Amanda Zin
08/03/2026
အမျိုးသမီးတို့ရေ....
ကိုယ့်ကိုယ်ကို မေးကြည့်ပါဦး...
ကိုယ့်အတွက် အချိန်ပေးပြီး ဂရုစိုက်ဖြစ်ရဲ့လား...?
ကိုယ့်ကိုယ်ကို ချစ်ဖို့ မေ့နေတာ ကြာပြီလား...?
ကျမတို့အမျိုးသမီးတွေက အမျိုးသားတွေထက်
စိတ်ဖိစီးမှုကို ပိုပြီး ခံစားရနိုင်ပါတယ်...
နေ့စဥ်အလုပ်တွေနဲ့ လုံးပန်းနေကြပေမယ့်
တခါတရံ ကိုယ့်ကိုကိုယ် တွေးမိရင်း
စိတ်ပျက်အားငယ် ဝမ်းနည်းလာတယ်...
ဝမ်းနည်းရာကနေ စိတ်ဓာတ်ကျလာပါတယ်...
အဲ့ဒီ ခံစားချက်က ကိုယ့်ကို အခြားလူတစ်ယောက်လို
ပြောင်းလဲသွားစေနိုင်ပါတယ်...
ဘဝမှာ လူတိုင်း စိတ်ညစ်တစ်ခါ ပျော်တစ်လှည့်ပါပဲ...
Single အမျိုးသမီးလေးတွေဖြစ်ဖြစ် အိမ်ထောင်ရှင်လေဒီတွေပဲဖြစ်ဖြစ်
ကိုယ့်ဘဝကို အကောင်းဆုံးဖြတ်သန်းနေဖို့ပါပဲ...
ဒီနေ့ကစပြီး
ကိုယ့်ဘဝကို ပိုလှပအောင် ကျေနပ်စရာဖြစ်အောင် နေထိုင်သွားမယ်လို့
ကိုယ့်ကိုကိုယ် သတိပေးကြရအောင်နော် ...
🌸 ကိုယ့်ကိုကိုယ် အချိန်ခဏပေး ဂရုစိုက်ပါ...
🌸 ကိုယ့်ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ....
🌸 Personal Growth အတွက် ရည်မှန်းချက်တွေ ထားပါ..
🌸ကိုယ့်ကိုကိုယ် အရှိအတိုင်း လက်ခံပါ...
🌸အကောင်းမြင်တတ်သူ ဖြစ်ပါစေ...
🌸စိတ်ကို အမြဲရှင်းရှင်းထားရင် သိပ်ကောင်းပါတယ်..
🌸ကိုယ်ပိုင်ဆိုင်တာလေးတွေကို တန်ဖိုးထားပြီး ကျေးဇူးတင်ကြရအောင်...
🌸ကိုယ့်ကိုကိုယ် လေးစားပါ...အခြားသူတွေကိုလည်း လေးစားကြရမှာပါ...
🌸ကိုယ့်ကိုကိုယ်ယုံကြည်ပြီး မမှီခိုတတ်တဲ့သူ ကိုယ်တိုင်ရပ်တည်နိုင်တဲ့
စိတ်ခွန်အားကို မွေးမြူပါ ...
🌸အရေးကြီးဆုံးက ကိုယ့်ကိုကိုယ် ချစ်ဖို့ မမေ့ပါနဲ့...
"Give to Gain" ဆိုတဲ့အတိုင်း
ကိုယ့်ကိုကိုယ် ပေးလိုက်တဲ့ ဂရုစိုက်မှု၊ ချစ်ခြင်းနဲ့ အားပေးမှုတွေက
ပိုမိုတောက်ပတဲ့အရည်အသွေးနဲ့ ယုံကြည်မှုတွေကို
ပြန်လည် ရရှိလာပါလိမ့်မယ် ...
ကျမတို့အမျိုးသမီးတွေက နူးညံ့လှပတဲ့ပန်းလေးတွေ ဖြစ်သလို
လိုအပ်ရင်လည်း ကျောက်ဆောင်တွေလို မာကျောနိုင်ကြပါတယ်....
ဦးနှောက်နဲ့စဉ်းစားနိုင်သလို နှလုံးသားနဲ့လည်း ချစ်နိုင်ကြတယ်...
