Dhamma Digitize

Dhamma Digitize

Share

24/05/2026

ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

ငါးခုဆိုတာဘာလဲ
လို့ မေးလိုက်တဲ့အခါ လူတွေမှာ တဏှာအမြင် ဒိဋ္ဌိအမြင်နဲ့ စွဲလန်းတဲ့ ဥပါဒါနက္ခန္ဓာ ငါးပါး ရှိတယ်၊ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်လို့ဆိုတဲ့ ဒီငါးခုအပေါ်မှာစွဲလန်းကြတယ်၊ တဏှာအမြင်၊ ဒိဋ္ဌိအမြင်တွေနဲ့ စွဲလန်းကြတဲ့ ခန္ဓာငါးမျိုး၊ ဥပါဒါနက္ခန္ဓာလို့ ဒီလိုခေါ်တယ်၊ အဲဒါ ၅-ဂဏန်းကို မြတ်စွာဘုရားက သင်ပေးတယ်။

ဒါဖြင့် ‘ဆ နာမ ကိ?” ခြောက်ခုဆိုတာ ဘာလဲ၊
ဘုန်းကြီး တို့တတွေမှာ ခြောက်ခုရှိတယ်၊ အပြင်ဘက်က အာရုံတွေနဲ့ ဆက်သွယ်ဖို့ရာအတွက် အင်္ဂါရပ်ခြောက်ခုရှိတယ်၊ အဲဒါ ဘာလဲ လို့ဆိုတော့ “မျက်စိရယ်၊ နားရယ်၊ နှာခေါင်းရယ်၊ လျှာရယ်၊ ကိုယ်ရယ်၊ စိတ်ရယ်' ဆိုတဲ့ ဟော Sense Organs ခြောက်ခု ရှိတယ်။

ဒါတွေနဲ့ပဲ နေ့စဉ်ဆက်သွယ်နေတာ၊ ဟော ခြောက်ခု ဆိုတာ‘အဇ္ဈတ္တိကာယတန’ ခြောက်ပါးတဲ့၊ အာရုံတွေရဲ့အခြေခံ၊ စိတ်တွေရဲ့ဖြစ်ပေါ်ရာ ခြောက်မျိုးရှိတယ်ဆိုပြီးတော့ ၆-ဂဏန်းကို ဖော်ထုတ်ပြီးတော့မေးတယ်၊ ဒါတွေကို ကြည့်လိုက်မယ်ဆိုလို့ရှိရင်အဆင့်ဆင့် ကမ္မဋ္ဌာန်းပွားလို့ရလာတဲ့ သဘောတွေကို မြတ်စွာ ဘုရားက ဟောနေတာနော်၊ ကလေးငယ်နဲ့ တန်ရုံလောက်ပဲ မြတ်စွာဘုရားက ဂဏန်းသဘောလေးတွေကို မှတ်ခိုင်းထားတာ၊ ဟော ခြောက်ခုသိပြီ။
ရှင်ရာဟုလာ၏ဘဝနှင့် မြတ်ဗုဒ္ဓ၏ အဆုံးအမ

Want your place of worship to be the top-listed Place Of Worship in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon