SME Consulting

SME Consulting

Share

09/07/2020

အသက် (၁၆) နှစ်မတိုင်မီ ဒေါ်လာ ၅၃,၀၀၀ ကို Warren Buffet ဘယ်လို နည်းနဲ့ ရှာခဲ့သလဲ?

Warren Buffet ကိုတော့ အားလုံး သိပြီးသားဖြစ်မှာပါ၊ သူ့ အနေနဲ့  အသက် (၁၆) နှစ်မတိုင်ခင်မှာ ဒေါ်လာ ၅၃,၀၀၀ ကို ဘယ်လို ရှာဖွေ စုဆောင်းခဲ့သလဲဆိုတာကို ပုရိတ်သတ်အတွက်မျှဝေပေးချင်ပါတယ်။
သူကျောင်းတက်နေစဉ် ထဲကသူငယ်ချင်းများက ဘာသာရပ်များ Hollywood ရုပ်ရှင်များအတွက် စဉ်းစားနေချိန်မှာ New York Stock Exchange မှာဘယ်လို ရင်းနှီးမြှပ်နှံရမလဲဆိုတဲ့ ဘဝရည်ရွယ် ချက်ရှိနေပါပြီ။

၁။ Warren Buffett ဟာ သူ့ အသက် ၆ နှစ်အရွယ်မှာ ပထမဦးဆုံး စတင် ရောင်းဝယ် ဖောက်ကားမှု ပြုခဲ့ပါတယ်။ ဘာကို ရောင်းခဲ့သလဲ ဆိုတော့ ပီကေထုပ်လေးတွေပါ။ အဲ့ဒီနောက်တော့ ကိုကာကိုလာ ဘူးတွေကို လည်း ရောင်းခဲ့ပါတယ်။

၂။ အဲ့ဒီနောက်တော့ လူငယ်တော်တော်များများ လုပ်လေ့ လုပ်ထ ရှိတဲ့သတင်းစာ ပို့ တဲ့အလုပ်ကို လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အခြား လူငယ်တွေနဲ့ မတူတဲ့ သတင်းစာ ပို့ ပုံ ပို့ နည်းကို သူ လုပ်ခဲ့လို့ ဝင်ငွေ ၃ဆရခဲ့ပါတယ်။ အခြားသူတွေကတော့ သတင်းစာတိုက် တစ်ခုရဲ့ သတင်းစာ တစ်ခုတည်းကို ပဲ လမ်းကြောင်း
တစ်ခုကနေ ပို့ ကြပါတယ်။ Buffet ကတော့ ပြိုင်ဆိုင်မှု ကြီးမားတဲ့ သတင်းစာ နှစ်စောင်ကို တာဝန်ယူပြီး လမ်းကြောင်း သုံးခု ကနေ လှည့်ပတ်ပို့ ခဲ့တယ်လို့ ဆိုပါတယ်။

၃။ သူ နဲ့ သူ့ သူငယ်ချင်း Stu Erickson တို့ နှစ်ယောက် ဂေါက်သီးဟောင်းတွေလည်း ရောင်းခဲ့ပါသေးတယ်။ ဂေါက်သမားတွေ ရိုက်လိုက်လို့ ပျောက်သွားတဲ့ ဂေါက်သီးတွေကို ကောက်ရတဲ့ သူတွေဆီက လိုက်ဝယ်၊ သန့် ရှင်းရေးလုပ်ပြီး ဂေါက်သမားတွေကို ပြန်လည် ရောင်းချခဲ့ပါတယ်။ အဲ့လိုရောင်းချတာကို ရဲတွေ ၀င်ရှုပ်လို့ ပြဿနာ တက်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့ လုပ်ဆောင်ချက်တွေကို ဂုဏ်ယူအားပေးတဲ့ မိဘတွေရဲ့ ကူညီမှုနဲ့ ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပါတယ်။

၎။ “မြေပဲ…ပေါက်ပေါက်….တစ်ထုပ် ၅ ကျပ်… တစ်ထုပ် ၅ ကျပ်…. ပွဲနားတုန်း ခဏ အားပေးကြပါဦး” ဆိုပြီး University of Omaha Stadium မှာ မြေပဲ့ ပေါက်ပေါက်ကို လိုက်လံရောင်းချခဲ့ပါသေးတယ်။

