First GOAL
22/07/2023
ဒီကနေ့မနက် အစောပိုင်းမှာ ကစားခဲ့ကြတဲ့ အင်တာမိုင်ယာမီနဲ့ ခရူအယ်ဇူးတို့ရဲ့ League Cup ပွဲစဉ်မှာတော့ ပွဲပြီးခါနီးမှရတဲ့ ပြစ်ဒဏ်ဘောကနေတစ်ဆင့် လီယိုမက်ဆီက အနိုင်ဂိုးသွင်းယူပေးသွားပါတယ်။
ဒီသွင်းဂိုးက လီယိုမက်ဆီအတွက် ကစားသမားဘဝ သက်တမ်းတစ်လျှောက် ပင်နယ်တီသွင်းဂိုးတွေကိုပါ ဖယ်ထုတ်လိုက်ရင် ဂိုး၇၀၀ ပြည့်သွားတဲ့ဂိုးပါ။ မက်ဆီရဲ့သွင်းဂိုးကလည်း အတော်လေးကို လှပပြီး နိုင်ပွဲပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ အင်တာမိုင်ယာမီ ပရိသတ်တွေကို အပျော်တွေ ကူးစက်စေခဲ့ပါတယ်။
အသင်းပိုင်ရှင် ဘက်ခမ်းတစ်ယောက်လည်း ပွဲကြည့်စဉ်ပေါ်မှာ အတော်လေးပျော်ရွှင်နေခဲ့ပြီး မက်ဆီရဲ့ဆရာဟောင်းဖြစ်တဲ့ အင်တာမိုင်ယာမီနည်းပြ တာတာမာတီနိုကလည်း ဂုဏ်ယူစွာနဲ့ အောင်ပွဲခံခဲ့ပါသေးတယ်။
21/07/2023
🚨🇸🇪 𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆 - နော်တင်ဟမ်ဖောရက်စ်ဟာ အန်တိုနီ အလန်ဂါကို ပေါင် ၁၅ သန်းနဲ့ ခေါ်ယူဖို့ မန်ယူအသင်းနဲ့ သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။ ✅
[Telegraph]
18/07/2023
လီယွန်နယ်မက်ဆီရဲ့ ဂိုးသွင်းအကြမ်းခဲ့ဆုံး အချိန်ကို ပြောပါဆိုရင် ၂၀၁၂ ခုနှစ်ကို ပြောရပါလိမ့်မယ်။ မက်ဆီအတွက် အမြင့်ဆုံးကို ရောက်ခဲ့တဲ့အချိန်ပါပဲ။ အာဂျင်တီးနားသားဟာ ပြက္ခဒိန်တစ်နှစ်အတွင်းမှာပဲ ၇၂ပွဲ ကစားပြီး ၉၁ဂိုးအထိ သွင်းယူခဲ့တယ်။ ဂိုးဖန်တီးမှုကလည်း ၂၄ ကြိမ်အထိ ဖန်တီးပေးခဲ့တယ်။ ၁၂ လတာအတွင်း မက်ဆီရဲ့ ဖန်တီးမှု ၂၄ ကြိမ် ကို ပေါင်းထည့်လိုက်မယ်ဆိုရင် မက်ဆီဟာ၂၀၁၂ ခုနှစ်အတွင်းမှာ ၁၁၅ ဂိုးအထိ ပါဝင်ပတ်သတ်ခဲ့တယ်လို့ ဆိုရမှာပါ။
ဘာစီလိုနာအတွက်ဆိုရင်တော့ ၇၉ ဂိုး သွင်းယူခဲ့တယ်။ လာလီဂါမှာ ၅၉ ဂိုး၊ ချန်ပီယံလိဂ်မှာ ၁၃ ဂိုး၊ ကိုပါဒယ်ရေးဖလားမှာ ၅ ဂိုးနဲ့ စပိန်စူပါဖလားမှာ ၂ဂိုး သွင်းယူခဲ့တဲ့တယ်။ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက်လည်း ၁၂ ဂိုးသွင်းခဲ့တယ်။
ဒါ့ကြောင့်ပဲ အာဂျင်တိုင်းသား လီယွန်နယ် အမ်းဒရက် မက်ဆီဟာ ၁၉၇၂ ခုနှစ်က ဘိုင်ယန်မြူးနစ် ဂန္တဝင်ကစားသမားကြီး ဂတ်မူလာရဲ့ ၈၅ ဂိုး စံချိန်ကို ကျော်တက်သွားခဲ့တာပါ။ အဲဒီနောက် မက်ဆီက သူ့ရဲ့ ဘာစီလိုနာဂျာစီမှာ လက်မှတ်ရေးထိုးပြီး ဂတ်မူလာကို လက်ဆောင်ပေးခဲ့ပါတယ်။
မူလာက အဆိုပါဂျာစီကို ဘိုင်ယန်မြူးနစ်အသင်းဆီ တဆင့် ထပ်ပေးခဲ့ရာမှာ ဘိုင်ယန်က သူတို့ရဲ့ ဆုဖလားပြတိုက်အတွင်း ထည့်သွင်းသိမ်းဆည်းသာ ပြသခဲ့ပါတယ်။ အဆိုပါဂျာစီက ဘိုင်ယန်မြူးနစ်ရဲ့ အောင်မြင်မှုအမှတ်တရတွေနဲ့ မပတ်သက်တဲ့ တခုတည်းသောအရာအဖြစ် ရှိနေခဲ့ပါတယ်။
18/07/2023
တစ်ချိန်က ဆာအဲလက်စ် ဖာဂူဆန်ဟာ ဂျွန်တယ်ရီကို ယူနိုက်တက်အသင်းဆီ ခေါ်ယူဖို့ ဆွဲဆောင်ခဲ့ပေမယ့် တယ်ရီကတော့ ချဲလ်ဆီးအသင်းဆီကိုပဲ ပြောင်းဖို့ ဆုံးဖြတ်ခဲ့ဖူးပါတယ်။
၁၉၉၄-၉၅ ရာသီက ယူနိုက်တက်ဟာ နှစ်ထပ်ကွမ်းချန်ပီယံဆုကို ကာကွယ်ဖို့ ကြိုးပမ်းနေတဲ့အချိန်မှာဖာဂူဆန်ဟာ မျိုးဆက်သစ် သရဲနီကြယ်ပွင့်တွေကို ရှာဖွေနေခဲ့ပါတယ်။ ဆာအဲလက်စ်ဟာ အသက် ၁၄ နှစ်ရွယ် ဂျွန်တယ်ရီကို သဘောကျနေပြီးတော့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။ ဆာအဲလက်စ် ဖာဂူဆန်က ဂျွန်တယ်ရီနဲ့အတူ သူ့ရဲ့မိခင် Sue နဲ့ ဖခင် Ted တို့ကို အိုးထရက်ဖို့ဒ်ကို ဖိတ်ကြားပြီး ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ နားချခဲ့တာပါ။
ဒါပေမယ့်လည်း တယ်ရီကတော့ ချဲလ်ဆီးအသင်းဆီကိုပဲ ပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
တယ်ရီသာ ယူနိုက်တက်ကို ရောက်လာခဲ့ရင် …..။
Click here to claim your Sponsored Listing.
Category
Website
Address
Yae Kyaw Street
Yangon
11107