H Creative Studio
15/11/2023
Like များတဲ့ Page တစ်ခုကိုသူများဆီကဝယ်တာနဲ့ ကိုယ်တိုင် Page ထောင်ပြီး Like များအောင် Boost တာနဲ့ ဘယ်တစ်ခုကပိုကောင်းမလဲ🤔?
ဒီတစ်ခါမျှဝေပေးမဲ့အကြောင်းအရာက Like များတဲ့ page တစ်ခုကိုဝယ်တာကောင်းမလား ဒါမှမဟုတ် ကိုယ်တိုင် page ထောင်ပြီး like များအောင် boost လုပ်မလား ။
ဆိုတာပဲဖြစ်ပါတယ်
🤔 တွေးတော့တွေးစရာပဲနော်🤔🤔
ဒီအကြောင်းအရာနှစ်ခုကို Eaindra ကနှိုင်းယှဉ်ပြပါမယ်ရှင့်😍
🌟 သူများဆီက like များတဲ့ page ကို ဝယ်တာက ပိုမြန်တယ် ပိုရောင်းကောင်းတယ်လို့ လူတော်တော်များများက တွေးကြမှာအမှန်ပါပဲ။
ဘာလို့လဲဆိုတော့ ကိုယ်တိုင်လည်း ငွေကုန်ကြေးကျခံပြီး boost စရာမလိုတော့ဘူး အရမ်းလွယ်ကူသက်သာပြီး ကိုယ်ကအဆင်သင့်ရောင်းရုံပဲလေနော်။ 😎
⭐ဒါပေမယ့်အမြဲတမ်းလွယ်ကူနေရင်လည်းကိုယ့်အတွက်ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။
🌟ဥပမာပေးရမယ်ဆိုရင် အသင့်စားအစားအစာတွေကိုအမြဲတမ်းစားသုံးတဲ့အခါ ကြာရင်ကိုယ့်အတွက်ဘေးထွက်ဆိုးကျိုးအနေနဲ့ ရောဂါဖြစ်လာတာမျိုးပေါ့ 🌟
❄️ထို့အတူပါပဲ like များတဲ့ page တစ်ခုကို ကိုယ်ကအခကြေးငွေပေးပြီးဝယ်တဲ့အခါ လိမ်လည်မှုတွေ ကြုံတွေ့ရတတ်သလို
Page မှာပါလာတဲ့ Like က ကိုယ့်လုပ်ငန်းရဲ့ Audience အစစ်တွေမဟုတ်တဲ့အခါ ဘယ်လိုပဲ Account အစစ်တွေဖြစ်ရင်တောင် ရောင်းအားရရှိမှာမဟုတ်ပါဘူး။
🌟ကဲအဲ့တော့မင်မင်ရေ ကိုယ်တိုင် page ထောင်ပြီး like များအောင် Boost တာကောင်းတယ်လို့ပြောချင်တာလား 🌟
အဲ့လိုလည်းမဟုတ်ပါဘူး ကိုယ်တိုင် page ထောင်ပြီး like များအောင်လုပ်ရင်တော့ စိတ်ရှည်သည်းခံဖို့လိုအပ်ပါတယ်။
🫶 Page Like 0 ကစလို့ ကိုယ့် Page ရဲ့ Audience အမှန်တွေကို ဖြည်းဖြည်းချင်းစုဆောင်းရမှာဖြစ်တာကြောင့် Page ဝယ်သလိုတော့ မမြန်နိုင်ပါဘူး။
ဒါပေမယ့် ကြာလာတဲ့အခါ စိတ်ရှည်မှုတွေက အကျိုးပြုလာပြီး Like များတဲ့ Page တွေမရောင်းရချိန်မှာတောင် သင့် Page က လည်ပတ်နေပါလိမ့်မယ်။
❤️ကဲအဲ့ဒါမို့မင်မင်ကတော့ နှစ်ခုလုံးရဲ့အားသာချက်တွေအားနည်းချက်တွေပြောပြပြီးပြီဆိုတော့ ရွေးချယ်မှုကတော့ ကိုယ်တိုင်ပဲပေါ့နော်😁
အားလုံးပဲတာ့တာပါ နောက်နေ့တွေမှာလဲ ဘယ်လိုအကြောင်းအရာတွေကိုပြောပြသွားမလဲဆိုတော့စောင့်ကြည့်ပေးပါအုံးနော်။ 😍
သင့်အတွက်အကျိုးရှိတယ်ဆို Like ကလေးနှိပ်ခဲ့ပါ။
အခြားသူတွေကိုလဲ သိစေချင်တယ်ဆိုရင်တော့ Share လေးနှိပ်ပေးခဲ့လို့ရပါတယ်ရှင့်။
နောက်နေ့တွေမှာ ပြန်တွေ့ကြမယ်နော်။😍🥰🫶👋
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Yangon