Shop The Secretariat

Shop The Secretariat

Share

Photos from Shop The Secretariat's post 01/07/2026

🍜There’s something new to explore at the West Wing.

ရန်ကုန်မြို့လယ်က The Secretariat Yangon ရဲ့ West Wing ( အနောက်ဘက်ခြမ်းအဆောင်) ဗိုလ်အောင်ကျော်လမ်းဘက်ခြမ်းမှာ နောက်ထပ် တီထွင်ဖန်တီးမှုဆိုင်ရာ နေရာတစ်ခုအဖြစ် အနုပညာပြခန်းကို ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ။

ပထမဆုံးအကြိမ် လာရောက်လည်ပတ်ဖြစ်တဲ့အခါ၊ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေနဲ့ နောက်ထပ်တစ်ခါ လာရောက်ဖြစ်တဲ့အခါတွေမှာလည်း Secretariat Yangon ရဲ့ တခြားတစ်ဖက်ကို တွေ့ကြုံခံစားဖို့ ဖိတ်ခေါ်လိုက်ရပါတယ် ခင်ဗျာ။

Photos from Shop The Secretariat's post 26/06/2026

🏏Time leaves its mark—but so does careful restoration.

As part of the ongoing conservation efforts at The Secretariat Yangon, the historic clock at the East Wing has been carefully restored to help preserve one of the building’s distinctive architectural features.

Every restoration is more than maintenance. It’s a commitment to protecting the character, craftsmanship, and stories that make SY a shared heritage for generations to come.

One detail restored. One more piece of history preserved.

Photos from Shop The Secretariat's post 26/06/2026

🛞ဒီအပတ်မှာလည်း ရန်ကုန်မြို့လယ် The Secretariat Yangon မှာဖွင့်လှစ်ထားတဲ့ AIA Khit မှာ “Glory of Life” ပြပွဲရှိနေမှာ ဖြစ်တဲ့အတွက်ကြောင့် အနုပညာလက်ရာတွေကို ကြည့်ရှုခံစားနိုင်ဖို့ ထပ်မံ ဖိတ်ခေါ်လိုက်ပါရစေ ခင်ဗျာ။

📋နေ့ရက်
ဇွန် ၂၅ မှ ဇွန် ၂၈ ရက်

⌨️အချိန်
မနက် ၉:၀၀ နာရီ မှ နေ့လည် ၅ နာရီ

နေရာ
AIA Khit
Secretariat Yangon
အမှတ် (၃၀၀)၊ သိမ်ဖြူလမ်း (အလယ်ဘလောက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။

▶️(သိမ်ဖြူလမ်းဘက်မှ ဝင်ရောက်ပါရန်)

Photos from Shop The Secretariat's post 19/06/2026

⛴️The Secretariat Yangon (managed by the private group The Secretariat Conservation Group) ရဲ့ အဝန်းအဝိုင်းအတွင်းမှာ ပထမဦးဆုံးတည်ဆောက်ခဲ့တဲ့ အဆောင်ကတော့ မဟာဗန္ဓုလလမ်းဘက်ခြမ်းက တောင်ဘက်ခြမ်းအဆောင် (South Wing) ဖြစ်ပါတယ်။

ဒီ တောင်ဘက်ခြမ်းအဆောင် ( South Wing ) ကို ၁၈၈၉ ခုနှစ် မှ ၁၈၉၃ ခုနှစ်အထိ တည်ဆောက်ချိန် (၄) နှစ်ကြာမြင့်ခဲ့ပြီး စတင်တည်ဆောက်တဲ့အချိန်ဟာ မိုးသည်းထန်စွာ ရွာသွန်းပြီး စိုထိုင်းသောမြေသား ပေါ်မှာ တည်ဆောက်ခဲ့ရတဲ့အတွက် ကြောင့် အခက်အခဲများစွာကြုံတွေ့ခဲ့ရပါတယ်။

ဝိတိုရိယဗိသုကာလက်ရာတွေ အများဆုံးပါဝင်တဲ့ အဆောင်ဖြစ်တာကြောင့် ဝန်အားခံနိုင်ဖို့ နှင့် အောက်ရှိ မြေဆီလွှာ တည်ငြိမ်စေရန်အတွက် ပျဉ်းကတိုး သစ်လုံးကြီးများကို မြေကြီးအောက်သို့ ထည့်သွင်း တည်ဆောက်ပေးခဲ့ရပါတယ်။ ဒီလို တည်ဆောက်ပြီးစီးသွားတဲ့ အချိန်ကလည်း မိုးရာသီ ဖြစ်နေပြန်တဲ့အတွက် ရေစီးရေလာစနစ်တွေကို စနစ်ကျအောင် မပြုလုပ်နိုင်ခဲ့သေးတဲ့အတွက်ကြောင့် တောင်ဘက်ခြမ်းအဆောင် ( South Wing ) ဘက်ခြမ်းမှာ ဗွက်အိုင်ကြီးများ ဖြစ်ပေါ်နေခဲ့ပြီး အဆောက်အဦးကြီးရဲ့ နေရာတချို့မှာ အနည်းငယ် မညီမညာဖြစ်ခဲ့ရပါတယ် ခင်ဗျာ။

သမိုင်းကြောင်းများစွာဖြင့် တည်ရှိနေသည့် အဆောက်အဦးကြီးများ၏ ဖြတ်သန်းခဲ့ရသည့် အစဉ်အလာများ၊ တည်ရှိခဲ့ပုံ တို့ကို The Secretariat Yangon (under management of the private organization, The Secretariat Conservation Group) အဆောက်အဦးကြီများကို လာရောက်လေ့လာသူများအနေဖြင့် စုံလင်စွာ တိတိကျကျ သိရှိလေ့လာချင်သူများအတွက် The Secretariat Yangon (by the private organization management named The Secretariat Conservation Group) ၏ Asia Tours Myanmar မှ ကျွမ်းကျင် ဝန်ထမ်းများဖြင့် လိုက်လံ ရှင်းပြပေးနေပါပြီခင်ဗျာ….
📍 Secretariat Yangon

>>>𝐆𝐮𝐢𝐝𝐞𝐝 𝐇𝐞𝐫𝐢𝐭𝐚𝐠𝐞 𝐓𝐨𝐮𝐫𝐬

Photos from Shop The Secretariat's post 12/06/2026

⛵နှစ် (၁၃၀) ကျော် သက်တမ်းရှိ The Secretariat Yangon (managed by the private group The Secretariat Conservation Group) ကို (၁၆) ဧကနီးပါး ကျယ်ဝန်းတဲ့ မြေနေရာပေါ်မှာ (၂) ထပ်အဆောက်အဦး (၆) ခု နှင့် (၃) ထပ်အဆောက်အဦး (၇) ခုတို့ကို ဗိသုကာလက်ရာ အမြောက်အမြားနဲ့ ချိတ်ဆက်တည်ဆောက်ထားခဲ့ပြီး ရှေးဟောင်းအမွေအနှစ်ဆိုင်ရာ နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ဒီအဆောက်အဦးကြီးတွေကို The Secretariat Conservation Group မှ ၂၀၁၆ ခုနှစ်လယ် မှ စတင်ပြီး “ရန်ကုန်မြို့၏ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းကာ ဆန်းသစ်တီထွင်တဲ့ အနာဂတ်ကို ပြုစုပျိုးထောင်ခြင်း” ဆိုတဲ့ ဦးတည်ချက်ဖြင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ပြည်တွင်းပြည်ပမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အင်ဂျင်နီယာများနဲ့ ပူပေါင်းပါဝင်ဆောင်ရွက်ပြီး အမွေအနှစ်လက်ရာတွေကို မူလပုံစံအတိုင်း အနီးစပ်ဆုံးရရှိအောင် ပြန်လည်ပြုပြင်ထိန်းသိမ်းခဲ့ပါတယ်။

ပြည်တွင်းပြည်ပက လာရောက်လေ့လာ လည်ပတ်သူတွေအတွက် သမိုင်းအမွေအနှစ်တွေပြည့်နေတဲ့ အဆောက်အဦးကြီးတွေရဲ့ လွန်လေပြီးတဲ့ သမိုင်းကြောင်းတွေကို တစေ့တစောင်း လေ့လာခံစားနိုင်တဲ့ နေရာတစ်ခု ဖြစ်လာဖို့ ကြိုးပမ်းနေပါတယ်။

သမိုင်းကြောင်းများစွာဖြင့် တည်ရှိနေသည့် အဆောက်အဦးကြီးများ၏ ဖြတ်သန်းခဲ့ရသည့် အစဉ်အလာများ၊ တည်ရှိခဲ့ပုံ တို့ကို The Secretariat Yangon (under management of the private organization, The Secretariat Conservation Group) အဆောက်အဦးကြီများကို လာရောက်လေ့လာသူများအနေဖြင့် စုံလင်စွာ တိတိကျကျ သိရှိလေ့လာချင်သူများအတွက် The Secretariat Yangon (by the private organization management named The Secretariat Conservation Group) ၏ Asia Tours Myanmar မှ ကျွမ်းကျင် ဝန်ထမ်းများဖြင့် လိုက်လံ ရှင်းပြပေးနေပါပြီခင်ဗျာ….
📍 Secretariat Yangon

>>>𝐆𝐮𝐢𝐝𝐞𝐝 𝐇𝐞𝐫𝐢𝐭𝐚𝐠𝐞 𝐓𝐨𝐮𝐫𝐬

Want your organization to be the top-listed Government Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 300 Thein Phyu Road, Botahtaung Township
Yangon