Medical Content Service by K

Medical Content Service by K

Share

13/11/2022

https://m.facebook.com/story.php?story_fbid=122761767281427&id=100086428127621

အမျိုးသားတို့ဘာကြောင့်ထိပ်ပြောင်လာရသလဲ?

အသက်ကြီးလာတာနဲ့အမျှ အမျိုးသားတွေမှာ ထိပ်ပြောင်လာတတ်ကြတာ သဘာဝပါဘဲ။

ဒီလိုထိပ်မပြောင်လာစေဖို့ ကြိုတင်ကာကွယ်လို့ရလားဆိုတာကိုလည်း အမျိုးသားအများစု သိလိုကြမယ်ထင်ပါတယ်။

ဒါကြောင့် ဒီနေ့မှာ အမျိုးသားတို့ ထိပ်ပြောင်လာရတဲ့ အကြောင်းအရင်းနဲ့တကွ ကာကွယ်ကုသလို့ရမယ့် နည်းလမ်းတွေကို ဖော်ပြပေးသွားပါမယ်။

▪︎ဘာကြောင့်ထိပ်ပြောင်လာရသလဲ?

ထိပ်ပြောင်လာတဲ့ အမျိုးသား ၉၅ ရာခိုင်နှုန်းလောက်က ဟော်မုန်းအပြောင်းအလဲ(DHT) နဲ့ မျိုးရိုးလိုက်ခြင်းတို့ကြောင့်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။ ဒါကို Androgenetic alopecia လို့ခေါ်ပါတယ်။

အသက်အရွယ်ရလာတာနဲ့အမျှ အမျိုးသားတွေမှာ Dihydrotestosterone(DHT) ဆိုတဲ့ ဟော်မုန်းတစ်မျိုးဟာ ပိုမိုထွက်ရှိလာလေ့ရှိပါတယ်။

ဒီဟော်မုန်းဟာ ဦးရေပြားပေါ်ရှိ ဆံပင်ပေါက်စေတဲ့ အိတ်ငယ်လေးတွေကို ရှုံ့သွားစေနိုင်ပါတယ်။ ဒီလိုရှုံ့သွားရာမှ အချိန်ကြာလာတဲ့အခါ အိတ်ငယ်လေးတွေကနေ ဆံပင်အသစ်ထပ်မထွက်ရှိနိုင်တော့ဘဲ ထိပ်ပြောင်လာရတာဖြစ်ပါတယ်။

ဟော်မုန်းနဲ့မျိုးရိုးလိုက်တာအပြင် ထိပ်ပြောင်စေတဲ့ အခြားအကြောင်းအရင်းတွေကတော့-
• စိတ်ဖိစီးမှုပြင်းပြင်းထန်ထန်ခံစားရခြင်း
• ကိုယ့်ရဲ့ ခုခံအားဆဲလ်တွေက ဆံပင်ပေါက်စေတဲ့ အိတ်ငယ်လေးတွေကို မှားယွင်းတိုက်ခိုက်ခြင်း
• ပရိုတင်း၊ သံဓါတ်နဲ့ ဗီတာမင် D တို့ချို့တဲ့နေခြင်း စတာတွေဖြစ်ပါတယ်။

စွဲသောက်နေတဲ့ဆေးတွေရှိရင်လည်း တဖြည်းဖြည်းထိပ်ပြောင်လာစေနိုင်ပါတယ်။ ဘာဆေးတွေလဲဆိုရင်တော့-
• ကင်ဆာရောဂါကုသဆေးများ
• သွေးပေါင်ကျဆေးများ
• statin နဲ့ဆုံးတဲ့ သွေးတွင်းအဆီကျဆေး
• Heparin, warfarin ကဲ့သို့သော သွေးကြဲဆေးများ
• Isotretinoin ခေါ် ဝက်ခြံပျောက်ဆေး၊ voriconazole ကဲ့သို့သော မှိုသတ်ဆေးများ
• စိတ်ကျရောဂါကုသဆေးများ
စတာတွေကို မဖြစ်မနေစွဲသောက်ရတဲ့အခါမျိုးမှာလည်း ဆံပင်ကျဲလာပြီး ထိပ်ပြောင်လာစေနိုင်ပါတယ်။

▪︎ထိပ်ပြောင်ခြင်းသက်သာလာအောင် ကုသလို့ရလား?

ထိပ်ပြောင်ဆေးကို ကုသဖို့အတွက် finasteride နဲ့ minoxidil ဆိုတဲ့ ဆေး ၂မျိုးကို အသုံးများကြပါတယ်။
Finasteride ဟာ သောက်ဆေးဖြစ်ပြီး ဆိုးကျိုးတွေရှိစေနိုင်တာကြောင့် ဆရာဝန်ညွှန်ကြားချက်ရှိမှသာ ဝယ်ယူသောက်သုံးသင့်ပါတယ်။
Minoxidil ကတော့ ဦးရေပြားလိမ်းဆေးတစ်မျိုးဖြစ်ပါတယ်။
ဒီဆေးတွေနဲ့ကုသမယ်ဆိုရင် ဆံပင်ပြန်ပေါက်လာစေဖို့ အနည်းဆုံး ၆လခန့်အချိန်ယူရမှာဖြစ်ပါတယ်။

ဒါ့အပြင် ဆံပင်ပြန်ပေါက်စေဖို့ လေဆာပစ်တာ၊ ဆံပင်စိုက်တာမျိုးတွေလည်း ပြုလုပ်လေ့ရှိကြပါသေးတယ်။

▪︎ထိပ်မပြောင်စေဖို့ ကာကွယ်လို့ရလား?

ထိပ်ပြောင်ခြင်းဟာ မျိုးရိုးလိုက်ပြီးဖြစ်လေ့ရှိတာမို့ ကာကွယ်နိုင်ဖို့ ခဲယဥ်းပါတယ်။ သို့ပေမယ့် အချိန်မတိုင်ခင် ထိပ်မပြောင်လာစေဖို့ ကာကွယ်မယ်ဆိုရင်တော့-
• ဆေးလိပ်မသောက်ပါနဲ့။
• စိတ်ဖိစီးမှုတွေကို အတတ်နိုင်ဆုံးလျှော့ချနေထိုင်ပါ။
• ပရိုတင်း၊ သံဓါတ်နဲ့ ဗီတာမင်တွေ ကြွယ်ဝတဲ့ အစားအစာမျိုးတွေကို များများစားပေးပါ။
• ခေါင်းလျှော်စဥ်မှာ ဦးရေပြားကို နှိပ်နယ်ပေးပါ။

ထိပ်ပြောင်ခြင်းဟာ တစ်ချိန်ချိန်မှာ အမျိုးသားအများစုကြုံလာရနိုင်တဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ ဒါဟာ မျိုးရိုးကြောင့်ဘဲ အဖြစ်များလေ့ရှိတာမို့ စိတ်ပူစရာမလိုဘဲ ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက်သာ အထူးဂရုပြုပေးသင့်ပါတယ်နော်။

13/11/2022

https://www.facebook.com/100086428127621/posts/121944157363188

ခါးသွယ်​စေဖို့ဝတ်တဲ့ corset (​ခေါ်) waist trainer တွေရဲ့ မမြင်နိုင်တဲ့အန္တရာယ်

အ​နောက်နိုင်ငံ​တွေမှာဆိုရင် ဟိုးအရင်​ခေတ်ကတည်းက hourglass body shape ရ​စေဖို့အတွက် corset (​ခေါ်) waist trainer ​တွေကို ဝတ်ဆင်ခဲ့ကြပါတယ်။

အခု​ခေတ်မှာဆိုရင်လည်း အမျိုးသမီးတို့ဟာ ခါးသွယ်ပြီး လှပတဲ့ခန္ဓာကိုယ်လိုချင်ကြတဲ့အတွက် corset ​တွေကို ဝတ်ဆင်​လေ့ရှိကြပါတယ်။

တစ်ခါတရံအပြင်သွားလို့ fashion အ​နေနဲ့ ဝတ်ဆင်တာမျိုးက ပြဿနာမရှိတတ်​ပေမယ့် ခါးသွယ်​စေဖို့ အိမ်မှာ​နေရင်း အမြဲဝတ်ဆင်ထားမိပြီဆိုရင်​တော့ သတိမထားမိနိုင်တဲ့ ​နောက်ဆက်တွဲအန္တရာယ်​တွေပါ ဖြစ်​ပေါ်လာ​စေနိုင်ပါတယ်။

ဒီလို corset ​တွေ ဝတ်ဆင်ထားတဲ့အချိန်မှာလည်း ​နေရထိုင်ရခက်ခဲတာ၊ အသက်ရှုကြပ်​နေတာမျိုး​​တွေ၊ အစာ​ကောင်း​ကောင်းမစားနိုင်တာ ခံစားဖူးကြမှာပါ။

