Hsu - Online Shop

Hsu - Online Shop

Share

11/04/2026

Alberto Benveniste စာပေဆုရ ကာရိုလင်းဘွန်းဂရွန်းရဲ့ "ဘော့စဖိုက ကလေးငယ်" စာအုပ်ကို နီနီဦး (ပါရီ-ဆိုဘွန်းတက္ကသိုလ်)က ဘာသာပြန်ထားတဲ့ စာအုပ်...
----

ဒီစာအုပ်လေးကို Cover Design လုပ်ဖို့ဆိုပြီး ဖတ်လိုက်မိတဲ့အချိန်ကစလို့ ပြီးတဲ့အထိ လက်ကမချစတမ်းဖတ်မိသွားတယ်ဆိုရင် ယုံမယ်မထင်။
စာအုပ်ထုတ်ဝေသူတစ်ယောက်အနေနဲ့မဟုတ်ဘဲ စာဖတ်သူတစ်ယောက်အနေနဲ့ ပြောရရင် နင့်နင့်နဲနဲ ခံစားမှုရသတွေကို ပေးနိုင်တဲ့ စာအုပ်တစ်အုပ်ပါပဲ။
* စာအုပ်ရဲ့အစပိုင်းမှာ ဘာကြောင့်များ ကလေးလေး ဒီလိုဖြစ်ရတာလဲဆိုတဲ့ သိချင်ဇောနဲ့ ဖတ်မိတယ်။

* အလယ်လောက်ရောက်တော့ ကလေးလေးကို သူ့မိဘတွေ လက်လွှတ်ဆုံးရှုံးလိုက်ရတော့မှာလားဆိုတဲ့အတွေးနဲ့ သိချင်စိတ်တွေနဲ့ ဖတ်မိတယ်။

* ဟော နောက်တစ်နေရာရောက်တော့ ငယ်သေးတဲ့အရွယ်မှာတောင် တာဝန်ယူတတ်တဲ့သူ့ရဲ့စိတ်နဲ့ လူသားဆန်မှုကို ဂရုပြုမိတယ်။

* နောက်တစ်နေရာရောက်တော့ ကိုယ့်အတွက်ကိုယ်မကြည့်ဘဲ ဒုက္ခရောက်နေတဲ့ သူ့လူမျိုးတွေအတွက် ကြည့်ပြီး ကိုယ်ကျိုးစွန့်တဲ့သူ့ရဲ့လမ်းခရီးမှာ အဆင်ပြေချောမွေ့ပါ့မလားလို့ စိတ်တထင့်ထင့်...

* လူတိုင်းအထင်ကြီးနေတဲ့နေရာကို ရောက်််််််သွားတဲ့အခါမှာရော အထင်ကြီးအားကျစရာတကယ်ကောင်းရဲ့လား...

ဆက်ပြောရရင် တစ်အုပ်လုံးကို ချပြမိတော့မယ် 😄

ဒီစာအုပ်ထဲမှာ ကြောက်စရာကောင်းတဲ့စိတ်ထားတွေ၊ တစ်ကိုယ်ကောင်းဆန်မှုတွေ၊ အတ္တတွေကို မြင်ရမယ့်အပြင်

မိခင်တစ်ယောက်ရဲ့ မေတ္တာကိုလည်း လုံး၀ကွက်ကွက်ကွင်းကွင်းမြင်ရအောင်ကို ပုံဖော်ရေးသားနိုင်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ပါ။

ဘာသာပြန်စာအုပ်ကောင်းတစ်အုပ်ကို ဖတ်ဖို့ ရှာနေတယ်ဆိုရင်တော့...
ဒီစာအုပ်က လုံး၀ကို ရွေးချယ်သင့်တဲ့စာအုပ်လေးလို့ ပြောပါရစေ...

