Yu Thet - Forex Advisor

Yu Thet - Forex Advisor

Share

24/05/2026

“သတင်းထွက်ချိန်” လို့ ကျွန်မတို့ Trader တွေ ခေါ်လေ့ရှိကြတဲ့ .. Economic Data (News) တွေထွက်ချိန်မှာ ဘာတွေဖြစ်တတ်သလဲ?

မိတ်ဆွေတို့မြင်သာအောင် ဒီလိုအချိန်ကို ကျွန်မက စကားပုံလေးတခုနဲ့ ခိုင်းနှိုင်းပြရရင်တော့ .. သတင်းချိန်မှာ Trade တာဟာ "ဓားသွားပေါ်က ပျားရည်" ကို လျက်ရသလိုပါပဲ။ ချိုမြိန်တဲ့ ရလဒ်ရှိသလို ထိခိုက်နိုင်ခြေလည်း အင်မတန် မြင့်မားပါတယ်။

​ဒါကြောင့် ကျွန်မက News Trading ရဲ့ အားသာချက်၊ အားနည်းချက်နဲ့ သတိပြုရမယ့် အချက်တွေကို အပြုသဘောဆောင်တဲ့ အမြင်နဲ့ မျှဝေပေးချင်ပါတယ်ရှင်။

​News Trading ရဲ့ အားသာချက်များ (တနည်းအားဖြင့် လူကြိုက်များတဲ့အချက်များလို့ပြောရင် ပိုမှန်ပါလိမ့်မယ်) ။

​၁။ Quick Profits (မြန်ဆန်သော အကျိုးအမြတ်) •• သတင်းထွက်ပြီး မိနစ်ပိုင်းအတွင်းမှာ ဈေးနှုန်းဟာ Point ရာနဲ့ချီ လှုပ်ရှားသွားတတ်တာကို ကျွန်မတို့သိကြပါတယ်။ ပုံမှန်အချိန်မှာ တစ်ပတ်လောက် စောင့်ရမယ့် အမြတ်ကို မိနစ်ပိုင်းအတွင်း ရရှိနိုင်တဲ့အချက်က .. သတင်းကြိုက်တဲ့ Trader တွေကို အဓိက ဆွဲဆောင်စေတာပေါ့။

​၂။ High Volatility (ဈေးနှုန်းလှုပ်ခတ်မှု မြင့်မားခြင်း) •• လှုပ်ရှားမှုရှိမှ အမြတ်ရမယ့် ကျွန်မတို့ရဲ့ Day Trader တွေအတွက် News ထွက်ချိန်ဟာ အခွင့်အရေး အကောင်းဆုံး အချိန်တခုဖြစ်လို့နေပါတော့တယ်။

​၃။ Time Efficiency (အချိန်ကုန်သက်သာခြင်း) •• တစ်နေကုန် Screen ရှေ့မှာ ထိုင်ကြည့်မနေချင်တဲ့ Trader တွေအတွက်ကတော့ သတင်းထွက်မယ့်အချိန်ကိုပဲ စောင့်ပြီး ခဏလေးအတွင်း အလုပ်အပြီးသတ်နိုင်သလို ဖြစ်နေတာပေါ့ရှင်။

၄။ သတင်းထွက်ချိန်မှာ Trade တာဟာ ငွေကြေးအမြတ်အစွန်းအပြင် Trader တစ်ယောက်
အတွက် တခါတလေ .. ဈေးကွက်ရဲ့လားရာကို အဖြေရှာနိုင်တဲ့အားသာချက်ရှိပါတယ် - တချို့အချိန်တွေမှာ ဈေးက ဘေးတိုက် (Sideways) သွားနေတတ်ပြီး ဘယ်ကိုသွားမလဲ ဝေခွဲမရဖြစ်စေတတ်ပါတယ်။ အဲ့ဒီအခါမှာ သတင်းထွက်လိုက်တာနဲ့ ဈေးကွက်ရဲ့ တကယ့်အားကောင်းတဲ့ လားရာ (Trend) တစ်ခုကို ချက်ချင်း ဖော်ထုတ်ပေးလိုက်သလို ဖြစ်သွားပါတယ်။ ဒါကြောင့် Trend အတိုင်း လိုက်စီးမျောချင်တဲ့သူတွေအတွက် "လမ်းပြသင်္ကေတ" တခု ရလိုက်သလိုဖြစ်သွားတာပေါ့။

​ဒါတွေကြောင့် သတင်းချိန်ကိုကြိုက်ကြတာဖြစ်ပါတယ်။ ဒီတခါမှာတော့ ကျွန်မက News Trading ရဲ့ အားနည်းချက်နဲ့ ဘေးထွက်ဆိုးကျိုးတွေကို ထောက်ပြပေးချင်ပါတယ်ရှင်။ ဒီအချက်တွေကတော့ သတင်းချိန်ကို စိတ်ဝင်စားသူတိုင်း အထူးသတိပြုရမယ့် "အန္တရာယ်ဇုန်" တွေဖြစ်ပါတယ်။

​၁။ Slippage (ဈေးနှုန်းကွာဟချက်) •• သတင်းထွက်ချိန်မှာ ဈေးနှုန်းက အရမ်းမြန်တဲ့အတွက် ကိုယ်ထွက်ချင်တဲ့ဈေး (TP/SL) မှာ မထွက်ဘဲ . အဝေးကြီးရောက်မှ ထွက်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါဟာ Stop Loss ထားထားရင်တောင် ထင်တာထက် ပိုရှုံးသွားစေနိုင်တာမျိုးဖြစ်တတ်ပါတယ်။

​၂။ Spread Widening (Spread ဟခြင်း) •• တချို့သော Broker တွေဟာ သတင်းထွက်ချိန်မှာ Risk များတဲ့အတွက် Spread (အရောင်းအဝယ်ဈေး ကွာဟချက်) ကို မြှင့်လိုက်တာမျိုးရှိတတ်ပါတယ်။ ဒါကြောင့် အမြတ်ရတဲ့စျေးတန်းကိုရောက်ဖို့ ပိုခက်ခဲသွားစေတာလဲဖြစ်နိုင်ပါတယ်။

​၃။ Whipsaws (နှစ်ဖက်စလုံး နစ်နာသွားနိုင်ခြင်း) •• သတင်းထွက်ထွက်ချင်းမှာ ဈေးက အပေါ်ကို အပြင်းအထန်တက်ပြီးမှ အောက်ကို ပြန်ဆင်းသွားတာမျိုး .. သို့မဟုတ် အောက်ကို အပြင်းအထန်ကျပြီးမှ အပေါ်ကို ပြန်တက်သွားတာမျိုးခဏခဏ ဖြစ်တတ်ပါတယ်။ နှစ်
ဖက်စလုံးက Stop Loss တွေကို စားပစ်လိုက်တဲ့ သဘောမျိုးပါ။

​၄။ Platform Freezing •• သတင်းထွက်ချိန်မှာ User တွေ အလုံးအရင်းနဲ့ ဝင်လာတဲ့အတွက် တချို့သော Broker App တွေ၊ Website တွေဟာ လေးသွားတာ၊ Order ဖွင့်မရတာမျိုးတွေ ကြုံရနိုင်ပါတယ်။

​ဒါကြောင့် ကျွန်မအနေနဲ့ .. သတင်းချိန်မှာ မိတ်ဆွေတို့ကို အကြံပြုလိုတာကတော့ -

​News Trade တာကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒီအချက် (၄) ချက်ကိုတော့ မှတ်သားထားစေချင်ပါတယ်ရှင် -

၁။ ​"သတင်းရဲ့ ရလဒ်ထက်၊ လူတွေရဲ့ တုံ့ပြန်မှုကို ပိုကြည့်ပါ"

တစ်ခါတလေ ကျွန်မတို့ ကြုံဖူးကြတယ်မဟုတ်လား။ Data က အတက်ပြနေပေမယ့် ဈေးက ကျသွားတာမျိုး/ အကျပြနေပေမယ့် ဈေးက တက်သွားတာမျိုး ရှိတတ်ပါတယ်။ ဒါဟာ Market က အဲဒီသတင်းကို ကြိုတင်ခန့်မှန်းပြီးသား (Priced-in) ဖြစ်နေလို့ပါ။ တကယ့်သတင်းရလဒ် ထွက်လာချိန်မှာ အဲ့ဒီအတိုင်း မတုံ့ပြန်ကြတော့တာပေါ့။

​၂။ Risk Management ကို ထိန်းပါ •• ဥပမာ ပုံမှန်အချိန်မှာ $100 Risk ယူရင် သတင်းထွက်
ချိန်မှာ $50 / $30 လောက်ပဲ Risk ယူလိုက်တာမျိုးပေါ့။

​၃။ သတင်းထွက်ပြီး (၅) မိနစ် - (၁၀) မိနစ်ခန့် စောင့်ကြည့်ပါ •• ကျွန်မတို့တွေက သတင်းထွက်ထွက်ချင်းမှာ စိတ်လိုက်မာန်ပါနဲ့ Trade တွေကိုမဝင်ဘဲ .. ဈေးကွက်ရဲ့ တကယ့် ဦးတည်ချက် (Actual Trend) ပေါ်လာမှ ဝင်တာက ကျွန်မတို့ရဲ့ Trade တွေကို ပိုပြီးဘေးကင်းစေပါတယ်။

​၄။ Demo မှာ အရင် စမ်းသပ်ပါ •• News Trading က အရမ်းမြန်တဲ့အတွက် ကိုယ့်ရဲ့ စိတ်
ခံစားမှုနဲ့ လက်အနှေးအမြန်ကို Demo Account မှာ အကြိမ်ကြိမ် လေ့ကျင့်ထားဖို့ လိုပါတယ်။ ဒီနေရာမှာ Demo နဲ့ Real နဲ့ Feeling ချင်းမတူဘူး၊ Demo မှာ မလေ့ကျင့်ချင်ဘူးလို့ တွေးနေကြပြီထင်ပါတယ်ရှင်။ ဆိုတော့ .. Real money နဲ့ လေ့ကျင့်ရမှပဲ စိတ်တိုင်းကျတယ်ဆိုရင်တော့ အသေးဆုံး Lot size ကို သုံးတာမျိုး စဉ်းစားနိုင်ပါတယ်။

အနှစ်ချုပ်ရရင်တော့ .. ကျွန်မတို့ Trader တွေမှာ လူတိုင်းရဲ့ Trading Style က မတူညီကြပါဘူး။ တချို့က လှိုင်းကြီး လေထန်တာကို လိုက်စီးရတာကြိုက်ကြသလို၊ တချို့ကတော့ လှိုင်းငြိမ်မှ လှေလွှင့်ချင်ကြတယ် မဟုတ်ပါလားရှင်။

ဘယ်လိုပဲဆိုပါပါစေ .. ကျွန်မတို့ဟာ “ကိုယ့်ရဲ့ အရင်းအနှီး (Capital) ကို မပျောက်ပျက်အောင် ကာကွယ်ခြင်း” ကသာ အဓိက အကျဆုံး အလုပ်ဖြစ်တယ်ဆိုတာကို သတိပြုစေချင်ပါတယ်ရှင်။

​ဒီအကြောင်းအရာကိုဖတ်ပြီး မိတ်ဆွေတို့အနေနဲ့ သတင်းထွက်ချိန်မှာ အသုံးဝင်တဲ့ အသိပညာတချို့ကို ရရှိမယ်လို့ မျှော်လင့်ပါတယ်ရှင်။

Yu Thet
15.1.2026 (7:45 p.m)

Trading လုပ်ငန်းအကြောင်းကို အခြေခံကနေစပြီး ကျွမ်းကျင်တဲ့အထိ Class တွေ လေ့လာလိုပါက Telegram : https://t.me/yuthet_ytc မှတဆင့် ဆက်သွယ်နိုင်ပါတယ်ရှင့်။

22/05/2026

ဒီနေ့ May လ 22 ရက်နေ့မှာ XAUUSD 1 Ounce ကို 4545 ကနေ 4523 ထိ မနက်ခင်းမှာ $22 ခန့်စျေးအကျရှိထားပြီး လက်ရှိ 4529 စျေးတန်းမှာရှိနေပါတယ်

လက်ရှိ Market မှာ စျေးငြိမ်ကာ Triangle Pattern ဖြစ်ပေါ်နေတာက်ိုတွေ့ရပြီး

Triangle Pattern ရဲ့ Support Level ဖြစ်တဲ့ 4520-4500 ကြားကို အဓိကစောင့်ကြည့်ရပါမယ်

Pattern ရဲ့အထက်ကို Break ခဲ့ရင်တော့ 4620/4645/4665 နားထိ တစ်ဆင့်ချင်း စျေးအတက်ရှိနိုင်ပါတယ်

အောက်ဖက်ကို Break Out ဖြစ်ခဲ့ရင်တော့ 4450/4420/4350 စျေးတန်းတွေထိ အကျရှိနိုင်ပါတယ်

Break Out Confirm ဖြစ်ဖို့အတွက် 4H အရ စောင့်ကြည့်နိုင်ရင် ပိုအဆင်ပြေပါတယ်

Fake Break Out နဲ့ အတူ Sideway ဖြစ်လာနိုင်တာကို သတိပြုဖို့လိုပါမယ်

ဒီနေ့ အဓိကစောင့်ကြည့်ရမဲ့ Key Level တွေကတော့ 4605-4625 Zone နှင့် 4510-4500 Zone တွေပဲဖြစ်ပါတယ်

