New Steel

New Steel

Share

16/02/2026

Happy Chinese new year ပါခင်ဗျာ❤️
စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ😊

17/01/2026

🏗️ကျွန်တော်တို့တွေသုံးနေကြတဲ့ Angle Bar တွေအကြောင်းနည်းနည်းလေ့လာကြည့်ရအောင်…

Angle Bar ဆိုတာကတော့ အဆောက်အအုံနဲ့ စက်မှုလုပ်ငန်းတွေမှာ အရေးကြီးဆုံး steel section တစ်မျိုး ဖြစ်ပြီး၊ L ပုံစံဖြစ်တဲ့အတွက် Load bearing, framing နဲ့ structural support အတွက် အသုံးများပါတယ်။

Angle Bar ကို Civil Engineering, Structural Engineering, Mechanical Engineering နယ်ပယ်တွေမှာ အထူးသဖြင့်
• Building structure
• Steel framework
• Truss system
• Tower & Platform
• Machine support frame

တွေမှာ မဖြစ်မနေ အသုံးပြုကြပါတယ်။



📐 Angle Bar ရဲ့ အမျိုးအစားများ ကိုပြောရမယ်ဆိုရင် Angle Bar ကိုအောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်။

🔹 Equal Angle Bar
• နှစ်ဖက်အရွယ်အစား တူညီတယ်။
• Load ကိုညီညွတ်စွာ ခံနိုင်တယ်။
• General structural work တွေမှာ အသုံးများတယ်။

🔹 Unequal Angle Bar
• တစ်ဖက်ကြီး၊ တစ်ဖက်သေး ဖြစ်တယ်။
• Special load condition နဲ့ limited space design အတွက် သင့်တော်တယ်



🏗️ Engineering Work တွေမှာ Angle Bar ကို ဘယ်လိုအသုံးပြုကြလဲ?

Professional Engineering Design တွေမှာ Angle Bar ကို
✔️ Column & Beam support
✔️ Bracing system
✔️ Roof truss
✔️ Stair & railing structure
✔️ Equipment support frame

အဖြစ် အသုံးပြုကြပါတယ်။

Engineer တွေက Angle Bar အသုံးပြုတဲ့အခါ
• Load calculation
• Bending moment
• Shear force
• Connection detail (Welding / Bolting)

တွေကို စနစ်တကျတွက်ချက်ပြီးမှ အသုံးပြုကြပါတယ်။



⚠️ Angle Bar အသုံးပြုရာမှာ သတိပြုရမယ့် အချက်များကတော့

🔸 Steel grade ကို design requirement နဲ့ ကိုက်ညီအောင် ရွေးချယ်ရပါမယ်
🔸 Thickness မမှန်ရင် deformation ဖြစ်နိုင်ပါတယ်
🔸 Welding quality မကောင်းရင် structural failure ဖြစ်နိုင်ပါတယ်
🔸 Corrosion protection (painting / galvanizing) မလုပ်ရင် ရှိသင့်ရှိထိုက်တဲ့ သက်တမ်းမခံနိုင်ပါဘူး။

မိတ်ဆွေတို့ဒီအချက်တွေကိုသိထားပြီး သတိထားမယ်ဆိုရင် မိတ်ဆွေတို့လုပ်ငန်းမှာအများကြီးအကျိုးရှိစေမှာပါခင်ဗျာ။

👷🏼‍♂️မိတ်ဆွေတို့ Project မှာ သံပစ္စည်းများလိုအပ်တိုင်း
New Steel ကိုသတိရလိုက်ပါခင်ဗျာ။

12/01/2026

🤔Hot Rolled Sheet အကြောင်းကောင်းကောင်းကြီးသိပြီလားမိတ်ဆွေ???

