Origin Fertility Center

Origin Fertility Center

Share

Photos from Origin Fertility Center's post 11/05/2026

မိုင်ပေါင်းများစွာကို ကျော်ဖြတ်ပြီး မွန်ပြည်နယ် ရေးမြို့ကနေ Origin ဆီကို တကူးတက အလည်လာခဲ့တဲ့ Origin ရဲ့ IVF Baby သမီးချောလေး... 🥰

ဆရာ၊ ဆရာမတွေရဲ့ မေတ္တာအောက်မှာ ပျော်မွေ့လွန်းလို့ ဖေဖေနဲ့ မေမေ ခေါ်တာတောင် ပြန်မလိုက်ချင်လောက်အောင်ကို ချွဲနေတဲ့ သမီးလေးပါ။ 🤭 သမီးလေး ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင် အရွယ်ရောက်လာတာကို မြင်ရတာ Origin မိသားစုအတွက်တော့ အကြီးမားဆုံး ဆုလာဘ်ပါပဲ။

သားသမီးရတနာ လိုလားတောင့်တနေတဲ့ မိဘတိုင်း သမီးလေးလို ချစ်စရာကောင်းတဲ့ ကလေးလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ Origin က ဆုတောင်းပေးလိုက်ပါတယ် ❤️

#ရေးမြို့သူလေး #ရေးမြို့

10/05/2026

"အမေ" ဆိုတဲ့ အခေါ်အဝေါ်နောက်ကွယ်မှာ ပေးဆပ်မှုနဲ့ နက်ရှိုင်းတဲ့ မေတ္တာတရားတွေကို တန်ဖိုးထား ခံစားမိဖို့လိုပါတယ်။

လူသားတိုင်းအတွက် ဘဝတစ်ခုကို မွေးဖွားပေးခဲ့ကြတဲ့ မိခင်လောင်းများနဲ့ မိခင်များအားလုံး ကျန်းမာရွှင်လန်းကြပါစေလို့ Origin Fertility Center မှ ဆုတောင်းပေးလိုက်ပါတယ်။

Happy Mother’s Day – Where life begins with love. 🤱🩺❤️

26/04/2026

သားအိမ်အသားလုံး (Uterine Fibroids) ရှိနေရင် စိုးရိမ်စရာလား? 🌸

အမျိုးသမီးအတော်များများမှာ သားအိမ်အသားလုံး ရှိနေတတ်ပေမဲ့ လူတိုင်း လက္ခဏာ မပြတတ်ကြပါဘူး။ ဒါပေမဲ့ ကိုယ့်မှာ ရှိနေမှန်း သိလိုက်ရတဲ့အခါ "ခွဲစိတ်ရတော့မှာလား?" "ကင်ဆာဖြစ်နိုင်လား?" ဆိုပြီး စိုးရိမ်တတ်ကြပါတယ်။

တကယ်တော့ သားအိမ်အသားလုံးဟာ "ကင်ဆာမဟုတ်သလို"၊ အသားလုံးရှိတာကြောင့် သားအိမ်ကင်ဆာဖြစ်နိုင်ခြေ မြင့်တက်မသွားပါဘူး။
ဘာတွေကို သတိထားကြည့်ရမလဲ? ဘယ်လိုကုသကြမလဲ? အတူတူ ဆက်ဖတ်ကြည့်ရအောင်။ 👇

🚩 ဘယ်လိုလက္ခဏာတွေ ပြတတ်သလဲ?
အသားလုံးက ကြီးလာရင် ဒါမှမဟုတ် နေရာအနေအထားပေါ် မူတည်ပြီး အောက်ပါတို့ ခံစားရတတ်ပါတယ်။
♀️ ရာသီသွေး အလွန်အကျွံဆင်းခြင်း (သွေးခဲများပါခြင်း၊ ရက်ရှည်ခြင်း)။
♀️ ဗိုက်အောက်ပိုင်း နာကျင်ခြင်း သို့မဟုတ် တင်းကျပ်ကျပ် ခံစားရခြင်း။
♀️ ဆီးခဏခဏသွားခြင်း (အသားလုံးက ဆီးအိမ်ကို ဖိထားမိရင် ဖြစ်တတ်ပါတယ်)။
♀️ ဝမ်းချုပ်ခြင်း သို့မဟုတ် ခါးနာခြင်း။
♀️ အမျိုးသားနှင့် အတူနေစဉ် နာကျင်ခြင်း။

🧬 ဘာကြောင့် ဖြစ်ရတာလဲ?
တိကျတဲ့ အကြောင်းရင်းကို မသိရသေးပေမဲ့ အဓိက သက်ရောက်မှုရှိတဲ့ အချက် (၂) ချက် ရှိပါတယ်။
🌷 ဟော်မုန်းပြောင်းလဲမှု: Estrogen နဲ့ Progesterone ဟော်မုန်းတွေက အသားလုံးကို ကြီးထွားစေပါတယ်။ ဒါကြောင့် သွေးဆုံးပြီးရင်တော့ အသားလုံးတွေက အလိုလို ပြန်သေးသွားလေ့ ရှိပါတယ်။
🌷 မျိုးရိုးဗီဇ: မိခင် ဒါမှမဟုတ် ညီအစ်မတွေမှာ ဖြစ်ဖူးရင် ကိုယ့်မှာလည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။

