Natural Rose

Natural Rose

Share

20/10/2022

မကောင်းတဲ့ အကြောင်းတရားတွေကို
ကောင်းတဲ့ အကြောင်းတရားတွေနဲ့
အစားထိုးခြင်းသည်ပင်လျှင် "ဓမ္မ" ကို
ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းပဲဖြစ်ပါတယ်။
#အရှင်နန္ဒမာလာဘိဝံသ (ပါချုပ်ဆရာတော်)

15/06/2022

လူ့တန်ဖိုး......

တစ်ကယ်တော့
လူ့တန်ဖိုးဆိုတာ ကြွယ်ဝပြည့်စုံခြင်း
မဟုတ်ပါဘူး။

စည်းကမ်းရှိတဲ့ ပါးစပ်..
အကောင်းမြင်တတ်တဲ့ မျက်လုံးနဲ့
ကြင်နာ..စာနာမူရှိတဲ့ နှလုံးသားပါပဲ...။

မေတ္တာများစွာဖြင့်
(ဘဝစာပေ)

01/06/2022

🤔 လူတွေရဲ့ မျက်နှာဖုံးများ
°°°°°°°°°°°°°°°°°°°°°°°°°

လူတွေရဲ့ မျက်နှာဖုံးတွေနောက်ကို
သင် ကြည့်ဖူးပါသလား ?
အလွန်အံ့ဩစရာကောင်းသော
အရာများ ကိုယ်စီရှိကြသည်။

- လူရှေ့တွင် အလှမကြိုက်ဘူးလို့
တွင်တွင်ပြောသော လူတစ်ယောက်က
အလွန်အလှကြိုက်သူ ဖြစ်နေတတ်သည်။

- လူရှေ့တွင် ဘုရားတရား
အလွန်လုပ်သော သူတစ်ယောက်စိတ်တွင်
မနာလို ၀န်တိုစိတ်များ
ကိန်းအောင်းနေသူ ဖြစ်နေတတ်သည်။

- လူရှေ့တွင် ပေးကမ်းစွန့်ကြဲမှုကို
ကျယ်ကျယ်လောင်လောင် လုပ်နေသူများတွင် ကျော်ကြားလိုစိတ်များ ပါနေတတ်သည်။

- လူရှေ့တွင် စေတနာ အရမ်းထက်သန်သူ တစ်ယောက်သည်
ကပ်စီးအလွန်နဲသူ ဖြစ်နေတတ်သည်။

- လူရှေ့တွင် အရိုးခံနှင့် ဖြူစင်ပြနေတတ်သူသည်လည်း ကောက်ကျစ် ယုတ်မာသူ ဖြစ်နေတတ်သည်။

- လူရှေ့တွင် မေတ္တာ တရားတွင်တွင်
ပြောတတ်သူသည် အမုန်းတရားနှင့်
ပြည့်နေသူ ဖြစ်တတ်သည်။

- လူရှေ့တွင် ရိုးရိုးသားသား
နေတတ်သူသည်လည်း မကောင်းမှုများနှင့် မွေ့လျော်သူ ဖြစ်နေတတ်သည်။

- လူရှေ့တွင် သစ္စာရေသောက်ပြသူသည်
သစ္စာဖောက်သူတစ်ယောက် ဖြစ်နေတတ်သည်။

သတိထားပါ မိတ်ဆွေ
“ ကိုယ့်ဒူးကိုယ်တောင် မယုံပါနှင့် ”

သင့်မျက်နှာဖုံး နောက်ကွယ်က
သင့်ကိုယ်သင် ဘယ်လိုလူလဲ
အရင်ကြည့်ပါ။

သူတစ်ပါးကို အပြစ်တင် မစောပါနှင့်။
ကိုယ်ကိုယ်တိုင် အပြစ်တွေက
လွတ်အောင်သာ အရင်ကြိုးစားကြပါစို့ ။

🌻
Credit

Want your business to be the top-listed Contractor in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Tharkayta
Yangon

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00