စာအုပ်စဖတ်မယ်လို့ ရည်ရွယ်ရင် ပိတ်ရက် သို့မဟုတ် နေ့လယ်နေ့ခင်း အချိန်လေးမှာ စပြီး ဖတ်ဖို့ အကြံပေးပါရစေ... ဘာကြောင့်လဲဆိုတော့ လက်ကနေစကိုင်ပြီးတာနဲ့ ချချင်မှာမဟုတ်တော့လို့ပါပဲ။

Alberto Benveniste စာပေဆုကို ဘာကြောင့် ထိုက်ထိုက်တန်တန်ရထားလဲဆိုတာ စာအုပ်လေးကို ဖတ်ကြည့်ပါလို့...

Preorder မှာယူသူတိုင်းကို Deli Free နဲ့ ပို့ပေးမှာ ဖြစ်ပါတယ်ရှင်။

စာအုပ်လေးက ဇန်နဝါရီလ ပထမပတ်မှာ ထွက်မှာ ဖြစ်ပါတယ်။

✍️ စာရေးသူ = နီနီဦး (ပါရီ-ဆိုဘွန်းတက္ကသိုလ်)
✍️ စာအုပ်အမည် = ဘော့စဖိုက ကလေးငယ်
✍️ စာမျက်နှာအရေအတွက် = ၆၁၀ မျက်နှာ
✍️ စာအုပ်တန်ဖိုး = ၂၂,၀၀၀ ကျပ်

စာအုပ်ထွက်တာနဲ့ အိမ်ရောက်ပို့တဲ့ Delivery Service တွေနဲ့ ချိတ်ဆက်ပြီး ပို့ပေးမှာဖြစ်တာမို့ PN Publishing House Page Messenger မှာ နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာအပြည့်အစုံကို ပို့ထားပေးနော်။

Messenger Link : http://m.me/2115991718629897

'Enfant_du_Bosphore_Robert_Laffont_2004
#ဘာသာပြန်စာအုပ် #ဘာသာပြန်၀တ္ထု

11/04/2026

ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ချင်သူတွေအတွက် လက်စွဲစာအုပ်ကောင်းအဖြစ် တကယ်အသုံးဝင်တဲ့အပြင် လိမ္မာတဲ့ကလေးတွေအဖြစ် မေမေတို့ကိုယ်တိုင် Train ဖို့ လွယ်ကူစေမယ့် စာအုပ်လေးပါ။

ယဉ်ကျေးလိမ္မာတဲ့ မျိုးဆက်သစ်တွေကို တူတူပြုစုပျိုးထောင်ကြစို့

=====

မိဘတိုင်းဟာ မိမိတို့ရဲ့သားသမီးတွေကို ပညာတတ်ရုံသာမက စိတ်ဓာတ်ကောင်းမွန်ပြီး ယဉ်ကျေးလိမ္မာတဲ့သူတွေ ဖြစ်စေချင်ကြပါတယ်။

လူအများစုက "မင်္ဂလာ" ဆိုတာကို အဆောင်အယောင်တွေ၊ အခမ်းအနားတွေလို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ့်မင်္ဂလာဆိုတာကတော့ မိမိတို့ရဲ့ အပြုအမူ၊ အပြောအဆိုနဲ့ စိတ်နေစိတ်ထားတွေမှာ ရှိတာပါ။

အခု ဒီစာအုပ်လေးကို ဗုဒ္ဓလမ်းစဉ် ဓမ္မစာပေပြန့်ပွားရေးအသင်း ဥက္ကဋ္ဌ ဦးအားရွှေ (အရဟံဓမ္မမာမက) (ဝိသုဒ္ဓိမဂ်ဂုဏ်ထူးဆောင်) က ပြုစုထားတာ ဖြစ်ပါတယ်။

ကလေးငယ်တွေရဲ့ စိတ်ဓာတ်ကို ပြုပြင်ပေးပြီး လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကျိုးကျေးဇူးတွေကို ရရှိစေမှာပါ။

✅ ၃၈ ဖြာ မင်္ဂလာတရားတော်များကို လွယ်ကူစွာ နားလည်စေခြင်း။

✅ လူမှုဆက်ဆံရေးနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာစေခြင်း။

✅ ဘဝတစ်သက်တာအတွက် လမ်းညွှန်ကောင်းတစ်ခု ဖြစ်စေခြင်း။

ရိုးရှင်းတဲ့ အရေးအသား၊ ပြည့်စုံတဲ့ အနှစ်သာရတွေနဲ့ ပြုစုထားတာကြောင့် ဓမ္မဗဟုသုတတွေ တိုးပွားစေမှာ အမှန်ပဲ ဖြစ်ပါတယ်။

ကလေးငယ်တွေရဲ့ နှလုံးသားထဲမှာ တရားဓမ္မမျိုးစေ့တွေ ပျိုးထောင်ပေးဖို့ ဒီစာအုပ်လေးကို ရွေးချယ်လိုက်သင့်ပါကြောင်း...

✅ လက်လီ/လက်ကား မှာယူလိုပါက ဖုန်း - 09 456 9000 60 သို့ ဆက်သွယ်နိုင်ပါတယ်။

✅ Message Box မှလည်း မှာယူနိုင်ပါတယ်ရှင်။

#ယဉ်ကျေးလိမ္မာ ゚viralシ

15/02/2026

ဒီစာအုပ်လေးက သင်္ဘောသားအသိုင်းအ၀ိုင်းမှရယ်လို့ မဟုတ်ပါဘူး၊ ရသနဲ့ သုတ၊ ရယ်မောစရာ၊ Drama ဆန်ဆန်ဇာတ်လမ်း ကြိုက်သူတွေအတွက်လည်း တကယ်ကို ဖတ်လို့ကောင်းမယ့်စာအုပ်ကောင်းတစ်အုပ်လို့ ညွှန်းပါရစေ..

"ကျွန်တော်တို့ သင်္ဘောသားတွေဘဝက ရန်ကုန်လေဆိပ်ကနေ လေယာဉ်ပေါ် စတက်ကတည်းက အိမ်ရှိလူစာရင်းကနေ ပျောက်ကွယ်သွားနိုင်သူတွေ... အိမ်ထောင်စုစာရင်းမှာ ပျောက်ကွယ်ပြီး သင်္ဘောလူစာရင်းမှာ အမည်ပေါ်လာသူတွေပါပဲ..."

အဝေးကကြည့်ရင် ငွေကြေးချမ်းသာပြီး စမတ်ကျလှတဲ့ သင်္ဘောသားဘဝ... ဒါပေမဲ့ အနီးကပ်ကြည့်ရင်တော့ မိသားစုရဲ့ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ အခိုက်အတန့်တိုင်းမှာ အတူမရှိနိုင်ဘဲ အခန်းငယ်လေးထဲမှာ အိမ်ပြန်ရမယ့်ရက်ကို လက်ချိုးရေတွက်နေရတဲ့ လူသားတွေသာ ဖြစ်ပါတယ်။

စာရေးသူ လေပြည် (The Mariner) က သင်္ဘောသားတစ်ယောက်ရဲ့ ရင်တွင်းခံစားချက်တွေကို အနုပညာဆန်ဆန် ပေါင်းစပ်ပုံဖော်ထားပါတယ်။

ဒီစာအုပ်ဟာ သင်္ဘောသားတွေအတွက်တော့ မိမိတို့ဘဝကို ကိုယ်စားပြုတဲ့ မှတ်တမ်းတစ်ခုဖြစ်သလို၊ သင်္ဘောသားမိသားစုဝင်တွေအတွက်တော့ မိမိတို့ချစ်ရသူရဲ့ ရင်တွင်းစကားသံတွေကို နားလည်စေမယ့် တံတားတစ်စင်း ဖြစ်ပါလိမ့်မယ်။

⚓ ဘယ်သူတွေ ဖတ်သင့်သလဲ?