ဒါကြောင့် 4510-4500 Zone မှာ Confirmation နဲ့အတူအဝယ်ပြန်ကြည့်နိုင်ပြီး 4500 အောက် HTF အရ Break ခဲ့ရင်တော့ 4455-4440 Zone မှာ အဝယ်ပြန်စဉ်းစားနိုင်ပါတယ်

အရောင်းတွက်ကတော့ 4605-4625 Zone မှာ Confirmation ရရင်ကြည့်နိုင်ပြီး Zone အထက်ကို ဆက် Break ခဲ့ပါက 4645-4665 Zone မှာ ပြန်စဉ်းစားနိုင်ပါတယ်

နေ့စဉ်စျေးကွက်သုံသပ်ချက် များသိရှိလိုပါက Join ထားနိုင်ပါတယ်
https://t.me/komyofxtrading

Trading ကို Basic to Advanced Level အထိ Training များ စနစ်တကျ တက်ရောက်လေ့လာ လိုတာဖြစ်စေ.. လာရောက် တိုင်ပင်ဆွေးနွေးလို့ ရပါတယ်ခင်ဗျာ။

Telegram : https://t.me/KoMyo17

22/05/2026

"Signal ​​ပေးတဲ့ Channel ​တွေ တခုပြီးတခု လိုက် Join ​နေ​ပေမယ့် ဘာလို့ မမြတ်တာလဲ ?"

✍️ အကယ်၍ ကျွန်မတို့မှာ .. "Signal ​တွေကိုပဲ အားကိုး​နေတတ်တဲ့စိတ်" ကိန်း​အောင်း​နေပြီဆိုရင် .. ဘယ်လိုပြန်သုံးသပ်ကြည့်ကြမလဲ .. ဆိုတာကို .. ကျွန်မက အကြံပြုချက်တချို့နဲ့ မျှ​ဝေ​ပေးချင်ပါတယ်ရှင်။

✍️ Signal ​တွေနဲ့ ကိုယ်နဲ့ကြားမှာ .. မကိုက်ညီနိုင်တဲ့ အချက်တချို့ကို .. အရင်​လေ့လာကြည့်ရ​အောင်ပါ။

📌 ၁။ Signal ပေးတဲ့သူနဲ့ ကိုယ်နဲ့ .. Entry ဝင်တဲ့အချိန် မတူတာ။

(ဥပမာ - သူက ဝင်လိုက်ပြီလို့ ပြောချိန်မှာ .. ကိုယ်က နောက်ကျမှ မြင်ပြီး .. လိုက်ဝင်မိတာ)

ဒီလိုအချိန် .. စျေးရဲ့ Direction က ​နောက်ပြန်လှည့်လာတာနဲ့ တိုးသွားပြီး .. ရှုံးသွားတာ။

အကယ်၍ Direction မှန်​နေရင်​တောင် .. ကိုယ်ဝင်တာက​ နောက်ကျ​တော့ ​.. စျေး​တွေ​ဝေးသွားတဲ့အတွက် .. SL ထားရခက်ပြီး .. Retrace ပြန်လာချိန် SL ​တွေထိသွားတာ။

📌 ၂။ Signal ပေးသူရဲ့ RR (Risk to Reward) နဲ့ .. ကိုယ့်ရဲ့ Account Size နဲ့က မမျှတတာ။

📌 ၃။ Signal ပေးသူနဲ့ ကိုယ်နဲ့ .. Trading Style ချင်းမတူဘဲ .. TP, SL ကို Follow မလုပ်နိုင်တာ။

📌 ၄။ Signal ပေးသူက အရှုံးကို လက်ခံနိုင်ပေမဲ့၊ ကိုယ်က SL နားရောက်ရင် ကြောက်ပြီး ကြိုပိတ်မိတာ .. ဒါမှမဟုတ် .. SL ကို အဝေးကြီး ရွှေ့လိုက်မိတာ။

📌 ၅။ Signal မှားတဲ့အခါ ပေးတဲ့သူကို အပြစ်တင်မိပေမဲ့၊ Signal မှန်နေရက်နဲ့ ရှုံးတဲ့အခါမှာတော့ .. မိမိရဲ့ စည်းကမ်းမဲ့မှုကို လျစ်လျူရှုတတ်တာ။

📌 ၆။ Signal က TP ရတဲ့အချိန် လိုက်မဝင်မိဘဲ .. SL ထိတဲ့အချိန်မှာ လိုက်ဝင်မိတာ။

📌 ၇။ Signal က TP များများရချိန်မှာ အပြည့်ယူမထားဘဲ .. SL ထိတဲ့အချိန် အပြည့်ထိ​တော့ .. Recovery မဖြစ်တာ၊ အသားတင် မမြတ်တာ။

📌 ၈။ Signal ​ပေးတဲ့သူသုံးတဲ့ .. Strategy ကို မသိဘဲ လိုက်ဝင်​နေတာဖြစ်တဲ့အတွက် .. TP ထိထိ၊ SL ​ထိထိ .. "ဘာ​ကြောင့်" ဆိုတာကို စိတ်မဝင်စားဘဲ .. Easy Money တခုယူ​နေပြီး .. ​နောက်ဆုံး ရှုံးတဲ့အချိန်မှာ .. ဘာပညာမှမသိလိုက်ပဲ .. အချိန်​တွေကုန်သွားတာ။

စသဖြင့် မကိုက်ညီမှုများစွာ ရှိနိုင်ပါတယ်။

✍️ ကျွန်မအ​နေနဲ့​တော့ ဒီအရာ​တွေကို အပြစ်တခုလို မ​ထောက်ပြလိုပါဘူး .. ဘာ​ကြောင့်လဲဆို​တော့ .. ကျွန်မတို့​တွေ Signal ​Channel တွေကိုပဲ လိုက် Join ​နေတဲ့အခါမှာ .. ဒီလိုအခက်အခဲ​တွေဟာ .. မဖြစ်မ​နေ ရင်ဆိုင်ကြုံ​တွေ့ရမှာဖြစ်တဲ့အတွက် .. ဒီစိတ်ကို ကျွန်မ ကိုယ်ချင်းစာ​ပေးလို့ရပါတယ်။

✍️ ဒါ​ကြောင့် ​ဖြေရှင်းနိုင်မယ့်နည်းလမ်း​တွေကို .. မိတ်​ဆွေတို့ ကိုယ်တိုင်သုံးသပ်ကြည့်လို့ရ​အောင်ဘဲ .. ကျွန်မ ​ထောက်ပြ​ပေးချင်ပါတယ်။

📍၁။ ကျွန်မတို့ဟာ .. တခြားသူပေးတဲ့ Signal ကို "အကြံပြုချက်" အဖြစ်ပဲ သဘောထားပြီး၊ "ကိုယ်တိုင် ဆုံးဖြတ်နိုင်သူ" ဖြစ်လာဖို့လုပ်သင့်ပါတယ်။

📍၂။ Signal တစ်ခုရလာရင် .. ကိုယ်တတ်ထားတဲ့ Technical Skill တခုနဲ့ ပြန်တိုက်စစ်ပါ။

(SMC ဖြစ်ဖြစ်၊ Price Action ဖြစ်ဖြစ်) ကိုယ်သုံးတဲ့ နည်းလမ်း​တွေနဲ့​ပေါ့။

"ဘာကြောင့် ဒီနေရာမှာ သူက Buy ခိုင်းတာလဲ / Sell ခိုင်းတာလဲ ?" ၊ "ဘာကြောင့် ဒီနေရာမှာ သူက TP ထားခိုင်းတာလဲ / SL ထားခိုင်းတာလဲ ?" ဆိုတာကို .. ကိုယ့်ဘာသာ ခေါင်းထဲမှာ .. အဖြေရှာကြည့်ပါ။

📍၃။ Signal ဝင်လိုက်တာပဲဖြစ်ဖြစ်၊ ကိုယ်တိုင်ဝင်တာပဲဖြစ်ဖြစ် မှတ်တမ်းရေးပါ။

(ဘယ်နှစ်ကြိမ် မှားတာလဲ၊ ဘယ်နှကြိမ်မှန်တာလဲ ?၊ ဘယ်နှစ်ကြိမ်မှာ ကိုယ့်ရဲ့ စိတ်လှုပ်ရှားမှုကြောင့် အရှုံးပေါ်တာလဲ၊ ဘယ်နှကြိမ်​လောက် ကိုယ့်စိတ်နဲ့ တိုက်ဆိုင်စွာ မြတ်သလဲ ?) .. စသဖြင့်​ပေါ့။

📍၄။ Signal ကို အားကိုးပြီး မြတ်တာထက် .. ကိုယ်တိုင် Analysis လုပ်ပြီး .. အနည်းငယ်​လေးပဲဆိုပါ​စေ မြတ်တာက .. ကိုယ့်ရဲ့ Confidence ကို ပိုတက်စေပါတယ်။

📍၅။ Signal ပေးသူက ဘယ်လောက်ပဲ ယုံကြည်မှုရှိရှိ၊ မိမိ Account ရဲ့ ခံနိုင်ရည်ရှိတဲ့ Risk ထက် ပိုမသုံးစွဲပါနဲ့။

📍၆။ Signal ​ပေးတဲ့သူက ဘာ Strategy သုံးသလဲ ? ကိုယ့်ရဲ့ Trading Style နဲ့​ရော ကိုက်ညီသလား ? ​သေချာသိ​အောင် ဆန်းစစ်ပါ။

📍၇။ Entry တစ်ခု မဝင်ခင် .. "ငါ ဘာကြောင့် ဒီ Trade ကို ဝင်တာလဲ ?" ဆိုတဲ့ .. အ​ကြောင်းပြချက်ကို .. ကိုယ်တိုင် မဖြေနိုင်ရင် .. အဲ့ဒီ Trade ကို မဝင်ပါနဲ့။

​✍️ နောက်ဆုံးအကြံပြုချက်အ​နေနဲ့ ..
ကိုယ့်မှာ "Signal Provider" ရှိ​နေတာလား ? "Professional Consultant" ရှိ​နေတာလား ဆန်းစစ်ပါ။

‼️ ဒါဟာ သိပ်ကိုအ​ရေးကြီးပါတယ် ..
ဘာ​ကြောင့်လဲဆို​တော့ ..

📌 Signal Provider ဟာ .. Signal ပို့​ပေးဖို့က ဦးစား​ပေးဖြစ်ပေမယ့် ..

📌 Professional Consultant ဟာ ..
ကျွန်မတို့ရဲ့ Trading Skills ​တွေတိုးတက်ဖို့၊ ​ကျွန်မတို့ ရေရှည်ရပ်တည်သွားနိုင်ဖို့၊
ကျွန်မတို့ Risk Management ​တွေ ပိုင်နိုင်ဖို့ ၊ ကျွန်မတို့ ရှာနိုင်တဲ့ အမြတ်​ငွေဟာ .. ဘယ်အချိန်ပြန်ဆန်းစစ်​နေပါ​စေ .. တန်ဖိုးရှိ​နေဖို့၊ ယုံကြည်မှုရှိ​နေဖို့ .. ကူညီ​ပေးပါလိမ့်မယ်။

✍️ Professional Consultant ဆိုတာ .. Signal Provider မဟုတ်ပါဘူး။ သူဟာ သင်ပြပေးသူ (Educator) နဲ့ လမ်းပြပေးသူ (Guide) သာ ဖြစ်သင့်ပါတယ်။

✍️ ဒါ​ကြောင့် ကျွန်မတို့မှာ Signal Provider တဦးထက်ပိုတဲ့ .. Professional Consultant ရှိတယ်ဆိုရင် .. ဒီအရာ​တွေကို တိုင်ပင်​ဆွေး​နွေးကြည့်ပါ။

📍 ၁။ Consultant ကပေးတဲ့ .. Signal တစ်ခုစီတိုင်းကို .. ကျွန်မတို့ ​လေ့လာရမယ့် Lesson တစ်ခုလို သဘောထားပါ။

"ဘာကြောင့် ဒီ Entry ကို ​ပေးတာလဲ ? ဘာ​ကြောင့် ဒီ Target ထားတာလဲ ? ဘာ​ကြောင့် ဒီ​နေရာမှာ အရှုံးပိုင်းတာလဲ " ဆိုတာမျိုးကို .. ကျွန်မတို့ ကိုယ်တိုင်အရင်ဆန်းစစ်ပါ၊ နားမလည်ရင် ဆွေးနွေးတိုင်ပင်ကြည့်ပါ။

ဒါမှ အမြတ်​ငွေ​တွေဟာ .. ပညာနဲ့ပါ ထပ်​ပေါင်းပြီး .. ပိုင်ဆိုင်​စေမှာဖြစ်ပါတယ်။

📍၂။ ကျွန်မတို့ အရှုံးနဲ့ ရင်ဆိုင်ရတဲ့အခါ .. Consultant နဲ့ အတူတူ Review ပြန်လုပ်ပါ .. နည်းပညာကြောင့် ရှုံးတာလား၊ စိတ်ခံစားချက်ကြောင့် ရှုံးတာလားဆိုတာကို .. ခွဲခြားစိတ်ဖြာပါ။

