Central Lab

Central Lab

Share

Photos from Central Lab's post 11/11/2021

Pap smear ဆိုတာဘာလဲ?
Pap smear ဆိုတာ အမျိုးသမီးများရဲ့ သားအိမ်ခေါင်းကို Ayre Spatula ဆိုတဲ့ တုတ်တံလေးနဲ့သော်လည်းကောင်း၊ Cytobrush နဲ့သော်လည်းကောင်း အချွဲအကျိလေးတွေကို ခြစ်ယူပြီး စမ်းသပ်တဲ့ test တစ်မျိုးဖြစ်ပါတယ်။

Pap smear ဆိုတဲ့ test ဟာ သားအိမ်ခေါင်းကင်ဆာနှင့် သားအိမ်ကင်ဆာ တို့အတွက် ကင်ဆာမဖြစ်မိီအဆင့် (Precancerous stage)၊ ကင်ဆာအဆင့် (Cancerous stage)၊ တို့ကို စောစီးစွာ သိနိုင်မယ့် ကနဦးစစ်ဆေးနိုင်သည့် (Screening test) တစ်မျိုးဖြစ်ပါတယ်။ ထို့အပြင် ကင်ဆာမဟုတ်ဘဲ အ​ခြားသောအကြောင်းအရာများ​ကြောင့် သားအိမ်ခေါင်းရောင်ရမ်းခြင်းတို့ကိုပါ ရှာဖွေနိုင်သော test တစ်မျိုးလည်း ဖြစ်ပါတယ်။

အမျိုးသမီးတွေ ဘယ်အသက်အရွယ်မှာ စစ်သင့်သလဲ?
အမေရိကန်(US)တို့လို နိုင်ငံတွေမှာတော့ အရွယ်ရောက်ပြီး(ပျိုဖော်ဝင်ပြီး) မိန်းကလေးများ အသက် 21 နှစ်မှစ၍ အသက် 65 ထိတိုင်အောင် ကနဦး စစ်ဆေးခြင်းလုပ်ငန်းစဥ် (Screening Project) အဖြစ် လုပ်ဆောင်လေ့ရှိပါတယ်။

Pap smear ရဲ့ အကျိုးကျေးဇူး
အဓိကအကျိုးကျေးဇူးကတော့ ကင်ဆာမဖြစ်မိီ အဆင့်တွင် Pap smear ဖြင့် သိရှိပါက စောစီးစွာ ရောဂါကုသမှု ခံယူနိုင်ခြင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် မမ၊ဒေါ်ဒေါ်၊တို့ အနေနှင့် သက်ဆိုင်ရာ နားလည်တတ်ကျွမ်းသော သားဖွားမိီးယပ်အထူးကုဆရာဝန်များနှင့်ပြသ၍ မိမိတို့၏ဓာတ်ခွဲနမူနာများကိုရယူကာ Central Lab တွင် လာရောက်စစ်ဆေးနိုင်ကြောင်း သတင်းကောင်းပါးလိုပါတယ်။

23/10/2021

ဒီတစ်ခါ သီတင်းကျွတ်ကာလ Promotion အနေနှင့်
Central Lab မှ အခြေခံသွေးစစ်ခြင်း ကို မိတ်ဆက်
ပေးမှာဖြစ်ပါတယ်။

Basic Package မှာ ပါဝင်တဲ့စစ်ဆေးမှုတွေကတော့

1. Complete Blood Count with film
သွေးနီဥ သွေးဖြူဥ သွေးဥမွှားစစ်ဆေးခြင်း

2. ESR

3. Urea and Electrolytes and Creatinine
ကျောက်ကပ်လုပ်ငန်းစွမ်းရည်စစ်ဆေးခြင်း

4. Liver Function test and GGT
အသည်းစွမ်းဆောင်ရည်စစ်ဆေးခြင်း

5.Blood Glucose(RBS/FBS)
သွေးတွင်းသကြားဓာတ်တိုင်းတာခြင်း

6.Lipid profile
သွေးတွင်းရှိ cholesterol ကိုလက်စ်ထရော 4 မျိုး တိုင်းတာခြင်း တို့ပါဝင်ပါတယ်။

အမြန်လေး Booking တင်ထားမှ စိတ်ချရမယ်နော်။
📲📲0944547908, 09458887977

01/10/2021

Lipid Profile or Lipid Panel Test

Lipid Profile Test စစ်ဆေးခြင်း
အထက်ပါ Lipid panel စစ်ဆေးရာတွင်
1. Total Cholesterol
2. LDL Cholesterol
3. HDL Cholesterol
4. Triglycerides တို့ပါဝင်ပါတယ်။

ထိုလေးမျိုးထဲတွင် HDL cholesterol သည် ခန္ဓာကိုယ်အတွက် ကောင်းမွန်သော (Good Cholesterol) ဖြစ်ပီး ကျန်သုံးမျိုးသည် (Bad Cholesterol) ဖြစ်ပါသည်။

HDL cholesterol ပမာဏများများရှိပါက LDL cholesterol တည်ဆောက်မှုကိုလျော့ချစေနိုင်ပါတယ်။

ဒါဆိုရင် Total cholesterol, LDL cholesterol and Triglycerides တွေသွေးထဲတွင် ပမာဏ များနေလျှင် ဘာတွေဖြစ်နိုင်ပါသလဲ။

ရှိသင့်ထက်ပမာဏထက်များနေပါက
သွေးကြောထဲတွင် အဆီများတဖြည်းဖြည်းစုပုံ
လာပြီး သွေးကြောပိတ်သည်အထိဖြစ်နိုင်ပါတယ်။
နောက်ဆက်တွဲအနေဖြင့် နှလုံးသွေးကြောပိတ်ပါက နှလုံးကြွက်သားပုပ်ခြင်း၊ ခြေထောက်သွေးကြောပိတ်ပါက သွေးထောက်ပံမှုမရှိတော့ဘဲ ခြေသလုံးခြေချောင်းများ ဖြတ်ရခြင်းအထိဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကိုယ်ခန္ဓာထဲမှာ Lipid အဆီဓာတ်တွေကို စမ်းသပ်စစ်ဆေးနိုင်ဖို့ Lipid Profile test ကိုစစ်ဆေးဖို့အကြံပြုလိုပါတယ်။

အရေးကြီးတာတစ်ခုက Lipid Profile စစ်ဆေးမှုမခံယူခင် အနည်းဆုံး 9-12 hours အစားမစားပဲ Fasting လုပ်ဖို့လိုအပ်ပါတယ်။
ထိုမှသာ တိကျမှန်ကန်သောအဖြေရလဒ်ရရှိမှာဖြစ်ပါတယ်။

25/09/2021

Renal Function Test ဆိုတာ ဘာလဲ?

Renal Function Test(RFT)ဆိုတာ လူကြီးမင်းတို့၏
ကျောက်ကပ်(Kidneys)တွေ လုပ်ဆောင်ချက်ကိုစစ်ဆေးတာဖြစ်ပါတယ်။

ကျောက်ကပ်(Kidneys) ရဲ့အလုပ်ဟာ အဓိကအားဖြင့် နှစ်ပိုင်းရှိပါတယ်။
1.Filtration စစ်ထုတ်ခြင်း
2.Reabsoprtion ပြန်လည်စုပ်ယူခြင်း တို့ဖြစ်ပါတယ်။

Renal Function Test(RFT)မှာများသောအားဖြင့် အပိုင်းတွေအများကြီးရှိပေမယ့် စစ်ဆေးမှုအများဆုံး Test လေးတွေကိုပြောပြပါမယ်။

1. Urea (BUN)
2. Creatinine
3. Electrolytes

Urea ဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ ပရိုတင်းတွေ ဖြိုခွဲပျက်ဆီးခြင်းမှရလာတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ထို Urea ဆိုတဲ့ waste product ကို ကျောက်ကပ်မှစွန့်ထုတ်ပေးပြီး သွေးထဲမှာ ရှိသင့်တဲ့ပမာဏထက်များနေရင်တော့ ကျောက်ကပ်ပြဿနာရှိနေပြီဆိုတာသိနိုင်ပါတယ်။

Creatinine ကတော့ ကိုယ်ခန္ဓာမှာရှိတဲ့ ကြွက်သားတွေ ပြန်လည်ပြင်ဆင်ပြုပြင်ခြင်းနှင့် ဖြိုခဲဲခြင်းမှရလာတဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး Creatinine ကိုလည်း ကျောက်ကပ်မှ အကုန်နီးပါးပြန်လည်စွန့်ထုတ်ပါတယ်။ Creatinine ပမာဏဟာ သွေးထဲမှာများနေပြီးဆိုရင် ကျောက်ကပ်ကို လိုအပ်တာတွေထပ်မံစစ်ဆေးပြီး စောစီးစွာကုသမှုခံယူသင့်ပါတယ်။

Electrolytes စစ်ဆေးခြင်းမှာ အဓိကအားဖြင့်
Sodium, Potassium, Chloride and Bicarbonate တို့ပါဝင်ပါတယ်။ ထို ဓာတ်လေးမျိုးသည်လည်း ရှိသင့်တဲ့ပမာဏထက် နည်းလို့မရသလို များလို့လည်းမရပါဘူး။ ပုံမှန်ပမာဏအတွင်းမှာရှိနေသင့်ပါတယ်။

ဒါဆိုရင် လူကြီးမင်းတို့ရဲ့အဖိုးတန်တဲ့ ကျောက်ကပ်နှစ်လုံးကို စစ်ဖို့ အကြုံပြုလိုက်ပါတယ်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


51/A, Min Ye Kyaw Swar Road, Ahlone Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00