The Kap
24/05/2026
လုပ်ငန်းခွင်မှာ အမှားလုပ်မိတဲ့အခါ
ဖုံးကွယ်ပြီး အပြစ်လွတ်အောင်နေမလား❓
ဝန်ခံပြီး တာဝန်ယူ ဖြေရှင်းမလား❓
အထူးသဖြင့် Skill အသစ်တွေ သင်ယူနေရချိန်မှာ အမှားလုပ်မိတတ်တာဟာ သဘာဝပဲ ဖြစ်ပါတယ်။
(တူညီတဲ့ အမှားကို ခဏခဏ မလုပ်မိဖို့တော့ လိုအပ်ပါလိမ့်မယ်ရှင်)
"အမှားဆိုတာ သင်ယူခြင်းရဲ့ အစပဲ" လို့ ကျွန်မတို့ ခဏခဏ ကြားဖူးကြမှာပါ။ ဒါပေမဲ့ တကယ့်လက်တွေ့ လုပ်ငန်းခွင်ထဲမှာတော့ အမှားတစ်ခုခု လုပ်မိပြီဆိုရင် ကြောက်စိတ်၊ ရှက်စိတ်တွေနဲ့ ဖုံးကွယ်ဖို့ ကြိုးစားမိဖူးကြမှာပါ။
အမှားကို ဖုံးကွယ်ဖို့ ကြိုးစားခြင်းက နောက်ဆက်တွဲ ပြဿနာကြီးတွေကို ဖြစ်ပေါ်စေနိုင်သလို၊ မိမိရဲ့ Professional ဆန်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။
အမှားကို ရိုးသားစွာ ဝန်ခံပြီး ပရော်ဖက်ရှင်နယ်ကျကျ ဘယ်လို တုံ့ပြန်ရမလဲဆိုတာဟာ လုပ်ငန်းခွင်မှာ ယုံကြည်မှု (Trust) နဲ့ ခိုင်မာတဲ့ လုပ်ဆောင်ချက် (Credibility) တည်ဆောက်ဖို့အတွက် အရေးကြီးဆုံး သော့ချက်တစ်ခုပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီတစ်ပတ်ရဲ့ English Conversation & Networking Club မှာတော့ လုပ်ငန်းခွင်ထဲက အမှားတွေနဲ့ ပတ်သက်ပြီး ~
✅ အမှားလုပ်မိတဲ့အခါ ကြောက်ရွံ့စိတ်ကို ဘယ်လိုကျော်ဖြတ်မလဲ?
✅ အမှားအတွက် တာဝန်ယူရင်း Professional ကျကျ ဘယ်လိုဖြေရှင်းမလဲ?
✅ အမှားကနေတစ်ဆင့် သင်ခန်းစာယူပြီး ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေရအောင် ဘယ်လိုကြိုးစားမလဲ?
✅ လုပ်ငန်းခွင်ထဲမှာ အမှားတွေကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးနိုင်တဲ့ Workplace Culture တစ်ခု ဘယ်လိုဖန်တီးမလဲ?
စတဲ့ အကြောင်းအရာတွေကို အချင်းချင်း ဆွေးနွေးဖလှယ်ရင်း English စာလေ့ကျင့်သွားကြမှာ ဖြစ်ပါတယ်။
မိမိရဲ့ အတွေ့အကြုံတွေကို ဝေမျှရင်း English စာလည်း တိုးတက်စေမယ့် ဒီ session လေးကို တက်ရောက်ဖို့ အောက်က Registration form လေးမှာ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါနော် 👇👇👇
Register here:
https://forms.gle/hvubzBAFntip6Y5C9
Register လုပ်ထားသူတိုင်းကို Email ကနေတစ်ဆင့် Zoom link များ ပေးပို့ပေးသွားမှာ ဖြစ်လို့ Email လိပ်စာလေးကို မှန်ကန်စွာ ဖြည့်စွက်ပေးဖို့ မမေ့ပါနဲ့ဦးရှင်။ 🙆🏻♀️🙆🏻♀️
~~~~~~~~~~
Join us & Level Up
📍 “Mistakes at Work: Hide It or Own It?”
🗓 This Weekend (27 May 2026)
⏰ 7:00 PM ~ 8:00 PM
Team Member အသစ်ကို The Kap အကြောင်း Surprise Check လိုက်တဲ့အခါ… 🫣💥
22/05/2026
မြန်မာပြည် အနှံ့အပြားမှ
NGO အလုပ်ခေါ်စာများ နှင့် Internship opportunities များ
NGO jobs and Internship opportunities in Myanmar
[Updated on 22nd May, 2026]
ဒီလိုမျိုး NGO လုပ်ငန်းခွင်မှာ ခေါ်ယူနေတဲ့ Position တွေအတွက် အဆင့်သင့်ဖြစ်နေဖို့ the Kap ရဲ့ Training တွေမှာ ကိုယ့်ရဲ့ Capacity ကို တည်ဆောက်ထားနိုင်ပါပြီရှင်။
(1) Field Research & Coordination Specialist
📍 Myanmar
🏢 SLM
�https://themimu.info/sites/themimu.info/files/jobs/Field_Research_Coordination_Specialist.pdf
source from http://themimu.info
(2) Qualitative Research Specialist
📍 Myanmar
🏢 SLM
📎https://themimu.info/sites/themimu.info/files/jobs/Qualitative_Research_Specialist.pdf
Source from http://themimu.info
(3) Deputy Project Coordinator
📍 Kachin Project
🏢 MSF-Holland
�https://themimu.info/sites/themimu.info/files/jobs/KC_26051302_Deputy_Project_Coordinator_30-05-2026.pdf
Source from http://themimu.info
(4) WatHab Generalist Project Officer (Roster)
📍 Yangon
🏢 ICRC
📎https://themimu.info/sites/themimu.info/files/jobs/2605000_YAN_VA_WatHab_Generalist_Project_Officer_Roster_External.pdf
Source from http://themimu.info
(5) Admin/Finance Assistant
📍 Lone Khin, Kachin State
🏢 AHRN
📎https://themimu.info/sites/themimu.info/files/jobs/050-Vacancy_Announcement_for_Admin_Finance_Assistant_Lone_Khin_Kachin_State.pdf
Source from http://themimu.info
မေလထဲမှာ ဖွင့်လှစ်ထားတဲ့ သင်တန်းများ ~
3️⃣ မေ (၂၃) ရက်နေ့မှာ စတင်မဲ့ Logistics & Supply Chain Training
https://www.facebook.com/share/p/1LL3mZAgMz/
5️⃣ မေ (၂၅) ရက်နေ့မှာ စတင်မဲ့ Child Protection Training
https://www.facebook.com/share/p/1BXDKStm2d/
Hello 👋
အားလုံးပဲ မင်္ဂလာပါရှင်
The Kap ရဲ့ ဂုဏ်ယူစရာအကောင်းဆုံး Alumni Talk အစီအစဉ်လေးကနေ ကြိုဆိုလိုက်ရပါတယ်ရှင် …
The Kap Alumni တွေရဲ့
🔰ဘာကြောင့် The Kap ရဲ့ သင်တန်းတွေကို ရွေးချယ် တက်ရောက်ဖြစ်ခဲ့တယ်
🔰သင်တန်းတွေကနေ ရရှိခဲ့တဲ့ ဗဟုသုတတွေကို လုပ်ငန်းခွင်မှာ ဘယ်လို ပြန်လည်အသုံးချနိုင်ခဲ့တယ် ဆိုတဲ့ အကြောင်းအရာလေးတွေအပြင်
🔰The Kap အတွက် အားတက်ဖွယ် အမှတ်တရစကားလေးတွေကို နားဆင်ကြရမှာပဲ ဖြစ်ပါတယ်ရှင်။
ဒီလိုမျိုး The Kap အတွက် အဖိုးမဖြတ်နိုင်တဲ့ Testimonials လေးတွေကို interview session နဲ့တစ်မျိူး၊ video လေးနဲ့ တစ်ဖုံ ပြောကြားပေးကြတဲ့ သင်တန်းသားဟောင်း ဆရာ၊ ဆရာမ တစ်ဦးချင်းစီကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါရစေရှင် 🙏🏻🙏🏻
ဆရာတို့ ဆရာမတို့ရဲ့ စကားသံလေးတွေက The Kap အတွက် ခွန်အားဖြစ်စေသလို ဆရာတို့ ဆရာမတို့ရဲ့ အကြံပြုချက်တွေကြောင့်လည်း ပိုမိုကောင်းမွန်တဲ့ သင်တန်းတွေအဖြစ် ဖန်တီးခွင့်ရခဲ့လို့ ကျေးဇူးအများကြီး တင်ရှိပါတယ်ရှင်…..
❤️❤️❤️❤️
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
No. 27, Thida Street, Say Nyein Ward, Kyee Myindaing Township
Yangon
11101