Golden Vision Myanmar

Golden Vision Myanmar

Share

Photos from Golden Vision Myanmar's post 25/05/2026

အဖွဲ့အစည်းယဉ်ကျေးမှု (Corporate Culture) ဆိုတာ လူတွေ အလုပ်လုပ်ပုံကို သက်ရောက်စေသော စံနှုန်းတန်ဖိုး၊ ယုံကြည်ချက်၊ စည်းမျဉ်းနှင့် အပြုအမူများ၏ မျှဝေထားသော စနစ်တစ်ခု ဖြစ်ပါတယ်။📌💎

လုပ်ငန်းတစ်ခု ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် Corporate Culture ဟာ အခြေခံအကျဆုံးနဲ့ အရေးအကြီးဆုံး အုတ်မြစ်ဖြစ်ပါတယ်။ ခေတ်မီတဲ့ စက်ကိရိယာတွေ၊ ခိုင်မာတဲ့ စနစ် (System) တွေ ရှိနေပါစေဦးတော့... အဲ့ဒီစနစ်တွေကို အသက်သွင်းမယ့် ဝန်ထမ်းတွေကြားမှာ ကောင်းမွန်တဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှု မရှိဘူးဆိုရင် ရေရှည်မှာ အောင်မြင်ဖို့ မလွယ်ကူပါဘူး။ Culture ကောင်းမွန်မှသာ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် စစ်စစ် ထွက်လာမှာဖြစ်သလို၊ လုပ်ငန်းရဲ့ အသွင်ကူးပြောင်းမှုတွေကိုလည်း အရှိန်အဟုန်နဲ့ ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ 📈✨

ဒါကြောင့်လည်း Corporate Culture တည်ဆောက်ခြင်းဟာ တစ်ကြိမ်တစ်ခါတည်း Training ​ပေးရုံနဲ့ ပြီးသွားတာမျိုးမဟုတ်ပါ HRမှာပဲ တာ၀န်ရှိတဲ့ Program မျိုး မဟုတ်ဘဲ၊ စဉ်ဆက်မပြတ် (Continuity) အားစိုက်ထုတ်ရမယ့် Series Program မျိုးဖြစ်ပြီး ဗျူဟာကျကျ လုပ်ဆောင်ဖို့ လိုအပ်သလို ပြန်လည်စမ်းစစ်ဖို့လည်းလိုအပ်တဲ့ program မျိုးဖြစ်ပါတယ် ။ ⏳🔥

ယခု GVM က ပံ့ပိုးပေးနေတဲ့ အစီအစဉ်ဟာလည်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ထားတဲ့ Series Program တစ်ခုဖြစ်ပြီး၊ ယခုဆိုရင် တစ်နှစ်အတွင်း (၂) ကြိမ်မြောက်အဖြစ် အောင်မြင်စွာ ပို့ချပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာတော့...
🔹 လုပ်ငန်းစဉ်တွေကို ပိုမိုရိုးရှင်းလွယ်ကူစေဖို့နဲ့ ဝန်ထမ်းတွေရဲ့ လုပ်ပိုင်ခွင့်အာဏာကို စနစ်တကျမြှင့်တင်ပေးဖို့ (Empowering Employees) အဓိကထား လုပ်ဆောင်ခဲ့ပါတယ်။

🔹 Founder တစ်ဦးတည်းအပေါ် မူတည်နေတဲ့ Culture မှ People System နဲ့ Leadership Processes များဖြင့် လည်ပတ်တဲ့၊ အမြဲတစ်စေ တိုးတက်ပြောင်းလဲနေသော အဖွဲ့အစည်းအဖြစ်သို့ အသွင်ကူးပြောင်းနိုင်ရန် ရည်ရွယ်ပါတယ်။

သင်တန်းမှာ GVM Founder Ma Yadanar Zaw ကိုယ်တိုင် ဦးဆောင်ပြီး လုပ်ငန်းခွင်အလေ့အထနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာများ (Mindset & Culture) ပြောင်းလဲတိုးတက်စေဖို့၊ စနစ်သစ်များကို လက်တွေ့ကျကျ ကျင့်သုံးနိုင်ဖို့အတွက် အသေးစိတ်ဆွေးနွေးခဲ့ကြပါတယ်။ 💡

📸 ဒီပုံလေးတွေကတော့ ဟင်္သာတမြို့နယ် Sakura Hospital ရဲ့ လုပ်ငန်းစနစ်တွေ ပိုမိုကောင်းမွန်လာစေဖို့ Culture & System Transformation လုပ်ခဲ့တဲ့ Training အမှတ်တရပဲ ဖြစ်ပါတယ်။ 🏥🤝

