MHK
06/11/2021
❤️၁၅၀၀ ချစ်ခြင်း❤️
🔸အစစအရာရာ မတူညီတဲ့ လူနှစ်ယောက် ချစ်ခြင်းမေတ္တာတစ်ခုတည်းအပေါ်မှာ တူညီမှုရှိပြီး လက်တွဲကြတဲ့အခါ မမျှော်လင့်ထားတဲ့ ပျော်ရွှင်မှု၊ ဂရုစိုက်မှု၊ အလေးပေးမှု၊ တန်ဖိုးထားမှုတွေ ပိုင်ဆိုင်ကြနေပေမယ့် ယခုထက် ပို၍ ပို၍ကောင်းမွန်သော ကြည်နူးမှုများကို ကိုယ်တိုင်ရှာဖွေပြီး အစီအစဉ်ဆွဲချင်သလား❓
🔸နှစ်ဦးသားသဘောထားချင်းမတိုက်ဆိုင်တာ၊ စကားများရန်ဖြစ်တာတွေ၊ သံသယတွေလွန်ကဲပြီးယုံကြည်မှုတွေပျောက်ဆုံးပြီး စစချင်းလက်တွဲခဲ့တဲ့အချိန်ကာလမျိုးမပိုင်ဆိုင်တော့တာတွေ ဖြစ်လေ့ဖြစ်ထရှိကြပါတယ်။
🔸Relationship တစ်ခုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာ၊ အခက်အခဲ၊ အနှောက်အယှက်၊ အတားအဆီး တွေကို ကိုယ်တိုင်အဖြေရှာပြီး လက်ရှိကြုံတွေ့နေရတာတွေကို ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲခြင်လား❓
💁🏻♂️စတဲ့ စတဲ့ Relationship နဲ့ဆိုင်တဲ့ အကြောင်းအရာများကို Coaching Session ယူပြီး ကိုယ်တိုင်အဖြေရှာချင်တယ်ဆိုရင်
နောက်တစ်ပတ် သောကြာနေ့ (၁၂ နိုဝင်ဘာလ ၂၀၂၁) မှာ သုံးယောက်တိတိ တစ်ယောက်ကို တစ်နာရီ တစ်ရက်တည်းသာ ဆွေးနွေးပေးသွားပါမယ်။ မည်သည့်အခကြေးငွေကိုမျှ ပေးဆောင်ရန်မလိုသည့်အပြင် ဆွေးနွေးမဲ့အကြောင်းအရာများကိုလဲ မည်သူတဦးတယောက်မှ သိရှိမည်မဟုတ်ပါဘူး။
👉🏻ဒါကြောင့်မို့လို့ Post ကို Like and share လုပ်ပြီး Commentမှာ မန့်ခဲ့ပေးတဲ့ မည်သူမဆို ပြန်လည်ဆက်သွယ်ပြီး အချိန်ညှိနှိုင်းကာ အခမဲ့ဆွေးနွေးပေးသွားမှာပါ။
🔰Let's do it now🔰
MHK Team
18/07/2021
ယုံကြည်ချက်မှသည် အောင်မြင်ခြင်းဆီသို့
မင်္ဂလာပါခင်ဗျ ယုံကြည်ချက်မှ သည် အောင်မြင်ခြင်းဆီသို့ ကဏ္ဍမှ ကြိုဆိုပါတယ်ခင်ဗျ။
လူတစ်ယောက်က တခြားလူတစ်ယောက်အပေါ်မှာ ကိုယ်ရဲ့မျက်စိနဲ့မြင်လိုက်တဲ့အမြင်နဲ့ ပဏာမဆုံးဖြတ်ချလေ့ရှိပါတယ်။ ဒါကြောင့်မို့လို့ ကိုယ်ရဲ့ ကိုယ်အမူအရာ၊ ပုံပန်းသွင်ပြင်ကို ယုံကြည်မှုရှိနေဖို့က လွန်စွာအရေးကြီးပါတယ်။ ကိုယ့်ရဲ့ ကိုယ်အမူအရာ ပုံပန်းသွင်ပြင်ကို ဘယ်လိုတည်ဆောက်သင့်သလဲဆိုတာ အကြံပြုတင်ပြသွားပါမယ်။ လူတစ်ယောက်နဲ့ အောင်မြင်ထိရောက်တဲ့ ပြောဆိုဆက်သွယ်မှုဖြစ်ဖို့ Body Language(ကိုယ့်ရဲ့ခန္ဓာကိုယ်အပြုအမူ) က ၅၀ရာခိုင်နှုန်း၊
