Yin Yin Store
23/04/2025
အားပေးကြပါအုံး နော် ၁၈၅၀၀ ပါ အိမ်ရောက်ငွေချေပါနော့်..ချစ်တယ်နော်🥰🥰🥰
21/01/2024
အိမ်မှာအများကြီး လိုအပ်သူများယူလို့ရပါတယ်...
1
ဆေးဖက်ဝင်အပင်များနှင့်အဓိကပျောက်ကင်းနိုင်သောရောဂါများ
(၁၂၇) ဟင်းနုနယ် ဆူးပေါက်
အင်္ဂလိပ်အမည် - Prickly Amaranth
မျိုးရင်း - Amaramthaceae (ဟင်းနုနယ်မျိုးရင်း)
ရုက္ခဗေဒအမည် - Amaramthus spinosus Linn;
အဓိကဆေးဖက်ဝင်ပုံ
အဆိပ်ပြေဆေး၊ နှာခေါင်းသွေးလျှံခြင်း၊ ဆီးအောင့်ခြင်း၊ ကျောက်တည်ခြင်း၊ မီးယပ်ဖြူဆင်းခြင်း၊ မီးယပ်သွေးလွန်ခြင်း၊ သွေးစုနာ၊ အနာပေါက်၊ အကြောတက်ကိုက်ခဲရောဂါများအတွက် ဆေးဖက်ဝင်အသုံး ပြုသည်။
ပေါက်ရောက်သည့်ဒေသ
မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် အလေ့ကျပေါက်ရောက်သည်။
ဆေးဖက်ဝင်အစိတ်အပိုင်း - အရွက်၊ အမြစ်၊ ပဉ္စငါးပါး
အပင်ပုံသဏ္ဍာန်
အပင်။ ။ ဆူးရှိသောအပင်ငယ်မျိုးဖြစ်သည်။ ထောင်မတ်၍ ပေါက်သည်။ ပင်စည်နှင့် အကိုင်းများတွင် မြောင်းပါရှိသည်။ ၁ ပေမှ ၅ ပေထိရှိသည်။ ပင်စည်နှင့် အကိုင်းများကြားမှ ဖြောင့်မတ်၍ မာသော ဆူးများ ထွက်ရှိသည်။
အရွက်။ ။ ရွက်လွှဲထွက်သည်။ အလျား ၁ လက်မခွဲမှ ၄ လက်ထိ ရှည်၏။ အရွက်ပျော့ပြောင်း နူး ညံ့ပြီး ရွက်ညှာရှည်သည်။
အပွင့်။ ။ ပွင့်ညှာမဲ့ပန်းခိုင်ဖြစ်သည်။ ပန်းခိုင်ပေါ်တွင် အစိမ်းရောင်သန်းသော အဖြူပွင့်များ များစွာပွင့် သည်။ မိုးဦးကျ ကဆုန်၊ နယုန်လတွင် ပွင့်သည်။
ဆေးကျမ်းများအဆို
မြန်မာဆေးကျမ်းများအလိုအရ ဟင်းနုနယ်ဆူးပေါက်သည် အေး၏။ ဆီး၊ ဝမ်းကို ရွှင်စေ၏။ သား အိမ်ကိုက်ခဲခြင်းကို ပျောက်စေ၏။ နို့ရည်ကို ပွားများစေ၏။ သားအိမ်ကို အထူးအားပေး၏။ အဆိပ်ကို ပယ်တတ်၏။ သွေးယိုစီးခြင်းကို တားမြစ်တတ်၏။ ရင်၌ ထိုးကျင်ခြင်းနှင့် မီးယပ်လွန်ခြင်းကိုလည်း ပျောက် ကင်းစေနိုင်သော ဂုဏ်ရှိ၏။
ဆေးဖက်ဝင်အသုံးပြုပုံ
၁။ ကိုယ်ဝန်မမြဲသောသူများသည် ဟင်းနုနယ်ဆူးပေါက် ပဉ္စငါးပါးကို ပြုပ်၍ ကိုယ်ဝန်တည်ချိန် ၁ လမှ စ၍ ၃ လအထိ တစ်နေ့လျှင် မတ်ခွက်တစ်လုံး သောက်ပေးပါက ကိုယ်ဝန်ပျက်ခြင်းမှ ကင်းဝေးစေနိုင်သည်။
၂။ နှာခေါင်းသွေးလျှံလျှင် အရွက်ကို ကြိတ်၍ နှာခေါင်းမှ ရှူစေပြီး နှာခေါင်းမှ အထက်ပိုင်းသို့ အရည်လိမ်း ကျံပေးလျှင် နှာခေါင်းသွေးလျှံ သွေးကျခြင်းမှ ပျောက်ကင်းစေနိုင်သည်။
၃။ ဆီးအောင့်ကျောက်တည်ရောဂါဖြစ်လျှင် ဟင်းနုနယ်အရွက်ကို ကြော်စား၊ ဟင်းချက်စားခြင်းဖြင့် ပျောက် ကင်းစေနိုင်သည်။
၎။ မီးယပ်ဖြူဆင်းခြင်း၊ ညောင်းကျခြင်း၊ အနာအဖုအပိတ်များပေါက်ခြင်းဖြစ်ပါက ဟင်းနုနယ်ဆူးပေါက် ပဉ္စ ငါးပါး အရည်ကို ညှစ်ယူပြီး သကြားနှင့် ရောသောက်ပါက ပျောက်ကင်းစေနိုင်သည်။
၅။ သွေးအန်၊ သွေးကျရောဂါ၊ မီးယပ်သွေးလွန်ရောဂါများဖြစ်လျှင် ဟင်းနုနယ်ဆူးပေါက် အရွက်ကို ကြော် စားခြင်း၊ အသုတ်ပြုလုပ်စားခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်သည်။
၆။ ကင်းကိုက်လျှင် ဟင်းနုနယ်ဆူးပေါက်အမြစ်ကိုသွေး၍ ကိုက်သောနေရာအပေါက်သို့ လိမ်းပေးပါက ကင်းဆိပ်ပြေ၏။
၇။ သွေးစုနာဖြစ်လျှင် ဟင်းနုနယ်ဆူးပေါက်အမြစ်ကို သွေးလိမ်းခြင်း၊ အရွက်ကို ထောင်းချေပြီး အနာပေါ် တွင် အုံပေးခြင်းပြုပါက အနာပြည်ပေါက်စေနိုင်သည်။
၈။ အကြောတက်ရောဂါဖြစ်လျှင် အမြစ်ကို သွေးလိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။
17/01/2024
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |