Digit Hub - Social Media Solution

Digit Hub - Social Media Solution

Share

30/05/2024

ဒီနေ့မှာတော့ Brand တစ်ခုအောင်မြင်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ Brand Positioning အကြောင်းကို Knowledge Sharing လုပ်သွားမှာပဲ ဖြစ်ပါတယ်။
Brand positioning ဆိုတာက Customers or Clients တွေအနေနဲ့ ကိုယ့်ရဲ့Brand ကနေ တခြားသော Brand တွေနဲ့မတူ တမူထူးခြားတဲ့ တန်ဖိုးရလဒ် တစ်ခုကို ရရှိအောင်လုပ်ဆောင်ခြင်းအားဖြင့် Customer or Client တွေဆီကို Physically and Emotionally နေရာယူနိုင်ခြင်းပဲ ဖြစ်ပါတယ်။ Brand Positioning ဆိုတာ Brand တစ်ခုအတွက် Marketing Strategy လည်းဖြစ်ပြီး Customers တွေက ဈေးကွက်ထဲမှာရှိတဲ့ ကိုယ့် Brand နဲ့ Ranking တူနေတဲ့ Quality or Price မတိမ်းမယိမ်းရှိနေတဲ့ အခြားသော Brands တွေထက် ကိုယ့် Brand ကိုမှ နှစ်သက်ပြီး ရွေးချယ်ဝယ်ယူချင်လာရမယ့် အကြောင်းရင်းလည်းဖြစ်ပါတယ်။
Brand Positioning ဟာ Brand Manager တွေအတွက်လည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ကိုယ့် Brand ရဲ့ Positioning ကိုသိမှသာ Brand Positioning Statement ကိုရေးဆွဲနိုင်မှာဖြစ်ပါတယ်။
Brand Positioning Statement ထဲမှာ -
(၁) ကိုယ့်ရဲ့ Target Market or Customer က ဘယ်သူတွေလဲ?
(၂) ဘယ်လို Products တွေကို ရောင်းမှာလဲ?
(၃) ကိုယ့် Products ရဲ့ အားသာချက် အားနည်းချက်တွေက ဘာတွေလဲ?
(၄) Customers တွေ ကိုယ့် Products ကိုသိလာအောင် လက်ခံလာအောင် Marketing Plan ဘယ်လိုဆွဲမလဲ?
(၅) ကိုယ့် Brand အောင်မြင်အောင် Strategy ဘယ်လိုချမလဲ ဘယ် Ads Media/Channel သုံးမှာလဲ?
(၆) Promotion တွေကိုရော ဘယ်လိုပေးမှာလဲ?
(၇) ဈေးကွက်ထဲမှာပေါက်ဖို့ Pricing Strategy ကို ဘယ်လိုချရမလဲ?
(၈) ကိုယ့် Products ကို ဘယ်လို Distribution Channel တွေသုံးပြီး ဘယ် Market မှာ ရောင်းမှာလဲ?
ဆိုတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားမှသာ Customers ကိုပေးချင်တဲ့ မိမိ Brand ရဲ့ တမူထူးခြားတဲ့တန်ဖိုး နဲ့ Brand Image တွေကို အကောင်းဆုံးပေးစွမ်းပြီး ကိုယ့် Products ကိုသာရွေးချယ်ဝယ်ယူလာအောင် ဆောင်ရွက်နိုင်မှာပဲ ဖြစ်ပါတယ်။

Design, Branding နဲ့ Content Strategy ဆိုင်ရာအကြောင်းအရာတွေကို
အသေးစိတ်စုံစမ်းနိုင်ဖို့နဲ့ လုပ်ငန်းဆိုင်ရာအကြုံဉာဏ်တွေ ပေးနိုင်ဖို့
Phone - 09662998993, Facebook Messenger, Telegram Community Chat နဲ့ https://t.me/digithubmm01 (Telegram), [email protected] တို့ကို ဆက်သွယ်နိုင်ပါပြီရှင့်....

13/05/2024

ဘယ်နယ်ပယ်ပဲဖြစ်ဖြစ် အရာရာတိုင်းက Consistency ရှိနေဖို့လိုအပ်ပါတယ်
အရင်ဆုံးပြင်ရမယ့် တစ်ချက်က ကောက်ရိုးမီးလို အကျင့်ကိုပါ၊ ဒီက Admin တွေကိုယ်တိုင်လဲ မနည်းဖျောက်ထားရတဲ့ အကျင့်လေးတစ်ခုပေါ့....
အရင်ဆုံးသိထားရမှာက Digital Marketing လုပ်ရင် Expense တွေကုန်ကျလိုက်တာလို တွေးတာထက် ကိုယ့်လုပ်ငန်းအတွက် Investment လုပ်လိုက်တယ်လို့ သဘောထားရပါမယ် ✅
Marketing, Content Creation, Planning ဘာတွေပဲဖြစ်ဖြစ် အမြဲတမ်း အချိန်အတိုင်းအတာတစ်ခုနဲ့ သတ်မှတ်ပြီးပုံသေ Run နေဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ပုံမှန်မရှိတဲ့အချိန်မှာ Customer အနေနဲ့ မိမိလုပ်ငန်းကို စိတ်ဝင်စားမှု သိသိသာသာလျော့ကျစေပြီး နောင်အခါ အရှိန်အဟုန်နဲ့ လုပ်ငန်းချဲ့ထွင်ရာမှာ လုပ်ရကိုင်ရခက်စေပါတယ်
စိတ်ပါမှ Urgent ထလုပ်မယ် မလိုအပ်ရင် မလုပ်တော့ဘူး ဒါတွေက ပိုက်ဆံကို ရေထဲမျောလိုက်သလိုပါပဲ နှမျောဖို့ကောင်းပါတယ်
ခဏတာပဲ ထိရောက်ပြီး ရေရှည်အတွက်မစဉ်းစားရင်တော့ ကိုယ့်လုပ်ငန်းပဲ ထိခိုက်နိုင်ပါတယ်
ဒီတော့ ကိုယ့်လုပ်ငန်းသေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ ဒီနေ့ခေတ်ရဲ့ လွှမ်းမိုးမှုအများဆုံးဖြစ်တဲ့ Digital Channel တွေမှာ မိမိလုပ်ငန်းကို ကိုယ်စားပြုတဲ့ အရာတွေအတွက် ခြေလှမ်းစတင်ရင်း ပုံမှန်လေး စျေးကွက်ထဲတိုးဝင်နေဖို့ လိုပါတယ်
ဒီလိုတိုးဝင်နိုင်ဖို့ အရေး တစ်ဖက်တစ်လမ်းကနေ ကူညီဆောင်ရွက်ပေးဖို့လဲ Digit Hub ရှိနေပါပြီ.....

Disclaimer - Design ပါပုံများသည် ကောက်ရိုးမီးကိုပြသလိုချင်တာဖြစ်ပြီး ပိုက်ဆံကို မီးစွဲနေသည့် သဘောသက်ရောက်သော ပုံစံအသုံးပြုထားခြင်းမရှိပါခင်ဗျာ

Design, Branding နဲ့ Content Strategy ဆိုင်ရာအကြောင်းအရာတွေကို
အသေးစိတ်စုံစမ်းနိုင်ဖို့နဲ့ လုပ်ငန်းဆိုင်ရာအကြုံဉာဏ်တွေ ပေးနိုင်ဖို့
Phone - 09662998993, Facebook Messenger, Telegram Community Chat နဲ့ https://t.me/digithubmm01 (Telegram), [email protected] တို့ကို ဆက်သွယ်နိုင်ပါပြီရှင့်....

08/05/2024

ယနေ့ရန်ကုန်မြို့ရဲ့အပူချိန် 41 Degree Celsius ဖြစ်ပါတယ်ရှင်..📢

သတင်းဌာနကြော်ငြာသံနဲ့အတူ ပျက်သွားတဲ့ မီးကြောင့် နှီးယပ်တောင်ကိုတဖြတ်ဖြတ်ခပ်ရင်း Page အတွက် Promotion Post လေးတစ်ခုလုပ်ဖို့ စဉ်းစားနေတဲ့ Anne တစ်ယောက် ခေါင်းပိုပူသွားသလိုခံစားလာရပါတယ်။
တစ်နိုင်တစ်ပိုင် စားသောက်ဆိုင်သေးလေး ဖွင့်ထားတဲ့ Anne အတွက် ဆိုင်အလုပ်တွေအပြင် တခြားအလုပ်တွေကို ခွဲလုပ်ပေးဖို့ရာ လူခွဲကလည်းမရှိ..
အရသာနဲ့ သန့်ရှင်းလတ်ဆတ်မှုတွေကြောင့် အတန်အသင့်နာမည်ရလာတဲ့ Anne ရဲ့ ဆိုင် page လေးကား တစ်ပတ်စာ Order များနှင့် ပြည့်လို့နေပါတယ်... Customer အခိုင်အမာရှိလာပြီမို့ ဆိုင်သေးလေးအနေနဲ့ တနိုင်တပိုင် Promotion လေးစလုပ်ပြီး ရောင်းအားကို ဒီထက်တိုးနိုင်အောင် ကြံစည်ရင်း အကောင်အထည်ဖော်ဖို့ Anne တစ်ယောက်ကြိုးစားနေရပါပြီ….
၃ နာရီခန့် Promotion Plan အတွက် စဉ်းစားပြီးချိန်မှာတော့ မီးပျက်နေတဲ့ တိုက်ခန်းငယ်လေးထဲမှာ နွေအပူချိန်ကို အံတုနေတဲ့ Anne တစ်ယောက် ခေါင်းထဲမှာ ဘာမှဆက်မထွက်လာတော့ပါ....
Content ‌ရေးရဦးမည်.. ဒီဇိုင်းလှလှလေးတစ်ခုလည်းဖန်တီးရပေဦးမည်..ဒါတွေအပြင် လူပိုသိအောင် Boost လည်းလုပ်ချင်သေးသည်။ 🧐
Plan ခေါင်းထဲကထွက်လာပေမဲ့ ကျန်တာတွေဆက်လုပ်ဖို့ Anne မှာ မယ်မယ်ရရ မသိ.. လူငယ်ပီပီ အကြောင်းအရာတွေနဲ့ ရင်းနှီးပြီး သိသင့်သလောက်သိပေမဲ့ ထဲထဲဝင်ဝင်လုပ်ဖို့ရာ ဘာကစကိုင်ရမယ် မသိဖြစ်သွားပါတယ် 😮‍💨
စိတ်ညစ်ညစ်နဲ့ Facebook ကို နောက်ဆုံးလက်ကျန် Battery လေးနဲ့ ပွတ်နေရင်း Anne မျက်စိထဲကိုဝင်လာ တဲ့ ပို့စ်လေးတစ်ခုကြောင့် သေချာလေးဖတ်မိသွားတယ်။ (Facebook ရဲ့ AI Tracking က ဒီနေရာမှာ အကူညီဖြစ်သွားပါပြီ) Social Media Design တွေအပြင် ပို့စ်တစ်ခုချင်းစီအတွက် Content တွေကိုပါ တစ်ခုချင်းအပ်လို့ရပြီး Media Buying အတွက်ပါ ဝန်ဆောင်မှုပေးတဲ့ Digit Hub – Social Media Solution ရဲ့ Service ကြော်ငြာတဲ့ ပို့စ်လေးက Anne ရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မှာ သေချာနေတာမို့ Page Messenger ကနေဆက်သွယ်ပြီး လုပ်ချင်တဲ့အစီစဉ်နဲ့ အခက်အခဲတွေကို သေချာပြောပြ တိုင်ပင်လိုက်ပါတယ်။
အချိန်ခဏအတွင်း Anne ရဲ့ အစီစဉ်လေးကို အကောင်ထည်ဖော်နိုင်ဖို့ အကြံဉာဏ်တွေအပြင် စျေးသက်သက်သာသာဖြစ်တဲ့ Service Charges နဲ့ လုပ်နိုင်သွားတာမို့ နှစ်ခါပြန်စဉ်းစားမနေပဲ အပ်လိုက်ပါတော့တယ်။

ခုဆို Anne ရဲ့ Page လေး အရင်ထက်ပိုပြီး ရောင်းကောင်းပြီး လုပ်ချင်နေတဲ့ Promotion အစီအစဉ်လေးကိုလည်း Digit Hub အကူအညီနဲ့လုပ်လိုက်နိုင်ပါပြီ.
ကဲ.......... Anne လို ရန်ကုန်နွေပူပူမှာ ဦးနှောက်တွေပူ‌အောင်မစဉ်းစားချင်တဲ့ သူတွေအတွက်ဆိုရင်တော့ Social Media နဲ့ Digital Service တွေ မျိုးစုံကို စျေးနှုန်းသက်သက်သာသာနဲ့‌ဆောင်ရွက်ပေးနေတဲ့ Digit Hub က ကူညီပေးဖို့ အမြဲ အသင့်ရှိနေပါတယ်ရှင့်.....

Design, Branding နဲ့ Content Strategy ဆိုင်ရာအကြောင်းအရာတွေကို
အသေးစိတ်စုံစမ်းနိုင်ဖို့နဲ့ လုပ်ငန်းဆိုင်ရာအကြုံဉာဏ်တွေ ပေးနိုင်ဖို့
Phone - 09662998993, Facebook Messenger, Telegram Community Chat နဲ့ https://t.me/digithubmm01 (Telegram), [email protected] တို့ကို ဆက်သွယ်နိုင်ပါပြီရှင့်....

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Kyeemyindaing
Yangon
11101