Grab Yours Authentic
24/08/2025
ငွေရှိရင် ဘာမဆို ချက်ချင်းဖန်တီးနိုင်စွမ်း ရှိတယ်ဆိုတဲ့အထဲ မပါတဲ့ အရာတွေထဲက တစ်ခုကို ပြောပြရမယ်ဆိုရင်တော့ 𝐇𝐞𝐫𝐦è𝐬 ရဲ့ 𝐁𝐢𝐫𝐤𝐢𝐧 𝐁𝐚𝐠 လည်း တစ်ခုအပါအဝင်ပါ။
ငွေရှိတိုင်းလည်း ဆိုင်ကိုသွား ချက်ချင်းတန်းဝယ်ပြီး ကောက်လွယ်လို့ မရတဲ့အိတ်
အိတ်ဝယ်ဖို့ကို နှစ်နဲ့ချီ စောင့်တာတောင် ရဖို့ မသေချာတဲ့ အိတ်
အနုစိတ် လက်မှုပညာနဲ့ သေချာ ဖန်တီးထားတဲ့ အဖိုးတန်ရှားပါးအိတ် …စတဲ့ ထူးခြားအံ့သြဖွယ် ဂုဏ်ပုဒ်များစွာကို Hermès ရဲ့ Birkin Bag က ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။
𝐁𝐢𝐫𝐤𝐢𝐧 𝐁𝐚𝐠 ရဲ့ အစကို မပြောခင် 𝐇𝐞𝐫𝐦è𝐬 အကြောင်း အရင်ပြောပြချင်ပါတယ်။
𝐇𝐞𝐫𝐦è𝐬 ဆိုတာ ပြင်သစ်အခြေစိုက် Luxury High Fashion House တစ်ခုဖြစ်ပြီး Leather အဓိက ထုတ်ကုန်များကြောင့် ကမ္ဘာနဲ့ချီ ကျော်ကြားတဲ့ Brand တစ်ခုပဲ ဖြစ်ပါတယ်။ အစပထမ Hermès ကို တည်ထောင်ခဲ့ချိန်က ဥရောပရဲ့ တော်ဝင်မျိုးနွယ်များနဲ့ ရာထူးရှိ လူတန်းစားများအတွက် မြင်းစီးတဲ့အခါ အသုံးပြုတဲ့ ကြိုး၊ ကုန်းနှီးစတဲ့ မြင်းစီးထုတ်ကုန်များကို ဖန်တီးထုတ်လုပ်ပေးတဲ့ ကုမ္ပဏီဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ လူသုံးကုန်ပစ္စည်းများဖြစ်တဲ့ Leather အဓိက အိတ်တွေကို ပြောင်းလဲ ထုတ်လုပ်ပြီး ပိုမိုအောင်မြင်လာခဲ့ပါတယ်။ Birkin Bag ဆိုပြီး မဖြစ်ပေါ်ခင်မှာတင် Hermès ဟာ Kelly Bag အမည်ရ Leather Bag, carré de soie လို့ ပြင်သစ်လို့ ခေါ်ကြတဲ့ ပိုးပုဝါတို့နဲ့ နာမည်ကြီးကျော်ကြားတဲ့ High Fashion Brand တစ်ခုဖြစ်ပြီးနေပါပြီ။
𝐁𝐢𝐫𝐤𝐢𝐧 𝐁𝐚𝐠 ဆိုပြီး ထုတ်ဖို့ Idea ရခဲ့တဲ့ အဖြစ်အပျက်လေးကလည်း ထူးခြားပါတယ်။
ဗြိတိန်မင်းသမီးချော 𝐉𝐚𝐧𝐞 𝐁𝐢𝐫𝐤𝐢𝐧 နဲ့ ထိုအချိန်က Hermès ကို ဦးဆောင်နေတဲ့ 𝐂𝐄𝐎 𝐉𝐞𝐚𝐧-𝐋𝐨𝐮𝐢𝐬 𝐃𝐮𝐦𝐚𝐬 တို့ ပါရီမှ လန်ဒန်သို့အသွား လေယာဉ်ပေါ်မှာ တွေ့ဆုံပြီး စကားစမြည် ပြောဖြစ်ကြပါတယ်။
Jane ဟာ မင်းသမီး အလုပ်ရော အမေတစ်ယောက်ရဲ့ တာဝန်ပါ ထမ်းနေရတာမို့ အပြင်တစ်ခါသွားပြီဆို ကလေးပစ္စည်းတွေရော တကိုယ်ရည် လိုအပ်တဲ့ပစ္စည်းတွေပါ ထည့်တဲ့အခါ ကောင်းကောင်းဆံ့တဲ့ အိတ်ဆိုတာ အတော်ရှားကြောင်း ညည်းတွားမိပါတယ်။
ထို့နောက် Hermès ကလည်း Kelly Bag ထက် (၄) ဆ ပိုကြီးတဲ့ အိတ်မျိုးကို ဘာလို့ မထုတ်ကြတာလဲဆိုပြီး စကားတစ်ခွန်းကို ဆက်ပြောပြမိပေမယ့် CEO Jean-Louis Dumas အတွက်ကတော့ Hermès ရဲ့ ထုတ်ကုန်အသစ်အတွက် လမ်းစကို ပြလိုက်သလိုပါပဲ။
လေယာဉ်ပေါ်မှာ ထိုင်နေချိန်မှာပင် Jane လို အသုံးအဆောင် ပစ္စည်းများများ ထည့်ချင်တဲ့ အမျိုးသမီးလေးများအတွက် အကြမ်းလည်းခံ၊ ကျယ်ကျယ်ဝန်းဝန်းလည်းရှိပြီး လှလှပပလည်း ဖြစ်နေမယ့် အိတ်တစ်လုံးကို Hermès မှ ဖန်တီးပေးပါ့မယ်ဆိုပြီး ကတိပေးခဲ့ပါတယ်။ တဆက်တည်းမှာပင် Hermès ရဲ့ ထုတ်ကုန်အသစ် အိတ်ရဲ့ အမည်ကို Jane Birkin ကို အစွဲပြုကာ Birkin Bag လို့ အမည်ပေးချင်တာကို ခွင့်ပြုပေးဖို့ တစ်ခါတည်း တောင်းဆိုခဲ့ပါတော့တယ်။
ဒီလိုနဲ့ Birkin Bag ဟာ (၁၉၈၄) ခုနှစ်မှာ စတင်ထွက်ပေါ် လာခဲ့ပြီး အိတ်ကြီးကြီးကိုင်ရမှ သဘောကျတဲ့သူတို့အတွက် အသည်းစွဲ ဖြစ်ခဲ့ရပါတယ်။ နှစ်ခြိုက်သူ၊ လိုချင်သူ အများအပြားရှိပေမယ့်လည်း Birkin Bag ကတော့ များများစားစား မရှိခဲ့ပါဘူး။ ဝယ်လိုသူပမာဏနဲ့ ထုတ်ကုန်ပမာဏမှာ Gap အကြီးကြီး ကွာနေတဲ့ Luxury Products လို့ ပြောရင် Birkin Bag ကလည်း ထိပ်ဆုံးစာရင်းထဲ ပါလောက်ပါတယ်။
အကြောင်းအရင်းတွေကတော့
Birkin Bag ဟာ ပြင်သစ်နိုင်ငံရှိ Hermès ပိုင် စက်ရုံများမှာပဲ သီးသန့်ထုတ်လုပ်ပါတယ်။ Birkin Bag တစ်လုံးကို လက်မှုပညာရှင်တစ်ဦးကပဲ အစအဆုံး လက်နဲ့ တာဝန်ယူဖန်တီးရတာမို့ ဖန်တီးချိန် (၂၅) နာရီနဲ့အထက် ကြာမြင့်ပါတယ်။ ဖန်တီးပြီးတဲ့အခါ တာဝန်ယူထားတဲ့ လက်မှုပညာရှင်ရဲ့ ကိုယ်ပိုင်လက်မှတ်လေးကိုလည်း အိတ်မှာ လက်ချုပ်ချုပ်ပြီး ထိုးပေးလေ့ရှိပါတယ်။
Hermès ရဲ့ Branding ကိုက Classic & Minimal ဖြစ်တာမို့ Birkin Bag တွေမှာလည်း Logo ပြူးပြဲနေတာမျိုးတွေ မရှိဘဲ Elegant Vibe ကို အပြည့်အဝ ပေးစွမ်းနိုင်သလို တဖက်မှာလည်း လက်တွေ့ဆန်တဲ့ အိတ်ဒီဇိုင်းကြောင့် ပစ္စည်းများများ ဆံ့ပြီး ကောင်းကောင်း အသုံးဝင်ပါတယ်။
ဖန်တီးမှုနည်းပညာအပိုင်းကတော့ Hermès ရဲ့ အစ သားရေကုန်းနှီးများကို ဖန်တီးခဲ့ရသလို Saddle Stitching ကို အဓိကထား အသုံးပြုကြတာမို့ အနုစိတ်သလောက် အကြမ်းခံတဲ့ Quality မျိုးကို ရရှိခဲ့ပါတယ်။ Birkin Bag တစ်လုံးအတွက် ရှားပါးပြီး တန်ဖိုးကြီးတဲ့ မိကျောင်း၊ ငှက်ကုလားအုတ်နဲ့ နွားသားပေါက်လေးတို့ရဲ့ အရေပြားကို အသုံးပြုပြီး ချုပ်လုပ်ရတာမို့ အိတ်တစ်လုံးရဲ့ ဈေးက တန်ကြေးသိပ်မြင့်ပါတယ်။
အဲ့လို တန်ဖိုးကြီးရုံတင်မကဘဲ Birkin Bag တစ်လုံး ပိုင်ဆိုင်ရဖို့အရေး ဝယ်ယူရတဲ့နည်းလမ်းကလည်း အတော်လေးကို အပြိုင်အဆိုင် ပြင်းထန်ပါတယ်။ Birkin Bag ဟာ Hermès ဆိုင်တွေမှာ တန်းစီခင်းပြီး အားပါးတရ Stock အပြည့်ဖြည့်ပြီး ရောင်းတဲ့အိတ်မဟုတ်ပါဘူး။ Birkin Bag ကို ဝယ်မယ်ဆို ဝယ်ယူသူ Customer ဟာ Hermès မှာ ဈေးဝယ်ထွက်တဲ့ List အတော့်ကို ခိုင်မာတဲ့ ပင်တိုင်ဖောက်သည် ဖြစ်နေဖို့ လိုပါတယ်။ ဒါ့အပြင် ကိုယ်ဝယ်နေကျ Hermès ဆိုင်ရဲ့ အရောင်းကိုယ်စားလှယ်နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးသာရှိမယ်ဆို Birkin Bag တစ်လုံးပိုင်ဖို့ ခြေတစ်လှမ်း ပိုနီးလာပြီလို့ပဲ ဆိုရမှာပါ။
Hermès ဟာ Birkin Bag ကို ဝယ်ချင်သူများ တန်းစီစာရင်းဆိုပြီး ဘယ်သောအခါမှ Officially မကောက်ယူဘူးမို့ Waiting List ထဲ နှစ်နဲ့ချီစောင့်လည်း မရသူများစွာလည်း ရှိပါတယ်။ ဒါကြောင့် အပေါ်က အချက်လေး (၂) ချက်နဲ့ ကိုက်ညီနေမှသာ အရောင်းကိုယ်စားလှယ်ဘက်ကနေ Birkin Bag ကို မိတ်ဆက်ပြသပေးမှာဖြစ်ပြီး ဝယ်ယူခွင့် ကမ်းလှမ်းတာ ခံရမှာပါ။
အဲ့လို Hermès ကနေ မဝယ်ဘဲ Resell Market ကနေ ဝယ်မယ်ဆို နဂိုဈေးထက်ကို အတော့်ကို ပိုပေးပြီးမှ ဝယ်ယူနိုင်မှာပါ။ ဒါကြောင့် Birkin Bag တွေဟာ Fashion Accessories လို့တောင် ပြောမရတော့ဘဲ ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့တောင် သတ်မှတ်နေကြပါပြီ။ အချိန်ကြာလေ၊ ရှားပါးလေ၊ တန်ဖိုးပိုကြီးလေမို့လို့ပါပဲ။
လက်မှုပညာနဲ့ ဖန်တီးရတာမို့ စက်ရုံထုတ်တွေလို တစ်ပုံစံတည်း ဟုတ်မနေဘဲ Birkin Bag တစ်အိတ်ချင်းစီရဲ့ ချွတ်စွပ်တူညီတဲ့ ပုံစံတူအိတ်ဆိုတာ ကမ္ဘာပေါ်မှာ မရှိနိုင်တော့ပါဘူး။