ပင်လယ်ပြင်ကို ချစ်မြတ်နိုးသူတွေ။

သင်္ဘောသားဘဝကို စိတ်ဝင်စားတဲ့ လူငယ်တွေ။

မိသားစုနဲ့ ဝေးကွာနေရတဲ့ သင်္ဘောသား မိသားစုဝင်တွေ။

ဘဝရဲ့ အချိုအခါး လောကဓံကို ခွန်အားယူချင်သူတွေ။

📘 စာအုပ်အမည် - ဘဝချိုခါးသင်္ဘောသား

📘 စာရေးသူ: လေပြည် (The Mariner)

📘 စာမျက်နှာ: ၂၅၀ မျက်နှာ

📘 တန်ဖိုး: ၁၅,၀၀၀ ကျပ်

🛒 မှာယူလိုပါက 09456900060 ကို ဆက်ပြီး မှာလို့ရသလို Page Messenger ကနေလည်း မှာယူနိုင်ပါတယ်ရှင်။


#ဘ၀ချိုခါးသင်္ဘောသား
#လေပြည်

02/01/2026

ကျန်းမာရေးဟာ လူတိုင်းအတွက် အရေးကြီးဆုံးအရာဖြစ်ပေမဲ့ တစ်ခါတလေမှာ ကိုယ့်ခန္ဓာကိုယ်အကြောင်းကို သေချာနားမလည်ဘဲ မှားယွင်းတဲ့ ဆေးဝါးသုံးစွဲမှုတွေ၊ အယူအဆအမှားတွေနဲ့ ဖြတ်သန်းနေတတ်ကြပါတယ်။
ဆေးဆိုင်တွေမှာ ဆရာဝန်ဆေးစာနဲ့မှ ဝယ်လို့ရသောက်ရတဲ့ ဆေးတွေရှိသလို ဆရာတွေက ဆေးညွှန်းပေးရုံနဲ့ ဝယ်လို့ရတဲ့ ဆေးတွေ ရှိတယ်။ အဲဒီဆေးတွေကို ကိုယ်က သိထားဖို့ကလည်း အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ ပိုးသတ်ဆေးလို ပဋိဇီ၀ဆေးတွေမှာတောင် ဝမ်းပျက်ရင် ဘယ်ပိုးသတ်ဆေး၊ အာသီးရောင်ရင် ဘယ်ပိုးသတ်ဆေး၊ နာတာရှည်ရောဂါဆို ဘယ်ပိုးသတ်ဆေး ... စုံစိနေအောင် များပြားလှသေးတော့ တကယ်မကိုက်ညီတဲ့ဆေးကိုများ ဝယ်သောက်မိရင်... ဘယ်လောက်အန္တရာယ်များလိုက်မလဲ။
ဒီ ဆရာဝန်မရှိတဲ့နေရာ ဆိုတဲ့ စာအုပ်လေးဟာ ခက်ခဲတဲ့ ဆေးပညာဝေါဟာရတွေအစား လူတိုင်းနားလည်နိုင်တဲ့ အသုံးအနှုန်းတွေနဲ့ ရေးသားထားတာဖြစ်လို့ "ကိုယ့်ကျန်းမာရေးအတွက် ကိုယ်တိုင် ဂရုစိုက်နိုင်စေမယ့်" စာအုပ်ပဲ ဖြစ်ပါတယ်။ နေထိုင်မကောင်းဖြစ်မှ ဖတ်ရမှာမဟုတ်ဘဲ မနာမကျန်းမဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ဖို့အတွက်ပါ လမ်းပြပေးမယ့် မိတ်ဆွေကောင်းတစ်ဦး ဖြစ်ပါတယ်။
အထူးသဖြင့် ဆေးရုံ၊ ဆေးခန်းနဲ့ အလှမ်းဝေးတဲ့ဒေသတွေမှာနေထိုင်သူတွေ ဒါမှမဟုတ် အခြေခံကျန်းမာရေးဗဟုသုတကို ကိုယ်တိုင်သိရှိထားချင်သူတွေအတွက် အားကိုးထိုက်တဲ့ စာအုပ်ကောင်းတစ်အုပ်မို့ လူတိုင်းလူတိုင်းဖတ်ရှုနိုင်ဖို့ ညွှန်းပေးပါရစေနော်။
ဆရာဝန်မရှိတဲ့နေရာဆိုတဲ့ ဒီစာအုပ်လေးထဲမှာ
📒တကယ်ကျန်းမာရဲ့လား
📒ဆေးတွေအားလုံး အလွယ်တကူဝယ်ပြီး သောက်လို့ရလား
📒အလားတူဆေး
📒စတီးရွိုက်ဆေးအကြောင်း
📒ချောင်းဆိုးပျောက်ဆေးများ
📒အကိုက်အခဲပျောက်ဆေးများ
📒ကားမူးတတ်သူများ
📒ပွေးလား၊ ဝဲလား၊ ညှင်းလား
📒သွေးတိုးရောဂါ
📒ဆီးချို၊ သွေးချို
📒 အားဆေးသောက်ရင် ဝလာမှာလား
📒ပန်းကလေးနွမ်းနေလား
📒အမျိုးသားတွေရော သွေးဆုံးတတ်သလား
📒ကင်ဆာအကြောင်း
📒ဝတာ အပြစ်လား
📒အရေပြားရှိသူတိုင်းနှင့် သက်ဆိုင်သော
📒ဖြည်စွက်စာသောက်ဖို့ လိုအပ်သလား
📒အိပ်၍မပျော်သောညများ
စတဲ့ အကြောင်းအရာများ အပါအဝင် စုစုပေါင်း ၃၆ပုဒ် တိတိ ပါဝင်တဲ့ “ဆရာဝန်မရှိတဲ့နေရာ” _ “သိထားသင့်တဲ့ အခြေခံကျန်းမာရေး ဗဟုသုတနှင့် အထွေထွေဆေးဝါးများအကြောင်း” တွေကို ဒေါက်တာမိုးဇော်အောင်က အသေးစိတ် သေချာလေး ရေးပေးထားပါတယ်။

