Lifecare

Lifecare

Share

20/07/2022

UVC Sterilization Box
တကိုယ်ရည်သုံး ပစ္စည်းများ ပိုးသတ်ချင်သူအတွက် အထူးသင့်လျော်ပါသည်။
😷 Mask ပါးစပ်နှာခေါင်းစည်း
😎 မျက်မှန်
💫 လက်ဝတ်ရတနာ
💸 ပိုက်ဆံ
🔑 သော့
⌚ နာရီ
📱 ဖုန်း
ရန်ကုန်မြို့အတွင်း အိမ်အရောက်ပို့ မှာယူနိုင်ပါသည်။

19/07/2022

သွေးပေါင်ချိန်ထိန်းရန်
----------------------------
“ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်“ ဟူသောစကားအတိုင်း ယနေ့ခေတ်တွင်အဖြစ်များလာသော သွေးတိုးရောဂါကို ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ☝️

သွေးတိုးရောဂါသည် သာမန်အားဖြင့် ရောဂါလက္ခဏာ ပြလေ့မရှိပဲ နှလုံးရောဂါ၊ လေဖြတ်ခြင်းစသည်တို့ ခံစားရမှသာ သိရှိရလေ့ရှိသည်။ ထို့ကြောင့်လည်း "အသံတိတ်လူသတ်သမား" ဟုခေါ်ကြသည်။ သွေးတိုးရောဂါ ထိန်းနေစေသော အောက်ဖော်ပြပါ အမူအကျင့်များ လိုက်နာသင့်ပါသည်။ 👈

🔘ဆားနှင့် အသင့်စားအစာ လျော့စားပါ။
ဆားအစားများခြင်းသည် သွေးတိုးခြင်းဖြစ်စေသည်။ ဆိုဒီယမ်ပါဝင်မှုများသော အသင့်စားအစာများဖြစ်သည့် ဝက်/ကြက်အူချောင်း၊ ဝက်ပေါင်ခြောက်နှင့် ဘာဂါ အစရှိသည်တို့ လျော့စားပါ။🧂🍔

🔘ပိုတက်ဆီယမ် ကြွယ်ဝသောအစာစားပါ။
ပိုတက်ဆီယမ် ကြွယ်ဝသောအစာများ ဖြစ်သည့် ဌက်ပျောသီး၊ပန်းသီး၊ ဘရိုကိုလီ၊ လိမ္မော်သီး၊ ဟင်းနုနွယ်ရွက် အစရှိသည်တို့စားခြင်းဖြင့် သွေးပေါင်ချိန် ထိန်းညှိပေးသည်။ 🍌

🔘ကျန်းမာရေးနှင့် ညီအောင်စားပါ။
အသီးအနှံ၊ ဟင်းသီးဟင်းရွက် များများစားခြင်း၊ ပြည့်ဝဆီများရှောင်ခြင်း၊ အဆီထုတ်ထားသော နို့ထွက်ပစ္စည်း၊ ဆယ်မွန်ငါးကဲ့သို့ ကျန်းမာစေသော အဆီများသည့်ငါးများ အစရှိသဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော အစာများစားပါ။ 🐠

🔘ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်သောက်ခြင်းသည် ခန္ဓာကိုယ်တစ်ခုလုံး ဆိုးကျိုးများ ဖြစ်ပေါ်စေသည်။ ဆေးလိပ်တွင်ပါဝင်သော နီကိုတင်းသည် သွေးပေါင်ချိန် တက်စေခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း၊ နှလုံးသွေးကြောကျဥ်းခြင်း၊ သွေးခဲခြင်းများအထိ ဖြစ်စေသည်။ 🚭

🔘အရက်လျော့သောက်ပါ။
အရက်အလွန်အကျွံ သောက်ပါက သွေးပေါင်ချိန်တက်စေပြီး ကျန်းမာရေးဆိုးကျိုးများ ဖြစ်စေသဖြင့် အရက်အလွန်အကျွံသောက်ခြင်းမှ ရှောင်ပါ။ 🍺

🔘ကိုယ်လက်လှုပ်ရှားပါ။
လမ်းမြန်မြန်လျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ကခုန်ခြင်း အစရှိသော ေလ့ကျင့်ခန်းကို အနည်းဆုံးတနေ့လျှင် မိနစ် ၃၀ လုပ်ပေးပါ။ 🚶‍♂️

🔘ကိုယ်အလေးချိန်ထိန်းခြင်း
ကိုယ်အလေးချိန် ပုံမှန်ထက်များပါက သွေးတိုး၊ နှလုံး၊ ဆီးချိုသွေးချို အစရှိသည့် ရောဂါများ ပိုမိုဖြစ်ပေါ်နိုင်ပါသည်။ 💃

ထို့ကြောင့် အထက်ဖော်ပြပါ အချက်များလိုက်နာခြင်းဖြင့် သွေးတိုးရောဂါ မဖြစ်အောင် ကာကွယ်ရုံသာမက၊ သွေးတိုးရောဂါ ရှိနေပါကလည်း သွေးပေါင်ချိန်ကို ပုံမှန်ထိန်းနိုင်ရန် ကူညီပေးပါသည်။ 👍

သွေးတိုးရှိပါက ဆရာဝန်နှင့်ပြပြီး ကုသမှုခံယူဖို့ လိုပါသည်။ ဆရာဝန်ညွန်ကြားထားသောဆေးများ ပုံမှန် သောက်ရုံမက၊ ကျန်းမာရေးနှင့်အညီ နေထိုင် စားသောက်ရမည် ဖြစ်ပါသည်။👨‍⚕️

18/07/2022

Tecmen : Safety is everything !
Tecmen သည် တရုပ်ပြည်ရှိ PAPR ထုတ်လုပ်သည့်
အကြီးဆုံး ကုမ္ပဏီကြီးတခု ဖြစ်ပါသည်။ Tecmenမှ ထုတ်လုပ်သည့် အရည်အသွေးမြင့် Medical Grade PAPR များကို ကမ္ဘာအနှံ့ သုံးစွဲလျှက်ရှိပါသည်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon