Happy Go Lucky
15/10/2022
Marketing plan နဲ့ Marketing planning process ဘာကွာလဲ
Marketing planတွေဆွဲတဲ့အခါ လူတော်တော်များများက formatလေးတွေရှိရင်ပေးပါဆိုပြီး လာလာတောင်းကြပါတယ် ဒါကြောင့် marketing plan နဲ့ marketing plan processတွေအကြောင်းကို ပြောပြချင်ပါတယ်။
Marketing plan ဆိုတဲ့ သဘောတရားကို ဆွဲပြီးသားplanကိုပြောခြင်းဖြစ်ပါတယ် ဥပမာ ကိုယ်က ဘယ်product brandအတွက် လက်ရှိsituationအခြေအနေက ဘယ်လိုရှိလဲ ၊ ကိုယ့်က ဒီနှစ်အတွက် ဘာဖြစ်ချင်လဲဆိုတဲ့ objective ၊ ဒီobjective ရဖို့ ဘယ်လို strategyမဟာဗျူဟာနဲ့ သွားမလဲ တနည်းအားဖြင့် ဘယ်သူတွေကို targetထားပြီး ဘာမတူတဲ့valueပေးမလဲဆိုတာမျိုးဖြစ်ပါတယ်နောက် ၊tacticaနည်းဗျူဟာlဆိုတဲ့ ဒီstrategyအောင်မြင်ဖို့ ဘာတွေ အသေးစိတ်လုပ်မလဲဆိုတာတွေ၊ action လုပ်ရမယ် taskတွေ အချိန်တွေနဲ့ကို အကြမ်းဖျင်းရေးပြလေ့ရှိပြီး planအတိုင်း လုပ်ဆောင်နေချိန် အဆင်ပြေလား မပြေဘူးလားကို monitoring ဘယ်လိုလုပ်မလဲဆိုတာတွေကို တခါတည်း တန်းရေးထားတာ marketing planဖြစ်ပါတယ် ပြီးတော့ planတွေရဲ့ စစချင်းမှာ Executive summaryဆိုပြီး အထက်လူကြီးတွေ စစချင်းဖတ်ရင် ဒီplanရဲ့အနှစ်ချုပ်ကို သိနိုင်အောင် အနှစ်ချုပ်ရေးပေးရလေ့ရှိပါတယ်။ဒါက plan ပါ ဘာပြီးရင် ဘာလုပ်မယ်ဆိုတာကို တန်းပြီးရေးသားထားခြင်းဖြစ်ပါတယ် ဒီအတိုင်းကို စလုပ်ဖို့ပဲလိုပါတော့တဲ့ အခြေအနေဖြစ်ပါတယ်။
Marketing Planning process ကတော့ researchတွေ ၊ analysisတွေ၊ တွေးတော့ပုံစံတွေ ၊ ideaတွေနဲ့ planထွက်လာအောင်ပုံဖော်ရတဲ့ process သဘောဖြစ်ပါတယ်။စစချင်း လက်ရှိအခြေအနေကို သုံးသပ်ဖို့situational analysis လုပ်တဲ့အခါ market researchတွေလုပ်ရပါတယ် ဒါကြောင့် research ကိုဘယ်လိုလုပ်လဲဆိုတဲ့ အခြေခံသဘောတရားတွေကို နားလည်ထားရပါမယ် ပြီးရင်SWOT analysisအခြေအနေကို သုံးသပ်ပြီး ကိုယ်က ဘယ်လောက်ထိကိုရချင်လဲဆိုတဲ့ objectiveကိုချမှတ်ရပါတယ် ဒါပြီးရင် အရေးအကြီးဆုံးက strategyချမှတ်တဲ့အခါ စဥ်းစားပုံတွေမတူပါဘူး ကိုယ်က SWOT ရဲ့ SO strategy ၊ ST strategy ၊ WO strategy၊ WT strategy စတဲ့ ပုံစံမျိုးနဲ့ strategyကို စဥ်းစားမှာလား ဒါမှမဟုတ် Ansoff ရဲ့ growth matrix အပေါ်အခြေခံစဥ်းစားမှာလား ဒါPorter ရဲ့ generic strategyအပေါ် အခြေခံမှာလား နောက် Bowmanရဲ့strategic clock modelအပေါ် အခြေခံစဥ်းစားမလား၊ blue ocean strategyရဲ့ ERRC grid နဲ့ strategic canvas အပေါ် အခြေခံစဥ်းစားမလဲ ဆိုတာတွေကို ကိုယ်လုပ်ငန်းအခြေအနေအလိုက်တွေးတော့ရပါမယ် အားလုံးပေါင်းပြီး စဥ်းစားရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဒါဟာ strategy ကိုစဥ်းစားတဲ့သဘောတွေဖြစ်ပြီး ဘယ်သူကို ဘယ်လိုမတူတဲ့ valueတွေပေးမယ်ဆိုတဲ့ strategyတွေရပါမယ် ဒါကို အခြေခံပြီး နောက်က marketing tactial တွေဖြစ်တဲ့ 4Ps /7Psတွေကို ဒီstrategy အပေါ်အခြေခံပြီး စဥ်းစားရမှာဖြစ်ပါတယ် ဘယ်လိုproductတွေ သွင်းမလဲ ထုပ်မလဲ စဥ်းစားရပြီး အဲ့လိုစဥ်းစားတဲ့အခါ productကအဆင်မပြေတာတွေ၊ product အဆင်ပြေသော်လည်း စျေးကများနေတာတွေစသဖြင့်ကြုံတွေရမှာဖြစ်ပါတယ်။
နောက်ဘယ်စျေးတွေနဲ့ရောင်းမလဲ စဥ်းစားတဲ့အခါ စျေးလိုဘယ်လိုဖွင့်မလဲ ဘယ်အပေါ်အခြေခံစဥ်းစားမလဲ channelတွေ ပြန်ရောင်းသူတွေကို ဘယ်လိုmarginပေးမလဲ ပြီးတော့ ဖြန့်ချီတဲ့အခါ ကိုယ့်strategyနဲ့ productအရ ဘယ်sales channelတွေကနေ ဘယ်လိုဖြန့်မလဲ ၊ Promotionအတွက် ဘယ်လိုလူတွေသိအောင်ကြိုက်အောင်လုပ်မလဲဆိုတာတွေကို စဥ်းစားရပါမယ် ဒီနေရာမှာ အပြောလွယ်သလောက် လက်တွေလုပ်ရင် အခက်အခဲတွေများစွာရှိပါတယ် နိုင်ငံရေးစီးပွားရေးလူမှုရေး အပြောင်းအလဲမြန်မှုတွေကြောင့် အခက်အခဲများစွာလုပ်ရင်တွေ့ပါမယ်။
ဒါတွေအားလုံးဟာ planတစ်ခုဆွဲတဲ့အခါ ထည့်သွင်းစဥ်းစားရမယ် အရာတွေဖြစ်ပါတယ် marketing planကို format နဲ့ ဘယ်နေရာဘယ်အကွက်မှာ ဒါဖြည့်ဒါထွက်ဆိုပြီး လုပ်လို့မရပါဘူး။
Knowledge is Power Myanmarကနေ Advanced Certificate in Strategic Marketing & Brand Management အပြင်သင်တန်း Offline class လေးကို အောက်တိုဘာလ ၂၃ရက်နေ့တွင်ဖွင့်ဖို့ရှိပါတယ် Marketing planning processတွေနဲ့ brandingကိုပါ သင်ကြားပေးမှာဖြစ်ပါတယ်။
👇👇👇
https://www.facebook.com/1981902718720660/posts/3396485853928999/
Click here to claim your Sponsored Listing.
Category
Website
Address
South Okkalapa Township. Near Okkalapa Pagoda
Yangon
Opening Hours
| Monday | 08:00 - 20:00 |
| Tuesday | 08:00 - 20:00 |
| Wednesday | 08:00 - 20:00 |
| Thursday | 08:00 - 20:00 |
| Friday | 08:00 - 20:00 |
| Saturday | 08:00 - 20:00 |
| Sunday | 08:00 - 20:00 |