Lily pink

Lily pink

Share

20/09/2021

လမ်းခွဲတယ်ဆိုတာကလေ

သစ္စာဖောက်မှ နောက်တစ်ယောက်တွဲမှ
လမ်းခွဲတာမဟုတ်ပါဘူး

အချိုးတွေ ဆက်တိုက်မပြေ
သည်းမခံနိုင်တဲ့အဆုံး လမ်းခွဲကြတာပဲ

ကိုယ်က စကားတွေအားရပါးရပြောနေချိန်
သူကတော့ တခြားကိုအာရုံရောက်နေတာမျိုးကလဲ
ခံရခက်ပါတယ်

ကိုယ်က ဒီအကျင့်ကိုမကြိုက်ဘူးလို့ပြောရင်
ခဏတော့ ရှောင်တယ်
ပြီးရင် ဒီအကျင့်ပဲပြန်ဖစ်
ကြာတော့ ငြီးငွေ့လာတယ်

ဘယ်လောက်ချစ်ချစ် အထီးကျန်မှုတွေ
ဆက်တိုက် ပေးလာတဲ့အခါ
သူငါ့အပေါ် စိတ်မရှိတော့ဘူးဆိုတဲ့
အတွေးက မဖိတ်ခေါ်လဲ ဝင်မှာပဲ

အဲဒီလို ဘာမှမဟုတ်ပါဘူးဆိုတဲ့
ကိစ္စသေးသေးလေးတွေ စုသွားရင်
အကြီးကြီးဖစ်လာပြီး
လမ်းခွဲတဲ့ အဆင့်ရောက်သွားတော့တာပဲ ❤

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


ZawTika Street
Yangon