EPL FB Highlights
03/05/2026
ကာရစ်အတွက်ဆို အသက်ပါ ပေးမယ်လို့ပြောလာတဲ့ မိုင်နူး
ယူနိုက်တက်အသင်းမှာ စာချုပ်သစ် 5နှစ် ချုပ်ဆိုထားတဲ့မိုင်နူးကတော့ လီဗာပူးလ်ကို အနိုင်ဂိုးသွင်းပြီး ပရိသတ်တွေအချစ်ကို တပွေ့တပိုက် သိမ်းပိုက်သွားခဲ့ပါပြီ။
အမ်မိုရင်လက်ထက်မှာ မိုင်နူးဟာ ယူနိုက်တက်က ထွက်ခွာလုမတတ် ဖြစ်ခဲ့ပေမဲ့ ကာရစ်ရောက်ရှိလာမှုနဲ့အတူ ယုံကြည်မှုပြန်ရလာခဲ့ပြီး ယူနိိုက်တက်ကွင်းလယ်ကို အကောင်းဆုံး ကစားပေးနေသူပါ။
မိိုင်နူးဟာ နည်းပြကာရစ်ရဲ့ ကစားသမားတွေအပေါ် ပြုမူဆက်ဆံပုံတွေကို သဘောကြနေပြီး အသက်ပါပေးပြီး ပေးဆပ်ကစားမှာဖြစ်ကြောင်း အခုလို ပြောလာခဲ့တာပါ။
"မန်နေဂျာ အပြောင်းအလဲလုပ်ပြီးတဲ့နောက်ပိုင်း အခြေအနေတွေကို အကောင်းဘက်ရောက်အောင် ကျွန်တော်တို့ ပြန်လှည့်နိုင်ခဲ့တာဟာ ကစားသမားတွေနဲ့ မန်နေဂျာရဲ့ ကြိုးစားမှုကြောင့်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က အနာဂတ်ကို မျှော်လင့်ထားသလို ရာသီသိမ်းကိုလည်း ကောင်းကောင်းမွန်မွန် အဆုံးသတ်ချင်ပါတယ်။ နိုင်ပွဲတွေကိုလည်း ထပ်ခါတလဲလဲ ဆက်တိုက်ရယူသွားဖို့ ဆန္ဒရှိပါတယ်။"
"ကာရစ်အတွက်ဆို အသက်ပါ ပေးမှာပါ။သူက ကျွန်တော်ကိုရော ကစားသမားအားလုံးကိုပါ ယုံကြည်မှု ပေးခဲ့တာပါ။သူ့အတွက်ဆို အားလုံးက ပေးဆပ်ကစားချင်ကြပါတယ်။ဒီနေ့ပွဲမှာ ဒါကို တွေ့ခဲ့ကြမှာပါ"
01/05/2026
"လာမယ့်ရာသီမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ချန်ပီယံလုပွဲထဲမှာ ပါဝင်လာပါလိမ့်မယ်။ ဒါဟာ အံ့သြစရာတောင် မဖြစ်သင့်တဲ့ အခြေအနေပါ။ အခုလက်ရှိ သူတို့ အဲ့ဒီနေရာမှာ မရှိတာက ရာသီအစပိုင်း ရလဒ်တွေကြောင့်ပဲ ဖြစ်ပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ (၁၅) ပွဲကို ပြန်ကြည့်လိုက်ပါ... အမှတ်ကွာဟချက်က သိပ်မပြောင်းလဲသွားဘူးဆိုတာ တွေ့ရပါလိမ့်မယ်။ အဲ့ဒါက အဖြေပါပဲ။ အကယ်၍ သူတို့သာ ရာသီအစကတည်းက ဒီအဆင့်အတန်းအတိုင်း ကစားနိုင်ခဲ့မယ်ဆိုရင် အာဆင်နယ်၊ မန်စီးတီးတို့နဲ့အတူ အကြိတ်အနယ်ရှိတဲ့ အသင်းသုံးသင်း ချန်ပီယံလုပွဲအကြောင်းကို ကျွန်တော်တို့ ပြောနေကြမှာပါ။
ပွဲကစားရတာ နည်းတာကို အားသာချက်တစ်ခုလို လူတွေက ပြောနေကြပေမဲ့ အမြဲတမ်းတော့ အဲ့လိုမဟုတ်ပါဘူး။ ကစားသမားတွေအတွက် ပွဲကစားပုံ အရှိန်အဟုန် (Rhythm) လိုအပ်သလို အခြေအနေမှန်ကို ထိန်းထားနိုင်ဖို့လည်း လိုပါတယ်။ တစ်ခါတလေမှာ ပွဲတွေ ပိုကစားရတာက ကစားသမားတွေကို ပိုပြီးထက်မြက်စေသလို ပွဲအတွင်းမှာ ပိုပြီးနိုးကြားတက်ကြွစေပါတယ်။
ဒါကြောင့် တိုးတက်မှုတွေ၊ အရှိန်အဟုန်တွေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားလုံးကို ထည့်တွက်ကြည့်မယ်ဆိုရင်... လာမယ့်ရာသီမှာ ဒီအသင်းဟာ ချန်ပီယံလုပွဲထဲကို မဖြစ်မနေ ရောက်နေရပါမယ်။ ဒါဟာ မျှော်လင့်ချက်သက်သက် မဟုတ်ပါဘူး၊ ဒါဟာ မျှော်လင့်ထားရမယ့် အဆင့်အတန်း ပါပဲ။"
#ဖာဒီနန်
29/04/2026
"အာဆင်နယ်အနေနဲ့ ဖျော်ဖြေမှုပေးနိုင်တဲ့ ဘောလုံးကစားဟန်ကို ဘိုင်ယန်မြူးနစ်နဲ့ PSG ဆီကနေ သင်ယူသင့်ပါတယ်။"
"ဒီညမှာတော့ ကျွန်တော် တကယ့်ကို ပျော်ရွှင်ခဲ့ရတယ်၊ အိမ်ကနေ ကြည့်နေတဲ့သူတိုင်းလည်း ပျော်ကြလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်!"
"ကွန်ပနီ လက်အောက်က ဘိုင်ယန်နဲ့ လူးဝစ်အင်းနရစ် လက်အောက်က PSG တို့ဟာ ပရိသတ်တွေကို ထိုင်ခုံမှာ ငြိမ်ငြိမ်မထိုင်နိုင်ဘဲ ရှေ့ကို တိုးကြည့်ရလောက်အောင် စိတ်လှုပ်ရှားစရာကောင်းတဲ့ ဘောလုံးမျိုးကို ကစားနေကြတာပါ။"
"အာဆင်နယ်အနေနဲ့ အများက လေးစားရတဲ့ ပြိုင်ဘက်အဆင့်ကနေ၊ ပရိသတ်ကို တကယ်တမ်း ဆွဲဆောင်နိုင်သူတွေနဲ့ အကြီးကျယ်ဆုံး စင်မြင့်ထက်မှာ ဆုဖလားပိုင်ရှင်တွေ ဖြစ်လာချင်တယ်ဆိုရင်တော့... ဒီည ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဘိုင်ယန်နဲ့ PSG တို့ ဘာတွေလုပ်ပြနေသလဲဆိုတာကို လေ့လာသင့်ပါတယ်။"
#အီတူး
Click here to claim your Sponsored Listing.
Category
Website
Address
Yangon