ဒါ​​တွေတင်မက​သေးပါဘူး။ ပျို​မေတို့အ​နေနဲ့ Corset အမြဲဝတ်တဲ့အခါ ဖြစ်လာနိုင်တဲ့ ​နောက်ဆက်တွဲဆိုးကျိုးပြဿနာ​တွေကို သတိပြုမိထားဖို့လိုပါတယ်။ ဘယ်လိုဆိုးကျိုး​တွေလဲဆိုရင်-

(၁) နံရိုးနဲ့ကိုယ်တွင်းကလီဇာတွေကို ပိမိသွား​စေနိုင်တယ်။

​နေ့​ရောညပါ corset ကို အမြဲဝတ်ထားတာ အချိန်ကြာလာတဲ့အခါ နံရိုး​တွေကို ဖိထားမိရုံသာမက ကိုယ်တွင်းကလီဇာ​တွေလည်း ပိမိပြီး​နေရာ​ရွေ့သွား​စေနိုင်ပါတယ်။ ဒါဟာ အလွန်နာကျင်​စေနိုင်သလို အန္တရာယ်လည်းရှိ​စေတတ်ပါတယ်။
အထူးသဖြင့် အသည်းကိုပိမိတဲ့အခါ အသည်းမှာ အချိုင့်ရာကြီး​တွေ​တောင် ​ပေါ်လာတတ်ပါတယ်။ ဒါကို corset liver လို့​ခေါ်ပါတယ်။ Corset liver ဘယ်လိုပုံလဲဆိုတာကို Google မှာလည်း ရှာ​ဖွေကြည့်နိုင်ပါတယ်။

(၂) ဝမ်းဗိုက်ကြွက်သား​တွေကို ကျုံ့သွား​စေနိုင်တယ်။

Corset ​တွေဟာ အရိုးနဲ့ကလီဇာ​တွေသာမက ဝမ်းဗိုက်ကြွက်သား​တွေကိုပါ ဖိမိထားတဲ့အတွက် ​ကြွက်သား​တွေဟာ ကောင်း​ကောင်းအလုပ်မလုပ်ရတော့ဘဲ တဖြည်းဖြည်းကျုံ့လာတတ်ပါတယ်။

(၃) အစာ​ခြေရည်​တွေ ပြန်ဆန်တက်​စေနိုင်တယ်။

အစာအိမ်ကို ဖိထားတဲ့အခါမှာ​တော့ အစာစားပြီး အစာမ​ကြေတာ၊ ရင်ပူတာ​တွေအပြင် အစာ​ခြေရည်​တွေလည်း အစာ​ရေမြိုပြွန်အတွင်းသို့ ပြန်ဆန်တက်လာ​စေနိုင်ပါတယ်။

(၄) အသက်ရှူကြပ်​စေနိုင်တယ်။

အသက်ရှူနိုင်ဖို့အတွက် ရင်ဝမ်းခြားကြွက်သား​တွေက အလုပ်လုပ်​ပေးရပါတယ်။ Corset ကဖိမိထားတာ​ကြောင့် ကြွက်သား​တွေလှုပ်ရှားရခက်လာတဲ့အခါ ​ကောင်း​ကောင်းအသက်မရှုနိုင်​တော့ဘဲ အသက်ရှူကြပ်ပြီး ​​မေ့လဲသည်အထိ ဖြစ်လာ​စေနိုင်ပါတယ်။

(၅) ညိုမည်းစွဲတာတွေဖြစ်​စေနိုင်တယ်။

Corset ​တွေဟာ နံရိုးနဲ့ခါးတစ်ဝိုက်ကို တအားထိန်းချုပ်ထားတာ​ကြောင့် အချိန်ကြာလာတဲ့အခါ အ​ရေပြား​ပေါ်မှာ ညိုမည်းစွဲ​နေတာ​တွေ ​တွေ့လာရနိုင်ပါတယ်။

(၆) အရိုးဖွံ့ဖြိုးမှုရပ်တန့်သွား​စေနိုင်တယ်။

ငယ်ရွယ်​သေးတဲ့မိန်းက​လေး​တွေမှာဆိုရင် အရိုး​တွေကဖွံ့ဖြိုး​နေဆဲဖြစ်တာ​ကြောင့် corset အကြာကြီးဝတ်ထားမိခဲ့ရင် အရိုးကဖွံ့ဖြိုးသင့်သ​လောက် မဖွံ့ဖြိုး​တော့ဘဲ ရပ်တန့်​သွား​စေနိုင်ပါတယ်။