Tonality(ကိုယ့်ရဲ့အသံနေအသံထား) က ၃၈ရာခိုင်နှုန်း၊Words(ကိုယ်အသုံးပြုလိုက်တဲ့စကားလုံး) က
၇ရာခိုင်နှုန်း အထိအသုံးဝင်ပါတယ်။ ဆိုတော့ ပြောဆိုဆက်သွယ်တဲ့အခါ အောင်မြင်မှုအခွင့်အရေးပိုများတဲ့ Body language ထဲမှာ -
(၁)Gestures -ကိုယ်နေကိုယ်ဟန်
(၂)Postures -လက်ဟန်ခြေဟန်
(၃)Facial expressions -မျက်နှာအမူအရာ
(၄)Eye contact -မျက်လုံးချင်းဆက်သွယ်မှု
(၅)Breathing -အသက်ရှုခြင်း တွေပါဝင်ပါတယ်။
1️⃣ စကားပြောဆိုနေတဲ့အချိန် ကိုယ့်ရဲ့ကိုယ်နေကိုယ်ဟန်က လှုပ်လှုပ်ရွရွဖြစ်နေတာ၊ တောင့်တောင့်ကြီးဖြစ်နေမယ်၊ အဆင်မပြေတဲ့ပုံပေါ်နေမယ်ဆိုရင် ကိုယ်ရဲ့ယုံကြည်မှုကပျောက်ဆုံးပြီး ထိရောက်တဲ့ဆက်သွယ်မှုဖြစ်မလာနိုင်တော့ပါဘူး။ ပခုံးက ကိုင်းကိုင်းကြီးဖြစ်နေတာ၊ ရင်ဘတ်ကိုအရမ်းကော့ထားတာ၊ ခေါင်းကိုအောက်ငိုက်ထားတာ အရမ်းမော့ထားတာ၊ ထိုင်ပုံထိုင်နည်းမှားနေတာတွေက တစ်ဖက်လူက ကိုယ့်အပေါ်မှာ တမျိုးအဓိပ္ပါယ်ကောက်ပြီးပြောဆိုလာတဲ့အခါ ကိုယ့်ရဲ့ယုံကြည်မှုကပျောက်ဆုံးလာတာနဲ့အမျှ အမှားတွေထပ်ခါထပ်ခါ လုပ်မိနေတော့မှာပါပဲ။ ခန္ဓာကိုယ်ကို မတ်မတ် ခေါင်းကိုတည့်တည့်ထားကာ သက်တောင့်သက်သာအနေအထားတစ်ခုမှာရှိနေပြီဆိုရင်တော့ အဆင်ပြေနိုင်ပါလိမ့်မယ်။
2️⃣ စကားပြောနေတဲ့အချိန် လက်ကိုချိုးနေတာ၊ လက်သီးဆုပ်ထားတာ၊ လက်ပိုက်နေတာ၊ လက်ကိုအနောက်မှာထားတာ၊ လက်ကိုအိတ်ကပ်ထဲထည့်ထားတာ၊ ခြေထောက်တစ်ချောင်းပေါ်နောက်တစ်ချောင်းချိတ်ထိုင်တာ၊ ခြေထောက်ကို ကားပြီးထိုင်တာ၊ ခြေထောက်ကိုလှုပ်နေတာတွေက တစ်ဖက်လူအပေါ်ကိုမလေးစားတဲ့အပြုအမူဖြစ်နိုင်သလို၊ ကိုယ်ကကြောက်နေတာ စိတ်လှုပ်ရှားနေတာ လို့ထင်ကောင်းထင်နိုင်သွားပါလိမ့်မယ်။ ထိုင်ရင်လဲ ခြေထောက်နှစ်ချောင်းကို ပူးပြီးတည့်တည့်လေးထားကာ လက်ကိုပေါင်ပေါ်တင်တဲ့အနေအထားဖြစ်စေ၊ မတ်တပ်ရပ်ရင်လဲ ခြေထောက်နှစ်ချောင်းကိုတည့်တည့်လေးရပ်တာ(သို့) နည်းနည်းလေးခြားထားပြီး လက်ကိုအရှေ့ဖက်မှာထားကာ တစ်ဖက်လက်ဖမိုးပေါ်မှာနောက်လက်ဖဝါးတင်ပြီး ဗိုက်ရဲ့ချက် အနားလေးမှာထားပြီး စကားပြောတာကအကောင်းဆုံးအနေအထားဖြစ်ပါလိမ့်မယ်။
3️⃣ စကားပြောဆိုတဲ့အခါ မျက်နှာကိုကြည့်ပြီးပြောကြတာဖြစ်လို့ မျက်နှာအမူအရာကိုလဲ အမြဲရုပ်တည်ကြီးထားပြီးမပြောသင့်သလို အရမ်းကြီးပြုံးနေဖို့လဲမလိုအပ်ပါဘူး။ လေးနက်တဲ့စကားကိုပြောဆိုတဲ့အခါ တည်ငြိမ်တဲ့အနေအထားတစ်ခုမှာရှိသင့်၍ ပျော်ရွှင်စရာကိစ္စပြောတဲ့အခါ ပြုံးရမှာဖြစ်ပြီး ဝမ်းနည်စရာဆိုရင်လဲ ငိုပြစရာမလိုအပ်ပေမယ့် ဂရုဏာသက်ရောက်သောအမူအရာ ထားသင့်ပေသည်။ လူတိုင်းက မိမိပြောလိုက်တဲ့စကားအပေါ်မှာ တစ်ဖက်လူရဲ့မျက်နှာအမူအရာက ဘယ်လိုပြောင်းလဲသွားသလဲဆိုတာကို လေ့လာနေတာပဲဖြစ်ပါတယ်။
4️⃣ မျက်လုံးချင်းဆုံပြီး စကားမပြောတဲ့သူဟာ သူပြောနေတဲ့စကားအပေါ်မှာ လိမ်ညာနေတာ၊ အမှန်တရားမဟုတ်တာ၊ ကိုယ်လုပ်နိုင်တာထက်ပို၍ပြောဆိုနေတာပဲဖြစ်ပါတယ်။ မျက်လုံးဂနာမငြိမ်ပဲလျှောက်ကြည့်နေမယ်ဆိုရင် ကိုယ်ပြောချင်တဲ့စကားတွေက မထိရောက်ပဲ ဥပက္ခာပြုခြင်းခံရပေလိမ့်မည်။ ဒါကြောင့်မျက်လုံးချင်းဆုံပြီး စကားကိုတည်ငြိမ်လေးနက်စွာ အမှန်တရားများကိုသာပြောဆိုသင့်ပါတယ်။
5️⃣ တစ်ယောက်ယောက်နဲ့စကားပြောနေစဉ် စိတ်လှုပ်ရှားပြီး အသက်ရှုမြန်လာတာတွေကြုံဖူးကြပါလိမ့်မယ်။ ထိုကဲ့သို့ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုရင် စကားမပြောခင်ကတည်းက အသက်ရှုလေ့ကျင့်ခန်းကို ကြိုတင်လုပ်ထားပြီး ကိုယ့်ရဲ့အသက်ရှုနှုန်းကို ပုံမှန်ဖြစ်အောင်လုပ်ထားမှသာလျှင်စိတ်လှုပ်ရှားပြီး စကားအမှားတွေမပြောမိတော့သလို တစ်ဖက်လူရဲ့ ဂရုစိုက်ခြင်းကိုခံရမှာဖြစ်ပြီး ယုံကြည်မှုတိုးပွားလာမှာပဲဖြစ်ပါတယ်။
ကျွန်တော်တို့တွေ Body Language ထဲမှာပါတဲ့ အချက်(၅)ချက်ကို အရင်ဆုံးလေ့ကျင့်ထားကြရအောင်။
နောက်တစ်ပတ်မှာလဲ ယုံကြည်မှုတည်ဆောက်ရာမှာ အရေးကြီးတဲ့ တတိယအချက်ဖြစ်တဲ့ ကိုယ့်ရဲ့ကိုယ်အမူအရာနဲ့ ပုံပန်းသွင်ပြင်ကို တည်ဆောင်ဖို့ အတွက်ကျန်ရှိနေသေးတဲ့ အချက်များကို ဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်။
ယခုလို Self Confidence အကြောင်းအရာများကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ၃ နာရီအချိန်တွင်ယခုလို Post တင်ပေးသွားမှာဖြစ်ပါတယ်။ အဆုံးထိဖတ်ရှုပေးသည့်အတွက် ကျွန်တော်တို့ MHK Team မှ အထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျ။
အောင်မြင်တိုးတက်ကြပါစေ။
MHK Team
04/07/2021
ယုံကြည်ချက်မှသည် အောင်မြင်ခြင်းဆီသို့
မင်္ဂလာပါခင်ဗျ ယုံကြည်ချက်မှ သည် အောင်မြင်ခြင်းဆီသို့ ကဏ္ဍမှ ကြိုဆိုပါတယ်ခင်ဗျ။
"Life begins at the end of your comfort zone."
အဓိပ္ပါယ်ရှိပြီး သက်ဝင်လှုပ်ရှားနေတဲ့ ဘဝဆိုတာက Comfort Zoneကိုကျော်လွန်သွားမှသာ ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီတစ်ပတ်မှာတော့ Comfort Zoneထဲကနေထွက်နိုင်ဖို့ နည်းလမ်း(၅)သွယ်ကိုပြောပြပေးသွားမှာပါ။
(၁) အကျင့်ဟောင်းများကို အကျင့်ကောင်းများနဲ့အစားထိုးမယ်။
ဟုတ်ပါတယ်။ ကိုယ်တိုင်လက်ရှိလုပ်ဆောင်ဖြစ်နေတဲ့ အကျင့်တွေက ကိုယ့်ဘဝတိုးတက်ဖို့အတွက် အထောက်အကူမဖြစ်စေဘူးဆိုရင် ပြောင်းလဲဖို့ကြိုးစားသင့်ပါပြီ။ ဗဟုသုတစာပေတွေဖတ်တာ၊ ကျန်းမာရေးအတွက်ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ စသည့် အကျင့်ကောင်းတွေနဲ့ သေချာပေါက် အစားထိုးပြုပြင်ပြောင်းလဲသင့်ပါတယ်။
(၂) ပြုလုပ်ဖို့ကြောက်ရွံနေတဲ့အရာကိုရင်ဆိုင်ပြီး စိန်ခေါ်မှုအသစ်တွေကိုကြိုဆိုလိုက်ပါ။
ကိစ္စတစ်ခုကို မလုပ်ကြည့်ရသေးပဲ "မဖြစ်နိုင်လောက်ပါဘူး" "မအောင်မြင်နိုင်လောက်ပါဘူး" ဆိုပြိးတွေးပူပြီးကြောက်ရွံနေမဲ့အစား ခြေလှမ်းတစ်လှမ်းစတင်လှမ်းကြည့်လိုက်ပါ။ အခက်အခဲဆိုတာ ကိစ္စတိုင်းမှာရှိပေမယ့် ကျော်လွှားနိုင်ဖို့လဲ ကြိုးစားသင့်ပါတယ်။ အခက်အခဲတွေဆိုတာ ငွေကြေးနဲ့ဝယ်ယူလို့မရနိုင်တဲ့ ပညာတွေပါပဲ။ အကြောက်တရားကိုရင်ဆိုင်ပြီး စိန်ခေါ်မှုအသစ်တွေကိုလဲ ကြိုဆိုလိုက်ပါ။
(၃) မကောင်းတဲ့အကျင့်ဟောင်းတွေကိုစွန့်လွှတ်ဖို့သေချာတဲ့အကြောင်းပြချက်ရှိပါစေ။
မှန်ပါတယ်။ တချို့သောအကျင့်တွေက တစ်စုံတစ်ယောက်ရဲ့တိုက်တွန်းမှု တွန်းအားပေးမှုတွေကြောင့် မလုပ်ဆောင်ဖြစ်တော့တာတွေရှိပါတယ်။ ဒါပေမယ့် မေးရမဲ့မေးခွန်းတစ်ခုက ဒီအကျင့်ကဆက်လုပ်သင့်လား မလုပ်သင့်လားဆိုတာပါပဲ။ ကိုယ့်ဘဝတိုးတက်ရေးအတွက် အထောက်အကူမဖြစ်စေတဲ့အကျင့်ဆိုးတွေကို လုပ်ဆောင်ဖို့ရာ မတိုက်တွန်းပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ အကျင့်ဟောင်းတွေကို ဘာကြောင့်စွန့်လွှတ်သင့်တာလဲဆိုတဲ့ သေချာတဲ့အကြောင်းပြချက်ရှိဖို့အရမ်းအရေးကြီးပါတယ်။ ဒါမှသာလျှင် မကောင်းတဲ့အကျင့်ဟောင်းတွေကို ဆက်လုပ်ဖို့အတွက် ဆင်ခြင်နိုင်ပြီး တိုးတက်ဖို့ရာ ရှာဖွေနိုင်မှာပဲဖြစ်ပါတယ်။
(၄) ကိုယ့်ကိုကိုယ် ကတိထားပြီး ကိုယ့်ကိုကိုယ်ယုံကြည်ဖို့ပါပဲ။
ကိုယ်လုပ်ဆောင်ရမဲ့အရာတွေကိုဖြစ်မြောက်အောင်မြင်ဖို့ ကိုယ်တိုင် ကတိကဝတ်ပြုထားဖို့လိုပါတယ်။ အချိန်အတိုင်းအတာတစ်ခုသတ်မှတ်ပြီး အောင်မြင်အောင်လုပ်ဆောင်ဖို့ရာ ဘယ်သူ့ကိုမှ ကတိပေးစရာမလိုပဲ ကိုယ့်ကိုကိုယ် ကတိပေးထားဖို့လိုပါတယ်။ တပါးသူတွေကိုလိမ်လို့ရပေမယ့် ကိုယ်တိုင်တော့လိမ်လို့မရဘူး ဆိုသည့်အတိုင်း ကိုယ်တိုင်သာလျှင်အသိဆုံးဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ်ကတိပေးထားဖို့လိုပါတယ်။ ထို့အတူပဲ ကိုယ့်ကိုကိုယ်လဲ ယုံကြည်မှုရှိဖို့လိုအပ်ပါတယ်။ ကိုယ်တိုင် ယုံကြည်လာပြီဆိုရင် တပါးသူတွေလဲ ကိုယ့်ကိုယုံကြည်လာပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ကိုယ်လုပ်ဆောင်နိုင်တယ်ဆိုတာကို ယုံကြည်ပါ။ ယုံကြည့်တဲ့အတိုင်းလုပ်ဆောင်နိုင်လာပါလိမ့်မယ်။
(၅) ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကို ဇွဲရှိရှိ ဝီရိယရှိရှိ အင်အားအပြည့်နဲ့ မှန်မှန်ကန်ကန် ကြိုးစားပါ။
လူတိုင်းက အလုပ်ကို အမြန်အောင်မြင်ချင်တယ်၊ စီးပွားရေးကို အမြန်တိုးတက်ချင်တယ်၊ ရည်ရွယ်ချက်ကို အမြန်ပြီးမြောက်ချင်တယ်။ သို့ပေမယ့် အဲ့ဒီအောင်မြင်မှု၊ တိုးတက်မှု၊ ပြီးမြောက်မှုတွေကို ရေရှည်တည်တံ့နိုင်ဖို့က
