်သုံးတယ်ဆိုတာကြည့်နိုင်ပါတယ် )
( 4 ) Don't let videos auto-play in your social
networking apps
Facebook, Instagram, Twitter တွေမှာ videos auto-play ကိုပိတ်ထားပါ ( တစ်ခုချင်းမပြောတော့ပါဘူး )
( 5 ) Limit cellular usage in your music
streaming apps
Settings >>> Music >>> Cellular data မှာ Streaming နဲ့ Downloads ကိုပိတ်ထားပေးပါ ( မြန်မာပြည်မှာတော့သုံးမယ်မထင်ပါဘူး )
( 6 ) Turn off Wi-Fi Assist
Settings >>> Cellular >>> Wi-Fi Assist ကိုပိတ်ထားပါ ဒီ feature က ကိုယ် wifi ကိုသုံးနေတဲ့အချိန်လိုင်းမကောင်းရင် data ကိုအလိုအလျောက်ပြောင်းပေးတာပါ ( ဥပမာ - wifi နဲ့ဇာတ်ကားတစ်ကားဒေါင်းနေတယ်ဆိုပါစို့ လိုင်းမကောင်းရင်ဖြစ်ဖြစ် လိုင်းကျသွားရင်ဖြစ်ဖြစ် data ကိုပြောင်းပြီးဆက်ဒေါင်းပါလိမ့်မယ် ကိုယ်က wifi နဲ့ဒေါင်းနေတယ်ဆိုပြီးအေးဆေးထားရင်ကုန်ပြီ )
( 7 ) Don't let iCloud Drive anywhere your data
iCloud Drive ( app ရဲ့ documents & data တွေကို iCloud မှာသိမ်းဆည်းခြင်း ) မှာ Use Cellular Data ကိုပိတ်ထားပါ Settings >>> iCloud >>> iCloud Drive
( 8 ) Disable Push for the Mail app
Settings >>> Mail >>> Accounts >>> Fetch New Data မှာ Push ကိုပိတ်ထားပါ
( 9 ) Limit Background App Refresh for your
apps
Background App Refresh ကို on ထားမယ်ဆိုရင် မလိုအပ်ပဲ app ရဲ့ data တွေ up to date ဖြစ်ဖို့ Cellular data ကိုသုံးနေပါလိမ့်မယ် Settings >>> General >>> Background App Refresh ကိုပိတ်ထားပါ
( 10 ) Keep Wifi turned on
Wifi ကို on ထားမယ်ဆိုရင် battery အားကိုထိခိုက်ကောင်းထိခိုက်နိုင်ပေမယ့် available network ရှိတဲ့အခါအလိုလျောက်ချိတ်ဆက်ပေးမှာဖြစ်လို့ data ကိုလျှော့ချနိုင်ပါတယ်
( 11 ) Turn off Personal Hotspot
Settings >>> Personal Hotspot ကို on မထားပါနဲ့
( ကိုယ်တိုင် wifi ရှယ်ပေးချင်ရင်တစ်မျိုးပေါ့ )
( 12 ) Turn off Cellular Data
Cellular data ကိုပိတ်ထားပါ ( နောက်တယ်လို့မထင်ပါနဲ့ 😜 ) ကားမောင်းနေတဲ့အခါ အလုပ်ထဲမှာရောက်နေတဲ့အခါ date နေတဲ့အခါတွေမှာ အင်တာနက်သုံးဖို့မလိုအပ်ဘူးသေချာနေရင်ပိတ်ထားပါ
တစ်ခုထပ်ပြီး အကြံပေးချင်တာက public wifi တွေကိုသုံးတဲ့အခါ ကိုယ့် data တွေရဲ့လုံခြုံရေးကိုစိုးရိမ်ရပါတယ် ( ဥပမာ - fb acc & pw ) အဲတာကြောင့် public wifi တွေကိုသုံးမယ်ဆိုရင် VPN app တစ်ခုခုခံပြီးသုံးသင့်ပါတယ် အားလုံးမဟုတ်တောင်ကိုယ့်အတွက်အသုံးတဲ့မယ်ထင်တဲ့အချက်လေးတွေစမ်းသုံးကြည့်ကြပါ✌️
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
535 Thura 3 Street South Okkalapa
Yangon
11091