Hot Rolled Sheet ဆိုတာက Steel ကို အပူချိန်အမြင့် (over 1,700°F / 927°C) မှာ လှိမ့်ပြီး ထုတ်လုပ်ထားတဲ့ Industrial Grade Steel Sheet တစ်မျိုးဖြစ်ပါတယ်။

ဒီအပူချိန်မှာ Steel က ပိုပြီး soft ဖြစ်သွားတဲ့အတွက်
👉 Rolling
👉 Shaping
👉 Thickness Control
တွေကို တိကျလွယ်ကူစွာ လုပ်နိုင်ပြီး Strong & Reliable Structure Steel ကိုရရှိနိုင်ပါတယ်။

🔩 Hot Rolled Sheet ရဲ့ အားသာချက်တွေအနေနဲ့

✔ Cold Rolled ထက် Surface rough ဖြစ်ပေမယ့်
✔ Thickness tolerance ကောင်းမယ်
✔ Heavy load ခံနိုင်မယ်
✔ Cost သက်သာမယ်
✔ Welding, Bending, Cutting လုပ်ရ လွယ်ကူမယ်

ဒီအချက်တွေကြောင့် Structure, Fabrication & Heavy Duty Project တွေအတွက် အကောင်းဆုံး Steel ဖြစ်ပါလိမ့်မယ်ဗျ။

🏗️ Hot Rolled Sheet ကို ဘယ်မှာသုံးကြလဲ?
Hot Rolled Sheet တွေကို
🚗 Automotive Parts
🛢 Oil & Gas Equipment
🏭 Machine Frames
🚧 Shipbuilding & Marine Structure
တို့မှာ အဓိက အသုံးပြုကြပါတယ်။

အထူးသဖြင့် Shipbuilding, Steel Structure, Heavy Machinery လို Force တွေ၊ အလေးချိန်
တွေ၊ လှုပ်ရှားမှုဒဏ်တွေကို ခံနိုင်ရည်ရှိရမယ့် Project တွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်ခင်ဗျ။

ဒီလို အရေးကြီးတဲ့ Steel Material ကို
New Steel Team မှ Quality Control, Standard Thickness & Reliable Supply နဲ့ ပံ့ပိုးပေးနေပါတယ်ခင်ဗျာ။

သံပစ္စည်းအမျိုးမျိုးလိုအပ်ပါက -
09 787 900 016 ကိုဆက်သွယ်ဆုံစမ်းနိုင်ပါတယ်ခင်ဗျာ။

Photos from New Steel's post 29/12/2025

💪🏻အားပေးကြမ်းကြတဲ့ ကျွန်တော့်ရဲ့ ချစ်မိတ်ဆွေတို့အတွက် သံပိုက်လုံးအသစ်တွေထပ်မံရောက်ရှိထားပါကြောင်း

✅အရည်အသွေးပိုင်းစိတ်ပူနေကြတဲ့ မိတ်ဆွေတို့ အတွက်လည်း ပုံလေးတွေကိုသေချာရိုက်ပြီး
ကျွန်တော်တို့တင်သွင်းထားတဲ့ သံပိုက်လုံးက သံသားသန့်သန့်လေးတွေနဲ့ တကယ်ကို အရည်အသွေးကောင်းကြောင်းပြထားပါတယ်ခင်ဗျ။

📏သံပိုက်လုံးကို မိတ်ဆွေတို့လိုချင်တဲ့ အတိုင်းအတာအတိုင်းမျိုးစုံ, Diameter မျိုးစုံဝယ်ယူရရှိနိုင်ပါတယ်နော်။

🤩လက်ရှိကျွန်တော်တို့စီမှာ အရောင်းရဆုံးဒီသံပိုက်လုံးတွေကို အသက်သာဆုံးစျေးနှုံး များဖြင့်ရောင်းချပေးသွားပါမယ်ခင်ဗျာ။

စျေးနှုန်းလည်းလုံးဝ လုံးဝ သင့်တင့်တာမလို့ လိုချင်ပါက လိုအပ်ပါက 📩 Page Messenger မှာ ဆက်သွယ်နိုင်သလို
📲 09 787900016
ဒီ ဖုန်းနံပါတ်လေးကိုဆက်သွယ်ပြီးလည်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

🏠Address:No. (203), Sin Tae Street, South Dagon Industrial Zone (3), Yangon.Myanmar.
🏗️Warehouse- No (533/12), Moe Gote Street, South Dagon Industrial Zone(1) Yangon Myanmar.

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No(227), Sin Tae Street, South Dagon Industrial Zone(1)
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 17:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00