၅။ တံဆိပ်ခေါင်းတွေကို လိုက်စုပြီး တံဆိပ်ခေါင်း စုစည်းတဲ့ သူတွေထံလည်း ရောင်းခဲ့ပါသေးတယ်။ Buffett’s approval Service ဆိုပြီးတောင် နာမည်ပေး ပြီး အဲ့ဒီ စီးပွားရေးကို လုပ်ခဲ့ပါသေးတယ်။

၆။ Buffet ဟာ ပျက်နေတဲ့ Pinball Machine တစ်ခုကို ၂၅ ဒေါ်လာနဲ့ ဝယ်လိုက်ပါတယ်။ ပြီးတော့ သူ့ သူငယ်ချင်း Don Danly ရဲ့ အကူအညီနဲ့ ပြင်လိုက်ပါတယ်။ အဲ့ဒီနောက်တော့ သူတို့ နှစ်ယောက်ပေါင်းပြီး Wilson’s Coin-operated machine company ကို ထောင်လိုက်ကြတယ်။ သူတို့ ညှပ်နေကြ ဆံပင် ညှပ်ဆိုင်ပိုင်ရှင်နဲ့ ညှိပြီး အဲ့ဒီ ဆံပင် ညှပ်ဆိုင်မှာ Pinball Machine ကို ထားလိုက်ပါတယ်။ Pinball Machine က ၀င်ငွေကို ဆိုင်ပိုင်ရှင်နဲ့ တစ်ယောက် တစ်ဝက် ခွဲယူဖို့ သဘောတူလိုက်တယ်။
ပထမဆုံးနေ့ မှာပဲ ဒေါ်လာ ၄ ဒေါ်လာ ရလိုက်ကြတယ်။

တစ်ပတ်အကြာမှာတော့ နောက်ထပ် Pinball Machines တွေ ၀ယ်နိုင်လောက်တဲ့ ၀င်ငွေတွေ ရလာတယ်။ ဒါနဲ့ သူတို့ ထပ်ဝယ်ပြီး အခြား ဆံပင်ညှပ်ဆိုင်တွေမှာပါ လိုက်ထားလိုက်ကြတာ သူ မဲပေးဖို့ အသက်မပြည့်ခင်မှာ သူတို့ နေထိုင်တဲ့ ဒေသအတွင်းက ဆံပင်ညှပ်ဆိုင်တွေ အားလုံးမှာ သူတို့ ရဲ့  Pinball Machines တွေ တပ်ဆင်ပြီးသားဖြစ်နေပါပြီ။
ဒါတွေကတော့ Warran Buffet အနေနဲ့ အသက် (၁၆) နှစ်မတိုင်ခင် ဒေါ်လာ ၅၃,၀၀၀ ကို ရှာဖွေခဲ့ပုံတွေပါပဲ။ အဲ့ဒီလို နဲ့ စခဲ့တဲ့ Warren Buffet ဟာ ယခု အခါမှာတော့ ကမ္ဘာ့ ဒုတိယ အချမ်းသာဆုံး သူဌေးကြီး ဖြစ်လို့ နေပါပြီ။

မြန်မာလူငယ်တွေကော အသက် (၁၆) နှစ်မတိုင်ခင်မှာ ပိုက်ဆံ ရှာနိုင်အောင်အတုယူကြိုးစား နိုင်ပါတယ်၊ အခုခေတ် လူငယ်တွေ အတွက်က ပိုပြီး အခွင့်အရေးတွေ များလာပါပြီး နည်းပညာကို အသုံးပြုပြီးလည်း ၀င်ငွေ ရှာလို့ ရနိုင်တဲ့အခွင့်အရေး တွေလည်းများလာပါပြီ။ ပညာရပ်တစ်ခုကို အသက်မွေးဝမ်းကြောင်း အဖြစ် ကျွမ်းကျင်ရင် အဲ့ဒီ ပညာရပ်နဲ့ ဝင်ငွေရှာနိုင်မယ့် အခွင့်အရေးတွေလည်းရှိလာပါပြီ ဒါကြောင့် လူငယ်တွေကို Warren Buffet ကို နမူနာယူပြီး ပညာလည်းသင် အဲ့ဒီ ပညာနဲ့ လည်း ကိုယ်ပိုင် ၀င်ငွေရအောင်စတင်နိုင်ဖို့ အားပေး တိုက်တွန်း လိုက်ပါတယ်။

Warren Buffet
While his elementary school classmates were dreaming about the major leagues and Hollywood, 10-year old Buffett was having lunch with a member of the New York Stock Exchange and setting life goals.

Credit Post:

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address


81, Thamein Bayan Road & 158st, Tamwe Township
Yangon
1121