🩺 ကုသနည်းလမ်းများ
အသားလုံးရှိတိုင်း ခွဲစိတ်စရာမလိုပါဘူး။ အခြေအနေပေါ်မူတည်ပြီး ဆရာဝန်တွေက ကုသပေးနိုင်ပါတယ်။
💮 စောင့်ကြည့်ခြင်း: လက္ခဏာ သိပ်မပြရင် ပုံမှန် Scan ရိုက်စစ်ဆေးရုံပဲ လုပ်ပါတယ်။
💮 ဆေးဝါးဖြင့် ကုသခြင်း: ရာသီသွေးဆင်းတာ လျှော့ချဖို့နဲ့ နာကျင်မှု သက်သာဖို့ ဆေးပေးပါတယ်။
💮 ခွဲစိတ်ကုသခြင်း: လက္ခဏာပြင်းထန်ရင် အသားလုံးသီးသန့်ထုတ်ခြင်း (Myomectomy) ဒါမှမဟုတ် သားအိမ်တစ်ခုလုံး ထုတ်ခြင်း (Hysterectomy) တို့ ပြုလုပ်ရတတ်ပါတယ်။

⚠️ အရေးကြီးတဲ့ အချက်
သားအိမ်အသားလုံးကြောင့် သွေးအားနည်းလာတာ၊ ဗိုက်အရမ်းနာတာ ဒါမှမဟုတ် ဗိုက်သိသိသာသာ ဖောင်းလာတာမျိုး ရှိရင်တော့ နားလည်တတ်ကျွမ်းတဲ့ အမျိုးသမီးအထူးကု ဆရာဝန်နဲ့ သေချာပြသ တိုင်ပင်သင့်ပါတယ်။

အမျိုးသမီးလေးတို့အနေနဲ့ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင် ဂရုစိုက် စောင့်ကြည့်ကြရ‌အောင်နော်။ 🤍

#သားအိမ်အသားလုံး #အမျိုးသမီးကျန်းမာရေး

22/04/2026

💙💛 World Down Syndrome Day
မြန်မာနိုင်ငံ Down Syndrome Society ရဲ့ စာရင်းဇယားများအရ လက်ရှိမှာ ဒေါင်းဆင်ဒရုန်း (Down Syndrome) နဲ့ မှတ်ပုံတင်ထားသူ အသက် ၁၈ နှစ်အောက် ကလေးငယ် (၂၁၃) ဦး နဲ့ ၁၈ နှစ်အထက် (၂၀၆) ဦး ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းအနေနဲ့ သူတို့လေးတွေကို ပိုမိုနားလည်လက်ခံပေးဖို့နဲ့ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့ အရေးကြီးကြောင်း မီးမောင်းထိုးပြနေတာပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ မိဘလောင်းတွေအနေနဲ့ ဒေါင်းဆင်ဒရုန်းနဲ့ပတ်သက်ပြီး သိထားသင့်တဲ့အချက်တွေကို မျှဝေပေးချင်ပါတယ် -
🧬 ဘာကြောင့် ဖြစ်ရတာလဲ?
ပုံမှန်အားဖြင့် လူတစ်ယောက်မှာ ခရိုမိုဆုန်း (Chromosome) ၄၆ ခု (၂၃ စုံ) ရှိရမှာဖြစ်ပေမယ့် ဒေါင်းဆင်ဒရုန်းကလေးငယ်တွေမှာတော့ ခရိုမိုဆုန်း နံပါတ် (၂၁) ဟာ နှစ်ခုအစား သုံးခု (Trisomy 21) ဖြစ်နေတတ်ပါတယ်။
ဒါဟာ မိဘဆီက မျိုးရိုးလိုက်တာမျိုးထက်၊ ဆဲလ်ပွားချိန်မှာ မတော်တဆ ချို့ယွင်းမှုဖြစ်သွားတာပါ။
အရေးကြီးတဲ့အချက်တစ်ချက်ကတော့ မိခင်အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ဖြစ်နိုင်ခြေ ပိုများလာတတ်ပါတယ်။

👶 ထင်ရှားတဲ့ လက္ခဏာများ
လက္ခဏာတွေက တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ပေမဲ့ ယေဘုယျအားဖြင့် -
ရုပ်ပိုင်းဆိုင်ရာ: မျက်နှာပြားခြင်း၊ နှာခေါင်းတံနိမ့်ခြင်း၊ မျက်လုံးအနည်းငယ်စွေခြင်း၊ လည်ပင်းတိုခြင်း၊ လက်ဖဝါးမှာ မျဉ်းတစ်ကြောင်းတည်းရှိခြင်း (Single palmar crease) နဲ့ ကြွက်သားအားနည်းခြင်း။
ဖွံ့ဖြိုးမှု: စကားပြောနောက်ကျခြင်း၊ သင်ယူမှုနှေးကွေးခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု (လမ်းလျှောက်ခြင်း/ထိုင်ခြင်း) နောက်ကျခြင်း။
တခြားကျန်းမာရေးပြဿနာ: မွေးရာပါနှလုံးရောဂါ ပါလာတတ်ကြသလို အကြား/အမြင်အာရုံ ချို့ယွင်းခြင်းနဲ့ သိုင်းရွိုက်ဟော်မုန်း အားနည်းခြင်းတွေ ဖြစ်နိုင်ပါတယ်။

🌻 ပြုစုပျိုးထောင်ခြင်း
ဒေါင်းဆင်ဒရုန်း ကလေးငယ်တွေဟာ သင့်တင့်တဲ့ ပံ့ပိုးမှုတွေ ရရှိရင် လူ့အဖွဲ့အစည်းမှာ အောင်မြင်ပျော်ရွှင်စွာ ရှင်သန်နိုင်ကြပါတယ်။
စောစီးစွာ လေ့ကျင့်ပေးခြင်း: ငယ်စဉ်ကတည်းက စကားပြောလေ့ကျင့်ခန်း (Speech Therapy) နဲ့ ကိုယ်လက်လှုပ်ရှားမှု (Physical Therapy) ပေးဖို့ အလွန်အရေးကြီးပါတယ်။
ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း: ကလေးအထူးကု၊ နှလုံး၊ မျက်စိ၊ နား/နှာခေါင်း/လည်ချောင်း ဆရာဝန်များနဲ့ ပုံမှန်ပြသရပါမယ်။
ပညာရေးနှင့် လူမှုပတ်ဝန်းကျင်: နွေးထွေးတဲ့ မိသားစုအချစ်က အရေးအကြီးဆုံးပါ။ သီးသန့်ပညာရေးသို့မဟုတ် သာမန်ကျောင်းတွေမှာ ပေါင်းစပ်သင်ကြားခြင်းကလည်း သူတို့ရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။

💡 ခေတ်မီနည်းပညာနဲ့ ကြိုတင်ကာကွယ်ခြင်း (NIPT & PGT-A)
Clinical Embryologist နဲ့ Genetic Counselor တစ်ယောက်အနေနဲ့ ဒီလိုမျိုးရိုးဗီဇဆိုင်ရာ ကိစ္စရပ်တွေကို NIPT နဲ့ PGT-A တို့လို နည်းပညာတွေနဲ့ ကူညီဖြေရှင်းပေးလျက်ရှိပါတယ် -
NIPT (Non-Invasive Prenatal Testing):
မိခင်သွေးကနေတစ်ဆင့် သန္ဓေသားရဲ့ DNA ကို စစ်ဆေးတာဖြစ်လို့ ကိုယ်ဝန်ပျက်ကျနိုင်ခြေ လုံးဝမရှိဘဲ ၉၉% အထိ တိကျပါတယ်။
လွန်ခဲ့တဲ့ (၃) နှစ်အတွင်းမှာ ဖြစ်နိုင်ခြေများတဲ့ မိခင်ပေါင်း (၄၀၀) ကျော်ကို စစ်ဆေးပေးနိုင်ခဲ့ပါတယ်။
PGT-A (Preimplantation Genetic Testing):
ဖန်ပြွန်သန္ဓေသား (IVF) ယူမယ့် မိဘတွေအတွက် သန္ဓေသားလောင်းကို သားအိမ်ထဲမထည့်ခင် ခရိုမိုဆုန်း မှန်/မမှန် ကြိုတင်စစ်ဆေးတဲ့ နည်းပညာပါ။
ကျန်းမာတဲ့ သန္ဓေသားကိုသာ ရွေးချယ်နိုင်လို့ ကိုယ်ဝန်ပျက်ကျနှုန်းကို သိသာစွာ လျှော့ချပေးနိုင်ပါတယ်။

🤝 စနစ်တကျ ဆွေးနွေးတိုင်ပင်ခြင်း
စစ်ဆေးမှုမလုပ်ခင်နဲ့ လုပ်ပြီးအခြေအနေတွေအတွက် နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ သေချာ ရှင်းလင်းဆွေးနွေးနိုင်သလို အဖြေတစ်ခုခုထွက်လာရင်လည်း မိဘတွေ စိတ်ဓာတ်မကျစေဘဲ အကောင်းဆုံး လမ်းညွှန်မှုတွေ ပေးနေပါတယ်။

"ဒေါင်းဆင်ဒရုန်းဟာ ကြောက်စရာ ရောဂါဆိုးကြီး မဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာ၊ နွေးထွေးမှုတွေနဲ့ အတူတကွ ပံ့ပိုးကူညီပေးရမယ့် အခြေအနေတစ်ခုသာ ဖြစ်ပါတယ်။"✨❤️
မိဘလောင်းတွေအနေနဲ့ မိမိတို့ရင်သွေးလေးတွေ ကျန်းမာဖို့ ခေတ်မီနည်းပညာတွေနဲ့အတူ ကျွန်တော်တို့ အမြဲအသင့်ရှိနေပါတယ်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Moe Kaung Street, (15) Quarter, Yankin Township
Yangon
11081