Cosmos Solution & Services

Cosmos Solution & Services

Share

28/08/2025

လုပ်ငန်းတွေရဲ့ အသက်သွေးကြောဖြစ်တဲ့ အရောင်းပိုင်းကို ပိုမိုစနစ်ကျပြီး ထိရောက်အောင်မြင်အောင် ဘယ်လိုလုပ်ဆောင်မလဲ? 🤔

လုပ်ငန်းတော်တော်များများမှာ အရောင်းပိုင်းဟာ အရေးကြီးဆုံးဖြစ်ပေမယ့်၊ စာရွက်စာတမ်းတွေနဲ့ Manual လုပ်ဆောင်ရတဲ့ အလုပ်တွေကြောင့် အချိန်ကုန်၊ လူပင်ပန်းပြီး အမှားအယွင်းတွေ ဖြစ်နိုင်ခြေများပါတယ်။

ဒါတွေကို အကောင်းဆုံးဖြေရှင်းပေးနိုင်တာကတော့ Odoo Sales Management Module ပါပဲ။ ✨

Odoo Sales Module က သင့်လုပ်ငန်းကို ဘယ်လိုကူညီပေးနိုင်မလဲ?

✅ Quotation တွေကို လွယ်ကူမြန်ဆန်စွာရေးဆွဲနိုင်ခြင်း Professional ကျတဲ့ Quotation တွေကို မိနစ်ပိုင်းအတွင်း အလွယ်တကူရေးဆွဲနိုင်ပြီး Customer ဆီကို တိုက်ရိုက် Email ပို့ပေးနိုင်ပါတယ်။

✅ ကလစ်တစ်ချက်နဲ့ Sales Order ပြောင်းလဲခြင်း Customer က Quotation ကို လက်ခံလိုက်တာနဲ့ ကလစ်တစ်ချက်နှိပ်ရုံဖြင့် Sales Order အဖြစ် အလိုအလျောက်ပြောင်းလဲပေးနိုင်လို့ Data တွေကို နှစ်ခါပြန်ရိုက်ထည့်စရာမလိုတော့ပါဘူး။

✅ Inventory, Accounting နဲ့ ချိတ်ဆက်မှု Sales Order တစ်ခုပြုလုပ်လိုက်တာနဲ့ ကုန်ပစ္စည်းအရေအတွက်ကို Inventory Module ထဲမှာ အလိုအလျောက်ချိန်ညှိပေးပြီး၊ ငွေစာရင်းကို Accounting Module ထဲမှာ ချောမွေ့စွာချိတ်ဆက်ပေးပါတယ်။

✅ အရောင်း Report များကို Real-time ကြည့်နိုင်ခြင်း ဘယ် Product က အရောင်းရဆုံးလဲ? ဘယ် Salesperson က Target ပြည့်မီသလဲ? စတဲ့ အချက်အလက်တွေကို Dashboard မှာ အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်လို့ လုပ်ငန်းအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်စေပါတယ်။

✅ Customer အချက်အလက်များကို တစ်နေရာတည်းမှာ စုစည်းပေးခြင်း Customer တွေရဲ့ ဆက်သွယ်ရန်အချက်အလက်၊ ဝယ်ယူမှုမှတ်တမ်းစတာတွေကို တစ်နေရာတည်းမှာ စနစ်တကျသိမ်းဆည်းပေးထားလို့ Customer Relationship ကို ပိုမိုကောင်းမွန်စေပါတယ်။

Odoo Sales Module ကို အသုံးပြုခြင်းအားဖြင့် ကိုယ့်လုပ်ငန်းရဲ့ အရောင်းဝန်ထမ်းတွေဟာ Manual အလုပ်တွေကနေ သက်သာပြီး Customer နဲ့ ဆက်ဆံရေးကောင်းတွေတည်ဆောက်ဖိုနဲ့ အရောင်းမြှင့်တင်ဖို့ကိုပဲ အချိန်အပြည့်အဝပေးနိုင်မှာဖြစ်ပါတယ်။

Odoo နဲ့ပတ်သက်ပြီး ပိုမိုသိရှိလိုတာများရှိရင် Page Messenger ဒါမှမဟုတ် Comment မှာ မေးမြန်းနိုင်ပါတယ်ရှင်။

11/02/2024

Fleet Management System 🛺🛺🛺

အချိန်နဲ့တစ်ပြေးညီတိုးတက်လာတဲ့ခေတ်ကြီးမှာ မိမိတို့လုပ်ငန်းရှိ ကား Rental Service ပိုင်းနဲ့ပတ်သက်ပီးအကောင်းဆုံး စီမံခန့်ခွဲနိုင်ရန် ERP System ကို Cosmos Solution and Services မှယုံကြည်စွာဝယ်ယူအသုံးပြုခဲ့သော Heaven Mall ကို ကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ။ 🙏

✅ Cosmos Solution and Services တွင် လူကြီးမင်းတို့လုပ်ငန်းအတွက်လိုအပ်သော ERP Solution and Services များကို အကောင်းဆုံး ဝန်ဆောင်မှုပေးနေပြီဖြစ်လို့ အခုပဲဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

☎️ 09 753 789 071

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon