3 A Rose

3 A Rose

Share

Photos from 3 A Rose's post 05/05/2025

မူကြို size
မိုးကာသာ တစ်ထပ်ပါ
လေဝင်ပေါက်ပုံစံ ကျောနောက်မှ ခံထားလို့ ကျောမနာ အပူမလောင်စေပါဘူးရှင့်
Pre order
bkk direct

Photos from 3 A Rose's post 05/05/2025

BKK direct
kg size
Pre order 2 week
နိုင်လွန်သား အောက်ခံ မိုးကာသားတစ်ထပ်ပါ

13/08/2024

ငွေစျေးကျရင် အကုန်ရောင်းမယ် 😂

07/06/2024

Trend အမှီလေး 🙃

01/06/2024

ပြည်တွင်းထုတ်ချည်ချောရှပ်အင်္ကျီကလေးတွေကိုမြင်တော့ နင့်ကိုလွမ်းမိသားပဲ အမောင်။ နောက်ဆုံးပေးဖြစ်ခဲ့တဲ့လက်ဆောင်ဟာ ရင်ဘတ်မှာနင့်နာမည်နဲ့ ရှပ်လက်ရှည်ကလေးတစ်ထည်ဖြစ်နေခဲ့တာဟာလည်း မှတ်မှတ်ရရပေါ့။ တနေ့တုန်းက ငါ့ Fb account ထဲက သူငယ်ချင်းတစ်ယောက်က ငါ့စာတွေထဲက အပိုဒ်ကလေးတစ်ခုကို ပြန်ယူတင်တယ်။ အဲ့ဒီမှာ "ချစ်ခြင်းမေတ္တာနဲ့ပဲ အတူရှိချင်တယ်။ နီးနေနေ ဝေးနေနေ မွှေးနေမယ့် ပန်းပွင့်ကလေးတွေအဖြစ်နဲ့ပေါ့... " ဆိုတဲ့ စာကြောင်းကလေးလည်းပါတယ်။

အခုထိတော့ ငါ့ရင်ထဲမှာ နင့်အတွက်ပန်းတွေက ပွင့်နေတုန်းပါပဲ.. ဒါပေမယ့်အမောင်ရယ် အဝေးကြီးကနေပဲ မွှေးမြနေချင်တယ်။ ငါပြောခဲ့ဖူးတယ်ထင်တယ်... ငါနင့်ကို မချစ်ချင်ဘူးလို့။ ငါတို့ချစ်ပြီးကြရင် ငါတို့တွေဟာ ဘာတစ်ခုမှမဖြစ်ခဲ့ကြသလို ပကတိစိတ်တွေနဲ့ ဘယ်တော့မှဆက်ဆံနိုင်ကြတော့မှာမဟုတ်လို့ပေါ့။ တစ်ခုခုဆိုတဲ့ ခေါင်းစဉ်အောက်ကိုအတူရောက်သွားပြီးတဲ့အခါ အဲ့ဒီတစ်ခုခုမဟုတ်တော့တာနဲ့ ငါတို့ရဲ့ဆက်နွယ်မှုဟာ ဘာမှမဟုတ်တော့သလိုမျိုး.. ဘာမှဟုတ်လို့ မရတော့သလိုမျိုး။

ဒီနေ့ မြို့ထဲက ကော်ဖီဆိုင်ရှေ့ကအဖြတ် ‌ကော်ဖီဆိုင်ရဲ့ မှန်တံခါးနားကခုံမှာထိုင်နေတဲ့အမျိုးသားက နင်နဲ့သိပ်တူလို့ ငါအကြာကြီးငေးကြည့် နေခဲ့မိတယ်။ ရှပ်အင်္ကျီလက်ရှည်ဝတ်ထားပုံလေး၊ ဆံပင်ခွဲကြောင်းလေး၊ ကချင်ပုဆိုးလေး၊ မျက်မှန်လေးထောင့်ကလေး၊ လက်ချောင်းသွယ်သွယ်ကလေး... နင်နဲ့ နောက်ဆုံးတွေ့ခဲ့တုန်းကလိုမျိုး သူ့မျက်နှာမှာလည်း surgical mask နဲ့ပဲ။ နင်မှနင်ပါလို့ စိတ်ချလက်ချလက်ခံမဖြစ်ခင်အထိ ငါခြေစုံရပ်ပြီး သူ့ကိုအကြာကြီးငေးကြည့်နေခဲ့မိတယ်။ အဲ့ဒီနောက် နင်မဟုတ်မှန်းသိသွားတဲ့အခါကျ ချက်ခြင်းမျက်ရည်ဝဲရပြန်ရော...အမေ့ခက်တာဟာ ချစ်ခြင်းမေတ္တာပဲ ဖြစ်လိမ့်မယ်ထင်တယ် အမောင်ရေ။

ငါလေ နင့်ကို ငါတို့ဝေးခဲ့တုန်းက ပုံအတိုင်းလေးပဲ မှတ်ဉာဏ်ထဲမှာသိမ်းထားလိုက်ချင်တယ်။ အစ်မကြားပါတယ် နင့်အကြောင်း တချို့တလေကိုပေါ့။ နင့်သတင်းတွေ၊ နင့်ဓာတ်ပုံတွေဟာ... အစ်မယုံကြည်သိမ်းဆည်းထားခဲ့တဲ့နင် မဟုတ်တော့တဲ့အကြောင်းတွေ။ အင်းလေ... မဟုတ်ဘူးလို့တော့ ဘယ်ပြောလို့ရပါ့မလဲ... အစ်မသိတဲ့၊ မြင်တဲ့အလွှာက နင်မဟုတ်ဘူးပေါ့။ လူတွေဟာဒီလိုပါပဲ... ကိုယ်မြင်တဲ့မှတ်ဉာဏ်ကိုပဲ ကိုယ့်ကိုယ်ကိုယ်အနာတရမဖြစ်ရအောင် ကာကွယ်ပြီး အမှန်တရားတစ်ခုလို သိမ်းဆည်းပစ်လိုက်တတ်ကြတာပဲဟာ။

အရင်လို စကားမပြောဖြစ်တော့ဘူး၊ အရင်လို အတူမရှိတော့ဘူး။ ဘယ်သူကတားထားလို့လဲအစ်မရယ်လို့ နင်မေးလာခဲ့ရင် ငါဖြေစရာစကားက ငါ့ရဲ့ခံစားချက်တွေက နင်နဲ့ငါ့ကြားမှာ အဝေးကြီးခြားထားလို့ပဲ။ ဒီစာဟာသတိရလို့ရေးတဲ့စာပါ အမောင်ရေ... ပြန်ဆွဲခေါ်ထားချင်စိတ် တစိုးတစိမှ ငါ့ဆီမှာမရှိပါဘူး။ ငါလေ ဒီအချိန်ကို ကြောက်ခဲ့တယ် အမောင်... အခုငါသိပ်ကြောက်တဲ့ အခြေအနေထဲမှာပဲ ငါ့ကိုယ်ငါ ရပ်တန့်ရှင်သန်နေရတာ။

စစ်ငြိမ်းရဲ့ကဗျာတစ်ပုဒ်ထဲက စာသားကလေးတစ်ခုရှိတယ်။
"ငှက်တွေ၊ ငါးတွေ ကုသိုလ်ဖြစ်လွှတ်ခဲ့သလား၊ ကိုယ့်ဆီမှာ မင်းလွတ်သွားခဲ့တယ်.. " တဲ့

အမောင်ရေ... နင်ရော ငါဟာ တစ်ယောက်ကိုတစ်ယောက်လွှတ်ချဖြစ်ခဲ့ကြတယ်။

#ပြာ
#အမောင်ရေ

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon