Triple Burma Professions
24/06/2025
2027 မှာအသစ်ပြောင်းလဲလာမယ့် ACCA Structure Subjects များအကြောင်း
🟢 ACCA Foundation Level 3 (3 Subjects)
* FA2-Accounting Prepartion
* MA2-Management Accounting & Costiong
* Data- Decision making with Data (အသစ်တိုးသည့်ဘာသာဖြစ်ပါတယ်။
🔸 (ပြောင်းလဲမှု - ယခင် Foundation Level 2 ဆိုတာမရှိတော့ဘဲ Level အခြေခံကနေdiploma level ကိုစလေ့လာနိုင်မှာဖြစ်ပါတယ်)
🟢Knowledge Level ( ACCA Part 1) (3 Subjects)
*K1 - Financial Accounting
*K2 - Management Accounting
*K3 - Business Law (Part 2 မှ ယခင် F4 ဘာသာကို part 1 ထဲထည့်လာတာပါ)
🔸 (ပြောင်းလဲမှု ယခင် FA,MA မပြောင်းလဲပါ BT နေရာတွင် Law ဖြေရပါမယ်၊ Knowledge level အတွက် စာမေးပွဲတွေကို ၂၀၂၇ ဇူလိုင်လကစပြီး on-demand ဖြေလို့ရမှာဖြစ်ပါတယ်။ )
🟢 Expertise Level (ACCA Part 2) (5 Subjects)
*E1 - Taxation
*E2 - Financial Reporting
*E3 - Audit, Risk and Control
*E4 - Finance and Investment
*E5 - Performance with Data Analysis 🆕
🔸 New: E5 သည် APM (F5) နဲ့ Data Analysis ကိုပေါင်းထားသော ဘာသာအသစ်ဖြစ်ပါတယ်။
🔸 New: Expertise Level စာမေးပွဲတွေကို ၂၀၂၇ စက်တင်ဘာလကစပြီး ဖြေလို့ရပါမယ်။
🟢 Digital Tech and Innovation Module
➡️ Digital နည်းပညာနှင့်ဆန်းသစ်တီထွင်မှုနယ်ပယ်တွင် အသိပညာရရှိအောင် အဓိကထားသင်ကြားမယ့် Module အသစ်။
ACCA Part 3 Professional Level
S1 - Business and Sustainability Reporting 🆕
S2 - Strategic Business Leader (SBL)
S3 - Below 5 ရဲ့တစ်ခုရွေး (Elective):
i. Audit and Assurance Professional
ii. Corporate Finance Professional
iii. Data Science Professional 🆕
iv. Performance and Insights Professional
v. Taxation Advisor Professional
🔸 New: S3 မှာ Data Science ကိုတော်တော်လေးအရေးကြီးအဖြစ် Elective ထဲထည့်ထားတာပါ။3ဘာသာပဲဖြေရပါမယ်။
📌 ဘယ်အချက်တွေပြောင်းလဲသွားတာလဲ?
ယခင်မှာဆိုရင် ACCA ကိုဖြေဖို့ စာမေးပွဲ ၁၃ ခု (F1–F9, SBR, SBL, Electives 2 ခု) လိုပါတယ်။
အသစ်မှာတော့ စာမေးပွဲ ၁၁ ခု (Knowledge 3, Expertise 5, Professional 3) ဖြစ်သွားမယ်။
Mandatory modules 3 ခု (Knowledge, Expertise, Professional ဆိုင်ရာ) ပါလာမယ်။ (ယခင်ကတော့ EPSM တစ်ခုပဲ ရှိ)
Data Analysis, Data Science စတဲ့ နည်းပညာအခြေခံ သင်ကြားမှုများ ပါလာတယ်။
APM (F5) ကို Performance with Data Analysis အဖြစ် ပြန်ရေးဆွဲထားတယ်။
Credit to Ethics Professional Accounting School
post and photo
ဒီနေ့ရဲ့ Topic ကတော့ UAE Tax အကြောင်း အနည်းအကျဉ်း ပြောပြမယ်။
မနေ့က Salary Post ရေးတော့ PIT (Personal Income Tax) အကြောင်း ထည့်မရေးလိုက်ရဘူး။ UAE မှာ PIT က 0% ပါ။ ဟုတ်ပါတယ်။ ကိုယ် ရတဲ့ လစာအကုန်လုံးက ကိုယ့်အိတ်ထဲပဲ ဝင်ပါတယ်။ ဒါကြောင့်မို့ Middle East က အဖြူတွေအတွက် မျက်စိကျစရာ Country ဖြစ်လာတာပေ့ါ။
အခွန်မဆောင်ရဘူး ဆိုပေမယ့် တဖက်မှာ Living Cost က အရမ်းကြီးပါတယ်။ Rental, Transportation, Meal, Phone Bill, Internet အစစအရာရာ စျေးကြီးပါတယ်။ ဆိုတော့ မြန်မာက Position တခု ရှိနေပြီးသား လူတွေက ဒါတွေကို ကြောက်ကြပါတယ်။ ရတာပဲ မြင်ပြီး ကုန်တာကျတော့ ထည့်မတွက်ကလည်း မဖြစ်ပြန်ပါဘူး။ ပြောသလိုပါပဲ အစ မှာတော့ အားလုံး အနာခံကြရတာပါပဲ Living Cost နှုတ်လိုက်လို့ ကျန်တဲ့ လစာက ရန်ကုန်မှာ ရတဲ့ လစာနဲ့ တူနေရင်တောင်မှ တနှစ်ဆိုတဲ့ Foreign Experience က Value Added ပါပဲ။ ဒါကလည်း လူ တယောက်နဲ့ တယောက် ခံယူချက်ချင်း တူဉီးမှကိုး။
အယ် မြန်မာမှာ Position သိပ်မကြီးတဲ့ ကလေးတွေ အတွက်ကျတော့ တန်တာပေ့ါ Market Condition အရ သိန်းဆယ်ချီပြီး မပေးနိုင်ဘူးလေ ဒါကြောင့် လူငယ်တွေ အတွက်က AED 2000 လောက် ရလည်း Living Cost ကို ချွေတာ တတ် မယ်ဆိုရင် ကိုက်တယ်လို့ ပြောလို့ ရပါတယ်။ 2000 ဆိုတာ အနည်းဆုံးကို တွက်ပြတာပါ။ ကိုယ်တိုင်ကလည်း ဆက်ကြိုးစားနေဖို့ လိုတာပေ့ါလေ နှစ်တိုင်း Repeater ပဲ ဖြစ်နေမယ်ဆိုရင်တော့ နံ နံ ခြားမှာ နေပေမယ့်လည်း ရရ စားစား ပဲ ဖြစ်နေမှာပါပဲ။ ဘယ်နိုင်ငံ မှာပဲ နေနေပါ လူငယ်တွေကို ပြောချင်တာက နှစ်တိုင်းမှာ ကိုယ့်အတွက် Progress ရှိနေရပါမယ် ရာထူးလား လစာလား Education လား Knowledge လား ကိုယ့်ကိုကိုယ် ပြန်သုံးသပ် နေပါ ဒီနေရာမှာပဲ Repeater အဖြစ်နေပြီး အချိန်တွေ ဖြုန်းမပစ်ပါနဲ့ ကိုယ့် Career ကိုပဲ ချစ်ပါ Company ကို မချစ်ပါနဲ့ ကိုယ့်အတွက် တက်လမ်းမရှိတဲ့ Toxic Environment မျိုး Comfort Zone လို ဖြစ်နေတဲ့ Working Environment မျိုးကနေ ရုန်းထွက်နိုင် ကြပါစေနော်
ကဲကဲ Tax အကြောင်းကနေ ဆရာမကြီးလုပ်တယ်လို့ မထင်ကြပါနဲ့ လမ်းကြုံလို့ ပြောပြတာဘာ .. Tax အကြောင်း ဆက်ရအောင်
UAE မှာ ဘာဝယ်ဝယ် Commercial Tax ပေးရပါတယ်။ ဒီမှာတော့ CT လို့ မခေါ် ဘူး VAT (Value Added Tax) လို့ ခေါ် တယ်။ % ကတော့ မြန်မာ နဲ့ တူတူပါပဲ 5% ပါ။ Visitor တွေ အတွက် က တော့ နိုင်ငံက ပြန် အထွက်မှာ VAT Refund ပြန် တောင်း လို့ ရပါတယ်။ Resident တွေ တော့ မရပါဘူးနော်။ VAT Return က ဒီမှာ 3 လ တကြိမ် တင်ရပါတယ်။ Online ကပဲ တင်ရပြီး Payment ကလည်း Banking နဲ့ပါပဲ။ Interview မှာ ဒီအကြောင်းတွေ မေးခဲ့ရင် မသိဘူးလို့ ြ တာထက် င့ါ country မှာတော့ ဒါက ဒီလို ရှိတယ် ငါက ဘယ် လို Calculation လုပ် ပြီး Submit လုပ်ရတယ် အခု ဒီမှာ ဘယ်လို တွေ ရှိလဲဆို တာတော့ ငါ Learning လုပ် နေတယ် ဘာညာ ဆိုပြီး ရွှီး ကြဘာ
Corporate Tax တော့ UAE မှာ အခုနှစ် 2024 မှ စပြီး Implement လုပ်မှာပါ။ ဟုတ်ကဲ့ မတ်မတ်သက် တို့ကတော့ ထီခနဲဟေ့ ဆို ပါလိုက်ရမှလေ။ ကိုယ်ရောက်တဲ့ နှစ်ကျမှ CT တွေ ဘာတွေ ထလုပ်တော့ ကိုယ်လည်း မျက်ခုံး ခပ်လှုပ်လှုပ်ပါပဲ မတတ်နိုင်ဘူးလေ သူလည်း အသစ် ကိုယ်လည်း အသစ်ဆိုတော့ တူတူ Learning လုပ်ကြတာပေ့ါ လို့ 😁
Interview မှာ Fresher ဆိုရင် UAE Law & Tax အကြောင်းတွေ သိပ် မမေးတတ်ကြပါဘူး။ မေးလာခဲ့ရင် လည်း အပေါ် မှာ ပြောသလိုပဲ ကိုယ့် နိုင်ငံရဲ့ Law & Tax ကို အခြေ ခံ ပြီး ဖြေ ကြဘာ။ အဓိက သူတို့ သိချင်တာက ဒါနဲ့ ပတ်သက်ပြီး အတွေ့ အကြုံ ရှိလား ဘာတွေ လုပ် ခဲ့ဖူးလဲဆို တာမျိုးပါ။
ထပ်သိချင်တာတွေ ရှိရင်တော့ ကိုယ့်ဘာသာကိုယ် Googling လုပ်ကြဘာ။
ဒီနေ့တော့ တော် သေးပြီ 🥰
စာရေးသူတစ်ဦးထံမှ ပြန်လည်မျှဝေပေးခြင်းဖြစ်သည်။
to original post
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon