Game and Software Zone Myanmar
15/01/2024
ဂိမ်းမတင်တာကြာလို့ ပြန်တင်ပေးတာ🥰

ဒီ ဂိမ်းဟာ 2D Action-Adventure ဂိမ်းကောင်းလေးတစ်ခုဖြစ်ပြီး နာမည်ကြီး စွန်းဝူခုံးတို့နေရာကနေ ကစားရမှာပါ။ တစ်ချိန်တုန်းက ကမ္ဘာမြေနဲ့ နတ်ပြည်ကို ထိန်းပေးထားတဲ့ ကျမ်းဂန်တစ်ခုရှိခဲ့ပြီး မကောင်းတဲ့နတ်တွေကြောင့် အဲဒီကျမ်းဂန်ဟာ အစိတ်စိတ်အမွှာမွှာ ကွဲသွားပြီး ကမ္ဘာမြေပေါ်ကို ကျရောက်ခဲ့ပါတယ်။ ကျရောက်တဲ့နေရာတိုင်းမှာ ကျမ်းဂန်ရဲ့ အစွမ်းကြောင့် အင်အားကြီးမားတဲ့ မိစ္ဆာတွေပေါ်ပေါက်လာခဲ့ပြီး ကမ္ဘာကြီးဟာ ပျက်ဆီးလာခဲ့ပါတယ်။ အဲ့ဒါကို စွန်းဝူခုံးတို့ ဆရာတပည့်လေးယောက်က ဖြေရှင်းရမှာဖြစ်ပြီး ကျမ်းဂန်အစိတ်ပိုင်းတစ်ခုစီတိုင်းကို လိုက်ရှာဖွေရမှာပါ။ အဲ့ဒီလို ရှာဖွေရင်း မိစ္ဆာတွေနဲ့ပါ ရင်ဆိုင်ရမှာမလို့ ဇာတ်လမ်းကောင်းကောင်းနဲ့ ကစားရမယ့် ဂိမ်းကောင်းတစ်ခုပါ။
Level ပေါင်း 29 ခုထိ ပါဝင်ပြီး Boss အခန်းတွေကိုပါ ကြားထဲမှာ ထည့်ပေးထားပါတယ်။ ကစားရမယ့် ပုံစံက စွန်းဝူခုံးကော ၊ ပါကျဲတို့ပါ လေးယောက်စလုံးကို တစ်ယောက်တစ်လှည့်စီ ထိန်းချုပ်နိုင်မှာဖြစ်ပြီး Puzzle တွေကိုလည်း တစ်ယောက်ခြင်းစီရဲ့အားသာချက်တွေကို အသုံးပြုရမှာပါ။တိုက်ကွက်တွေကစ Animation ကောင်းကောင်းနဲ့ ဖန်တီးပေးထားတာမလို့ လှုပ်ရှားတာတွေကစ အရမ်းကြည့်ကောင်းပါတယ်။ ပါကျဲတို့ စွန်းဝူခုံးတို့ လေးယောက်စလုံးကိုလည်း Character Skin ကိုယ်စီ ဝတ်ပေးလို့ရပါသေးတာကြောင့် Skin အမိုက်စားတွေနဲ့ပါ ကစားလို့ရမှာပါ ။ Graphic ရဲ့ နောက်ခံရှုခင်းတွေဟာလည်း အရမ်းကြည့်ကောင်းပြီး အသံပိုင်းဆိုင်ရာတွေမှာပါ အသေးစိတ်ကျတာကြောင့် Adventure ဂိမ်းကောင်းကောင်းလေးကို ကစားချင်တဲ့သူတွေအတွက် Recommend ပေးချင်ပါတယ်။ အင်တာနက်မလို Offline ဆော့ရမှာပါ..ခိုးပီးသားပါ...
ဒီမှာဒေါင်းပါ
https://modgamesmm.com/games/Unruly-Heroes
Mobile Legend စိန်ဝယ်ချင်တဲ့သူများအောက်ကလင့်ကဝယ်ပါ
modgamesmm.com/shop
Click here to claim your Sponsored Listing.
Website
Address
Yangon