ပိုအရေးကြီးပါတယ်။ အလုပ်ကို အောင်မြင်မှုရသည်အထိ၊ စီးပွားရေးကို တိုးတက်သည်အထိ၊ ရည်ရွယ်ချက်ကို ပြီးမြောက်သည်အထိ ဖြစ်စေဖို့ရာ ဇွဲ လုံ့လ ဝီရိယ စိုက်ထုတ်ပြီး အင်အားအပြည့်နဲ့အတူ နည်းမှန်လမ်းမှန် မှန်မှန်ကန်ကန် လုပ်ဆောင်ဖို့လိုပါလိမ့်မယ်။ အားလုံးသိတဲ့ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း (General Aung San)၊ လျှပ်စစ်မီးသီးတီထွင်သူ သောမတ် အယ်ဒီဆင်(Thomas Edison) တို့တွင်အတုယူဖွယ်ကောင်းလှတဲ့ ဇွဲ လုံ့လ ဝီရိယတွေ အင်အားအပြည့်နဲ့လုပ်ဆောင်ချက်တွေ မှန်မှန်ကန်ကန်ပြုလုပ်မှုတွေ များစွာတွေ့နိုင်ပါတယ်။
နောက်တစ်ပတ်မှာလဲ ယုံကြည်မှုတည်ဆောက်ရာမှာ အရေးကြီးတဲ့ ဒုတိယအချက်ဖြစ်တဲ့ အကြောက်တရားကိုကျော်လွှားဖို့အတွက် တင်ပြပေးမှာဖြစ်ပါတယ်။
ယခုလို Self Confidence အကြောင်းအရာများကို အပတ်စဉ် တနင်္ဂနွေနေ့ ညနေ ၃ နာရီအချိန်တွင်ယခုလို Post တင်ပေးသွားမှာဖြစ်ပါတယ်။ အဆုံးထိဖတ်ရှုပေးသည့်အတွက် ကျွန်တော်တို့ MHK Team မှ အထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျ။
အောင်မြင်တိုးတက်ကြပါစေ။
MHK Team
20/06/2021
မင်္ဂလာပါ
NExT Crop and MHK Blog are proud to collaborate.
အောင်မြင်တိုးတက်ကြပါစေ။
MHK Team
Special Thanks For Supporting Graphics Design
PPMaung ( Founder of NExT Crop)
27/01/2021
သိမှတ်ဖွယ်ရာ ဆိုက်ဘာအကြောင်းအရာ
ကျွန်တော်တို့ သိမှတ်ဖွယ်ရာ ဆိုက်ဘာအကြောင်းအရာကဏ္ဍ မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျ။
ကျွန်တော်တို့ ဒီနေ့ဆွေးနွေးပေးသွားမယ့် အကြောင်းအရာကတော့ Cyber Bullying အန္တရာယ်အတွက်သင်သိသမျှ ဆိုတဲ့ အနှစ်ချုပ်အကြောင်းအရာများကိုဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။
• Cyber Bullying ဆိုတာဘာလဲ?
Cyber Bullying ဆိုတာ အင်တာနက်မှတစ်ဆင့် အနိုင်ကျင့်စော်ကား(Cyber bullying) တာပဲဖြစ်ပါတယ်။
• Cyber bullying အန္တရာယ်မဖြစ်အောင်ဘယ်လိုနေထိုင်ရမလဲ?