မျက်နှာဖုံးပန်းချီ - ဘစိုင်းဝဏ္ဏ (Watercolor on paper)
မျက်နှာဖုံးဒီဇိုင်း- HAA
အတွင်းစာမျက်နှာ ဖွဲ့စည်းမှု - HAA
စာမျက်နှာ - ၂၆၁
စာအုပ်ဆိုဒ်- ၆”x ၈.၇”
စက္ကူ- Wood Free 70g
တန်ဖိုး- ၁၈၀၀၀ကျပ်

၂၀၂၆ ဖေဖော်ဝါရီ စာအုပ်ထွက်ပါမယ်ရှင်။

မူရင်းစာအုပ်တန်ဖိုးက ၁၈၀၀၀ ကျပ်ကို ၂၆.၁၂.၂၀၂၅ ကနေ ၁.၂.၂၀၂၆ အထိ ဝယ်ယူသူတိုင်းကို ၂၀% လျှော့စျေးနဲ့ ရောင်းပေးမှာဖြစ်လို့ ၁၄၄၀၀ ကျပ်ပဲ ကျတော့မှာ ဖြစ်ပါတယ်နော်။

💢💢💢Prepaid (ငွေကြိုလွှဲ) စနစ်နဲ့ Preorder တွေကို လက်ခံပေးမှာ ဖြစ်ပါတယ်ရှင်။

စာအုပ်ထွက်တာနဲ့ အိမ်ရောက်ပို့တဲ့ Delivery Service တွေနဲ့ ချိတ်ဆက်ပြီး ပို့ပေးမှာ ဖြစ်တာမို့ ငွေလွှဲပြီးကြောင်း Screenshot လေးနဲ့အတူ ဆုတို့ရဲ့ PN Publishing House Page Messenger မှာ နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာအပြည့်အစုံကို ပေးပို့ထားပေးဖို့ မေတ္တာရပ်ခံပါရစေရှင်။
Messenger Link : m.me/2115991718629897
#ဆရာဝန်မရှိတဲ့နေရာ
#သိထားသင့်တဲ့ကျန်းမာရေး
#အခြေခံကျန်းမာရေးဗဟုသုတ
#အထွေထွေဆေးဝါးများ
#ဒေါက်တာမိုးဇော်အောင်
#ဘုန်းသက္က

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


No. 125, 46th Street, Botahtaung Township
Yangon
11121

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 10:00 - 18:30
Sunday 10:00 - 18:30