Little Gu Gu
31/05/2026
ဒီမယ်ဖွားဖွား------
နို့စို့အရွယ်ကလေးချောင်းဆိုး ကလေးဝမ်းပျတ်တိုင်းတိုင်း မိခင်အစားမရှောင်လို့ မဟုတ်ပါဘူး ဖွားဖွားရ
👉လက်မဆေးပဲ ကလေးကိုကိုင်ကြတာ
👉ကလေးအနား ချောင်းဆိုးနှာချေ လုပ်ကြတာ
👉ကလေးကို နမ်းတဲ့လူက နှာစေးချောင်းဆိုးဖြစ်
နေတတ်တာ
ဒါတွေကြောင့်ပါဗျာ
မိခင်နို့ကနေ ချောင်းဆိုးစေတဲ့ ရောဂါပိုး ချောင်းဆိုးစေတဲ့ အစာ မပါဘူးဗျ
မိခင်နို့လောက် အပြစ်ကင်းတာ အဟာရပြည့်တာ မိခင်နို့ပဲရှိတယ်
နဂိုကမှ နို့တိုက်မိခင်တွေအစားရှောင်လို့ အဟာရစုံအောင်စားဖို့ မနည်းပြောနေရတာ
ကလေး ချောင်းဆိုးလိုက်ရင် စားစရာမရှိတော့တဲ့ အမေတွေ သနားဖို့ကောင်းလှပါဘီ
စုံအောင်စားရမယ့် မိခင်ကျ အတင်းရှောင်ခိုင်းပြီး
မိခင် နို့ ပဲ စို့ရမယ့်ကလေးကိုတော့
👎ဟိုရှာပွတ်ဆေး ပွတ်ခိုင်းရတာ
👎ဒီသူငယ်နာဆေး တိုက်ချင်ရတာ
👎ဟော လေဆေးလေးခွံ့ ချင်ရတာ နဲ့
တလွဲတွေ လုပ်နေတာ နှစ်ပေါင်းများလှဘီဗျ
ကဲ မေမေ-------
ကလေးချောင်းဆိုးတာ မေမေ့ကြောင့် မဟုတ်ဘူး
မေမေ အစားမှားလို့လည်း မဟုတ်ဘူး
လူကောင်းတစ်ယောက် စားသင့်တဲ့ အဟာရ ရှိတဲ့ အစားစာတွေ သားငါးပဲဥ စုံအောင်စားကွာ
အရင်ကထက် ပိုစား
ကလေးအတွက်ရောဆိုတော့ နှစ်ယောက်စာ စားရမှာ
ရှိပြီးသား ကိုယ်အလေးချိန် မလျော့သွားစေနဲ့
(ဒါတော့ သဘောအကျဆုံး စကားဖြစ်မယ်ထင်တယ်😂)
မကျွေးရင် ခိုးသာစား🤨🤨
လက်သာ သေချာဆေးတဲ့ အကျင့်လုပ်
ကလေးအဖေ-----
မင်းမှာလည်း တာဝန်ရှိတယ်
ယောက္ခမ မိဘက မစားခိုင်းရင် မင်းက ခိုးကျွေး🧐
ဟုတ်ပြီနော်
ဒါပဲ
Credit
ဆရာစိုး
မွေးကင်းစ
၂၅-၁-၂၀၂၀
22/05/2026
မိခင်လောင်းအများစုမှာ ကိုယ်ဝန်ပတ် ၃ပတ် ရှိနေသည့်အချိန်ထိ မိမိကိုယ်မိမိ ကိုယ်ဝန်ရှိနေကြောင်း မသိကြသေးတာ များပါတယ် ။ ထိုအချိန်တွင် ဆီးစစ်တံဖြင့် စစ်ဆေးကြည့်သည့်အခါလည်း မပေါ်သေးတာကြောင့် ဖြစ်ပါတယ်။
သန္ဓေသားရဲ့ ဖြစ်တည်မှု ၊ မိခင်တစ်ဦးအတွက်
ကိုယ်ဝန်ရှိနေတဲ့အတွက် ပြောင်းလဲမှု အခြေအနေများကို ကိုယ်ဝန်ပတ် ၄ပတ် မှ စ၍သာ သတိထားမိကြမှာ ဖြစ်ပါတယ် ။
ပြသနာက အဲ့မှာစတာပါ ခင်မျာ ။
သန္ဓေသားလောင်းအတွက် အရေးကြီးဆုံးသော ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်တဲ့ ဦးနှောက် နှင့် မဏ္ဍိုင်အာရုံကြော ဖြစ်လာစေမည့် Neural Tube ဟာ ကိုယ်ဝန်ပတ် ၃ပတ်မှာ စတင်ဖြစ်ပေါ်ပါတယ် ။
သန္ဓေသား ၄ပတ် အရွယ်ပြည့်တဲ့အခါ Neural Tube ဟာ ပိတ်ရမယ့် အချိန်ရောက်ရှိခဲ့လေပြီ ဖြစ်တယ်။
အရေးကြီးဆုံးအချိန်တွေကို မိခင်လောင်းအများစု သတိမထားမိလိုက်ကြပါဘူး ။ ။ လွတ်သွားတတ်ကြပါတယ် ။ ။ ။
အဲ့တော့ အဓိက ပေးချင်တဲ့ မက်ဆေ့ ၊ အဓိက သိရမယ့် အချက်လေးတွေကို သိသလောက် တတ်သလောက် ပြောပြပေးပါမယ် ။
၁။ Neural Tube ဟာ သန္ဓေသားအတွက် အဓိက အရေးကြီးဆုံး အစိတ်အပိုင်းဆိုရင် မမှားပါဘူး ။ Neural Tube ဖြစ်ပေါ်တဲ့ အချိန်မှာ မိခင်ဟာ Folic Acid ကိုပြည့်ဝအောင် မရဘူးဆိုရင် Neural Tube Defects ဖြစ်တတ်ပါတယ် ။ အတွေ့များတဲ့ Neural Tube Defects တွေဟာဆိုရင် မွေးကင်းစကလေး ကျောရိုးမှာ အဖုကြီး ပါလာတာမျိုး ။ မွေးလာတဲ့အခါ ဦးခေါင်းခွံ မပါလာတာ ဦးနှောက်မပါလာတာ ။ Neural Tube Defects တွေဟာ သိပ်ကို ကြောက်ဖို့ ကောင်းပါတယ် ။
၂။ မိမိရင်သွေးလေးမှာ Neural Tube Defects မရအောင် ဘယ်လို ကာကွယ်ကြမလဲ ။
ဒါက သိပ်ကို လွယ်ကူပြီး ရိုးရှင်းတဲ့ အဖြေတစ်ခုပါ။
>>> Periconceptional Folate Intake >> Folic Acid 0.4mg > ကိုယ်ဝန်ရပြီး အနည်းဆုံး နှစ်လ
သောက်သုံးခြင်းဖြင့် မိမိပိုင်ဆိုင်ရလာမယ့် ရင်သွေးလေးအတွက် Neural Tube Defects ဖြစ်မယ့် အခြေအနေကနေ ကာကွယ်ပြီးသား ဖြစ်နေမှာပါ ။
Neural Tube Defects တစ်ခုခုဖြင့် ကလေးမွေးဖွားဖူးသော မိခင်များ အနေနဲ့ကတော့ ......
>>>> Folic Acid 5mg
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Wardan Street
Yangon