တာဝန်တွေအများကြီးယူနိုင်တဲ့သူတွေဖြစ်သလို
ကိုယ်ချစ်တဲ့သူတွေအတွက်
နွေးထွေးမှုရော အလင်းရောင်ပါပေးနိုင်တဲ့ နေရောင်ခြည်တွေပါ....
ပတ်ဝန်းကျင်က အသိအမှတ်ပြုရတဲ့အမျိုးသမီး ...
ကိုယ့်လက်တွဲဖော်က တန်ဖိုးထားရတဲ့အမျိုးသမီး. ...
သားသမီးတွေက လေးစားမြတ်နိုးရတဲ့မိခင်အဖြစ် ...
ကိုယ်ရည်ကိုယ်သွေး ကိုယ်စီနဲ့
ကိုယ်တိုင် ထွန်းလင်းတောက်ပနိုင်ပါတယ်...
အမျိုးသမီးများနေ့အတွက်
စကားဝိုင်းတစ်ခုမှာ မျှဝေပေးဖြစ်ခဲ့တဲ့ ကျမရဲ့အတွေးအမြင်တွေပါ...
ကျမ မျှဝေပေးတဲ့အချက်တွေနဲ့ ကိုယ့်ကိုကိုယ် မေးကြည့်ပါဦး...
ကိုယ့်ဘဝကိုယ် အကောင်းဆုံး တည်ဆောက်ရင်း
နေ့ရက်တွေကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းကြရအောင်နော်...
March 2026
𝑨𝒎𝒂𝒏𝒅𝒂
07/03/2026
#စကားလုံးတိုင်းကို ခံစားနေဖို့ လိုလို့လား....
အဓိက က နေ့စဥ်ကြားနေရတဲ့စကားလုံးတိုင်းကို
လက်ခံမှု တုံ့ပြန်မှု မှန်ကန်ဖို့ လိုပါတယ် ...
စကားလုံးရွေးချယ်မှုကတစ်ဆင့် အကျိုးမဲ့ပြီး
အကုသိုလ် ဖြစ်မသွားစေဖို့ သတိပြု ဆင်ခြင်ရမှာပါ...
ချီးမွမ်းစကားမျိုးကြားရရင်
ကြည်နူးမှုခံစားရလို့ ကျေးဇူးတင်စရာပါ...
လှိုက်လှိုက်လှဲလှဲ လက်ခံတုံ့ပြန်ရမှာဖြစ်သလို
ကိုယ်က သူများကိုပြောရမယ်ဆိုရင်လည်း
ကြည်လင်တဲ့စိတ်ရင်းအမှန်နဲ့ ချီးမွမ်းရမှာပါ...
နားထောင်ဖို့ခက်တဲ့ ဝေဖန်တဲ့စကားမျိုး ကြားရတဲ့အခါ
ငါ့ကိုမှ ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာလို့မမြင်ဘဲ
စိတ်ကို ဖွင့်ပြီး လက်ခံပေးရပါမယ်...
အချိန်ယူပြီး ပြန်လည်ဆင်ခြင် သုံးသပ်သင့်ပါတယ်...
ကိုယ့်ကို ပိုမိုတိုးတက်ဖို့ ပေးလာတဲ့အခွင့်အလမ်းလို့ မှတ်ယူရမှာပါ...
အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေကိုလည်း
လေးလေးစားစားနဲ့ လက်ခံတုံ့ပြန်တတ်ဖို့ လိုအပ်ပါတယ်...
တချို့သူတွေရဲ့စကားတွေက တုံ့ပြန်စရာမလိုပေမယ့်
တချို့စကားတွေကျတော့ ဖြေရှင်းမှ ဖြစ်မှာမျိုးဆို
ဒေါသနဲ့ တုံ့ပြန်တာမျိုးမဟုတ်ပဲ
ကျိုးကြောင်းဆင်ခြင်ဉာဏ်ကို အခြေခံပြီး တုံ့ပြန်ရမှာပါ...
ရင့်သီးကြမ်းတမ်းတဲ့ စကားလုံးတွေဆို
ကိုယ့်နားက ကြားလိုက်ရင်တောင်
စိတ်နှလုံးသားထဲထိ မရောက်စေဘဲ လျစ်လျူရှုထားရမှာပါပဲ...
#မတုံ့ပြန်တိုင်း ငုံ့ခံတဲ့သဘောမှ မဟုတ်တာ...
ဒေါသနဲ့ သတိလက်လွတ် ပြုမူပြောဆိုမိတာတွေက
အရုပ်ဆိုးတဲ့ တုံ့ပြန်မှုတွေ လုပ်မိတတ်တယ်...
စကားလုံးတွေက ပျောက်ကွယ်သွားပေမယ့်
ကိုယ့်လုပ်ရပ်က အခြားသူတွေရဲ့အမြင်မှာ ထင်ကျန်နေတယ်...
လုပ်ရပ်တိုင်းမှာ သက်ရောက်မှုရှိနေတာလေ...
#စကားလုံးတိုင်းကို လိုက် ခံစားနေဖို့မလိုပါဘူး...
ကိုယ့်စိတ်ခံစားမှုကြောင့် တုံ့ပြန်မယ်ဆိုရင်လည်း
မေတ္တာ လား... ဥပေက္ခာ လား ...
ထိုက်တန်တာသာ ပြန်ပေးလိုက်ပါ....
𝑨𝒎𝒂𝒏𝒅𝒂
March 2026
#ဒီနေ့အတွေး
27/02/2026
သူက အနှစ်လေးပါ…
သူတို့ အနှစ်လေးတွေအားလုံး
ဒီမြင့်မားတဲ့ တောင်ကုန်းကြီးကို တက်နေခဲ့ကြတာပါ ...
တိတိကျကျပြောရရင်
သူတို့ဘဝတစ်ခုလုံး တောင်ထိပ်ကိုရောက်ဖို့ ကြိုးစားတက်ရင်းနဲ့ပဲ
ကုန်ဆုံးကြပါတယ်...
တချို့က အမြန်တက်နိုင်ကြပြီး
တချို့ကတော့ အတက်နှေးပါတယ် …
အဲဒီထဲမှာ သူက အရမ်းနှေးပါတယ် ...
တောင်တက်နေရင်း
တခြားအနှစ်လေးတွေ သူ့ကို ကျော်သွားတာကိုမြင်တိုင်း
သူ့စိတ်ထဲမှာ မပျော်ပါဘူး ...
သူကိုယ်တိုင် အညံ့ဖျင်းဆုံး တောင်တက်သမားဖြစ်နေမလားလို့တောင်
ခံစားခဲ့ရပါတယ် …
တချို့က သူ့ကို ကျော်တက်ရင်း လှောင်ပြောင်ကြပေမယ့်
တချို့ကတော့ ကူညီချင်ကြပါတယ်…
ဒါပေမယ့် သူက အကူအညီ မယူခဲ့ပါဘူး ...
တောင်တက်ရတာ သူ့အတွက် ခက်ခဲပါတယ်..
မိုးရွာလို့ မြေကြီးတွေ ချောနေတဲ့အခါဆို
ပိုပြီး ခက်ခဲပါသေးတယ် …
အဲဒီလိုနဲ့ တစ်နေ့မှာတော့
သူ့ထက်တောင် ပိုနှေးတဲ့ အနှစ်လေးနဲ့ ဆုံခဲ့ပါတယ် ...
အဲဒီအနှစ်လေးကို တောင်တက်ဖို့
သူ ကူညီပေးခဲ့တဲ့အခါမှာ
“ကျေးဇူးတင်ပါတယ်” လို့
ပိုနှေးတဲ့ အနှစ်လေးက ပြောပါတယ် ...
“ရပါတယ်… ငါက တောင်တက်တာ အရမ်းနှေးတော့
ဘယ်သူ့ကိုမှ သိပ်မကူညီနိုင်ဘူး” လို့
အားငယ်တဲ့စိတ်နဲ့ သူ ပြန်ပြောလိုက်မိတယ် ...
အဲဒီအခါ ပိုနှေးတဲ့ အနှစ်လေးက ပြန်မေးတယ် ...
“နှေးတယ် ဟုတ်လား?
မင်း မြန်သလား၊ နှေးသလားတော့ ငါမသိဘူး…
ဒါပေမဲ့ ငါသိတာကတော့
မင်း ငါ့ကို ကူညီခဲ့တယ်… ပြီးတော့
မင်း အခုထိ တောင်တက်နေတုန်း ဆိုတာပါပဲ”
သူ့စကားကြောင့်
အနှစ်လေး ပြုံးလိုက်မိတယ် ...
“ဟုတ်တယ်…ငါ အခုထိ တက်နေတုန်းပဲ…
#ဒါဟာ အမှန်တရားပဲ…”
ဒါနဲ့ပဲ သူ ဆက်တက်နေခဲ့ပါတယ် ...
ရာသီဥတု သာယာချိန်မှာရော
မိုးရွာချိန်၊ နှင်းကျချိန်တွေမှာပါ
သူ မရပ်ခဲ့ပါဘူး ...
တက်ရင်း တက်ရင်းနဲ့
သူ ပိုတော်လာပါတယ် ...
တခါတလေ သူက သူများကိုကျော်တက်သလို
တခါတလေ သူများတွေကလည်း သူ့ကို ကျော်တက်ပါတယ်…
ဒါပေမယ့် အဲဒီအရာတွေကို သူ ဂရုမစိုက်တော့ပါဘူး ...
တချို့ အနှစ်တွေက ဆက်မတက်တော့တာကို
သူ သတိထားမိလာတယ် ...
တောင်တက်တာ ရပ်လိုက်တဲ့သူတွေဟာ
ရောက်နေတဲ့နေရာမှာပဲ ကျန်ခဲ့ကြတယ် ..
တချို့က သူတို့ရောက်နေတဲ့နေရာကိုကျေနပ်လို့ ရပ်လိုက်ကြတာဖြစ်ပြီး
တချို့ကတော့ ဆက်မတက်ချင်တော့လို့ ရပ်လိုက်ကြတာပါ ...
တချို့က တခြားသူ ကျော်တက်တာကို မကြိုက်ကြလို့
လမ်းကို ပိတ်ဆို့ထားကြတယ် …
ဒါပေမဲ့ သူကတော့ ခိုင်မာတဲ့စိတ်နဲ့
ဖြတ်ကျော်ပြီး ဆက်တက်သွားခဲ့ပါတယ်...
တခါတလေတော့
ဒီတောင်ကြီးကို တက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ အတွေးဝင်လာပေမယ့်
#သူ ဆက်တက်နေခဲ့ပါတယ်…
အမြဲတမ်း…
အမြဲတမ်း…
𝑫𝒆𝒂𝒓 𝒀𝒐𝒖,💛
“𝐃𝐚𝐧𝐢𝐞𝐥 𝐄𝐫𝐫𝐢𝐜𝐨”ရဲ့ “𝐓𝐡𝐞 𝐆𝐫𝐞𝐚𝐭 𝐇𝐢𝐥𝐥”ကို
စာဖတ်သူတွေအတွက် ဝေမျှပေးတာပါ…
စာရေးဆရာက ဒီပုံပြင်ထဲက ဇာတ်ကောင်လေးတွေကို “ကြက်ဥအနှစ်”အဖြစ်
စိတ်ဓာတ်ကျလွယ်၊ ဝမ်းနည်းလွယ်တဲ့ လူသားတွေရဲ့ သဘောသဘာဝကို ကိုယ်စားပြုထားပါတယ် ...
#ကျမတို့အားလုံးဟာ_
ကိုယ့်ရည်မှန်းချက်ဆီ တက်လှမ်းနေကြတဲ့
“ကြက်ဥအနှစ်လေး”တွေပါပဲ ...
ဘဝရဲ့ အခက်အခဲတွေဟာ
တစ်ယောက်တည်းအပေါ်မှာပဲ ကျရောက်နေတာမဟုတ်ပါဘူး ...
#လူတိုင်းမှာ ကိုယ်စီ စိန်ခေါ်မှုတွေ ရှိနေတတ်ပါတယ်...
#အရေးကြီးဆုံးက_
မရပ်မနား ဆက်ကြိုးစားသွားဖို့ပါပဲ ...
#မရပ်မနား ကြိုးစားနေမယ်ဆိုရင်
အောင်မြင်မှုဟာ လက်တစ်ကမ်းမှာပါ...
𝐑𝐞𝐦𝐞𝐦𝐛𝐞𝐫,
"𝑪𝒐𝒏𝒔𝒊𝒔𝒕𝒆𝒏𝒄𝒚 𝒊𝒔 𝒌𝒆𝒚."🔑
With Love,
Aᴍᴀɴᴅᴀ
February 2026
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 17:00 |