Digital Native Marketing Agency

Digital Native Marketing Agency

Share

29/09/2023

အားလုံးစောင့်မျှော်နေကြတဲ့ Online Shopping လုပ်ငန်း မှတ်ပုံတင် စနစ်မိတ်ဆက်ရှင်းလင်းပွဲ
-----------------------------------------------------------------
အွန်လိုင်းစနစ်ဖြင့်ရောင်းချသူများ(Online Sales)မှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်းနှင့် eComReg System စနစ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် တက်ရောက်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။
-----------------------------------------------------------------

အမှတ်(၅၁/၂၀၂၃)အရ အွန်လိုင်းစနစ်ဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုရောင်းချသူများအားလုံးသည် မှတ်ပုံတင်လက်မှတ်လျှောက်ထား ရန် အကျုံးဝင်ပြီး မှတ်ပုံတင်လက်မှတ်လျှောက်ထားလိုသူသည် ရုံး၊ ဌာနများသို့ လူကိုယ်တိုင် လာရောက် ဆောင်ရွက်ရန်မလိုအပ်ဘဲ www.ecomreg.gov.mm မှတစ်ဆင့် အွန်လိုင်းစနစ်ဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ စတင်၍ လျှောက်ထား ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း သိရရှိသည်။

မှတ်ပုံတင်ခြင်းကို မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်နဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာလကုန်အထိ ခွင့်ပြုထားပြီး အဲ့ဒီကာလကျော်ပါက မှတ်ပုံမတင်ပဲ အွန်လိုင်းကနေ ဈေးရောင်းသူတွေကို ဥပဒေအရအရေးယူမှာဖြစ်တယ်လို့ သိရပါတယ် ။

Online Registration ပြုလုပ်ဖို့အတွက်
-လုပ်ငန်း နာမည်
-Logo
-ရပ်ကွက်ထောက်ခံစာ
-ရဲစခန်းထောက်ခံစာ

များ လိုအပ်ပြီး မှတ်ပုံတင်ကြေးကင်းလွတ်ခွင့်ပြုထားတာကြောင့် Online Application Form ကြေး ၄၀၀၀ ကျပ်သာ ကျသင့်မှာဖြစ်တယ်လို့သိရပါတယ်။

ဒါ့ကြောင့်စည်ပင်လိုင်စင် နဲ့ အခြားအခွန်တွေ ပေးဆောင်ထားသူတွေလည်း အွန်လိုင်းကနေ ဈေးရောင်းချမယ်ဆိုရင် မှတ်ပုံတင်ဖို့ လိုအပ်တယ်လို့သိရပါတယ်။

မှတ်ပုံတင်ထုတ်ပေးပြီးနောက် တားမြစ်၊ ကန့်သတ် သို့မဟုတ် ဥပဒေနဲ့ ငြိစွန်းသော၊ အများပြည်သူရဲ့ လုံခြုံမှုကို ထိခိုက်စေနိုင်သော၊ ဘေးအန္တရာယ်ကင်းရှင်းမှု သို့မဟုတ် လုံခြုံစိတ်ချရမှုမရှိကြောင်း ယူဆရသော၊ ရိုးရှင်းမှန်ကန်တဲ့ သတင်းအချက်အလက်နဲ့ အာမခံမရှိကြောင်း ယူဆနိုင်တဲ့၊ ခွင်မပြု/တားမြစ်ထားသော စတဲ့ ကုန်စည်တွေ ရောင်းချခဲ့ရင် မှတ်ပုံတင်ပြန်လည်သိမ်းမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတော့ အွန်လိုင်းရှော့ပင်းလုပ်ငန်းတွေကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ) အရ သတ်မှတ်ထားပါတယ်။
ဒါ့ကြောင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ၅ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် အနည်းဆုံးထောင်ဒဏ် ၆ လကနေ အများဆုံး ထောင်ဒဏ် ၃နှစ်အထိ ချမှတ်နိုင်တဲ့အပြင် ငါးသိန်းထက်မပိုတဲ့ ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဥပဒေပြဌာန်းချက် အရ သိရပါတယ်။

Credit




#မှတ်ပုံတင်လက်မှတ်

Photos from Digital Native Marketing Agency's post 31/08/2023

Others - Precise Tech Zone Page Boost Service & Digital Native Marketing Agency
က Founder က ယုံကြည်ရလား?

Me - ငွေလွှဲ မှားပြီး ဝင်လာရင်တောင် လွှဲထားမိတဲ့သူက လာမေး/မမေးတော့ မသိ ၊ ကိုယ်တိုင်က ငွေမှားလွှဲသူ acc ကို လိုက်ရှာပြီး တကူးတကနဲ့ကို ငွေသွားပြန်လွှဲပေးတယ်...
....................................................................

ကတိတည်ပြီး မှန်ကန်မှုနဲ့သာ အလုပ်လုပ်တတ်တာက ကျွန်တော့်ရဲ့ အားသာချက်ပါ ၊ မည်သည့်လုပ်ငန်းအမျိုးစားမဆို boosting (media buying) နှင့် social media content & design package များကို အကန့်သတ်မရှိ ဝန်ဆောင်မှုပေးနေပြီမို့ စိတ်ချမ်းသာမှုအပြည့်ရချင်တယ်ဆို အခုပဲ Hi လိုက်တော့နော်

ဒါလေးက Founder ရဲ့ acc link ပါ 👇
https://www.facebook.com/popkisslyrics?mibextid=D4KYlr

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 922, PyinMaMyaing Street, 34 Ward, North Dagon
Yangon
11421