လုပ်ငန်းတိုင်းရဲ့ စနစ်နဲ့ ယဉ်ကျေးမှုပိုင်းဆိုင်ရာ အသွင်ကူးပြောင်းမှု (System & Culture Transformation) များအတွက် Golden Vision Myanmar က အမြဲအသင့်ရှိနေမှာပါ။ 🌟💼

11/05/2026

“Trend နောက်မလိုက်ဘဲ ကိုယ်ပိုင် Business Idea ဘယ်လိုရှာမလဲ?”
…………

📉 The “Trend Trap”
လုပ်ငန်းတစ်ခုကို လူတိုင်းပြောနေပြီဆိုရင်…အဲ့ဒီ Market ဟာ Saturation ဖြစ်နေဖို့ များပါတယ်။
Copycat Business တွေ များလာတဲ့အခါ —
❌ Price Wars
❌ Low Margins
❌ Short Lifespan
ဆိုတဲ့ ပြဿနာတွေ ကြုံလာနိုင်ပါတယ်။

သူများအောင်မြင်တာမြင်ပြီး လိုက်လုပ်တာ” နဲ့
“ဈေးကွက်ထဲက ပြဿနာကို ဖြေရှင်းပေးတာ” က
ရလဒ်ချင်း အရမ်းကွာပါတယ်။

“Strategic Differentiation (မတူညီတဲ့ တန်ဖိုးဖန်တီးမှု)”
Especially for:
* Market Saturation
* Value Proposition
* Future-Proofing
* Scalable Micro-Solution
This improves accessibility.

💎 ၁။ Innovation & Resource Arbitrage

💬 သင်မြင်ထားတဲ့ မြန်မာဈေးကွက်ထဲက “High-Pain Problem” တစ်ခုက ဘာလဲ?
ကိုယ့်ပတ်ဝန်းကျင်မှာ အသုံးမချရသေးတဲ့ အရင်းအမြစ်တွေကို ရှာဖွေပြီး Competitive advantage ယူကာတန်ဖိုးမြှင့်တင်တာမျိုးပါ။ ဥပမာ- ကျေးလက်ဒေသက ထွက်တဲ့ သဘာဝထွက်ကုန်တွေကို Branding နဲ့ Packaging ကောင်းကောင်းသုံးပြီး High-Value Export အဖြစ် ပြောင်းလဲနိုင်မယ့် နည်းလမ်းကို ရှာတာမျိုးပါ။

၂။ PESTLE Analysis (ပတ်ဝန်းကျင် ပြောင်းလဲမှုများကို လေ့လာခြင်း) 🌍

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ နည်းပညာ အပြောင်းအလဲတွေကို ကြည့်ပြီး အိုင်ဒီယာထုတ်တာပါ။ ဥပမာ- Digital စနစ်တွေ ပိုသုံးလာတဲ့အတွက် အနာဂတ်မှာ SME တွေအတွက် ဘယ်လို နည်းပညာဝန်ဆောင်မှုတွေ လိုအပ်လာမလဲဆိုတာကို အခုကတည်းက ကြိုတင်ပြင်ဆင်တာမျိုး (Future-Proofing) ဖြစ်ပါတယ်။

၃။ SWOT Analysis & Gap Identification (အားသာချက်နှင့် ဟာကွက်များကို ရှာဖွေခြင်း) 🔍

ဈေးကွက်ထဲမှာ ရှိနှင့်ပြီးသား ဝန်ဆောင်မှုတွေရဲ့ အားနည်းချက် (Gap) ကို ရှာတာပါ။ ဥပမာ- နိုင်ငံခြားက ဝန်ဆောင်မှုတွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီတာမျိုး (The "Why" Gap) ရှိတတ်ပါတယ်။ အဲဒီဟာကွက်ကို ဖြည့်ဆည်းပေးမယ့် Localization Strategy နဲ့ လုပ်ငန်းသစ် ဖန်တီးနိုင်ပါတယ်။

၄။ Continuous Improvement & Friction Hunting (လုပ်ငန်းစဉ်အတွင်း အခက်အခဲများကို ပြုပြင်ခြင်း) ⚙️

လက်ရှိဝန်ဆောင်မှုတွေမှာ လူတွေ စိတ်ရှုပ်နေရတဲ့ အပိုင်း (Friction) ကို ရှာပြီး ပိုကောင်းအောင် ပြုပြင်ပေးတာပါ။ ဥပမာ- ဝန်ဆောင်မှုတစ်ခုရဖို့ အရမ်းကြာနေတာမျိုးကို နည်းပညာနဲ့ မြန်ဆန်အောင် လုပ်ပေးခြင်းဟာ Scalable Micro-Solution တစ်ခု ဖြစ်လာပါလိမ့်မယ်။

ယခု Post မှာတော့ စီးပွားရေးအိုင်ဒီယာတွေ ရှာဖွေနိုင်မယ့် အရင်းအမြစ် (၄) ခုကို သိရှိသွားပြီ ဖြစ်ပါတယ်။
GVM ရဲ့ "GVM Strategy Vault" ရဲ့ နောက်ထပ် Post မှာတော့ Startup လုပ်ငန်းတွေအတွက် အခွင့်အလမ်းတွေကို ဘယ်လိုဖော်ထုတ်မလဲဆိုတဲ့ "7 Sources of Opportunity for Startup Business" အကြောင်းကို အသေးစိတ် ဆက်လက်ဆွေးနွေးပေးသွားမှာ ဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးပါဦး။ ✨

04/05/2026

မြန်မာလုပ်ငန်းရှင် ၉၀% Scaling မှာ ဘာကြောင့် လမ်းပျောက်နေကြတာလဲ ❗️

လုပ်ငန်းတစ်ခုကို သုညကနေ စတင်တည်ထောင်တာက Skill တစ်ခုပါ။
ဒါပေမယ့် “အရှိန်အဟုန်နဲ့ ကြီးထွားအောင် (Scaling)” လုပ်ဖို့ဆိုရင်တော့ System မရှိမဖြစ်လိုအပ်ပါတယ်။
အများစုက ဒီအခြေအနေကို ကြုံရတတ်ပါတယ် —

“What got you here won’t get you there.”

✔ Owner ကိုယ်တိုင်ပါဝင်မှပဲ အလုပ်တွေ လည်ပတ်နိုင်တာ
✔ အရောင်းတက်ပေမယ့် လူပင်ပန်းလာတာ
✔ Growth ရှိပေမယ့် Structure မရှိတာ

ဒါတွေဟာ Scaling Problem ရဲ့ သေချာတဲ့ လက္ခဏာတွေပါ။

သင့်လုပ်ငန်းမှာ ဒီအချက်တွေ ဖြစ်နေပြီလား? 👇

🔻 Revenue တက်ပေမယ့် Profit မလိုက်လာဘူး
🔻 Owner မရှိရင် လုပ်ငန်းမလည်ပတ်နိုင်ဘူး
🔻 SOP/System မရှိဘဲ လူအားနဲ့ပဲ ချဲ့ထွင်နေတယ်
🔻 Sales ရှိပေမယ့် Cash Flow မတည်ငြိမ်ဘူး
🔻 Short-term Sales နောက်ကိုပဲ လိုက်နေမိတယ်

👉 (၅) ချက်ထဲက (၃) ချက်ကျော် ဖြစ်နေပြီဆိုရင်
သင့်လုပ်ငန်းဟာ Growth မဟုတ်တော့ပဲ Risk Zone ထဲဝင်နေပါပြီ။
⚠️ Scaling ဆိုတာ အလုပ်ပိုလုပ်တာ မဟုတ်ပါဘူး။
👉 “Repeatable System တစ်ခုနဲ့ ကြီးထွားနိုင်အောင် Design လုပ်ခြင်း” ဖြစ်ပါတယ်။
System မရှိတဲ့ Growth = Risk
System ပါတဲ့ Growth = Asset

🥇 Golden Vision Myanmar (GVM)မှ
လုပ်ငန်းရှင်များကို
“Owner Dependence” မှ “System Dependence” သို့ Strategy + System + Ex*****on အခြေခံနဲ့ ပြောင်းလဲပေးနေပါတယ်။
✔ Capacity Development (Leaders & Teams)
✔ HR Infrastructure Strengthening
✔ Human Behavior Science-based Systems

👉 Sustainable Growth + Scalable Business အထိ တည်ဆောက်ပေးပါတယ်။

“𝐖𝐞 𝐝𝐨𝐧’𝐭 𝐣𝐮𝐬𝐭 𝐚𝐝𝐯𝐢𝐬𝐞, 𝐰𝐞 𝐛𝐮𝐢𝐥𝐝 𝐬𝐲𝐬𝐭𝐞𝐦𝐬 𝐭𝐡𝐚𝐭 𝐬𝐜𝐚𝐥𝐞.”

Led by Founder Daw Yadanar Zaw, a seasoned expert with 22+ years of local and international experience in HR, Business Strategy, and Human Behavior Science.

📩 Scaling Readiness Audit ကို အခမဲ့ ဆွေးနွေးလိုပါက
Page Messenger မှ ယခုပဲ ဆက်သွယ်နိုင်ပါသည်။



&Development

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Aye Yiek Thar 2nd Street, Bahan, University Avenue Road
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00