📍 ၃။ အမြတ်ရလာတဲ့အခါလဲ ထိုနည်းတူစွာပါပဲ .. ကျွန်မတို့ စည်းကမ်းတကျ မြတ်တာလား ? ကံ​ကောင်းမှု​ကြောင့်လား ? ဆိုတာမျိုး​ပေါ့။

📍 ၄။ Consultant ရဲ့ အကူအညီနဲ့ .. ကျွန်မတို့ရဲ့ လူနေမှုပုံစံ၊ စိတ်နေစိတ်ထားနဲ့ ကိုက်ညီတဲ့ .. Trading Plan တစ်ခုကို တည်ဆောက်ပြီး .. အဲ့ဒီ Plan အတိုင်း သွားနေခြင်း ရှိ၊ မရှိ ကိုသာ Consultant ဆီမှာ စစ်ဆေးမှု (Audit) ခံယူပါ။

📍 ၅။ Consultant ကို .. ကျွန်မတို့ရဲ့ အမှားတွေကို ဝန်ခံပါ .. "ကျွန်တော် စိတ်မထိန်းနိုင်လို့ အရမ်းကြီး ​စောဝင်မိသွားတယ်၊ ​ကြောက်ပြီး ပိတ်မိတယ်၊ SL ​ရွှေ့မိတယ်၊ တရစပ် Overtrades ​တွေ ဝင်မိတယ်။ ဒါကို ဘယ်လို ထိန်းရမလဲ ?" ဆိုတဲ့ .. Psychological Guidance ကို တောင်းခံပါ။

✍️ အနှစ်ချုပ်အ​နေနဲ့ ကျွန်မအကြံပြု​ပေးချင်တာက​တော့ ..

​📌 "Signal ကောင်းရင် မြတ်မယ်လို့ ကျွန်မတို့ ထင်နေပါသလား ?

​📌 အမှန်တော့ Signal ဆိုတာ "မြေပုံ" တစ်ခုပါပဲ။

📌 မြေပုံရှိရုံနဲ့ ခရီးဆုံးကို ရောက်တာမဟုတ်ဘဲ ..

အဲ့ဒီမြေပုံကို ကျွန်မတို့ ကိုယ်တိုင်ဖတ်တတ်ဖို့ "ကျွမ်းကျင်မှု" .. လမ်းလျှောက်ဖို့ "စိတ်ဓာတ်ခိုင်မာမှု" .. နဲ့ အန္တရာယ်​တွေကို ထိန်းချုပ်နိုင်ဖို့ "သတိနဲ့စည်းကမ်း​တွေ" လိုအပ်ပါတယ်။

📌 Professional Consultant တစ်ယောက်ရဲ့ အခန်းကဏ္ဍဟာလဲ .. ကျွန်မတို့ကို ငါးဖမ်းပေးဖို့မဟုတ်ဘဲ .. ငါးဖမ်းတတ်အောင် သင်ပေးဖို့ဘဲ .. ဖြစ်ပါတယ်။

​📌 ကျွန်မတို့ သိထားဖို့က .. Signal ကြောင့် မြတ်ခြင်းဟာ "ကံကောင်းခြင်း" ဖြစ်နိုင်ပေမဲ့၊ ကိုယ်တိုင် Analysis လုပ်လို့ မြတ်ခြင်းဟာ "ကျွမ်းကျင်မှု (Skill)" ဖြစ်ပါတယ်။"

​📌 ကျွန်မတို့​တွေ ဒီခရီးကို ရေရှည်သွားမှာလား ?

ဒါဆိုရင် ခဏတာ အဆင်​ပြေဖို့ပဲ မကြည့်ပါနဲ့ .. ကျွမ်းကျင်မှုမရှိပဲ . တဦးတ​ယောက်ကို မီခိုရင်း ရလာတဲ့ အမြတ်​တွေဟာ .. Easy Money ​​တွေ ဖြစ်​နေနိုင်တယ်လို့ .. ကိုယ်ခံစားရ​နေတယ်ဆိုရင် ..

📍 " Signal နောက်လိုက်တဲ့ Trader ဘဝကနေ .. ကိုယ်တိုင် Analysis လုပ်နိုင်တဲ့ Trader တစ်ယောက်ဖြစ်အောင် .. အခုပဲ စတင်လိုက်ပါ။" လို့ ကျွန်မ အကြံပြုပါရ​စေရှင်။

​📍ကျွန်မတို့ဟာ .. " Signal Follower တစ်ယောက်အဖြစ်ပဲ အမြဲတ​စေ နေသွားမှာလား ? "

📍ဒါမှမဟုတ် .. " စျေးကွက်ကို ကိုယ်တိုင် စီမံခန့်ခွဲနိုင်တဲ့ Market Specialist တစ်ယောက် ဖြစ်လာအောင် ကြိုးစားမှာလား ?"

✔️ ရွေးချယ်မှုက ကျွန်မတို့ လက်ထဲမှာပါ။

ဒါ​ကြောင့် .. ကျွန်မဟာ Consultant တဦးအ​နေနဲ့ . ကျွန်မရဲ့ Client ​တွေကို .. အတူလက်တွဲအလုပ်လုပ်ဖို့ ချပြတဲ့အခါ ..

ကျွန်မသုံး​နေတဲ့ Strategy ​တွေကို .. တိုင်ပင်​ဆွေး​နွေး​လေ့လာကြရင်း .. မျှ​ဝေသင်ကြား​ပေးတဲ့ . Class ​တွေကို ​"ပထမ​ခြေလှမ်း" တခုအ​နေနဲ့ . ​လေ့လာ​စေတာဖြစ်ပါတယ်။

ဒီ Step ပြီးသွားလို့ .. တဦးနဲ့တဦး နားလည်၊ယုံကြည်၊ ​လေးစားမှု​တွေ တည်​ဆောက်ပြီးသွား​တော့မှ .. Trading ခရီးလမ်းမှာ .. အကြံဥာဏ်​ပေးတဲ့ ဝန်​ဆောင်မှုအပိုင်းကို .. One on One Consultation ​တွေနဲ့ ဆက်သွား​စေပါတယ်။

‼️ "Trader ရဲ့ ကျွမ်းကျင်မှု" နဲ့ .. "Consultant ရဲ့ Professional ဆန်မှု" .. ၂ခု အညီ .. မ​ပေါင်းစပ်မိဘူးဆိုရင် .. Consultantနဲ့ Trader ဟာ .. ​"ရေရှည်လက်တွဲ မမြဲနိုင်ဘူး" .. လို့ ကျွန်မ​ သုံးသပ်မိပါတယ်ရှင်။

Yu Thet
24.4.2026 (7:18 p.m - MMT)

ကျွန်မဆီမှာ Trading ကို Basic to Advanced Level အထိ Online Class များ စနစ်တကျ တက်ရောက်လေ့လာ လိုပါက (သို့မဟုတ်) ကျွန်မရဲ့ One on one - Consultation အကြံပြုချက်များနဲ့အတူ တိုင်ပင်ဆွေးနွေးရင်း Trade လိုပါက ယခု Telegram Acc : https://t.me/yuthet_ytc မှတဆင့် လာရောက် ​မေးမြန်းဆွေးနွေးလို့ ရပါတယ်ရှင်။

20/05/2026

ကမ္ဘာ့ရွှေစျေးကွက်ရဲ့ လားရာတွေ ဘယ်လိုဆက်ဖြစ်နိုင်သလဲ ၊ ဒီနေ့ မေလ (၂၀) ရက်နေ့ အခြေအနေကရော ဘာဖြစ်နိုင်သလဲဆိုတာကို နည်းပညာပိုင်းအရ မျှဝေသုံးသပ်ပေးထားပါတယ်ရှင်။

နေ့စဉ်စျေးကွက်သုံးသပ်ချက်များကို ကျွန်မရဲ့ Public Telegram Channel မှာ အရင်ဆုံးမျှဝေပေးတာဖြစ်လို့ Telegram ကို Join ပြီး၊ အချိန်နဲ့တပြေးညီ စောင့်ကြည့်နိုင်ပါတယ်ရှင်။
https://t.me/yuthetforexchannel

Trading လုပ်ငန်းမှာ ကျွန်မရဲ့ အကြံဉာဏ်ပေးမှုများနဲ့အတူ တိုင်ပင်ဆွေးနွေးရင်း Trade လိုတာဖြစ်စေ၊ အခြေခံကနေစပြီး ကျွမ်းကျင်တဲ့အထိ Class တွေ လေ့လာလိုတာဖြစ်စေ၊ Telegram : https://t.me/yuthet_ytc မှတဆင့် ဆက်သွယ်နိုင်ပါတယ်ရှင့်။

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon