Noble 9 Real Estate

Noble 9 Real Estate

Share

06/11/2023

#ဂရန်ဆိုတာဘာလဲ? #ဂရန်အတုအစစ်ဘယ်လိုခွဲခြားမလဲ?

အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်ရာတွင် အရေးပါသော အချက်များထဲက တခုဖြစ်တဲ့ ဂရံ နှင့် ပတ်သက်ပြီး ဂရံဆိုတာ ဘာလဲ ? ဂရံ အတု အစစ် ဘယ်လို ခွဲရမလဲ ဆိုတဲ့ အချက်တွေကို ပြောပြပေးပါမယ်

ဂရန် ဆိုတာဘာလဲ ?
ဂရန် ဆိုတာ ကော်မတီက သတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ နှစ်တိုနှစ်ရှည် ကာလသတ်မှတ်၍ အငှားချထားသည့် စာချုပ် ( မြေငှားစာချုပ် ) ကိုဆိုသည်။ ဂရန် မြေကို ၁၈၅၃ ခုနှစ်မှ စသည် ။ LEASE LAND ဟုခေါ််သည် ။

ဂရံ အတု အစစ် ဘယ်လို ခွဲရမလဲ ?

ရန်ကုန်မြို့တော်စည်ပင်ဂရန်မျက်နှာဖုံးက သားရေအစိမ်းရင့်၊ မန္တလေးမြို့တော်စည်ပင်ဂရန်မျက်နှာဖုံးက အညိုရောင်ဖြစ်ပါတယ် တွန့်ကြေခြင်းမရှိပါ။
ဌာနတံဆိပ်မှာ ရွှေရောင်ဖြစ်ပြီး လက်နှင့်ပွတ်ကြည့်လျှင် ကြမ်း၍ဖောင်းကြွ ဖြစ်ပါတယ်။
အိုးအိမ်ဂရန် မှာ အပြာရောင်ဖြစ်ပါတယ်
( အတုမှာ နက်ပြာရောင် (သို့မဟုတ်) အစိမ်းပုတ်ရောင်ဖြစ်ပြီးဌာနတံဆိပ်မှာကြမ်းမနေပါ။)
ဌာနတံဆိပ်ရေစာမှာအပြာနုဖြစ်၍ထင်ရှားပြီး မှုံဝါးမနေ၊အရောင်မှာအရမ်းတောက်ပမနေပါ။
စာအုပ်ချုပ်ထားတဲ့ချုပ်ရိုးမှာ သပ်သပ်ရပ်ရပ်ဖြစ်နေပြီး အပ်ပေါက်ရာနှင့်ချုပ်ထားသောချုပ်ရိုးစများအပြင်သို့ထွက်မနေပါ။
(အတုမှာချုပ်ထားသောကြိုးစများထွက်နေပြီးကြိုးထက်အပ်ပေါက်ရာကကြီးနေတက်ပါတယ်)
စာရွက်ရဲ့အသားဟာထူပြီး ချောနေပါတယ်။ စာရွက်ကို ထောင်ကြည့်လျှင် ရေစာသည် အရောင်ဖျော့ပြီးပြတ်သားစွာမြင်ရပါတယ်။
(အတုသည် ရေစာအား Color printerဖြင့်ထုတ်ထားသဖြင့်အရမ်းထင်းလွန်းပြီး စာရွက်သားမှာ မထူပါ။စာလုံးများအားပွတ်ကြည့်လျှင် အရောင်ပျက်သွားပါသည်။)
မြေပုံဆွဲသည့်အခါအဝိုင်းများနှင့်မြေကွက် ဘောင်ခတ်ခြင်း အားမှင်နီဖြင့်ဆွဲပြီးလက်ရာမှာ သေသပ်ပြီး အစွန်းများထွက်မနေပါ။
လိုင်းများညီညာလွန်းပါတယ် စာသားအားအနက်ဖြင့် သာရေးလေ့ရှိပါတယ်
(အတုမှာ ဘောင်လိုင်းများအစွန်းထွက်ပြီးစာသားအား မှင်ပြာဖြင့်ရေးလေ့ရှိပါတယ်။)
ဟော်လိုဂရမ်မှာ အစစ်ရော အတုမှာပါ ပါလေ့ရှိပါတယ်။
ဒီအချက်တွေနဲ့တိုက်စစ်ခြင်းဖြင့်အတု/အစစ်ခွဲခြားနိုင်ပါတယ်။
Credit original uploader

Want your practice to be the top-listed Law Practice in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00