ဒီလိုမျိုး Hermès ရဲ့ Birkin Bag ဟာ ဘာပစ္စည်းမှ မဆံ့တဲ့ အလှကိုင်အိတ်တွေကြား Luxury High Fashion Brand ကနေ ထုတ်ထားပြီး Elegant ဖြစ်သလို Practical လည်းကျတဲ့ အစွန်းနှစ်ဖက်ရဲ့ အလယ်ဗဟိုချက်မှာ ရောက်နေတဲ့ အိတ်မို့ လူအများရဲ့ အာရုံစိုက်မှုကို ရခဲ့ပြီး အကြိုက်တွေ့ခဲ့ကြပါတော့တယ်။
Join our telegram channel for more updates :
https://t.me/grabyoursauthentic
17/08/2025
အများလက်ခံထားကြတဲ့ 𝐓𝐫𝐚𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐁𝐞𝐚𝐮𝐭𝐲 ကို ချေဖျက်ဖောက်ထွက်ခဲ့တဲ့ 𝐒𝐧𝐞𝐚𝐤𝐞𝐫𝐬 𝐓𝐫𝐞𝐧𝐝 တစ်ခုအကြောင်း
𝐔𝐠𝐥𝐲 𝐒𝐧𝐞𝐚𝐤𝐞𝐫𝐬 ဆိုတာ အများစုလက်ခံထားကြတဲ့ Clean, Minimal ဖြစ်ပြီး အရောင်အသွေးလိုက်ဖက်ညီ၊ အချိုးအစားကျနလှပတဲ့ Sneakers ပုံစံမျိုးကို ပြောင်းပြန်လှန်ကာ ဆိုဒ်အကြီးကြီး, ထုထည်အကြီးကြီး၊ အရောင်စုံ၊ Pattern စုံနဲ့ အချိုးအစားလည်း မကျဘဲ ဖန်တီးထားတဲ့ Sneakers တွေပဲ ဖြစ်ပါတယ်။
(၁၉၈၀) - (၁၉၉၀) ခုနှစ်တွေတုန်းက အားကစားဖိနပ်တွေ (၂၀၁၀) ဝန်းကျင်မှာ တဖန်ရေပန်းစားလာခဲ့တုန်းက Ugly Sneakers ဆိုတဲ့ Trend လည်း ပေါ်ပေါက်ခဲ့တာပါ။ Style ထက် Comfort ပိုင်းကို ဦးစားပေးပြီး လက်တွေ့ စီးလို့အဆင်ပြေဖို့၊ စီးကောင်းဖို့ကိုပဲ ဦးစားပေးထားတဲ့ Dad Shoes တွေ ဖြစ်ကြတဲ့ 𝐍𝐢𝐤𝐞 𝐀𝐢𝐫 𝐌𝐨𝐧𝐚𝐫𝐜𝐡 𝐈𝐕, 𝐅𝐢𝐥𝐚 𝐃𝐢𝐬𝐫𝐮𝐩𝐭𝐨𝐫 𝐈𝐈, 𝐏𝐮𝐦𝐚 𝐓𝐡𝐮𝐧𝐝𝐞𝐫 𝐒𝐩𝐞𝐜𝐭𝐫𝐚 တို့တွေဟာ Ugly Sneakers ဆိုတဲ့ Trend ထဲက Sneakers တွေ ဖြစ်ခဲ့ပါတယ်။ Style လည်း မရှိ၊ မလှမပပုံစံနဲ့လို့ မြင်ခဲ့ကြတဲ့ Sneakers တွေဟာ ခေတ်ရေစီးကြောင်း တစ်ကျော့ပြန်လာချိန်မှာတော့ Fashion Look တစ်ခုအဖြစ် ပြောင်းလဲ လက်ခံလာကြပြီး ဝတ်ဆင်ခဲ့ကြတာပါပဲ။
ဒါ့အပြင် High Fashion Luxury Brand တွေကလည်း ရှေးရိုးစွဲ လက်ခံလာကြတဲ့ အစဉ်အလာကနေ ချိုးဖောက်ပြပါတယ်ဆိုတဲ့ Trend နောက်ကို လိုက်ချင်ခဲ့တာမို့ 𝐁𝐚𝐥𝐞𝐧𝐜𝐢𝐚𝐠𝐚 (𝐓𝐫𝐢𝐩𝐥𝐞 𝐒) လိုမျိုး ဖိနပ်တွေလည်း Ugly Sneakers Trend ထဲ ပါဝင်ခဲ့ပြီး Balenciaga လိုချင်သလို လူတွေရဲ့ အာရုံစိုက်ခြင်းကို ရရှိခဲ့တဲ့အပြင် ဈေးမြင့်တာကိုတောင် မမှုဘဲ Sold Out ဖြစ်ခဲ့တဲ့အထိပါ။ အဲ့ဒီနောက်ပိုင်းမှာတော့ Gucci, Louis Vuitton, Prada, Dior တို့လို Luxury Brand တွေကပါ Ugly Sneakers Trend အနောက် ဆက်တိုက်လိုက်ပါခဲ့ပါတယ်။
ဒါ့အပြင် High Fashion Brand တွေနဲ့ ဆန့်ကျင်ဘက် Streetwear Culture မှာလည်း Supreme, Yeezy, Off-White Brand တွေလည်း Oversized, Chunky, Bold ဖြစ်တဲ့ Sneakers တွေကို ဖန်တီးခဲ့ကြပြီး ယနေ့ခေတ်လူငယ်တွေရဲ့ Fashion Statement တစ်ခု ဖြစ်လာခဲ့ပါတော့တယ်။
Ugly Sneakers တွေကို လူသိများပြီး လူလက်ခံလာရတဲ့ နောက်ကွယ်မှာ Fashion Psychology တစ်ခုလည်း ရှိနေပါတယ်။
The Power of Irony လို့ ဆိုလို့ရတဲ့ Unattractive ဖြစ်တဲ့အရာတွေကို Fashion Statement အထိ ပြောင်းလဲပစ်နိုင်တာမျိုး၊ အဲ့လိုပြောင်းလိုက်တဲ့အရာကို မလှပခြင်း (Ugly) ဆိုတဲ့စကားလုံးကို ပြန်ပြီး ကပ်ချလိုက်တာမျိုးပေါ့။
လူတွေအမြင်မှာ “Uncool” / “Ugly” / “Unattractive” လို့ မြင်နေကြတဲ့အရာကို ဝတ်ဆင်ပြခြင်းဟာ သူများတွေရဲ့ အမြင် / Beauty Standard တွေကို ဂရုမစိုက်ဘူး ဆိုတဲ့ အဓိပ္ပါယ်မျိုး၊ “Ugly” ဖြစ်တယ်လို့ ထင်ကြတဲ့အရာတွေကို ဝတ်ဆင်ပြရဲတဲ့အထိ ယုံကြည်မှုရှိကြောင်းပြချင်တာမျိုး စတဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း နှိုးဆွပေးနိုင်ကြလို့လည်း ပါပါသေးတယ်။
ရှေးရိုးစွဲလက်ခံလာကြတဲ့ အလှတရားကို ထိုးဖောက်ချေဖျက်ပြီး Stand Out ဖြစ်အောင် ဝတ်ဆင်ခြင်းဟာ ယခုခေတ် Fashion Rebellion တစ်ခုလို ပြောင်းလဲသတ်မှတ်လာကြခြင်းလို့သာ ဆိုရမှာပါပဲ။
16/08/2025
Outfit တိုင်းနဲ့ လိုက်ပြီး Comfort အပိုင်းလည်း မိုက်တဲ့ NB 574 Classic
Unisex စီးလို့ရပါတယ်။
USA Direct / 💯 Authentic
Preorder / Half Prepaid
Join our telegram channel for more updates : https://t.me/grabyoursauthentic
DISCLAIMER : [No copyright infringement intended. I do not own the photos. Photos belong to the rightful owner.]
15/08/2025
𝐏𝐔- 𝐌𝐀 Suede XL‼️
ကြက်သွေးနီညိုလေးမှ သဘောကျတယ်၊ Sneakers ဆို Tongue ထူထူကိုမှ ထင်းနေတာလေးကြိုက်တယ်ဆို ဒါလေးရွေးပါနော်။
USA Direct / 💯 Authentic
Preorder / Half Prepaid / Air Cargo
Join our telegram channel for more updates : https://t.me/grabyoursauthentic
DISCLAIMER : [No copyright infringement intended. I do not own the photos. Photos belong to the rightful owner.]
12/08/2025
MLB Chunky Liner Sneakers လေးတွေထဲက ဖွေးသန့်ပြီး Outfit တိုင်းနဲ့ လိုက်ဖက်ညီတာလေးရှာနေရင် ဒါလေး ယူပါနော် 🤍
USA Direct / 💯 Authentic
Preorder / Half Prepaid
Join our telegram channel for more updates : https://t.me/grabyoursauthentic
DISCLAIMER : [No copyright infringement intended. I do not own the photos. Photos belong to the rightful owner.]
10/08/2025
Chuck Taylor All Star Lift Double Stack Platform
အခု Trend နေတဲ့ ဓာတ်ပုံ ပုံစံလေးတွေနဲ့ Lemon Slushy လေး 🍋🎀
ချစ်စရာကောင်းပြီး အရပ်ပုတဲ့ ကောင်မလေးတွေနဲ့ ကွက်တိ Double Stack Platform လေးပါနော်။
USA Direct / 💯 Authentic
Preorder / Half Prepaid
Join our telegram channel for more updates : https://t.me/grabyoursauthentic
DISCLAIMER : [No copyright infringement intended. I do not own the photos. Photos belong to the rightful owner.]
09/08/2025
𝐀𝐬𝐢𝐜𝐬 𝐆𝐞𝐥 𝐊𝐚𝐡𝐚𝐧𝐚 𝟖 “ 𝐖𝐡𝐢𝐭𝐞 𝐏𝐢𝐧𝐤 “ 🎀
ကောင်မလေးတွေ အသည်းစွဲ Colorway လေး။
Comfort ဖြစ်ပြီး Casual Wear လေးတွေနဲ့ လိုက်ဖက်တဲ့ အရံလေးပါ။
USA Direct / 💯 Authentic
Preorder / Half Prepaid
Join our telegram channel for more updates : https://t.me/grabyoursauthentic
DISCLAIMER : [No copyright infringement intended. I do not own the photos. Photos belong to the rightful owner.]
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11091