သင့်ရဲ့ဖြစ်တည်မှုအသေးစိတ်ကို လူမှုကွန်ရက်ပေါ်တွင်မျှဝေခြင်းအားရှောင်ရှားပါ။
• Team and Condition ကိုဖတ်သင့်သလား?
ဘယ်လို Account မျိုးပဲဖွင့်ဖွင့် Term and Condition ကိုဖတ်ဖို့လိုအပ်ပါတယ်။
• လုံခြုံမှုရှိတဲ့ စကားဝှက်တစ်ခုဘယ်လိုဖန်တီးမလဲ?
လုံခြုံမှုရှိတဲ့ စကားဝှက်ကိုဖန်တီးဖို့ဆိုရင်
၁။ စကားဝှက်မှာကျွန်တော်တို့ရဲ့ ကိုယ်ရေးအချက် အလက်တွေပါဝင်ခြင်းမရှိရပါဘူး
၂။ စကားဝှက်မှာစကားလုံးများအား ထပ်ခါထပ်ခါထည့်ခြင်းများမပါဝင်ရပါဘူး
(ဥပမာ - infinity2222 တွင် 2 ကိုဆိုလိုခြင်းဖြစ်သည်)
၃။ စကားဝှက်ကို အက္ခရာအကြီး၊ အက္ခရာအသေး၊ နံပါတ်၊ အထူးသင်္ကေတ များကိုထည့်သွင်းသင့်သည် (ဥပမာ - INFInity024!@ #$ ပုံစံအတိုင်းဖြစ်သည်။)
• ကိုယ်အသုံးပြု Account ဖွင့်လှစ်ထားတဲ့ Company မှစကားဝှက်တောင်းခံလေ့ရှိပါသလား?
မည်သည့် Company မှ User ရဲ့လျှို့ဝှက်ကုဒ်ကို တောင်းခံလေ့မရှိပါဘူး။
• လုပ်ငန်းတစ်ခုအတွက်ဘယ် Mail အမျိုးအစားအသုံးပြုသင့်ပါသလဲ?
မည်သည့် Paid Mail အမျိုးအစားမဆိုလုပ်ငန်းတိုင်းနှင့်ကိုက်ညီပါတယ်။
• အရေးကြီးတဲ့အကြောင်းအရာတွေကို ဘယ်လို App တွေကတစ်ဆင့်ပြောကြားနိုင်ပါသလဲ?
အရေးကြီးတဲ့အကြောင်းအရာတွေကို end-to-end encryption (E2EE) ပါဝင်တဲ့ App တွေအသုံးပြုခြင်းဖြင့် လုံခြုံမှုရှိတဲ့စကားဝိုင်းကိုပိုင်ဆိုင်နိုင်မှာပါ။
• SSL Certification မပါတဲ့ Website တွေအသုံးပြုရင်ဘာတွေသတိထားရမလဲ?
ကိုယ်ရေးကိုယ်တာအချက်အလက်တွေမထည့်သွင်းမိအောင် အထူးဂရုပြုပါ။
ဒီတစ်ပတ်ရဲ့ သိမှတ်ဖွယ်ရာ ဆိုက်ဘာအကြောင်းအရာကဏ္ဍ ကတော့ဒီလောက်နဲ့ပဲရပ်နားချင်ပါတယ်ဗျ။
ယခုလို ဆိုက်ဘာ အန္တရာယ်မဖြစ်ရလေအောင် ကျွန်တော်တို့ရဲ့ သိမှတ်ဖွယ်ရာ ဆိုက်ဘာအကြောင်းအရာ ကဏ္ဍ မှ အပတ်စဉ် ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီအချိန် တွင်ယခုလို Post တင်ပေးသွားမှာဖြစ်ပါတယ်။
အဆုံးထိဖတ်ရှုပေးသည့်အတွက် ကျွန်တော်တို့ MHK Team မှ အထူးကျေးဇူးတင်ရှိပါတယ်ဗျ။
အောင်မြင်တိုးတက်ကြပါစေ။
MHK Team
Click here to claim your Sponsored Listing.
Category
Website
Address
Yangon