(၇) ​ခြေ​​ထောက်​တွေ ထုံကျင်လာနိုင်တယ်။

ခါးမှာတအားကျပ်ပြီး စည်းထားတဲ့အတွက် ခန္ဓာကိုယ်အနှံ့​သွေး​စီးဆင်းမှုကို အဟန့်အတားဖြစ်​စေပါတယ်။ ​ဒါ့အပြင် ​အာရုံ​ကြောများလည်း ​ကောင်းစွာအလုပ်မလုပ်နိုင်​တော့တဲ့အတွက် ​ခြေ​ထောက်​တွေ ထုံကျင်လာတာမျိုးကို ခံစားလာရပါလိမ့်မယ်။

- တစ်ခါတရံကျန်းမာ​ရေးလိုအပ်ချက်အရ corset ဝတ်ဆင်ဖို့ လိုအပ်လာတာမျိုးလည်း ရှိတတ်ပါတယ်။ ကျန်းမာ​ရေးရှု​ထောင့်အရကြည့်မယ်ဆိုရင် corset ကို သတ်မှတ်ထားတဲ့ အချိန်ပမာဏအတွင်း ဝတ်ဆင်​ပေးခြင်းဖြင့်-

• နံရိုး၊ အဆစ်နဲ့ ကိုယ်​နေဟန်အ​နေအထား ​ကောင်းမွန်လာ​စေတယ်။
• က​လေး​မွေးပြီးစမေ​မေတို့ မှာဆို ဝမ်းဗိုက်က အ​ရေပြား၊ ကြွက်သားနဲ့ ကိုယ်တွင်းကလီဇာ​တွေကို ပုံမှန်အ​နေအထားအတိုင်း ပြန်လည်​ရောက်ရှိ​စေဖို့အတွက် corset ကဲ့သို့ ဗိုက်စည်းကို ဝတ်ဆင်ရ​လေ့ရှိပါတယ်။

ဒါ​ကြောင့် ပျို​မေတို့အ​နေနဲ့ ခန္ဓာကိုယ်လှပ​စေဖို့အတွက် waist trainer (corset) ​တွေ ဝတ်​ဆင်တော့မယ်ဆိုရင် လှချင်​ဇောနဲ့အမြဲဝတ်ထားတာမျိုးမလုပ်ဘဲ အချိန်ကန့်သတ်ချက်နဲ့သာ ဝတ်ဆင်​ပေးဖို့ သတိပြုသင့်ပါတယ်​နော်။

13/11/2022

https://www.facebook.com/100086428127621/posts/122860533938217/

ရှိရင်းစွဲအသက်ထက် ၁၀နှစ်လောက်ငယ်ရွယ်နုပျိုသွားစေဖို့

အသက်အရွယ်ရလာတာနဲ့အမျှ မျက်နှာမှာ အရေးအကြောင်းတွေပေါ်လာတာ၊ အရေပြားတွေလျော့တွဲလာတာ၊ တင်းတိပ်တွေဖြစ်လာတာ စတဲ့ပြဿနာတွေကို ကြုံတွေ့လာကြရပါတယ်။

အသက်ကြီးလာတာကို ရှောင်လွှဲလို့မရဘူးဆိုပေမယ့် လူတိုင်းအားကျရတဲ့ ငယ်ရွယ်နုပျိုတဲ့ မျက်နှာလေးကိုတော့ ပိုင်ဆိုင်နိုင်ပါသေးတယ်နော်။

ဒီလိုငယ်ရွယ်နုပျိုနေဖို့အတွက် ပေါ့ပေါ့တန်တန်နေလို့လည်းမရပါဘူး။ ကိုယ့်ရဲ့အသားအရေကို နေ့စဥ်သေချာဂရုတစိုက်ထိန်းသိမ်းနေရမှာဖြစ်ပါတယ်။

ကိုယ့်အသက်ထက် ၁၀နှစ်လောက်ပြန်ငယ်သွားစေမယ့် မျက်နှာအသားအရေလေးကို ပိုင်ဆိုင်လိုတယ်ဆိုရင်တော့ အောက်ပါနည်းလမ်းလေးတွေအတိုင်း လိုက်နာနေထိုင်ကြရပါမယ်နော်။

(၁) ရေများများသောက်ပါ။

အသားအရေစိုပြေနေစေဖို့ အရေးအကြီးဆုံးကတော့ ရေဓါတ်ပြည့်ဝနေဖို့ပါဘဲ။ ရေများများသောက်ပေးခြင်းဖြင့် အရေပြားဆဲလ်လေးတွေကို ကျန်းမာစေပြီး နုပျိုကြည်လင်တဲ့ အသားအရေကိုပိုင်ဆိုင်စေပါတယ်။ ရေဓါတ်မလုံလောက်တဲ့အခါ အသားခြောက်ပြီး အရေးအကြောင်းများလည်း ပေါ်လာစေနိုင်ပါတယ်။

(၂) အိပ်ရေးဝဝအိပ်ပါ။

အိပ်နေစဥ်အချိန်တွင်းမှာ ခန္ဓာကိုယ်မှ အရေပြားဆဲလ်လေးတွေ အသစ်ပြန်ဖြစ်စေတဲ့ ဟော်မုန်းတစ်မျိုးထွက်ရှိပါတယ်။ အိပ်ရေးတွေပျက်တဲ့အခါ အသားအရေလည်း ညစ်နွမ်းကာ အရေးအကြောင်းတွေ ပေါ်လာတတ်ပါတယ်။

(၃) Moisturizer လိမ်းပါ။

ရေဓါတ်ပြည့်ဝစေဖို့ ရေများများသောက်ဖို့လိုသလို မျက်နှာအသားအရေပေါ် လည်း moisturizer လိမ်းပေးဖို့ လိုအပ်ပါတယ်နော်။ အဆီပြန်တတ်တဲ့သူတွေဆိုရင်တောင် moisturizer ကို နေ့စဥ်ပုံမှန်လိမ်းပေးသင့်ပါတယ်။

(၄) လှုပ်လှုပ်ရှားရှားနေပါ။

နေ့စဥ်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးခြင်းဖြင့် သွေးလည်ပတ်မှုကောင်းစေပြီး အရေပြားဆီသို့ အောက်စီဂျင်နဲ့အာဟာရဓါတ်တွေ လုံလုံလောက်လောက် ရရှိစေနိုင်ပါတယ်။

(၅) Sunscreen လိမ်းပါ။

နေပူပူ၊ မပူပူ အပြင်ထွက်မယ့်အချိန်တိုင်း Sunscreen လိမ်းသွားဖို့ အလွန်အရေးကြီးပါတယ်နော်။ Suncreen လိမ်းလေ့မရှိသူဟာ လတ်တလောမှာ မသိသာပေမယ့် အချိန်ကြာလာတဲ့အခါမှာတော့ မျက်နှာအသားအရောင်မညီတာ၊ တင်းတိပ်တွေ၊ အရေးအကြောင်းတွေပေါ်လာတာ စတာတွေဖြစ်ပေါ်လာနိုင်ပါတယ်။

(၆) ကော်ဖီနဲ့အရက်တို့ကို အလွန်အကျွံမသောက်ပါနဲ့။

ကော်ဖီ၊ အရက် စတာတွေဟာ ခန္ဓာကိုယ်မှာ ရေဓါတ်ခန်းခြောက်စေနိုင်လို့ အသားအရေကိုလည်း ခြောက်သွေ့ကာ ညစ်ထေးသွားစေနိုင်ပါတယ်။

(၇) ဟင်းသီးဟင်းရွက်များများစားပေးပါ။

ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓါတ်နဲ့ ဗီတာမင်ဓါတ်တို့ ကြွယ်ဝစွာပါဝင်နေတာကြောင့် အသားအရေကို စိုပြေလှပစေနိုင်ပါတယ်။

ငယ်ရွယ်နုပျိုနေစေဖို့အတွက် ဒီလိုနေ့စဥ်အမူအကျင့်လေးတွေကို လိုက်နာဖို့လိုသလို ကိုယ့်ရဲ့အပြင်အဆင်ကိုလည်း ဂရုစိုက်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ဥပမာ- ငယ်ရွယ်စေမယ့် ဆံပင်ပုံစံ၊ မိတ်ကပ်ပါးပါးကြည်ကြည်နဲ့ နုပျိုသွက်လက်ပုံပေါ်ပြီး သင့်တော်မယ့် အဝတ်အစားလေးတွေကိုပါ ရွေးချယ်ပြင်ဆင်သင့်ပါတယ်နော်။

01/11/2022

Content by




https://fb.watch/gwLbXCyk2u/

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon