SkinDiary

SkinDiary

Share

Photos from SkinDiary's post 10/12/2020

Face Mask အကြောင်း သိကောင်းစရာ
----------------------------------

(၁) Sheet mask
အဝတ်စမျက်နှာဖုံးတွေက ဆေးရည်စိမ်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အစိုဓာတ်ထိန်းဖို့၊ အသားအရေတောက်ပစေဖို့ စသည်ဖြင့် နည်းမျိုးစုံ သုံးကြတယ်။ sheet mask တွေကို မျက်နှာပေါ်တင်ပြီး ၁၅-၃၀ မိနစ်ကြာအောင် ထားရတယ်။ sheet mask တွေသုံးတဲ့အခါ သတိပြုရမှာက ဆေးရည်မခြောက်ခင် ခွာသင့်တယ်။ မျကိနှာဖုံးခွာပြီးရင် မျက်နှာပြန်သစ်ဖု့ မလိုပါ။ ဘာ့ကြောင့်လဲဆိုတော့ ဆေးရည်အာနိသင်က ကျန်ခဲ့ဦးမှာမို့ ဖြစ်ပါတယ်။ ဒါ့ပြင် မျက်ကွင်းညို မျက်အိတ်ဖောင်းတာအတွက်လည်း eye sheet mask တွေ ရှိပါတယ်။ မျက်ကွင်းညိုတာနဲ့ မျက်လုံးအောက် အရေးအကြောင်းတွေကို သက်သာစေတယ်။

(၂) Bio-cellulose mask
bio-cellulose mask က အဝတ်စမျက်နှာဖုံးနဲ့ ဆင်တူတယ်။ paper sheet masks တွေနဲ့ ကွာခြားသွားတာက ဂွမ်းစ၊ အဝတ်စကို သုံးတာမဟုတ်ဘဲ ဆံပင်ထက် အဆ(၁၀၀၀)ကျော် သေးငယ်တဲ့ အမျှင်ငယ်လေးတွေ(20nm)နဲ့ ပြုလုပ်ထားတဲ့ mask ဖြစ်နေခြင်းပါ။ ကောင်းတာက အဆိုပါ အမျှင်လေးတွေက သေးငယ်လို့ ရေစုပ်ယူရာမှာ အားကောင်းသလို မျက်နှာရေဓာတ်ဖြည့်တဲ့နေရာမှာလည်း အထူးအသုံးဝင်တယ်။ dry skin သမားတွေနဲ့ အထူးသင့်တော်တယ်။ For beloved one melasleep whitening bio-cellulose mask ဆိုရင် ရေဓာတ်ဖြည့်ပေးနိုင်သလို တင်းတိပ်၊မှဲ့ခြောက်ကိူလည်း သက်သာစေတယ်။အသားဖြူစေဖို့လည်း သုံးပါတယ်။

(၃) Wash-off mask
မျက်နှာပေါ်လိမ်းပြီး အချိန်အနည်းငယ်ကြာတဲ့အခါရေဆေးချရတဲ့ မျက်နှာဖုံးတွေကို wash-off mask လို့ ခေါ်ပါတယ်။ အသုံးများဆုံး wash-off mask က ရွှံ့စေးမျက်နှာဖုံး(clay mask) ဖြစ်တယ်။ ဝက်ခြံထွက်၊ အဆီပြန်သူတွေ အသုံးများကြတယ်။ အဆီနဲ့ အညစ်အကြေးကို စုပ်ယူပေးရုံမက ချွေးပေါက်ကိုလည်း ကျဉ်းစေတယ်။ ဝက်ခြံသမားအတွက် mask of magnaminty တံဆိပ်က ကောင်းတယ်။ မျက်နှာဖုံးကို ၁၀-၁၅ မိနစ် ထားပြီး ရေဆေးချပါ။

(၄) Peel-off mask
မျက်နှာပေါ်လိမ်းပြီး ပြန်ခွာချရတဲ့ မျက်နှာဖုံးကို peel-off mask ခေါ်ပါတယ်။ peel-off mask တွေက လိမ်းပြီး ခြောက်သွေ့သွားရင် ပလတ်စတစ်မျက်နှာဖုံးလို ကပ်သွားတယ်။ ခွာလိုက်တဲ့အခါ ဆားဝက်ခြံနဲ့အတူ ဆဲလ်သေတွေပါ ကပ်ပါလာတယ်။ ဒါ့ကြောင့် ဆားဝက်ခြံသမားတွေမှာ peel-off mask ကို သုံးကြတယ်။ charcoal peel-off mask, belif first aid transforming peel-off mask စသည်ဖြင့် အမျိုးမျိူး ရှိပါတယ်။

(၅)Overnight/Sleeping mask
ညအိပ်ရာဝင်လိမ်းရတဲ့ မျက်နှာဖုံးမျိုးကို sleeping mask ခေါ်ပါတယ်။ ညလုံးပေါက် လိမ်းအိပ်ရတာကြောင့် overnight pack လို့လည်း ခေါ်သေးတယ်။ sleeping mask တွေက အစိုဓာတ်ထိန်းပေးတဲ့ mask ထဲမှာ ပါတယ်။ အသားအရေခြောက်သွေ့သူ၊ မျက်နှာအသားအရေ စိုပြေချင်သူတွေ သုံးနိုင်တယ်။ အိပ်ပျော်နေစဉ် ပျက်စီးနေတဲ့ အရေပြားကို ပြန်လည် ပြုပြင်ဖို့ သုံးကြတယ်။ ပုံမှန်အားဖြင့် တပတ် ၂ ကြိမ်ခန့်သာ သုံးသင့်တယ်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Shane Kone Street
Yangon