Pundits In Town

Pundits In Town

Share

05/08/2023

ကိုဝင်းကျော်မိုး နဲ့ ကိုသူရဿဝါ တို့က

- အာဆင်နယ်အသင်း နဲ့ EPL
- အာဆင်နယ်အသင်း နောက်တဆင့်တက်ဖို့ ဘာတွေလိုအပ်နေသလဲ
- မန်ယူ ၊ အာဆင်နယ်တို့လို အသင်းတွေ တဖန်ပြန် လွှမ်းမိုးနိုင်ဖို့ ဘယ်လောက်ကြာဦးမလဲ .. ဒီရာသီစပြီလား ဆိုတာကို ဆွေးနွေးပေးကြပါလိမ့်မယ်။

လာတဲ့သူတွေထဲက အချို့အတွက် လက်ဆောင်လေးတွေ မဲဖောက်ပေးပါ့မယ်။

နေရာကတော့ _ Dream Bar & BBQ ဖြစ်ပါတယ်။ မြောက်ဒဂုံ ၊ ပင်လုံလမ်းမကြီးပေါ်ကပါ။ အချိန်ကတော့ ညနေ ၃ နာရီစပါမယ်ခင်ဗျာ။

Thanks
Ko Pyae

Photos from Pundits In Town's post 19/02/2023

Pundits in Town ရဲ့ Vol 1 – Ep 1 မှာ အာဆင်နယ်နဲ့ချဲလ်ဆီးအသင်းတို့ ဘယ်အချက်နဲ့အတူအောင်ပွဲတွေဆီ ပြန်လာကြမလဲဆိုတာကို အဓိကထားဆွေးနွေးခဲ့ကြပါတယ်။ စကားဝိုင်းအသွားအလာအရတော အာဆင်နယ်အကြောင်းပိုများသွားခဲ့ပြီး အာဆင်နယ်ကို ပြင်ပအမြင်အရဆွေးနွေးသွားတာတွေကြောင့် ပိုပြီးမြင်ကွင်းစုံသွားခဲ့ပါတယ်။

အပူချိန်ကြောင့် နာရီဝက်လောက် နောက်ဆုတ်ပြီး စဖြစ်ခဲ့ပေမယ့် ပွဲကိုလာနားထောင်သူတွေဟာ မှန်းထားတာထက်များခဲ့ပါတယ်။ လူစိတ်ဝင်စားကြမယ်ဆိုတာသိပေမယ့် ကပ်ပြီးမှ ဖိတ်တာရော ၊ ပထမဆုံးဖြစ်တာကြောင့်ရောမို့ လူ ၁၅ ဦးလောက်လာရင်ပဲ ကျေနပ်စရာထင်ခဲ့ပေမယ့် Flamingo Bar ရဲ့ Roof Top ဟာတရွေ့ရွေ့နဲ့ ပြည့်သွားခဲ့ပါတယ်။

ဆွေးနွေးချက်တွေဟာ တော်တော်လေးကို ကောင်းမွန်ပါတယ်။ ကိုခန့် ဟာလည်း တကယ့် Showmanship ကိုပေါ်လွင်ခဲ့ပြီး ကိုစိုးလွင်ထွန်းကလည်းပဲ ပရိတ်သတ်တွေအတွက်နားလည်လွယ်တဲ့ပြောဆိုမှုတွေနဲ့ ကူညီသွားခဲ့ပါတယ်။ ကိုမိုးညီထက်နိုင်ရဲ့ လုပ်ငန်းကျွမ်းကျင်မှုနဲ့ ဝါကတော့ အထွေအထူးပြောစရာမလိုပါဘူး။

အဖွင့်စကားပြောပေးတဲ့ အဝင်း (ဝင်းကျော်မိုး) ကလည်းပဲ အားလုံးကို မပျင်းအောင်စတင်ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော့်အတွက်လဲ ကူပေးမယ့်သူတွေအသင့်မဖြစ်တာနဲ့ ရုံးက အောင်ကျော်ဆန်းနဲ့ ၂ ဦးထဲပဲ ကြည့်ပြီးစီစဥ်သွားရင်းအဆင်ချောသွားတာမို့ ကျေနပ်ပါတယ်။ ဒီလို Mini Event တခုဖြစ်မြောက်သွားတာကတော့ PIT အတွက် အဖွင့်လှတယ်ပဲဆိုရပါမယ်။

ဆွေးနွေးထားကြတဲ့ Video ကိုထပ်မံတင်ပေးသွားမှာဖြစ်ပါတယ်။ ဒီလိုပွဲတွေကိုလည်း ဆက်ပြီးလုပ်သွားမှာပါ။ ဘောလုံးနဲ့ပတ်သတ်ပြီး အများအမြင်မှာအထင်မှားနေကြတာတွေကိုလဲ တခုခြင်းရှင်းသွားဖို့ရှိပါတယ်။ အဲ့တာကတော့ ဘောလုံးဆိုတာ ရန်ဖြစ်တတ်ကြတယ် ၊ ငြင်းကြတယ်၊ ထိန်းရခက်တယ်ဆိုတာမျိုးတွေဟာ အဆိပ်အတောက်ဖြစ်နေတဲ့ ရပ်ဝန်းတခုသာဖြစ်ပြီး ဘောလုံးဝါသနာရှင်တွေကို ကိုယ်စားမပြုဘူးဆိုတာကို အားလုံးနားလည်လာကြဖို့ပဲဖြစ်ပါတယ်။

နောက်ပြီး ..အားပေးသူတွေအနေနဲ့ ဘယ်အရာက ဘောလုံးရသ အစစ်ဖြစ်တယ်ဆိုတာကိုလည်း အမြည်းပေးနိုင်ခဲ့ပြီလို့ ယုံကြည်ပါတယ်။

လာပြီး စကေးပြဖျော်ဖြေပေးတဲ့ Free Style Fooballers ၂ ဦးဖြစ်တဲ့ သူရနဲ့မောင်မောင်တို့အကြောင်းကတော့ လာတဲ့သူတော်တော်များများရဲ့ Myday မှာမြင်နေရပါပြီ။

Video တွေမတက်သေးခင် ပုံလေးတွေကြည့်ပေးကြပါဦး။ Pundits တွေမြို့ထဲဝင်လာနေပါပြီ။

𝐎𝐫𝐠𝐚𝐧𝐢𝐳𝐞𝐝 𝐛𝐲 𝐊𝐨 𝐏𝐲𝐚𝐞 (𝐆𝐮𝐧𝐧𝐞𝐫𝐬’ 𝐒𝐢𝐝𝐞)
𝐏𝐮𝐧𝐝𝐢𝐭𝐬 𝐢𝐧 𝐓𝐨𝐰𝐧

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon